[[Zawgyi/Unicode]]
ဒီေန႔ ျမန္မာႏိုင္ငံကို ေရာက္ရွိလာတဲ့ ျမန္မာ့အေရးဆိုင္ရာ အာဆီယံ အထူးသံတမန္နဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ EAO ၇ ဖြဲ႕တို႔ ေတြ႔ဆုံဖို႔ ရွိေနပါတယ္။ ဒီေဆြးေႏြးပြဲမွာ EAO ေတြဘက္က အရပ္သားေတြကို အကာကြယ္ေပးေရးနဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲမွာ သက္ဆိုင္သူအားလုံးပါဝင္ေရးကိစၥေတြကို အေလးထား ေဆြးေႏြးဖို႔ ရွိေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ျမန္မာ့အေရးဆိုင္ရာ အာဆီယံအထူးသံတမန္ျဖစ္တဲ့ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonnရဲ႕ ဒုတိယေျမာက္ ျမန္မာႏိုင္ငံခရီးစဥ္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဇူလိုင္လ ၁ရက္ေန႔ ေနျပည္ေတာ္ မွာ ေတြ႔ဆုံဖို႔ ရွိေနတာပါ။
ဒီေတြ႔ဆုံေဆြးေႏြးပြဲကို NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ EAO ၇ ဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST အျဖစ္ စုစည္း တက္ေရာက္ မွာျဖစ္ေၾကာင္း PPST ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက ေျပာပါတယ္။
“ဒီဘက္ အစိုးရကေနၿပီးေတာ့ တဖြဲ႕ခ်င္းကိုေတာ့ ဖိတ္ထားတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ၆ ဖြဲ႕ကေတာ့ PPST ပုံစံနဲ႔ စုစုစည္းစည္းနဲ႔ တက္ၾကမယ္ေပါ့ေလ။ RCSS လည္း တက္မယ္ခင္ဗ်။ RCSS ကလည္း က်ေနာ္တို႔ရဲ႕ ဒီ ပူးေပါင္း ဆက္စပ္တဲ့အဖြဲ႕ျဖစ္တယ္ေလ။ ဆိုေတာ့ သူတို႔အဖြဲ႕ပါဆို ၇ ဖြဲ႕ေပါ့။”
PPST အေနနဲ႔ အဓိက ေဆြးေႏြးဖို႔ ရည္႐ြယ္ထားတဲ့အခ်က္ေတြထဲမွာ အရပ္သားေတြအကာအကြယ္ေပးေရးနဲ႔ အားလုံးပါဝင္ေရး ကိစၥေတြ ပါဝင္ေၾကာင္း ႏိုင္ေအာင္မေငးက အခုလို ဆက္ ေျပာပါ တယ္။
“က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္ေတြ၊ ဒီ NCA အႏွစ္သာရ ၃ ခ်က္ရွိမယ္။ ေနာက္ ႏိုင္ ငံေရးရည္မွန္းခ်က္ေတြရွိမယ္။ အဲဒါကို က်ေနာ္တို႔ ေျပာမယ္။ ေနာက္ အာဆီယံရဲ႕ သေဘာတူညီခ်က္အေပၚမွာ က်ေနာ္တို႔ သေဘာထားေတြ ေျပာမယ္။ အဓိကက က်ေနာ္တို႔ Civilian Protection ကိစၥေပါ့။ အဲဒါကိုလည္း က်ေနာ္တို႔ ဦးစားေပးၿပီး ေျပာမွာေပါ့ခင္ဗ်။ ေနာက္ေတာ့ အားလုံးပါဝင္ေရးကိစၥမွာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းဖို႔၊ အာဆီယံကေန ဝိုင္းဝန္းတိုက္တြန္းေျပာၾကားေပးဖို႔။ အဲဒါလည္းက်ေနာ္တို႔ ေျပာသြားမယ္ခင္ဗ်။ အဓိက ဦးစားေပးေပါ့။ ”
အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မနက္ဖန္မွာ ျပန္လည္ညႇိႏႈိင္းဖို႔ ရွိေနေၾကာင္း ေျပာပါတယ္။
NCA လက္မွတ္ ေရးထိုးထားတဲ့ EAO ၁၀ ဖြဲ႕မွာ ဒီ ၇ ဖြဲ႕က စစ္ေကာင္စီဥကၠ႒ ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို လက္ခံထားတဲ့ အဖြဲ႕ေတြ ျဖစ္ပါတယ္။
ဒီအဖြဲ႕ေတြမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS၊ မြန္ျပည္သစ္ပါတီ NMSP ၊ ကရင္ ၿငိမ္းခ်မ္းေရး ေကာင္စီ KNU/KNLA-PC ၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA၊ ပအို႔ဝ္အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLOနဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံး LDU တို႔ပါဝင္ ပါတယ္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို လက္ခံထားတဲ့ NCA လက္မွတ္ မေရးထိုးေသးတဲ့အဖြဲ႕ ၃ ဖြဲ႔ထဲက ဝျပည္ေသြးစည္း ညီၫြတ္ေရးပါတီ UWSP ကေတာ့ တက္ေရာက္ဖို႔ မေသခ်ာေၾကာင္း လားရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရန္းက ေျပာပါတယ္။
“ဘာမွေတာ့ ေျပာသံမၾကားဘူးေနာ္။ ဌာနခ်ဳပ္ကေနာ္။ ဖိတ္တာ၊ မဖိတ္တာေတြကလည္း အဲလိုလည္း ဘာမွ ေျပာသံမၾကားဘူးေနာ္။”
က်န္ ၂ ဖြဲ႔ျဖစ္တဲ့ NDAA မိုင္းလားနဲ႔ SSPP ရွမ္းျပည္တိုးတက္ေရးပါတီတို႔ကိုေတာ့ ဆက္သြယ္လို႔ မရပါဘူး။
စစ္ေကာင္စီဥကၠ႒က ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မတက္ေရာက္ၾကတဲ့ EAO ၈ ဖြဲ႔ကေတာ့ အာဆီယံသံတမန္နဲ႔ေဆြးေႏြးပြဲမွာ ပါဝင္ၾကမွာ မဟုတ္ပါဘူး။
အာဆီယံအထူးသံတမန္ဟာ ၿပီးခဲ့တဲ့ မတ္လအတြင္းက ပထမဆုံးအႀကိမ္လာေရာက္ခဲ့ပါတယ္။ ဒီခရီးစဥ္ မတိုင္မီမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ရဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ စစ္ေကာင္စီဘက္က လက္မခံခဲ့သလို အခုခရီးစဥ္မွာလည္း ေတြ႕ခြင့္ေပးဖို႔ မရွိပါဘူး။
ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ရွိၿပီး ဒီအထဲမွာ အၾကမ္းဖက္မႈေတြ ရပ္တန႔္ေစေရး၊ ၿငိမ္းခ်မ္းစြာ ျပဳသေဘာေဆာင္ေျဖရွင္းႏိုင္ေရး၊ လူသားခ်င္းစာနာနဲ႔ အကူအညီေတြ ေပးအပ္ေရးနဲ႔ သက္ဆိုင္ရာပါဝင္ပတ္သက္သူေတြအားလုံးနဲ႔ေတြ႕ဆုံခြင့္ရေရး ဆိုတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ ဒါေပမဲ့ ဒီဘုံသေဘာတူညီခ်က္ ၅ ခ်က္ဟာ တႏွစ္ေက်ာ္ ကာလအထိ အေကာင္အထည္ မေပၚလာတဲ့ အေပၚမွာလည္း ေဝဖန္ေထာက္ျပတာေတြ ရွိေနပါတယ္။
=============
[[Unicode]]
NCA လက်မှတ်ထိုး ၇ ဖွဲ့ အာဆီယံအထူးသံနဲ့တွေ့ဆုံဖို့ရှိ
ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် EAO ၇ ဖွဲ့တို့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာ EAO တွေဘက်က အရပ်သားတွေကို အကာကွယ်ပေးရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ သက်ဆိုင်သူအားလုံးပါဝင်ရေးကိစ္စတွေကို အလေးထား ဆွေးနွေးဖို့ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဇူလိုင်လ ၁ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိနေတာပါ။
ဒီတွေ့ဆုံဆွေးနွေးပွဲကို NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ EAO ၇ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖြစ် စုစည်း တက်ရောက် မှာဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။
“ဒီဘက် အစိုးရကနေပြီးတော့ တဖွဲ့ချင်းကိုတော့ ဖိတ်ထားတယ်။ ဒါပေမယ့် ကျနော်တို့ ၆ ဖွဲ့ကတော့ PPST ပုံစံနဲ့ စုစုစည်းစည်းနဲ့ တက်ကြမယ်ပေါ့လေ။ RCSS လည်း တက်မယ်ခင်ဗျ။ RCSS ကလည်း ကျနော်တို့ရဲ့ ဒီ ပူးပေါင်း ဆက်စပ်တဲ့အဖွဲ့ဖြစ်တယ်လေ။ ဆိုတော့ သူတို့အဖွဲ့ပါဆို ၇ ဖွဲ့ပေါ့။”
PPST အနေနဲ့ အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့အချက်တွေထဲမှာ အရပ်သားတွေအကာအကွယ်ပေးရေးနဲ့ အားလုံးပါဝင်ရေး ကိစ္စတွေ ပါဝင်ကြောင်း နိုင်အောင်မငေးက အခုလို ဆက် ပြောပါ တယ်။
“ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ ဒီ NCA အနှစ်သာရ ၃ ချက်ရှိမယ်။ နောက် နိုင် ငံရေးရည်မှန်းချက်တွေရှိမယ်။ အဲဒါကို ကျနော်တို့ ပြောမယ်။ နောက် အာဆီယံရဲ့ သဘောတူညီချက်အပေါ်မှာ ကျနော်တို့ သဘောထားတွေ ပြောမယ်။ အဓိကက ကျနော်တို့ Civilian Protection ကိစ္စပေါ့။ အဲဒါကိုလည်း ကျနော်တို့ ဦးစားပေးပြီး ပြောမှာပေါ့ခင်ဗျ။ နောက်တော့ အားလုံးပါဝင်ရေးကိစ္စမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ အာဆီယံကနေ ဝိုင်းဝန်းတိုက်တွန်းပြောကြားပေးဖို့။ အဲဒါလည်းကျနော်တို့ ပြောသွားမယ်ခင်ဗျ။ အဓိက ဦးစားပေးပေါ့။ ”
အသေးစိတ်အချက်အလက်တွေကိုတော့ မနက်ဖန်မှာ ပြန်လည်ညှိနှိုင်းဖို့ ရှိနေကြောင်း ပြောပါတယ်။
NCA လက်မှတ် ရေးထိုးထားတဲ့ EAO ၁၀ ဖွဲ့မှာ ဒီ ၇ ဖွဲ့က စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လက်ခံထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့ပါဝင် ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံထားတဲ့ NCA လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့ ၃ ဖွဲ့ထဲက ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ကတော့ တက်ရောက်ဖို့ မသေချာကြောင်း လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
“ဘာမှတော့ ပြောသံမကြားဘူးနော်။ ဌာနချုပ်ကနော်။ ဖိတ်တာ၊ မဖိတ်တာတွေကလည်း အဲလိုလည်း ဘာမှ ပြောသံမကြားဘူးနော်။”
ကျန် ၂ ဖွဲ့ဖြစ်တဲ့ NDAA မိုင်းလားနဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီတို့ကိုတော့ ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ကြတဲ့ EAO ၈ ဖွဲ့ကတော့ အာဆီယံသံတမန်နဲ့ဆွေးနွေးပွဲမှာ ပါဝင်ကြမှာ မဟုတ်ပါဘူး။
အာဆီယံအထူးသံတမန်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ပထမဆုံးအကြိမ်လာရောက်ခဲ့ပါတယ်။ ဒီခရီးစဉ် မတိုင်မီမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံခဲ့သလို အခုခရီးစဉ်မှာလည်း တွေ့ခွင့်ပေးဖို့ မရှိပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ရှိပြီး ဒီအထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေး၊ ငြိမ်းချမ်းစွာ ပြုသဘောဆောင်ဖြေရှင်းနိုင်ရေး၊ လူသားချင်းစာနာနဲ့ အကူအညီတွေ ပေးအပ်ရေးနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရရေး ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဘုံသဘောတူညီချက် ၅ ချက်ဟာ တနှစ်ကျော် ကာလအထိ အကောင်အထည် မပေါ်လာတဲ့ အပေါ်မှာလည်း ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။