သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအေျခအေန ေဒသတြင္းတည္ၿငိမ္ေရး ၿခိမ္းေျခာက္ဟု ကန္-စင္ကာပူ ထုတ္ျပန္


စင္ကာာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ အေမရိကန္သမၼတ Joe Biden တို႔ အိမ္ျဖဴေတာ္မွာ ေတြ႔႕ဆံုစဥ္။ (မတ္လ ၂၉ ၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ ေဒသတြင္း တည္ၿငိမ္ ေအးခ်မ္းေရးကို ၿခိမ္းေျခာက္လာေနတဲ့အတြက္ ဒါကို အေမရိကန္ျပည္ေထာင္စုနဲ႔ စင္ကာပူႏိုင္ငံတို႔က အထူးစိုးရိမ္ေၾကာင္း မတ္လ ၂၉ ရက္ေန႔က ပူးတြဲေၾကညာခ်က္မွာေဖာ္ျပပါတယ္။ ဒါ့အျပင္ အရပ္သားေတြအေပၚ အၾကမ္းဖက္မႈေတြ ရပ္တန႔္ ၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံျခားသားေတြအပါအဝင္ ဖမ္းဆီးခံထားရသူ ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ အေမရိကန္နဲ႔ စင္ကာပူေခါင္းေဆာင္ေတြရဲ႕ ေတြ႔ဆုံမႈအေၾကာင္း အျပည့္အစုံ ကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

အေမရိကန္ႏိုင္ငံကို ေရာက္ေနတဲ့ စင္ကာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ သမၼတ Joe Biden တို႔ ဝါရွင္တန္ ဒီစီက သမၼတအိမ္ျဖဴေတာ္မွာ ေတြ႔ဆုံၿပီး လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြအပါအဝင္ အာဆီယံ-အေမရိကန္ ဆက္ဆံေရးနဲ႔ ေဒသတြင္း အေျခအေနေတြကို မေန႔ မတ္လ ၂၉ ရက္ေန႔က ေဆြးေႏြးခဲ့ၾကတာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူေတြ ခံစားေနရတဲ့ အေျခအေနေတြအေပၚ အထူးစိုးရိမ္ေၾကာင္း ေတြ႕ဆုံမႈအၿပီး အိမ္ျဖဴေတာ္မွာ ပူးတြဲ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ Biden က ေျပာၾကားလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ စစ္တပ္က မႏွစ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္းျဖစ္ေပၚလာတဲ့ အၾကမ္းဖက္မႈေတြနဲ႔ ျပည္သူေတြ ခံစားေနၾကရတဲ့ အေျခအေနေတြအေပၚ က်ေနာ္တို႔ ႏွစ္ေယာက္စလုံးက အထူးပဲ စိုးရိမ္ပူပန္ၾကပါတယ္။ ဒီအာဏာသိမ္းမႈက စာနာမႈဆိုင္ရာ ႀကီးမားတဲ့ အခက္အခဲေတြ ျဖစ္ေပၚေစၿပီး ျမန္မာျပည္သူေတြအတြက္ ဆယ္စုႏွစ္နဲ႔ခ်ီ ဒီမိုကေရစီနဲ႔ စီးပြားေရးဆိုင္ရာ တိုးတက္ခဲ့မႈေတြကို ေနာက္ျပန္လွည့္သြားေစပါတယ္။”

ဒါ့အျပင္ အာဆီယံ ဘုံသေဘာတူညီခ်က္ကို စစ္ေကာင္စီက အျမန္ဆုံး အေကာင္အထည္ ေဖာ္ဖို႔အတြက္လည္း သမၼတ Biden က သတင္းစာရွင္းလင္းပြဲအတြင္း ေတာင္းဆိုလိုက္ပါတယ္။

“ျမန္မာစစ္ေကာင္စီအေနနနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ဖို႔နဲ႔ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး လုပ္ေဆာင္ဖို႔ စင္ကာပူနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က သေဘာတူခဲ့ၾကပါတယ္။”

ေတြ႕ဆုံမႈအၿပီး အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ - ျမန္မာ့အေရး ၿငိမ္းခ်မ္းစြာ အေျဖရွာႏိုင္ေရးအတြက္ စင္ကာပူနဲ႔ အာဆီယံအဖြဲ႔တို႔က အျပဳသေဘာေဆာင္ၿပီး ၾကားဝင္ ေဆာင္ ႐ြက္ေပးေနတဲ့အေပၚ ေက်းဇူးတင္ေၾကာင္း၊ စာနာမႈဆိုင္ရာ အကူအညီေတြ အဟန္႔အတားမရွိ ေပးႏိုင္ေရးအတြက္ ေတာင္းဆိုပါေၾကာင္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ မၾကာခင္မွာ အာဆီယံေခါင္းေဆာင္ေတြကို အေမရိကန္ျပည္ေထာင္စုကို ဖိတ္ၾကားၿပီး ထိပ္သီးစည္းေဝးပြဲ က်င္းပသြားဖို႔ စီစဥ္ေနတယ္ဆိုတာကိုလည္း သမၼတ Biden က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံစဥ္ လက္ရွိျဖစ္ေပၚေနတဲ့ ယူကရိန္းအေရးနဲ႔ ေဒသတြင္း တျခားကိစၥရပ္ေတြကိုလည္း ထည့္သြင္း ေဆြးေႏြး ခဲ့ၾကပါတယ္။ ဥေရာပတိုက္မွာ ျဖစ္ေနတဲ့ကိစၥရပ္ေတြက စင္ကာပူလို ႏိုင္ငံငယ္ေလးကိုပါ ႐ိုက္ခတ္လာေနတာေၾကာင့္ ယူကရိန္းအေရးမွာ ယူကရိန္းဘက္က ေထာက္ခံေၾကာင္း စင္ကာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

“ယူကရိန္းမွာျဖစ္ေနတဲ့ စစ္ပြဲေတြက အာရွ-ပစိဖိတ္ေဒသကို သက္ေရာက္မႈေတြ အမ်ားႀကီး ရွိပါတယ္။ က်ေနာ္တို႔ ေဒသအတြင္းမွာလည္း ပဋိပကၡျဖစ္ႏိုင္တဲ့အေျခအေန ၊ အလားအလာေတြ ရွိေနပါတယ္။ ဒါေတြကို အေသအခ်ာ မကိုင္တြယ္ႏိုင္ရင္ စစ္ပြဲေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီပဋိပကၡေတြ ေနာက္ေၾကာင္းျပန္လွည့္လို႔ မရတဲ့ အေျခအေနကို ဆိုက္သြားခဲ့တာမ်ိဳး မျဖစ္ရေလေအာင္ ေဒသတြင္းက ကိစၥရပ္ေတြအေပၚ စိတ္ပါဝင္စားမႈရွိတဲ့ႏိုင္ငံေတြက ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းႏိုင္ဖို႔ အားလုံး ဝိုင္းဝန္း လုပ္ေဆာင္သင့္ပါတယ္။”

သမၼတ Biden ကေတာ့ - လြတ္လပ္ၿပီး ႂကြယ္ဝခ်မ္းသာတဲ့ အင္ဒို-ပစိဖိတ္ေဒသဟာ ပိုၿပီး အေရးပါေၾကာင္း၊ ယူကရိန္းအေရးဟာ လစ္ဘရယ္ ဒီမိုကေရစီနဲ႔ အာဏာရွင္စံနစ္အၾကား လြန္ဆြဲတဲ့ပြဲျဖစ္ေၾကာင္း ေျပာပါတယ္။

Lee Hsien Loong ဟာ Joe Biden သမၼတျဖစ္လာၿပီးေနာက္ပိုင္း သမၼတအိမ္ျဖဴေတာ္ကို လာေရာက္လည္ပတ္တဲ့ အာဆီယံႏိုင္ငံေတြထဲက ပထမဆုံး ေခါင္းေဆာင္ျဖစ္ပါတယ္။ သူဟာ သမၼတ Biden နဲ႔ ဒုသမၼတ Kamala Harris တို႔အျပင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔လည္း အဂၤါေန႔က ေတြ႔ဆုံခဲ့ပါတယ္။

လူဦးေရ ၅ သန္းသာရွိေပမယ့္ ကမာၻ႔စီးပြားေရးမွာ အေရးပါတဲ့အခန္းက႑မွာရွိေနတဲ့ စင္ကာပူႏိုင္ငံအေနနဲ႔ ကမာၻ႔စီးပြားအင္အား အႀကီးဆုံးႏိုင္ငံျဖစ္တဲ့ အေမရိကန္က ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ တန္းတူ ေတြ႕ဆုံခြင့္ရတဲ့အေပၚ တန္ဖိုးထားလိမ့္မယ္လို႔ American Enterprise Institute က သုေတသီ Zack Cooper က ေျပာပါတယ္။

“စင္ကာပူႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာ စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာေဆာင္႐ြက္တယ္ဆိုတာကို ျပသဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္လည္း သမၼတအိမ္ျဖဴေတာ္ကိုေရာက္လာၿပီး အခုလို ထိပ္တန္း ေခါင္းေဆာင္ေတြက ေတြ႕ဆုံတာဟာ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္အတြင္း စင္ကာပူႏိုင္ငံရဲ႕ ရပ္တည္ လုပ္ေဆာင္မႈေတြကို အေမရိကန္က အသိအမွတ္ျပဳ ေလးစားတယ္ ဆိုတာကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။ အေမရိကန္က စီးပြားေရးဆိုင္ရာ ကိစၥရပ္ေတြမွာ ဦးေဆာင္မႈေပးတာကို စင္ကာပူက လိုလားတယ္ဆိုတာမ်ိဳး လာမယ့္ လအနည္းငယ္အတြင္းမွာ ၾကားရႏိုင္ပါတယ္။ ဒီကိစၥကို အိမ္ျဖဴေတာ္ ေဆြးေႏြးပြဲမွာ ထည့္ေဆြးေႏြးခဲ့ၾကၿပီး ျဖစ္မွာပါ။”

စင္ကာပူႏိုင္ငံဟာ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ဝင္ ႏိုင္ငံျဖစ္တဲ့အျပင္ အေမရိကန္နဲ႔ လြတ္လပ္တဲ့ကုန္သြယ္ဘက္ႏိုင္ငံျဖစ္တာနဲ႔အညီ မႏွစ္က ထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ အေမရိကန္အတြက္ ၁၈ ႏိုင္ငံေျမာက္ အႀကီးဆုံး စီးပြားကုန္သြယ္ဘက္ႏိုင္ငံျဖစ္တယ္လို႔ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီက ဒုတိယအႀကီးအကဲ Marc Mealy က ေျပာပါတယ္။

သမၼတ Biden က သူ႔အစိုးရအေနနဲ႔ အာရွိတိုက္ကို အာ႐ုံစိုက္ၿပီး ဦးစားေပး ေဆာင္႐ြက္သြားမယ္လို႔ ေျပာဆိုထားၿပီး မႏွစ္ ဇန္နဝါရီ ၂၀ ရက္ေန႔မွာ သမၼတရာထူးတာဝန္ မထမ္းေဆာင္ခင္ကတည္းက သူ႔အစိုးရအတြက္ “Asia Czar” အာရွတိုက္ဆိုင္ရာ ကိစၥရပ္ေတြကို အေလးေပးေဆာင္႐ြက္မယ့္ ဝါရင့္ သံတမန္တဦးျဖစ္သူ Kurt Campbell ကို ခန္႔အပ္ တာဝန္ ေပးထားၿပီး ျဖစ္ပါတယ္ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မြန်မာအခြေအနေ ဒေသတွင်းတည်ငြိမ်ရေး ခြိမ်းခြောက်ဟု ကန်-စင်ကာပူ ထုတ်ပြန်


မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်လာနေတဲ့အတွက် ဒါကို အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့က အထူးစိုးရိမ်ကြောင်း မတ်လ ၂၉ ရက်နေ့က ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။။ ဒါ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့် ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးခံထားရသူ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုအကြောင်း အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံကို ရောက်နေတဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ သမ္မတ Joe Biden တို့ ဝါရှင်တန် ဒီစီက သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပါအဝင် အာဆီယံ-အမေရိကန် ဆက်ဆံရေးနဲ့ ဒေသတွင်း အခြေအနေတွေကို မနေ့ မတ်လ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်ကြောင်း တွေ့ဆုံမှုအပြီး အိမ်ဖြူတော်မှာ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Biden က ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က မနှစ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေ ခံစားနေကြရတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ နှစ်ယောက်စလုံးက အထူးပဲ စိုးရိမ်ပူပန်ကြပါတယ်။ ဒီအာဏာသိမ်းမှုက စာနာမှုဆိုင်ရာ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေပြီး မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်နဲ့ချီ ဒီမိုကရေစီနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်ခဲ့မှုတွေကို နောက်ပြန်လှည့်သွားစေပါတယ်။”

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်ကို စစ်ကောင်စီက အမြန်ဆုံး အကောင်အထည် ဖော်ဖို့အတွက်လည်း သမ္မတ Biden က သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုလိုက်ပါတယ်။

“မြန်မာစစ်ကောင်စီအနေနနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်ဖို့ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုတို့က သဘောတူခဲ့ကြပါတယ်။”

တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - မြန်မာ့အရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် စင်ကာပူနဲ့ အာဆီယံအဖွဲ့တို့က အပြုသဘောဆောင်ပြီး ကြားဝင် ဆောင် ရွက်ပေးနေတဲ့အပေါ် ကျေးဇူးတင်ကြောင်း၊ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးနိုင်ရေးအတွက် တောင်းဆိုပါကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မကြာခင်မှာ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကို ဖိတ်ကြားပြီး ထိပ်သီးစည်းဝေးပွဲ ကျင်းပသွားဖို့ စီစဉ်နေတယ်ဆိုတာကိုလည်း သမ္မတ Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် လက်ရှိဖြစ်ပေါ်နေတဲ့ ယူကရိန်းအရေးနဲ့ ဒေသတွင်း တခြားကိစ္စရပ်တွေကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ကြပါတယ်။ ဥရောပတိုက်မှာ ဖြစ်နေတဲ့ကိစ္စရပ်တွေက စင်ကာပူလို နိုင်ငံငယ်လေးကိုပါ ရိုက်ခတ်လာနေတာကြောင့် ယူကရိန်းအရေးမှာ ယူကရိန်းဘက်က ထောက်ခံကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေက အာရှ-ပစိဖိတ်ဒေသကို သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ဒေသအတွင်းမှာလည်း ပဋိပက္ခဖြစ်နိုင်တဲ့အခြေအနေ ၊ အလားအလာတွေ ရှိနေပါတယ်။ ဒါတွေကို အသေအချာ မကိုင်တွယ်နိုင်ရင် စစ်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပဋိပက္ခတွေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေကို ဆိုက်သွားခဲ့တာမျိုး မဖြစ်ရလေအောင် ဒေသတွင်းက ကိစ္စရပ်တွေအပေါ် စိတ်ပါဝင်စားမှုရှိတဲ့နိုင်ငံတွေက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်သင့်ပါတယ်။”

သမ္မတ Biden ကတော့ - လွတ်လပ်ပြီး ကြွယ်ဝချမ်းသာတဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ ပိုပြီး အရေးပါကြောင်း၊ ယူကရိန်းအရေးဟာ လစ်ဘရယ် ဒီမိုကရေစီနဲ့ အာဏာရှင်စံနစ်အကြား လွန်ဆွဲတဲ့ပွဲဖြစ်ကြောင်း ပြောပါတယ်။

Lee Hsien Loong ဟာ Joe Biden သမ္မတဖြစ်လာပြီးနောက်ပိုင်း သမ္မတအိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့ အာဆီယံနိုင်ငံတွေထဲက ပထမဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ သမ္မတ Biden နဲ့ ဒုသမ္မတ Kamala Harris တို့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့လည်း အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။

လူဦးရေ ၅ သန်းသာရှိပေမယ့် ကမ္ဘာ့စီးပွားရေးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတဲ့ စင်ကာပူနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တန်းတူ တွေ့ဆုံခွင့်ရတဲ့အပေါ် တန်ဖိုးထားလိမ့်မယ်လို့ American Enterprise Institute က သုတေသီ Zack Cooper က ပြောပါတယ်။

“စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်တယ်ဆိုတာကို ပြသဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း သမ္မတအိမ်ဖြူတော်ကိုရောက်လာပြီး အခုလို ထိပ်တန်း ခေါင်းဆောင်တွေက တွေ့ဆုံတာဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း စင်ကာပူနိုင်ငံရဲ့ ရပ်တည် လုပ်ဆောင်မှုတွေကို အမေရိကန်က အသိအမှတ်ပြု လေးစားတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဦးဆောင်မှုပေးတာကို စင်ကာပူက လိုလားတယ်ဆိုတာမျိုး လာမယ့် လအနည်းငယ်အတွင်းမှာ ကြားရနိုင်ပါတယ်။ ဒီကိစ္စကို အိမ်ဖြူတော် ဆွေးနွေးပွဲမှာ ထည့်ဆွေးနွေးခဲ့ကြပြီး ဖြစ်မှာပါ။”

စင်ကာပူနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အပြင် အမေရိကန်နဲ့ လွတ်လပ်တဲ့ကုန်သွယ်ဘက်နိုင်ငံဖြစ်တာနဲ့အညီ မနှစ်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အမေရိကန်အတွက် ၁၈ နိုင်ငံမြောက် အကြီးဆုံး စီးပွားကုန်သွယ်ဘက်နိုင်ငံဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ဒုတိယအကြီးအကဲ Marc Mealy က ပြောပါတယ်။

သမ္မတ Biden က သူ့အစိုးရအနေနဲ့ အာရှိတိုက်ကို အာရုံစိုက်ပြီး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပြီး မနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတရာထူးတာဝန် မထမ်းဆောင်ခင်ကတည်းက သူ့အစိုးရအတွက် “Asia Czar” အာရှတိုက်ဆိုင်ရာ ကိစ္စရပ်တွေကို အလေးပေးဆောင်ရွက်မယ့် ဝါရင့် သံတမန်တဦးဖြစ်သူ Kurt Campbell ကို ခန့်အပ် တာဝန် ပေးထားပြီး ဖြစ်ပါတယ် ခင်ဗျား။
===========

XS
SM
MD
LG