သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံႏိုင္ငံတခ်ိဳ႕ ပဋိညာဥ္ကိုမလိုက္နာဟု စစ္ေကာင္စီေဝဖန္


[[Zawgyi/Unicode]]

အာဆီယံႏိုင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံနဲ႔ဆက္ဆံရာမွာ အာဆီယံ ႏိုင္ငံေတြလိုက္နာရမယ့္ အေျခခံအခ်က္ေတြကို ေက်ာ္လြန္ ေဖာက္ဖ်က္ေနတယ္လို႔ စစ္ေကာင္စီဘက္က ေဝဖန္ျပစ္တင္ပါတယ္။ ျမန္မာအေနနဲ႔ အာဆီယံအျပင္ အျခားကမာၻ႔အဖြဲ႔ အစည္းေတြ ေဒသအဖြဲ႕အစည္းေတြနဲ႔ နီးနီးကပ္ကပ္ေဆာင္႐ြက္သြားဖို႔လည္းရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာ မဆုမြန္ကတင္ျပေပးထားပါတယ္။

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံအေပၚ အာဆီယံႏိုင္ငံတခ်ိဳ႕က ျပင္းျပင္းထန္ထန္ေဝဖန္တာေတြရွိေနသလို အာဆီယံအတြင္း ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔လည္း စစ္ေကာင္စီကို လက္ခံအသိအမွတ္ျပဳဖို႔ တြန႔္ဆုတ္ေနၾကတုန္းပါ။ အာဆီယံ အဆင့္ျမင့္အစည္းအေဝးႀကီးေတြမွာ ျမန္မာစစ္ေကာင္စီ တက္ေရာက္ခြင့္ပိတ္ပင္ထားၾကပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ အာဆီယံရဲ႕ ဒီလို ရပ္ တည္မႈဟာ မူလပဋိညာဥ္ပါ အခ်က္အလက္ေတြကို ခ်ိဳးေဖာက္တာလို႔ ေဝဖန္ပါတယ္။ အာဆီယံပဋိညာဥ္ပါ ႏိုင္ငံေတြရဲ႕အခ်ဳပ္အျခာကို အျခားႏိုင္ငံက ဝင္ေရာက္မစြတ္ဖက္ဖို႔နဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြအၾကား တူညီတဲ့အခြင့္အေရးရွိရမယ္ဆိုတဲ့ အခ်က္ေတြကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕က မလိုက္နာဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ျပစ္တင္ေျပာဆိုပါတယ္။

“ ႏိုင္ငံျခားဆက္ဆံေရးနဲ႔ပတ္သက္တဲ့ မူဝါဒေတြရွိပါတယ္။ အေျခခံဥပေဒပါ မူဝါဒအတိုင္း ႀကိဳးစားေဆာင္႐ြက္လ်က္ရွိတယ္။ ဒါနဲ႔ပတ္သက္လို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ေျပာဆိုခ်က္ေတြက အာဆီယံ ပဋိညာဥ္ပါ မူေတြ၊ လုပ္ထုံးလုပ္နည္းအစဥ္အလာေတြနဲ႔ ကြဲလြဲေနတာေတြ ေတြ႔ရပါတယ္။ ေနာက္အပုဒ္ ၅ ပါအတိုင္း အဖြဲ႔ ဝင္ႏိုင္ငံေတြက တူညီတဲ့ အခြင့္အေရး တာဝန္မ်ားရွိရမယ္ဆိုတာနဲ႔ကိုက္ညီမႈလည္းမရွိလို႔ ဒါေတြကို ျမန္မာႏိုင္ငံဘက္က ေထာက္ျပေနတာေတြလည္းရွိပါတယ္။ ေနာက္ကုလ ပဋိညာဥ္မွာပါတဲ့ ႏိုင္ငံတိုင္းရဲ႕အခ်ဳပ္အျခာ တန္းတူညီမွ်မႈ စည္းမ်ဥ္းေတြ ပ်က္ကြက္ေနတာကိုလည္း အသိေပးကန႔္ကြက္ေနပါတယ္။ ႏိုင္ငံျခားဆက္ဆံေရး ႏိုင္ငံတကာဆက္ဆံေရးမွာ ထာဝရမိတ္ေဆြ၊ ထာဝရရန္သူမရွိပါဘူး။ ထာဝရအက်ိဳးစီးပြားပဲ ရွိပါတယ္။ ျမန္မာျပည္သူေတြရဲ႕ ထာဝရ အက်ိဳးစီးပြားကိုသာ ၾကည့္ၿပီး ဆက္လက္လက္ကိုင္ေဆာင္႐ြက္ သြားမွာျဖစ္တယ္လို႔ေျပာခ်င္တယ္။”

အာဆီယံ ႏိုင္ငံတခ်ိဳ႕ရဲ႕ ရပ္တည္ခ်က္ေတြအေပၚ စစ္ေကာင္စီဘက္က ေဝဖန္လိုက္ေပမယ့္ သူရည္ၫႊန္းတဲ့ႏိုင္ငံေတြက ဘယ္ႏိုင္ငံလဲဆိုတာကိုေတာ့ ထုတ္မေျပာခဲ့ပါဘူး။ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတခုျဖစ္တဲ့ မေလးရွားႏိုင္ငံဟာ ျမန္မာအေရးေျဖရွင္းေရးမွာ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ NUCC အမ်ိဳးသားအတိုင္ပင္ခံေကာင္စီတို႔ကိုပါ ဆက္ဆံဖို႔ အာဆီယံအတြင္းမွာ တိုက္တြန္းေနတာပါ။

ဒါ့အျပင္ အင္ဒိုနီးရွား၊ စင္ကာပူႏိုင္ငံေတြက စစ္ေကာင္စီကို မၾကာမၾကာ ေဝဖန္ေျပာဆိုတာေတြရွိသလို ဘ႐ူႏိုင္းနဲ႔ဆို သံအဆင့္အျပန္အလွန္ေလွ်ာ့ခ်တဲ့အထိ ျဖစ္ထားပါတယ္။ ဒါေပမယ့္လည္း မဟာမဲေခါင္ ေဒသ အာဆီယံႏိုင္ငံေတြနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဘက္ကေတာ့ စစ္ေကာင္စီရဲ႕ရပ္တည္မႈကိုအသိအမွတ္ျပဳ ေထာက္ခံ မႈရွိဆဲျဖစ္တယ္လို႔ စစ္ေကာင္စီဘက္က ေျပာပါတယ္။

တ႐ုတ္၊ မဟာမဲေခါင္ေဒသ အာဆီယံႏိုင္ငံေတြျဖစ္တဲ့ ထိုင္း၊ ဗီယက္နမ္၊ လာအို၊ ကေမာၻဒီးယားတို႔နဲ႔ စည္းေဝးလုပ္မယ့္ လန္ခ်န္း-မဲေခါင္ အစည္းအေဝးေတြကို ျမန္မာႏိုင္ငံရဲ႕ပုဂံေဒသမွာ လုပ္ခြင့္ရတာက သူတို႔ၾကားမွာ အဆင္ေျပတယ္ဆိုတာကို ျပသတာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ဒီအစည္းအေဝးေတြကို မနက္ျဖန္ စတင္မွာပါ။ ဒီအစည္းအေဝးအတြက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္လည္း တက္ေရာက္ဖို႔ရွိေနပါတယ္။ ျမန္မာအေနနဲ႔ ေဒသတြင္းအဖြဲ႔ အစည္းေတြနဲ႔တင္မကာ အျခားကမာၻ႔အဖြဲ႕အစည္းေတြနဲ႔ပါ တိုးခ်ဲ႕ဆက္ဆံဖို႔ျပင္ဆင္ထားတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“လက္ရွိအသုံးျပဳေနတဲ့ ေဒသတြင္းပလက္ေဖာင္းတင္မကပါဘူး။ မၾကာေသးခင္ကလည္း ဥေရာပအာရွစီးပြားေရးအဖြဲ႔ထဲဝင္ဖို႔ လုပ္ေနတာရွိတယ္။ ရွရွားနဲ႔ သက္ဆိုင္ ရာႏိုင္ငံေတြကို ေလ့လာတာေတြ လုပ္ေနတယ္။ ဒါ့အျပင္ တခ်ိဳ႕ေသာ ကမာၻ႔အဖြဲ႔ေတြမွာလည္း ဝင္ေရာက္ႏိုင္ေရးအတြက္လည္း လုပ္ကိုင္ေဆာင္႐ြက္ေနတာရွိပါတယ္လို႔ ေျပာခ်င္တယ္။”

ဒီေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ အခုလို ႏိုင္ငံတကာသံခင္းတမန္ကိစၥေတြတင္မကဘဲ ျပည္တြင္းအေျခအေနေတြကို ရွင္းလင္းေျပာဆိုပါတယ္။ စစ္ေကာင္စီက မၾကာခင္လုပ္မယ့္ ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္ရင္ ႀကီးေလးတဲ့ ျပစ္ဒဏ္ခ်မွတ္ခံရဖြယ္ရွိတယ္လို႔လည္း သတိေပးပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခင္ေမာင္ဦးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ ေ႐ြးေကာက္ပြဲဆိုင္ရာေတြကို အေရးယူတာမွာလည္း က်ဴးလြန္တဲ့ ျပစ္မႈနဲ႔ညီတဲ့ ျပစ္ဒဏ္သတ္မွတ္ႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိတယ္။ ေ႐ြးေကာက္ပြဲျပစ္မႈနဲ႔ပတ္သက္ လို႔ လိမ္လည္စြပ္စြဲတိုင္တန္းပါက အနည္းဆုံး ၃ လကေန အမ်ားဆုံး ၃ ႏွစ္ထိေထာင္ဒဏ္အျပင္နဲ႔ ေငြဒဏ္က်ပ္ ၃ သိန္းထက္မနည္း ေပးေဆာင္ရမွာျဖစ္ပါတယ္။ ေနာက္ၿပီး ေကာ္မရွင္လုပ္တဲ့ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးဖို႔ ပ်က္ျပားေအာင္လုပ္ရင္ပဲျဖစ္ျဖစ္၊ ေ႐ြးေကာက္ပြဲလုပ္ဖို႔ ပ်က္ေအာင္ အားထုတ္ႀကိဳးပမ္းရင္၊ က်ဴးလြန္အားေပးတာကိုေဆာင္႐ြက္ရင္ ထိေရာက္ျပင္းထန္တဲ့ျပစ္ဒဏ္ ခ်မွတ္ႏိုင္ေအာင္ ျပင္ဆင္ေဆာင္႐ြက္ေနပါတယ္။”

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုအသစ္ျပန္ဖြဲ႕ခဲ့ၿပီး ျပန္ဖြဲ႕တဲ့ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြျပင္ဖို႔နဲ႔ အခ်ိဳးက် ကိုယ္စားျပဳ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ျပင္ဆင္ေနပါတယ္။ ယာယီအာဏာရယူထားတယ္ဆိုတဲ့ စစ္ေကာင္စီအေနနဲ႔ လာမယ့္ႏွစ္ထဲ ေ႐ြးေကာက္ပြဲလုပ္ဖို႔ လည္း ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္ ဒီမိုကေရစီေရး အဓိက ဦးေဆာင္တဲ့ ႏိုင္ငံေရးပါတီႀကီးေတြမပါဝင္တဲ့ ေ႐ြးေကာက္ပြဲကို ျပည္တြင္းျပည္ပက တရားဝင္ အသိအမွတ္ျပဳမႈအားနည္းေစပါတယ္။ အဓိက ႏိုင္ငံေရးပါတီႀကီးျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္အားလုံးနီးပါးဟာ လက္ရွိမွာဖမ္းဆီးေထာင္ခ်ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အာဆီယံနိုင်ငံတချို့ ပဋိညာဉ်ကိုမလိုက်နာဟု စစ်ကောင်စီဝေဖန်

အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံနဲ့ဆက်ဆံရာမှာ အာဆီယံ နိုင်ငံတွေလိုက်နာရမယ့် အခြေခံအချက်တွေကို ကျော်လွန် ဖောက်ဖျက်နေတယ်လို့ စစ်ကောင်စီဘက်က ဝေဖန်ပြစ်တင်ပါတယ်။ မြန်မာအနေနဲ့ အာဆီယံအပြင် အခြားကမ္ဘာ့အဖွဲ့ အစည်းတွေ ဒေသအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်သွားဖို့လည်းရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာ မဆုမွန်ကတင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံနိုင်ငံတချို့က ပြင်းပြင်းထန်ထန်ဝေဖန်တာတွေရှိနေသလို အာဆီယံအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း စစ်ကောင်စီကို လက်ခံအသိအမှတ်ပြုဖို့ တွန့်ဆုတ်နေကြတုန်းပါ။ အာဆီယံ အဆင့်မြင့်အစည်းအဝေးကြီးတွေမှာ မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်ပိတ်ပင်ထားကြပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ ဒီလို ရပ် တည်မှုဟာ မူလပဋိညာဉ်ပါ အချက်အလက်တွေကို ချိုးဖောက်တာလို့ ဝေဖန်ပါတယ်။ အာဆီယံပဋိညာဉ်ပါ နိုင်ငံတွေရဲ့အချုပ်အခြာကို အခြားနိုင်ငံက ဝင်ရောက်မစွတ်ဖက်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား တူညီတဲ့အခွင့်အရေးရှိရမယ်ဆိုတဲ့ အချက်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မလိုက်နာဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြစ်တင်ပြောဆိုပါတယ်။

“နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေရှိပါတယ်။ အခြေခံဥပဒေပါ မူဝါဒအတိုင်း ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဒါနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြောဆိုချက်တွေက အာဆီယံ ပဋိညာဉ်ပါ မူတွေ၊ လုပ်ထုံးလုပ်နည်းအစဉ်အလာတွေနဲ့ ကွဲလွဲနေတာတွေ တွေ့ရပါတယ်။ နောက်အပုဒ် ၅ ပါအတိုင်း အဖွဲ့ ဝင်နိုင်ငံတွေက တူညီတဲ့ အခွင့်အရေး တာဝန်များရှိရမယ်ဆိုတာနဲ့ကိုက်ညီမှုလည်းမရှိလို့ ဒါတွေကို မြန်မာနိုင်ငံဘက်က ထောက်ပြနေတာတွေလည်းရှိပါတယ်။ နောက်ကုလ ပဋိညာဉ်မှာပါတဲ့ နိုင်ငံတိုင်းရဲ့အချုပ်အခြာ တန်းတူညီမျှမှု စည်းမျဉ်းတွေ ပျက်ကွက်နေတာကိုလည်း အသိပေးကန့်ကွက်နေပါတယ်။ နိုင်ငံခြားဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးမှာ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိပါဘူး။ ထာဝရအကျိုးစီးပွားပဲ ရှိပါတယ်။ မြန်မာပြည်သူတွေရဲ့ ထာဝရ အကျိုးစီးပွားကိုသာ ကြည့်ပြီး ဆက်လက်လက်ကိုင်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ပြောချင်တယ်။”

အာဆီယံ နိုင်ငံတချို့ရဲ့ ရပ်တည်ချက်တွေအပေါ် စစ်ကောင်စီဘက်က ဝေဖန်လိုက်ပေမယ့် သူရည်ညွှန်းတဲ့နိုင်ငံတွေက ဘယ်နိုင်ငံလဲဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မလေးရှားနိုင်ငံဟာ မြန်မာအရေးဖြေရှင်းရေးမှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားအတိုင်ပင်ခံကောင်စီတို့ကိုပါ ဆက်ဆံဖို့ အာဆီယံအတွင်းမှာ တိုက်တွန်းနေတာပါ။

ဒါ့အပြင် အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတွေက စစ်ကောင်စီကို မကြာမကြာ ဝေဖန်ပြောဆိုတာတွေရှိသလို ဘရူနိုင်းနဲ့ဆို သံအဆင့်အပြန်အလှန်လျှော့ချတဲ့အထိ ဖြစ်ထားပါတယ်။ ဒါပေမယ့်လည်း မဟာမဲခေါင် ဒေသ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ဘက်ကတော့ စစ်ကောင်စီရဲ့ရပ်တည်မှုကိုအသိအမှတ်ပြု ထောက်ခံ မှုရှိဆဲဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

တရုတ်၊ မဟာမဲခေါင်ဒေသ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့နဲ့ စည်းဝေးလုပ်မယ့် လန်ချန်း-မဲခေါင် အစည်းအဝေးတွေကို မြန်မာနိုင်ငံရဲ့ပုဂံဒေသမှာ လုပ်ခွင့်ရတာက သူတို့ကြားမှာ အဆင်ပြေတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီအစည်းအဝေးတွေကို မနက်ဖြန် စတင်မှာပါ။ ဒီအစည်းအဝေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း တက်ရောက်ဖို့ရှိနေပါတယ်။ မြန်မာအနေနဲ့ ဒေသတွင်းအဖွဲ့ အစည်းတွေနဲ့တင်မကာ အခြားကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ပါ တိုးချဲ့ဆက်ဆံဖို့ပြင်ဆင်ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“လက်ရှိအသုံးပြုနေတဲ့ ဒေသတွင်းပလက်ဖောင်းတင်မကပါဘူး။ မကြာသေးခင်ကလည်း ဥရောပအာရှစီးပွားရေးအဖွဲ့ထဲဝင်ဖို့ လုပ်နေတာရှိတယ်။ ရှရှားနဲ့ သက်ဆိုင် ရာနိုင်ငံတွေကို လေ့လာတာတွေ လုပ်နေတယ်။ ဒါ့အပြင် တချို့သော ကမ္ဘာ့အဖွဲ့တွေမှာလည်း ဝင်ရောက်နိုင်ရေးအတွက်လည်း လုပ်ကိုင်ဆောင်ရွက်နေတာရှိပါတယ်လို့ ပြောချင်တယ်။”

ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုလို နိုင်ငံတကာသံခင်းတမန်ကိစ္စတွေတင်မကဘဲ ပြည်တွင်းအခြေအနေတွေကို ရှင်းလင်းပြောဆိုပါတယ်။ စစ်ကောင်စီက မကြာခင်လုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့လည်း သတိပေးပါတယ်။ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ ရွေးကောက်ပွဲဆိုင်ရာတွေကို အရေးယူတာမှာလည်း ကျူးလွန်တဲ့ ပြစ်မှုနဲ့ညီတဲ့ ပြစ်ဒဏ်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်။ ရွေးကောက်ပွဲပြစ်မှုနဲ့ပတ်သက် လို့ လိမ်လည်စွပ်စွဲတိုင်တန်းပါက အနည်းဆုံး ၃ လကနေ အများဆုံး ၃ နှစ်ထိထောင်ဒဏ်အပြင်နဲ့ ငွေဒဏ်ကျပ် ၃ သိန်းထက်မနည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ ပျက်ပြားအောင်လုပ်ရင်ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲလုပ်ဖို့ ပျက်အောင် အားထုတ်ကြိုးပမ်းရင်၊ ကျူးလွန်အားပေးတာကိုဆောင်ရွက်ရင် ထိရောက်ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်နိုင်အောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်။”

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ကိုအသစ်ပြန်ဖွဲ့ခဲ့ပြီး ပြန်ဖွဲ့တဲ့ကော်မရှင်ဟာ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေပြင်ဖို့နဲ့ အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ယာယီအာဏာရယူထားတယ်ဆိုတဲ့ စစ်ကောင်စီအနေနဲ့ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ လည်း ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီရေး အဓိက ဦးဆောင်တဲ့ နိုင်ငံရေးပါတီကြီးတွေမပါဝင်တဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက တရားဝင် အသိအမှတ်ပြုမှုအားနည်းစေပါတယ်။ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အားလုံးနီးပါးဟာ လက်ရှိမှာဖမ်းဆီးထောင်ချခံထားရပါတယ်။

XS
SM
MD
LG