သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေး ဘုံသဘောတူညီချက် ပြန်သုံးသပ်မည်


ကိုဂျင်မီ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးအတွက် နယူးယောက်က ဆန္ဒပြပွဲကြော်ညာ
ကိုဂျင်မီ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးအတွက် နယူးယောက်က ဆန္ဒပြပွဲကြော်ညာ

[[Zawgyi/Unicode]]

လာမယ့် သီတင်းပတ်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးဆွေးနွေးကြတဲ့အခါ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ရှိနေပါတယ်။ ဒီ သဘောတူညီချက်ကို မြန်မာစစ် ကောင်စီဘက်ကပဲ အကောင်အထည်ဖော်တာမျိုးမဟုတ်ဘဲ အာဆီယံဘက်ကလည်း ဝင်ဆောင်ရွက်နိုင်မယ့် အချိန်ဇယားသတ်မှတ်ဖို့ လူသားချင်းစာနာကူညီမှုတွေပေးနိုင်ဖို့ လိုမယ်လို့ Altsean Burma အဖွဲ့က အကြံပြုထားပါတယ်။ အာဆီယံသဘောတူညီချက်ကို ဘယ်လို ပြင်ဆင်ဖို့ အကြံပြုဖို့ထားသလဲ Altsean Burma အဖွဲ့ ညှိုနှိုင်းရေးမှူး Debbie Stothard ကို ကိုဝင်းမင်းက မေးထားပါတယ်။

အခု သီတင်းပတ်ကုန်ကနေ နောက်သီတင်းပတ် စနေနေ့ သြဂုတ်လ ၆ ရက်အထိ ကမ္ဘောဒီးယားမှာ တပတ်ကြာကျင်းပမယ့် (၅၅) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံထဲ ထင်ရှားတဲ့ ဒီမိုကရေစီအရေးခေါင်းဆောင်တွေအပါအဝင် သေဒဏ်အပေးခံခဲ့ရတဲ့အပေါ် အာဆီယံကို အာဆီယံကို ဆယ်စုနှစ်တွေနဲ့ချီ စည်းရုံးရေးတွေလုပ်လာခဲ့တဲ့ အာဆီယံဘားမားအဖွဲ့ ညှိနှိုင်းရေးမှူး Debbie Stothard က အခုလို ပြောပါတယ်။

“ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ တက်ကြွလူပ်ရှားသူ ၂ ဦးကို သေဒဏ်စီရင်လိုက်တာက အာဆီယံအတွက် အလေးအနက်ထားရမယ့် သတိပေးခေါင်းလောင်းသံပါ။ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ စာရေးပြီး သေဒဏ်ကနေ လျော့ပေါ့ပေးဖို့ တောင်းဆိုအပြီးမှာ ဖြစ်လာတာမို့ပါ။ နောက် ထပ်လည်း သေဒဏ်ပေးထားသူတွေ အများကြီးရှိနေသေးတာမို့ သူတို့ကိုလည်း တကယ် သေဒဏ်စီရင်မှာ စိုးရိမ်နေရပါပြီ။ အာဆီယံအနေနဲ့ ပထမ နားလည်ဖို့ လိုတာက အခုလို သေဒဏ်စီရင်ခဲ့တာက အာဆီယံအနေန့ဲ ချဉ်းကပ်ပုံပြောင်းဖို့လိုပြီဆိုတော အချက်ပြလိုက်တာပါ။ အာဆီယံအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်ကောင်စီအပေါ် အလွန့်အလွန်ကို ပျော့ပျော့ပြောင်းပြောင်းနဲ့ မျက်နှာချိုသွေး ဆက်ဆံခဲ့တယ်လေ။ ဒါကြောင့်မို့ စစ်ကောင်စီအနေနဲ့ အခုလိုအထိ လက်ရဲဇက်ရဲ လုပ်ရဲသွားတာပါ။ နားလည်ရမှာက စစ်ကောင်စီ ရက်စက်မှုတွေက လျော့မသွားဘဲ ပိုတိုးလာနေတာပါ။ ဒါကြောင့် အာဆီယံက အခြေအနေကို တကယ်ပြောင်းချင်ရင် အာဆီယံ ဘုံသဘောတူချက် ၅ ချက်ကို ပြန်ပြောင်းမှ ရပါမယ်။”

အဲဒီတော့ အခု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲကလည်း ရှိနေတော့ အဲဒီမှာ ထည့်ပြီး ဆွေးနွေးသင့်ပါလားဆိုပြီး မေးရာမှာ Debbie Stothard ကပဲ အခုလို ရှင်းပြသွားပါတယ်။

“အာဆီယံအနေနဲ့ လက်ရှိ မြန်မာအခြေအနေကို ကျိုးကြောင်းဆီလျှော်စွာ တကယ် အပြည့်အဝနားလည်ပြီး အခုအစည်းအဝေးမှာ ပြန်ပြောင်းလုပ်ဖို့ကိစ္စ၊ စ ဆွေးနွေးကာ၊ ရှေ့ဆက်နိုင်ဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချလာဖို့ ကျမတို့ တကယ့်ကို မျှော်လင့်နေပါတယ်။ အခုမြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ပြောင်းပြန် ပြန်လှည့်နိုင်ဖို့ လိုနေပါပြီ။ တကယ်လို့ အခု လက်ရှိအခြေအနေအတိုင်း ဆက်ခွင့်ပြုနေမယ် ဆိုရင်တော့ ကျမတို့ ဒေသထဲမှာ အခုထက် ပိုကြီးမားတဲ့ လူသားထုလုံခြုံမှု ပြဿနာကြီးကို ဆက်ကြုံရပါလိမ့်မယ်။ အဲ့ဒိတော့ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အန္တရာယ်ကင်းရေး၊ လုံခြုံရေးတွေအတွက် တကယ်ဖြစ်စေချင်တာအပြင် အာဆီယံရဲ့ ယုံကြည်အားထားနိုင်မှု၊ ဂုဏ်သိက္ခာနဲ့ တရားဝင်မှုကိုလည်း အဖတ်ဆယ် ဆက်ရှင်သန်စေချင်တယ်ဆိုရင်တော့ မြန်မာလက်ရှိဖြစ်စဉ်ကို ပြောင်းပေးဖို့ လိုနေပါပြီ။”

ဘယ်လိုအသေးစိတ်ပြောင်းလဲဖို့ အဆိုပြုချင်ပါသလဲလို့ ဆက်မေးရာမှာတော့ သူက အခုလို ပြောပါတယ်။

“အကောင်းဆုံး လမ်းကြောင်းကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူချက် ၅ ရပ် ကို ပြန်ဆွေးနွေးသုံးသပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတွေအပေါ် အခြေခံတဲ့ မူဘောင်အသစ် ပြန်ပြင်ဆင်ဖို့ပါ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင်အာဏာသိမ်းစစ်အုပ်စုက အခု အာဆီယံဘုံ ၅ ချက်ကို အမှိုက်ပုံးထဲ ပစ်ထည့်ထားခဲ့တာမို့ပါ။ ဒီဘုံ ၅ ချက်မှာ တောင်းဆိုထားတာတွေရဲ့ ဆန့်ကျင်ဘက်ကို ဒီ စစ်ကောင်စီက အတိအကျ လက်တွေ့လုပ်ပြနေတာလေ။ ဒါပေမယ့် ဒီ ဘုံ ၅ ရပ်နဲ့ပဲ ဆက်သွားချင်သေးတယ်ဆိုရင်တော့ ဒါကို ပြန် မွမ်းမံရပါမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကို ပုံပြီး လုပ်ခွင့် ဆက်ပေးထားတာမျိုးမဖြစ်သင့်တော့တာ ရှင်းပါတယ်။ အာဆီယံအနေနဲ့ ကိုယ်တိုင်ဝင်လုပ်နိုင်တာမျိုး ပြောင်းယူရပါမယ်။ တကယ်လိုတာက အချိန်ဇယားထည်ဖို့ပါ။ အခုက အချိန်ဇယား ရှင်းရှင်းလင်းလင်း သဘာတူထားတာ မပါတော့ ဘာတွေဖြစ်နေတယ်ဆိုတာ ချိန်ဆမရတော့ဘဲ အခုလို အခြေအနေ ဆိုးဆိုးဝါးဝါးကြီးဖြစ်လာတဲ့အထိ လွှတ်ပေးထားရတာမျိုး ဖြစ်နေတာပေါ့။ နောက် NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပြဿနာဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီအကူအညီတွေကို နယ်စပ်ကနေတဆင့် ဘယ်လို ထိရောက်အောင် ပို့ပေးနိုင်ဖို့ကို အလေးအနက် ထည့်တွက်သင့်ပါပြီ။ ဒုက္ခဖြစ်နေပြီးသားတွေ လျှော့ချနိုင်ဖို့ ဒါက အနည်းဆုံးအဆင့် စလုပ်သင့်တာပါ။”

တကယ်တော့ အခုလာမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်မယ့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း မေလတုန်းက အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဇွန်လတုန်းက စင်္ကာပူမှာလုပ်တဲ့ ရှန်ဂရီလာ ဒေသတွင်းလုံခြုံရေး ထိပ်သီးပွဲတွေမှာ အခုလို အချိန်သတ်မှတ်ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့သေးပေမယ့် မဖြစ်လာသေးတာမို့ အခုတခေါက်စောင့်ကြည့်ရမယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]











XS
SM
MD
LG