သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ လူသားခ်င္းစာနာမႈအ ကူအညီေပးေရး နယ္ေျမ ၅ ခု ကနဦးသတ္မွတ္ခဲ့


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ထဲမွာ တခ်က္ျဖစ္တဲ့ လူသားခ်င္းစာနာမႈအကူအညီေပးခြင့္ျပဳေရးကိစၥမွာ ျမန္မာစစ္ေကာင္စီဘက္ က လက္ခံမယ္လို႔ သေဘာတူညီခ်က္ရခဲ့သလို အကူအညီေတြေပၚ အခြန္ကင္းလြတ္ခြင့္ေပးဖို႔ကိုလည္း သေဘာတူခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာကူညီမႈေပးေရး အာဆီယံညႇိႏႈိင္းေဆြးေႏြးပြဲကို ေမလ ၆ ရက္ေန႔က ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အာဆီယံ အဆင့္ျမင့္ေခါင္းေဆာင္ေတြ ပါဝင္ေဆြးေႏြးခဲ့ၾကတာပါ။ ဒီအေၾကာင္း မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း လူသားခ်င္းစာနာကူညီမႈအကူအညီေပးေရး အာဆီယံေဒသညႇိႏႈိင္းေဆြးေႏြးပြဲကို ဒီကေန႔ ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပရာမွာ အကူအညီေပးေရးကိစၥ အဟန႔္အတားေတြအမ်ားႀကီးႀကဳံေနရေပမယ့္ တိုးတက္မႈေတာ့ရခဲ့ပါတယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္၊ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္လည္းျဖစ္သူ Prak Sokhonn က အစည္းအေဝးအၿပီး သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္တဲ့ ကေမာၻဒီးယား ဒုဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn က ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ ဒီေန႔ ေမလ ၆ ရက္ေန႔ က်င္းပတဲ့ အစည္းအေဝးကို ပူးတြဲဦးေဆာင္ခဲ့တာပါ။ ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာတဲ့ အကူအညီေတြအျမန္ဆုံး ပို႔ေဆာင္ေပးဖို႔ အာဆီယံ လူသားခ်င္းစာနာမႈနဲ႔ ဘဘာဝေဘးဒဏ္စီမံေဆာင္႐ြက္ေရးဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးက ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ စည္းေဝးပြဲအၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းပြဲမွာ အထူးကိုယ္စားလွယ္ Prak Sokhonn ကေျပာၾကားခဲ့ပါတယ္။ ဒီအကူအညီေတြကို ျမန္မာႏိုင္ငံတြင္းက ကရင္၊ ကယား၊ စစ္ကိုင္းအပါအဝင္ ေဒသ ၅ ခုကို ေပးဖို႔ ကနဦး လ်ာထားပါတယ္။ အဲဒီအထဲက ေဒသႏွစ္ခုကိုေတာ့ ဦးစားေပး ေဆာင္႐ြက္မယ္လို႔ အာဆီယံအထူးကိုယ္စားလွယ္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

အိုးအိမ္စြန႔္ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြရွိေနတဲ့ ေဒသတခ်ိဳ႕ကို လူသားခ်င္းစာနာတဲ့ အကူအညီေတြေပးဖို႔ ျမန္မာဘက္က လက္ခံတယ္လို႔ Sokhonn ကေျပာပါတယ္။ လူသားခ်င္းစာနာတဲ့ အကူအညီေတြကို လိုအပ္ေနသူေတြအားလုံး တေယာက္မက်န္ေပးဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

“လူသားခ်င္းစာနာမႈဆိုတဲ့ကိစၥဟာ က်ေနာ္တို႔အားလုံးနဲ႔ပတ္သက္ေနတဲ့ စိုးရိမ္မႈတရပ္ပါ။ ဒါေၾကာင့္ မတူကြဲျပားမႈေတြကို ေဘးဖယ္ထားၿပီး ျမန္မာလူထုအက်ိဳးရွိေစဖို႔ တဦးနဲ႔တဦး ညႇိဳႏႈင္းေဆာင္႐ြက္ဖို႔လိုပါတယ္။”

ျမန္မာျပည္သူေတြအတြက္ ကိုဗစ္ကာကြယ္ေဆးအကူအညီေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ႀကီးၾကပ္မႈနဲ႔ လက္ခံထိုးေပးသြားမယ့္ကိစၥကိုလည္း ျမန္မာဘက္က သေဘာတူတယ္လို႔ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။ ကာကြယ္ေဆးထိုးအစီအစဥ္ေတြ တိုးျမႇင့္လုပ္သြားဖို႔လည္း ျမန္မာဘက္က ကတိျပဳတယ္လို႔ အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn က ေျပာပါတယ္။

“လူသားခ်င္းစာနာကူညီမႈအေထာက္အပံ့ေပးေရးလုပ္ငန္းစဥ္ေတြ ျမန္ဆန္လာေအာင္ ျမန္မာဘက္က အေကာင္းဆုံးလုပ္ပါလိမ့္မယ္။ အာဆီယံ လူသားခ်င္းစာနာကူညီမႈဗဟိုစင္တာနဲ႔ အျခားသက္ဆိုင္ရာအဖြဲ႕အစည္းေတြဖက္က လိုအပ္တဲ့အေထာက္အထားေတြေပးၿပီး အခ်ိန္မီ လုပ္ငန္းေဆာင္႐ြက္သြားၾကဖို႔ ေတာင္းဆိုပါတယ္။”

ဒီေန႔စည္းေဝးပြဲဟာ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ တိုးတက္မႈအျဖစ္ ျမင္ႏိုင္ေပမယ့္ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔ေတာ့ အေဝးႀကီးလိုေသးတယ္လို႔ Royal Academy of Cambodia တကၠသိုလ္က ႏိုင္ငံတကာဆက္ဆံေရးဆိုင္ရာ ကြၽမ္းက်င္သူ Kin Phea ကသုံးသပ္ပါတယ္။

“အာဆီယံယႏၲရားကေန လူသားခ်င္းစာနာမႈလုပ္ငန္းေတြ အျပည့္အဝမလုပ္ေဆာင္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ဒီေဆြးေႏြးပြဲက ရလဒ္ေကာင္းေတြျဖစ္လာမယ္ဆိုရင္ေတာ့ အာဆီယံဘုံသေဘာတူညီခ်က္ငါးခ်က္အေကာင္အထည္ေဖာ္ေရးအတြက္ ေျခလွမ္းတလွမ္းျဖစ္လာမယ္လို႔ က်ေနာ္ထင္တယ္။”

ဒီအစည္းအေဝးကို ျမန္မာစစ္ေကာင္စီဘက္က ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္တက္ေရာက္ခဲ့ပါတယ္။ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ ဒီအစည္းအေဝးနဲ႔ပတ္သက္လို႔ အာဆီယံအထူးကိုယ္စားလွယ္ဘက္က သူတို႔ကို ညႇိႏႈိင္းတိုင္ပင္တာမ်ိဳးမရွိေပမယ့္ ကုလသမဂၢေအဂ်င္စီတခ်ိဳ႕က သူတို႔ကို ေတြ႕ဆုံအသိေပးတာမ်ိဳးရွိတယ္လို႔ VOA ကို ေျပာပါတယ္။

ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာမႈအကူအညီေပးေရးကိစၥဟာ ျမန္မာ့အေရး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ပါ အခ်က္တခ်က္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noeleen Heyzer ကေတာ့ ျမန္မာႏိုင္ငံအတြင္း စာနာေထာက္ ထားမႈ အကူအညီေပးေရး ပါဝင္ေဆာင္႐ြက္ေနသူအားလုံး လုံၿခဳံစိတ္ခ်ၿပီး အဟန႔္အတားမရွိ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

အေမရိကန္ အာဆီယံထိပ္သီးစည္းေဝးပြဲက်င္းပၿပီးခ်ိန္ ေမလလယ္ပိုင္းက်ရင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ျမန္မာႏိုင္ငံကို သြားေရာက္မွာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္နဲ႔အတူ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္လည္း လိုက္ပါသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြန်မာ လူသားချင်းစာနာမှုအ ကူအညီပေးရေး နယ်မြေ ၅ ခု ကနဦးသတ်မှတ်ခဲ့

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ တချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရေးကိစ္စမှာ မြန်မာစစ်ကောင်စီဘက် က လက်ခံမယ်လို့ သဘောတူညီချက်ရခဲ့သလို အကူအညီတွေပေါ် အခွန်ကင်းလွတ်ခွင့်ပေးဖို့ကိုလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှုပေးရေး အာဆီယံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆီယံ အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်း မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေး အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပရာမှာ အကူအညီပေးရေးကိစ္စ အဟန့်အတားတွေအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့ပါတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးကို ပူးတွဲဦးဆောင်ခဲ့တာပါ။ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေအမြန်ဆုံး ပို့ဆောင်ပေးဖို့ အာဆီယံ လူသားချင်းစာနာမှုနဲ့ ဘဘာဝဘေးဒဏ်စီမံဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးရုံးက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စည်းဝေးပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အထူးကိုယ်စားလှယ် Prak Sokhonn ကပြောကြားခဲ့ပါတယ်။ ဒီအကူအညီတွေကို မြန်မာနိုင်ငံတွင်းက ကရင်၊ ကယား၊ စစ်ကိုင်းအပါအဝင် ဒေသ ၅ ခုကို ပေးဖို့ ကနဦး လျာထားပါတယ်။ အဲဒီအထဲက ဒေသနှစ်ခုကိုတော့ ဦးစားပေး ဆောင်ရွက်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရှိနေတဲ့ ဒေသတချို့ကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မြန်မာဘက်က လက်ခံတယ်လို့ Sokhonn ကပြောပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေကို လိုအပ်နေသူတွေအားလုံး တယောက်မကျန်ပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“လူသားချင်းစာနာမှုဆိုတဲ့ကိစ္စဟာ ကျနော်တို့အားလုံးနဲ့ပတ်သက်နေတဲ့ စိုးရိမ်မှုတရပ်ပါ။ ဒါကြောင့် မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး မြန်မာလူထုအကျိုးရှိစေဖို့ တဦးနဲ့တဦး ညှိုနှုင်းဆောင်ရွက်ဖို့လိုပါတယ်။”

မြန်မာပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးအကူအညီတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ လက်ခံထိုးပေးသွားမယ့်ကိစ္စကိုလည်း မြန်မာဘက်က သဘောတူတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်တွေ တိုးမြှင့်လုပ်သွားဖို့လည်း မြန်မာဘက်က ကတိပြုတယ်လို့ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က ပြောပါတယ်။

“လူသားချင်းစာနာကူညီမှုအထောက်အပံ့ပေးရေးလုပ်ငန်းစဉ်တွေ မြန်ဆန်လာအောင် မြန်မာဘက်က အကောင်းဆုံးလုပ်ပါလိမ့်မယ်။ အာဆီယံ လူသားချင်းစာနာကူညီမှုဗဟိုစင်တာနဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေဖက်က လိုအပ်တဲ့အထောက်အထားတွေပေးပြီး အချိန်မီ လုပ်ငန်းဆောင်ရွက်သွားကြဖို့ တောင်းဆိုပါတယ်။”

ဒီနေ့စည်းဝေးပွဲဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုအဖြစ် မြင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်လို့ Royal Academy of Cambodia တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ Kin Phea ကသုံးသပ်ပါတယ်။

“အာဆီယံယန္တရားကနေ လူသားချင်းစာနာမှုလုပ်ငန်းတွေ အပြည့်အဝမလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့် ဒီဆွေးနွေးပွဲက ရလဒ်ကောင်းတွေဖြစ်လာမယ်ဆိုရင်တော့ အာဆီယံဘုံသဘောတူညီချက်ငါးချက်အကောင်အထည်ဖော်ရေးအတွက် ခြေလှမ်းတလှမ်းဖြစ်လာမယ်လို့ ကျနော်ထင်တယ်။”

ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ခဲ့ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ဘက်က သူတို့ကို ညှိနှိုင်းတိုင်ပင်တာမျိုးမရှိပေမယ့် ကုလသမဂ္ဂအေဂျင်စီတချို့က သူတို့ကို တွေ့ဆုံအသိပေးတာမျိုးရှိတယ်လို့ VOA ကို ပြောပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ အချက်တချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် အာဆီယံထိပ်သီးစည်းဝေးပွဲကျင်းပပြီးချိန် မေလလယ်ပိုင်းကျရင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။
================

XS
SM
MD
LG