သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာ့ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ ေတြ႔ဆုံ


Cambodia-ASEAN-Diplomacy


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာေရာက္ေနတဲ့ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ကုလသမဂၢနဲ႔ အာဆီယံသံတမန္ေတြနဲ႔ ေတြ႕ဆုံခဲ့သလို ႏိုင္ငံေရးပါတီတခ်ိဳ႕က ေခါင္းေဆာင္ေတြနဲလည္း ေတြ႕ဆုံခဲ့ပါတယ္။ ဒီေန႔ေတြ႕ဆုံေဆြးေႏြးမႈကေန အလားအလာေကာင္းရလာဒ္ေတြျဖစ္လာဖို႔ ေမွ်ာ္လင့္တယ္လို႔ အာဆီယံအထူးကိုယ္စားလွယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ျပည္သူ႔ပါတီဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံကို သုံးရက္ၾကာခရီးအျဖစ္ မတ္လ ၂၁ ရက္ေန႔ကတည္းက ေရာက္ေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၊ ကမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ ဒီေန႔ မတ္လ ၂၂ ရက္မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ သံတမန္ေတြ၊ ႏိုင္ငံေရးပါတီတခ်ိဳ႕ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ကုလသမဂၢ၊ အာဆီယံ သံတမန္ေတြနဲ႔ ေတြ႔ဆုံတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ဒီေန႔အစီအစဥ္ကို ခုလိုေျပာပါတယ္။

“ဒီေန႔ကေတာ့ သူတို႔ရန္ကုန္ဆင္းသြားၿပီးေတာ့ ကုလသမဂၢအဖြဲ႕အစည္းေတြ၊ အာဆီယံ သံတမန္ေတြေပါ့။ အခုေတြ႕ဆုံေနတဲ့ သံတမန္ေတြနဲ႔ ေတြ႕ဆုံတဲ့လုပ္ငန္း လုပ္မယ္ဆိုတာ သိရပါတယ္။"

အာဆီယံ အထူးကိုယ္စားလွယ္ဟာ ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ႏိုင္ငံေရးပါတီတခ်ိဳ႕က ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႕ဆုံပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရး အက်ပ္ အတည္း၊ ေျဖရွင္းရမယ့္ နည္းလမ္းေတြကို ေဆြးေႏြးခဲ့တာကေန ရလာဒ္ေကာင္းေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း အထူးကိုယ္စားလွယ္ Sokhonn နဲ႔ တနာရီၾကာေတြ႕ဆုံခဲ့တဲ့ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္ေျပာတဲ့အခ်က္ေတြက အာဆီယံရဲ႕ Five- point Consensus နဲ႔လည္း ေတာ္ေတာ္ကို တူညီတယ္ေပါ့။ အဲဒီေတာ့ သူ႔အေနနဲ႔လည္း တကယ့္ကို ထက္ထက္သန္သန္နဲ႔ ... သူတင္မကပါဘူး။ အာဆီယံ အထူးကိုယ္စားလွယ္နဲ႔ ပါဝင္လာတဲ့ အဖြဲ႕ဝင္ေတြကလည္း တကယ့္ကို စိတ္ဝင္တစားနဲ႔ နားေထာင္ၾကတာ ျပန္လွန္ေဆြးေႏြးတာ၊ ေမးျမန္းတာေတြ လုပ္တဲ့အတြက္ေၾကာင့္ ဒီေန႔ေတြ႕ဆုံပြဲဟာ ပထမဆုံးအႀကိမ္ဆိုေပမယ့္လို႔ ေနာက္ေနာင္ ေတြ႕ဆုံ ေဆြးေႏြးမႈေတြမွာ ဒီထက္ပိုၿပီး အေသးစိတ္တဲ့ ေဆြးေႏြးမႈေတြ ျဖစ္လာလိမ့္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။"

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြအေျဖရွာေရးအတြက္ အားလုံးလက္ ခံႏိုင္တဲ့အေျခအေနေပၚေပါက္ေရးအတြက္ ျမန္မာႏိုင္ငံကို အထူးကိုယ္စားလွယ္ သြားေရာက္တာျဖစ္တယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဌာနက ေျပာၾကားထားပါတယ္။ သူ႔ရဲ႕ခရီးစဥ္အတြင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္းတေယာက္ျဖစ္တဲ့ ေဒၚစုစုလြင္နဲ႔လည္း ေတြ႔ဆုံဖို႔ စီစဥ္ ထားေပမယ့္ အစီအစဥ္ပ်က္သြားတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

"မေန႔ကေတာ့ က်ေနာ္တို႔က NLD ပါတီက ေဒၚစုစုလြင္နဲ႔ ေတြ႕ဆုံဖို႔လုပ္ထားတယ္၊ ၿပီးမွ က်န္းမာေရးအေျခအေနေၾကာင့္ မေတြ႕ျဖစ္ဘူးေပါ့။"

ေဒၚစုစုလြင္ကို အာဆီယံကိုယ္စားလွယ္ဘက္ကေန သမၼတေဟာင္းဇနီးအေနနဲ႔ ဖိတ္ၾကားတယ္လို႔ သိရပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီယားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္အတြင္း ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြရပ္ေအာင္နဲ႔ လိုအပ္ေနသူအားလုံး မခြဲျခားဘဲ လူသားျခင္းစာနာတဲ့ အေထာက္အပံ့ေပးႏိုင္ေရး ဒီကိစၥ ၂ ခုကို အဓိက အာ႐ုံစိုက္ေဆြးေႏြးမွာ ျဖစ္တဲ့အေၾကာင္း ကေမာၻဒီးယားသတင္းေတြမွာ ထုတ္ျပန္ထားၾကပါတယ္။

တနလၤာေန႔တုန္းကေတာ့ ေနျပည္ေတာ္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ အမ်ိဳးသားစည္းလုံးေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။ ေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာေတြနဲ႔ပတ္သက္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“အခ်က္ သံုးခ်က္ေပါ့။ နံပါတ္ ၁ အခ်က္ကေတာ့ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္ၿပီးေတာ့ ေလ်ာ့နည္းရပ္တန္႔ေရးေတြ ေဆြးေႏြးျဖစ္တယ္။ ေနာက္ၿပီးေတာ့က်ေတာ့ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေပးေရးကိစၥ ေဆြးေႏြးျဖစ္တယ္။ အဲဒါေဆြးေႏြးတဲ့အခါမွာေတာ့ အာဆီယံအေနနဲ႔က ကိုဗစ္ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ကူညီဖူးတာမရွိဘူး။ ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔က ကိုဗစ္ကာကြယ္ေဆးဆိုတာက အစိုးရကိုကူညီတာမဟုတ္ဘဲ ျပည္သူလူထုကို ဒါ႐ိုက္ကူညီတာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီလုပ္ငန္းအေနနဲ႔ ျပန္ပါဖို႔ ေဆြးေႏြးခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးလည္း ျပန္ပါႏိုင္ေအာင္ သူတို႔ေဆာင္ရြက္ေနတယ္ဆိုတာ ေျပာပါတယ္။ ေနာက္တခုကေတာ့ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ ေဆြးေႏြးျဖစ္ပါတယ္။ ေဆြးေႏြးတဲ့အခါမွာလည္း ညေနပိုင္းမွာေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးစည္းတဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းမႈေဖာ္ေဆာင္ညွိႏႈိင္း အဖြဲ႔နဲ႔လည္း ဆက္လက္ၿပီးေတာ့ အေသးစိတ္ေပါ့ေနာ္- ေဆြးေႏြးခဲ့ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ အခု ပထမဆုံး ျမန္မာႏိုင္ငံခရီးစဥ္ကေန ေနာင္ခရီးစဥ္ေတြ လာႏိုင္ဖို႔အတြက္ မူအားျဖင့္သေဘာတူခဲ့တယ္လို႔လည္းေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္လာတဲ့ ႏိုင္ငံေရး၊ လုံၿခဳံေရးျပႆနာေတြကို ေျဖရွင္းႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံအပါအဝင္ အာဆီယံႏိုင္ငံေတြ သေဘာတူထားတဲ့ ဘုံသေဘာတူညီခ်က္ေတြကို စစ္ေကာင္စီက ထင္သာ ျမင္သာအေကာင္အထည္ မေဖာ္ေသးတဲ့အတြက္ တခ်ိဳ႕အာဆီယံႏိုင္ငံေတြက ေဝဖန္ေနၾကခ်ိန္မွာ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို လာေရာက္တာျဖစ္ပါတယ္။ နက္ျဖန္က်ရင္ရင္ ခရီးစဥ္အဆုံးသတ္ၿပီး ျမန္မာႏိုင္ငံကေန ျပန္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အာဆီယံအထူးကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ

မြန်မာနိုင်ငံမှာရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံသံတမန်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲလည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံဆွေးနွေးမှုကနေ အလားအလာကောင်းရလာဒ်တွေဖြစ်လာဖို့ မျှော်လင့်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးအဖြစ် မတ်လ ၂၁ ရက်နေ့ကတည်းက ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘာဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ ဒီနေ့ မတ်လ ၂၂ ရက်မှာတော့ ရန်ကုန်မြို့မှာ သံတမန်တွေ၊ နိုင်ငံရေးပါတီတချို့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ သံတမန်တွေနဲ့ တွေ့ဆုံတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီနေ့အစီအစဉ်ကို ခုလိုပြောပါတယ်။

“ဒီနေ့ကတော့ သူတို့ရန်ကုန်ဆင်းသွားပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အာဆီယံ သံတမန်တွေပေါ့။ အခုတွေ့ဆုံနေတဲ့ သံတမန်တွေနဲ့ တွေ့ဆုံတဲ့လုပ်ငန်း လုပ်မယ်ဆိုတာ သိရပါတယ်။"

အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဒီနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ် အတည်း၊ ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တာကနေ ရလာဒ်ကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း အထူးကိုယ်စားလှယ် Sokhonn နဲ့ တနာရီကြာတွေ့ဆုံခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်ပြောတဲ့အချက်တွေက အာဆီယံရဲ့ Five- point Consensus နဲ့လည်း တော်တော်ကို တူညီတယ်ပေါ့။ အဲဒီတော့ သူ့အနေနဲ့လည်း တကယ့်ကို ထက်ထက်သန်သန်နဲ့ ... သူတင်မကပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပါဝင်လာတဲ့ အဖွဲ့ဝင်တွေကလည်း တကယ့်ကို စိတ်ဝင်တစားနဲ့ နားထောင်ကြတာ ပြန်လှန်ဆွေးနွေးတာ၊ မေးမြန်းတာတွေ လုပ်တဲ့အတွက်ကြောင့် ဒီနေ့တွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဆိုပေမယ့်လို့ နောက်နောင် တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ဒီထက်ပိုပြီး အသေးစိတ်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေအဖြေရှာရေးအတွက် အားလုံးလက် ခံနိုင်တဲ့အခြေအနေပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် သွားရောက်တာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်ဟောင်းတယောက်ဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ် ထားပေမယ့် အစီအစဉ်ပျက်သွားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

"မနေ့ကတော့ ကျနော်တို့က NLD ပါတီက ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့လုပ်ထားတယ်၊ ပြီးမှ ကျန်းမာရေးအခြေအနေကြောင့် မတွေ့ဖြစ်ဘူးပေါ့။"

ဒေါ်စုစုလွင်ကို အာဆီယံကိုယ်စားလှယ်ဘက်ကနေ သမ္မတဟောင်းဇနီးအနေနဲ့ ဖိတ်ကြားတယ်လို့ သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေရပ်အောင်နဲ့ လိုအပ်နေသူအားလုံး မခွဲခြားဘဲ လူသားခြင်းစာနာတဲ့ အထောက်အပံ့ပေးနိုင်ရေး ဒီကိစ္စ ၂ ခုကို အဓိက အာရုံစိုက်ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားသတင်းတွေမှာ ထုတ်ပြန်ထားကြပါတယ်။

တနင်္လာနေ့တုန်းကတော့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“အချက် သုံးချက်ပေါ့။ နံပါတ် ၁ အချက်ကတော့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ လျော့နည်းရပ်တန့်ရေးတွေ ဆွေးနွေးဖြစ်တယ်။ နောက်ပြီးတော့ကျတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ ဆွေးနွေးဖြစ်တယ်။ အဲဒါဆွေးနွေးတဲ့အခါမှာတော့ အာဆီယံအနေနဲ့က ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကူညီဖူးတာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ကိုဗစ်ကာကွယ်ဆေးဆိုတာက အစိုးရကိုကူညီတာမဟုတ်ဘဲ ပြည်သူလူထုကို ဒါရိုက်ကူညီတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းအနေနဲ့ ပြန်ပါဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြန်ပါနိုင်အောင် သူတို့ဆောင်ရွက်နေတယ်ဆိုတာ ပြောပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ညနေပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးစည်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ညှိနှိုင်း အဖွဲ့နဲ့လည်း ဆက်လက်ပြီးတော့ အသေးစိတ်ပေါ့နော်- ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခု ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ကနေ နောင်ခရီးစဉ်တွေ လာနိုင်ဖို့အတွက် မူအားဖြင့်သဘောတူခဲ့တယ်လို့လည်းပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက ထင်သာ မြင်သာအကောင်အထည် မဖော်သေးတဲ့အတွက် တချို့အာဆီယံနိုင်ငံတွေက ဝေဖန်နေကြချိန်မှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။ နက်ဖြန်ကျရင်ရင် ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်မှာဖြစ်ပါတယ်။

===========

XS
SM
MD
LG