သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံ ခရီးအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ေတြ႕ဖို႔ရွိ


ကေမၻာဒီးယားဒုဝန္ႀကီးခ်ဳပ္နဲ႔ျမန္မာဆုိင္ရာ အာဆီယံအထူးကုိယ္စားလွယ္ Prak Sokhonn ျမန္မာ့ႏိုင္ငံ လူသားခ်င္းစာနာမႈအကူအညီေပးေရး ေဆြးေႏြးစဥ္။ (ေမ ၆၊၂၀၂၂)

{{Zawgyi/Unicode}}

ျမန္မာ့အေရးဆိုင္ရာ အာဆီယံအထူးသံတမန္ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ မနက္ျဖန္ ဇြန္လ ၂၉ ရက္ကေန ေနာက္လ ၃ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိေနပါတယ္။ ခရီးစဥ္အတြင္း ပုဂံမွာလုပ္မယ့္ ေဒသတြင္းအစည္းအေဝးကို တက္ေရာက္ဖို႔ရွိသလို အာဆီယံလူသားခ်င္းစာနာမႈအကူအညီေပးေရးကိစၥေတြလည္း ေဆြးေႏြးဖို႔ရွိတယ္လို႔ သိရပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ျမန္မာ့အေရးဆိုင္ရာ အာဆီယံအထူးသံတမန္ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရက္ ေဆာ့ခြန္းရဲ႕ျမန္မာခရီးစဥ္ဟာ မနက္ျဖန္မွာ စတင္မွာျဖစ္ပါတယ္။ အထူးသံတမန္ဟာ မနက္ျဖန္ ဇြန္လ ၂၉ ရက္ကေန ဇူလိုင္လ ၃ ရက္အထိ ျမန္မာႏိုင္ငံမွာ ၾကာျမင့္မွာပါ။

ဒီခရီးစဥ္အတြင္း ႏိုင္ငံေရးပါတီေတြ၊ တိုင္းရင္းသားလက္နက္ကိုင္တခ်ိဳ႕နဲ႔ ေတြ႕ဆုံဖို႔ရွိၿပီး ပုဂံေဒသမွာ လုပ္မယ့္ မဲေခါင္- လန္ခ်န္း ေဒသတြင္းေဆြးေႏြးပြဲတခုကိုပါတက္ေရာက္ဖို႔ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“သူကေတာ့ ေရာက္ၿပီးရင္ ေနာက္တေန႔မွာေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးတို႔၊ ေတြ႕ဆုံသင့္တဲ့ အစိုးရအဖြဲ႕ေတြနဲ႔ေတြ႕ပါမယ္။ အဲေန႔မွာပဲ ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ဝန္ႀကီးခ်ဳပ္နဲ႔လည္းေတြ႕ဖို႔မ်ားပါတယ္။ ေနာက္တရက္မွာေတာ့ အာဆီယံအလွည့္က် ဥကၠ႒ ေတာင္းဆိုထားတဲ့အတိုင္း ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အာဆီယံ envoy အေနနဲ႔ပါဖို႔ ေတြ႕သင့္ေတြ႕ထိုက္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ပါမယ္။ ၿပီးရင္တခ်ိဳ႕ေသာႏိုင္ငံေရးပါတီေတြနဲ႔ေတြ႕ဖို႔ရွိပါမယ္။ ၃ ရက္ေန႔ထိေနမွာေတာ့ မွန္ပါတယ္။ ၃ ရက္ေန႔မွာေတာ့ ပုဂံမွာ မဲေခါင္ -လန္ခ်န္း ေဆြးေႏြးပြဲရွိပါမယ္။ အဲကို JOIN ပါလိမ့္မယ္။”

ေတြ႕ဆုံမယ့္ ႏိုင္ငံေရးပါတီေတြနဲ႔တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ အမည္ေတြအျပင္ သူ႔ခရီးစဥ္အေသးစိတ္ကိုလည္း လုံၿခဳံေရးအရ မထုတ္ျပန္ေသးပါဘူး။ အခု ခရီးစဥ္ဟာ အထူးသံရဲ႕ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္ေျမာက္ ခရီးစဥ္လည္း ျဖစ္ပါတယ္။

ဒီ ခရီးစဥ္အတြင္း ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြၾကားရထားတဲ့ ဘုံသေဘာတူညီခ်က္ အထေျမာက္ေရး ေဆာင္႐ြက္တဲ့အပိုင္းမွာ တိုးတက္မႈအေျခအေန၊ ေနာက္ ဖႏြမ္းပင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ေမလဆန္းတုန္းက က်င္းပခဲ့တဲ့ ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာမႈအကူအညီေပးေရး ဆိုင္ရာတိုင္ပင္ေဆြးေႏြးမႈ အစည္းအေဝးရလာဒ္ေတြကိစၥကို အဓိကထားေဆြးေႏြးဖို႔ရွိတယ္လို႔ ကေမာၻဒီးယားဘက္ကေရာ စစ္ေကာင္စီဘက္ကပါ ထုတ္ျပန္ေျပာဆိုထားပါတယ္။

အာဆီယံဘက္က ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္မွာ ျမန္မာ့အေရးၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ဖို႔ သက္ဆိုင္ရာပါဝင္ပတ္သက္သူေတြအားလုံးနဲ႔ေတြ႕ဆုံခြင့္ရႏိုင္ေရးလည္း ပါဝင္ထားပါ တယ္။ ဒီအခ်က္ေၾကာင့္ အထူးသံဘက္က သူ႔ခရီးစဥ္ေတြမွာ ျမန္မာ့ဒီမိုကေရစီေခါင္း ေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံႏိုင္ဖို႔ ေတာင္းထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အရင္အေခါက္ သေဘာထားအတိုင္း ေတြ႕ခြင့္ေပးဖို႔မရွိဘူးလို႔ ဗြီအိုေအကို တုံ႔ျပန္ေျပာဆိုပါတယ္။

“က်ေနာ္တို႔ေျပာၿပီးသားအတိုင္းပါပဲ။ တရားဥပေဒရင္ဆိုင္ေနရဆဲနဲ႔ တရားဥပေဒနဲ႔ အေရးယူခံထား ရသူေတြနဲ႔ ေတြ႕ဆုံဖို႔ကေတာ့ ကန႔္သတ္ခ်က္ရွိမွာျဖစ္ပါတယ္။”

ၿပီးခဲ့တဲ့ အာဆီယံအထူးသံ ပထမအႀကိမ္ျမန္မာခရီးစဥ္မွာ ရလဒ္ေကာင္းေတြ ထူးထူးျခားျခားမရွိခဲ့ပါဘူး။ အခု ဒုတိယအေခါက္မွာေတာ့ အရင္ကထက္ေတာ့ လက္ဆုပ္လက္ကိုင္ရလဒ္တခုရဖို႔ ေမွ်ာ္လင့္တယ္လို႔ ျမန္မာ့အေရးေလ့လာသူ ေဒါက္တာခင္ေဇာ္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ႏွစ္စကလာတဲ့အေခါက္ေတြနဲ႔ႏႈိင္းယွဥ္ၾကည့္ရင္ ဒီတေခါက္က နည္းနည္းေလးၿပီးေတာ့ ရလာဒ္က လက္ဆုပ္လက္ကိုင္ျဖစ္လာႏုိင္တယ္ေပါ့။သိပ္ေတာ့လည္း မေမွ်ာ္တာေကာင္းမယ္-ရွင္းရွင္းေျပာရမယ္ဆိုလို႔ရွိရင္၊ ...ပိုၿပီးေတာ့အလုပ္ျဖစ္မယ္လို႔ေတာ့ ထင္ပါတယ္။”
အာဆီယံအထူးသံဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ခြင့္ေပးဖို႔အျပင္ ကာယကံရွင္ရဲ႕အသက္အ႐ြယ္နဲ႔ က်န္းမာေရးကို ေထာက္ရႈၿပီး လက္ရွိ ထိန္းသိမ္းထားတဲ့ ေနျပည္ေတာ္အခ်ဳပ္ေထာင္ကေန အရင္ထိန္းသိမ္းတဲ့ေနရာကို ျပန္ပို႔ဖို႔ စစ္ေကာင္စီကို မေန႔ကပဲ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

အာဆီယံအထူးသံ ခရီးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တွေ့ဖို့ရှိ

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ နောက်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။ ခရီးစဉ်အတွင်း ပုဂံမှာလုပ်မယ့် ဒေသတွင်းအစည်းအဝေးကို တက်ရောက်ဖို့ရှိသလို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေလည်း ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းရဲ့မြန်မာခရီးစဉ်ဟာ မနက်ဖြန်မှာ စတင်မှာဖြစ်ပါတယ်။ အထူးသံတမန်ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံမှာ ကြာမြင့်မှာပါ။

ဒီခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ တွေ့ဆုံဖို့ရှိပြီး ပုဂံဒေသမှာ လုပ်မယ့် မဲခေါင်- လန်ချန်း ဒေသတွင်းဆွေးနွေးပွဲတခုကိုပါတက်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သူကတော့ ရောက်ပြီးရင် နောက်တနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးတို့၊ တွေ့ဆုံသင့်တဲ့ အစိုးရအဖွဲ့တွေနဲ့တွေ့ပါမယ်။ အဲနေ့မှာပဲ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်နဲ့လည်းတွေ့ဖို့များပါတယ်။ နောက်တရက်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အာဆီယံ envoy အနေနဲ့ပါဖို့ တွေ့သင့်တွေ့ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ တွေ့ပါမယ်။ ပြီးရင်တချို့သောနိုင်ငံရေးပါတီတွေနဲ့တွေ့ဖို့ရှိပါမယ်။ ၃ ရက်နေ့ထိနေမှာတော့ မှန်ပါတယ်။ ၃ ရက်နေ့မှာတော့ ပုဂံမှာ မဲခေါင် -လန်ချန်း ဆွေးနွေးပွဲရှိပါမယ်။ အဲကို JOIN ပါလိမ့်မယ်။”

တွေ့ဆုံမယ့် နိုင်ငံရေးပါတီတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမည်တွေအပြင် သူ့ခရီးစဉ်အသေးစိတ်ကိုလည်း လုံခြုံရေးအရ မထုတ်ပြန်သေးပါဘူး။ အခု ခရီးစဉ်ဟာ အထူးသံရဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒီ ခရီးစဉ်အတွင်း မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားရထားတဲ့ ဘုံသဘောတူညီချက် အထမြောက်ရေး ဆောင်ရွက်တဲ့အပိုင်းမှာ တိုးတက်မှုအခြေအနေ၊ နောက် ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့မေလဆန်းတုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေး ဆိုင်ရာတိုင်ပင်ဆွေးနွေးမှု အစည်းအဝေးရလာဒ်တွေကိစ္စကို အဓိကထားဆွေးနွေးဖို့ရှိတယ်လို့ ကမ္ဘောဒီးယားဘက်ကရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်ပြောဆိုထားပါတယ်။

အာဆီယံဘက်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ မြန်မာ့အရေးငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ထားပါ တယ်။ ဒီအချက်ကြောင့် အထူးသံဘက်က သူ့ခရီးစဉ်တွေမှာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ တောင်းထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အရင်အခေါက် သဘောထားအတိုင်း တွေ့ခွင့်ပေးဖို့မရှိဘူးလို့ ဗွီအိုအေကို တုံ့ပြန်ပြောဆိုပါတယ်။

“ကျနော်တို့ပြောပြီးသားအတိုင်းပါပဲ။ တရားဥပဒေရင်ဆိုင်နေရဆဲနဲ့ တရားဥပဒေနဲ့ အရေးယူခံထား ရသူတွေနဲ့ တွေ့ဆုံဖို့ကတော့ ကန့်သတ်ချက်ရှိမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အာဆီယံအထူးသံ ပထမအကြိမ်မြန်မာခရီးစဉ်မှာ ရလဒ်ကောင်းတွေ ထူးထူးခြားခြားမရှိခဲ့ပါဘူး။ အခု ဒုတိယအခေါက်မှာတော့ အရင်ကထက်တော့ လက်ဆုပ်လက်ကိုင်ရလဒ်တခုရဖို့ မျှော်လင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“နှစ်စကလာတဲ့အခေါက်တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဒီတခေါက်က နည်းနည်းလေးပြီးတော့ ရလာဒ်က လက်ဆုပ်လက်ကိုင်ဖြစ်လာနိုင်တယ်ပေါ့။သိပ်တော့လည်း မမျှော်တာကောင်းမယ်-ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်၊ ...ပိုပြီးတော့အလုပ်ဖြစ်မယ်လို့တော့ ထင်ပါတယ်။”
အာဆီယံအထူးသံဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့အပြင် ကာယကံရှင်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို ထောက်ရှုပြီး လက်ရှိ ထိန်းသိမ်းထားတဲ့ နေပြည်တော်အချုပ်ထောင်ကနေ အရင်ထိန်းသိမ်းတဲ့နေရာကို ပြန်ပို့ဖို့ စစ်ကောင်စီကို မနေ့ကပဲ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG