သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ ကြပ္မ်က္စီရင္မႈထပ္မလုပ္ဖို႔ အာဆီယံဥကၠ႒ သတိေပး 


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ က ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပတဲ့ ၅၅ ႀကိမ္ေျမာက္ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ အလွည့္က်ဥကၠ႒အျဖစ္ အဖြင့္မိန္႔ခြန္းေျပာၾကားစဥ္။ (ၾသဂုတ္ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]


စစ္ေကာင္စီက အက်ဥ္းသားေတြကို ထပ္မံ ကြပ္မ်က္မယ္ဆိုရင္ ျမန္မာႏိုင္ငံအေပၚ အာဆီယံရဲ႕ခ်ဥ္းကပ္ပုံ ေျပာင္းလဲလုပ္ေဆာင္ရလိမ့္မယ္လို႔ အာဆီယံဥကၠ႒ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သတိေပးလိုက္ပါတယ္။ ကေမၻာဒီးယားက အိမ္ရွင္ အျဖစ္ လက္ခံက်င္းပေနတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား စည္းေဝးပြဲမွာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က အဲဒီလို သတိေပး ေျပာၾကားလိုက္တာပါ။ ဒီကေန႔ က်င္းပတဲ့ အာဆီယံ အစည္းေဝးအေၾကာင္း အျပည့္အစုံကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ျမန္မာစစ္ေကာင္စီက အက်ဥ္းသားေတြကို ေနာက္ထပ္ ကြပ္မ်က္မယ္ဆိုရင္ ျမန္မာ့ပဋိပကၡကို ေျဖရွင္းဖို႔အတြက္ တမ်ဳိးတဖုံ ေျပာင္းလဲခ်ဥ္းကပ္ရလိမ့္မယ္လို႔ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ဒီကေန႔ သတိေပး ေျပာၾကားလိုက္ပါတယ္။

ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ၄ ဦးကို စစ္ေကာင္စီက ကြပ္မ်က္လိုက္တဲ့အေပၚ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ အင္မတန္ စိတ္ပ်က္မိတဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က အခုလို ေျပာျပပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနဟာ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို စတင္ သေဘာတူခဲ့ၾကတုန္းက အခ်ိန္ထက္ သိသိသာသာ ပိုဆိုးသြားတယ္လို႔ ေျပာလို႔ရႏိုင္ပါတယ္။ ႏိုင္ငံေရးအရ ေတြ႕ဆုံ ေဆြးေႏြးမႈေတြျပဳလုပ္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရးေဖာ္ေဆာင္ႏိုင္ေရးတို႔ကို ေရွ႕ရႈၿပီး ေသဒဏ္ေပး ကြပ္မ်က္မယ့္အစီအစဥ္ကို ျပန္စဥ္းစားဖို႔ ေတာင္းဆိုေနတဲ့ၾကားက အတိုက္အခံ ႏိုင္ငံေရးတက္ႂကြသူ ၄ ဦးကို ကြပ္မ်က္လိုက္တဲ့အေပၚ ကေမၻာဒီးယားအပါအဝင္ အာဆီယံတဖြဲ႔လုံးက အင္မတန္ စိတ္ပ်က္၊ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။”

စစ္ေကာင္စီက ကြပ္မ်က္မႈေတြ ထပ္လုပ္မယ္ဆိုရင္ေတာ့ အာဆီယံဘက္ကလည္း တမ်ဳိးတဖုံေျပာင္း စဥ္းစားရလိမ့္မယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။

“တကယ္လို႔ ကြပ္မ်က္မႈေတြ ေနာက္ထပ္ လုပ္ေဆာင္မယ္ဆိုရင္ အာဆီယံ ဘုံသေဘာတူညီခ်က္ကို ဘယ္လို ေျပာင္းလဲ ခ်ဥ္းကပ္ၾကမလဲဆိုတဲ့အေပၚ က်ေနာ္တို႔ အေနနဲ႔ မျဖစ္မေန ျပန္သုံးသပ္ရပါလိမ့္မယ္။”

ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြျဖစ္ၾကတဲ့ ၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္သူကိုဂ်င္မီ၊ NLD လႊတ္ေတာ္အမတ္ ကိုၿဖိဳးေဇယ်ာေသာ္၊ အရပ္သားေတြျဖစ္ၾကတဲ့ ကိုလွမ်ဳိးေအာင္နဲ႔ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကိုစစ္ေကာင္စီက ဇူလိုင္လ တတိယပတ္အတြင္း ကြပ္မ်က္လိုက္တဲ့အေပၚ အိမ္နီးခ်င္း အာဆီယံႏိုင္ငံေတြအပါအ၀င္ ကုလသမဂၢ၊ အေမရိကန္နဲ႔ ႏိုင္ငံတကာအသိုင္းဝိုင္းက စစ္ေကာင္စီအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ ေျပာဆိုမႈေတြ ထြက္ေပၚခဲ့ပါတယ္။

ဒီ ၄ ဦး ကြပ္မ်က္မႈကို စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့လေႏွာင္းပိုင္းမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ခုခံ ေျပာၾကားခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာအသိုင္းဝိုင္းရဲ႕ ေဝဖန္ ေျပာဆိုမႈေတြကို ပယ္ခ်ခဲ့ပါတယ္။

မႏွစ္ ဧၿပီလက အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံ အေရးေပၚ ထိပ္သီး စည္းေ၀းပြဲအတြင္း ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြ အျမန္ဆုံး ေျဖရွင္းႏိုင္ေရးအတြက္ စစ္ေကာင္စီနဲ႔ အာဆီယံအၾကား အေျခခံမူေဘာင္ (၅) ခ်က္ ခ်မွတ္ ေဆာင္ရြက္ၾကဖို႔ သေဘာတူခဲ့ေပမယ့္ အဲဒီ သေဘာတူညီခ်က္ေတြကို စစ္ေကာင္စီဘက္က အခုခ်ိန္ထိ တခုမွ အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိေသးတဲ့အေပၚ အာဆီယံဘက္က စိတ္ပ်က္လာေနတာပါ။

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ဒီ ဘုံသေဘာတူညီခ်က္ (၅) ကို အေျခခံၿပီး အာဆီယံက ဦးေဆာင္ကိုင္တြယ္ဖို႔ အေမရိကန္နဲ႔ အေနာက္အုပ္စု ႏိုင္ငံေတြက သေဘာတူထားၾကတာေၾကာင့္ ဒါကို စစ္ေကာင္စီဘက္က လက္ေတြ႕အေကာင္အထည္မေဖာ္ႏိုင္တဲ့အေပၚ ႏိုင္ငံတကာ အသိုင္းဝိုင္းကလည္း စိတ္ပ်က္ေနပါတယ္။

ဒီၾကားထဲ စစ္ေကာင္စီဘက္က ႏိုင္ငံအတြင္း အၾကမ္းဖက္ သတ္ျဖတ္မႈေတြ အရွိန္ေလ်ာ့မသြားဘဲ ဆက္တိုက္လုပ္ေဆာင္လာေနတာအျပင္ အခုေနာက္ဆုံး ႏိုင္ငံတကာအသိုင္းဝိုင္းက တားျမစ္ေနတဲ့ၾကားက ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူ ၄ ဦးကို ကြပ္မ်က္လိုက္တဲ့ လုပ္ရပ္ေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ခ်ဥ္းကပ္ပုံ ေျပာင္းလဲလုပ္ေဆာင္ဖို႔ လိုမယ္ဆိုတာကို အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားက ထုတ္ေဖာ္ ေျပာဆိုလာတာပါ။

အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္ျခင္းမရွိတဲ့အတြက္ စစ္ေကာင္စီဘက္က ႏိုင္ငံေရးအရ ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္ကို အာဆီယံရဲ႕ အေရးပါတဲ့ စည္းေဝးပြဲေတြကိုမဖိတ္ဖို႔ မႏွစ္က ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ ခ်က္နဲ႔အညီ အခု ကေမၻာဒီးယားႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံ စည္းေဝးပြဲမွာလည္း စစ္ေကာင္စီရဲ႕ကိုယ္စားလွယ္ တက္ခြင့္မရပါဘူး။

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးနဲ႔ လုံျခံဳေရးဆိုင္ရာပဋိပကၡေတြက တိုင္းျပည္အတြင္း စီးပြားေရးနဲ႔ စာနာမႈဆိုင္ရာ ႀကီးမားတဲ့ အခက္အခဲေတြ ျဖစ္ေစ႐ံု သာမကဘဲ အာဆီယံအဖြဲ႔ရဲ႕စည္းလုံးညီၫြတ္မႈကိုပါ ထိပါးလာေနတယ္လို႔ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

သေဒဏ် ကွပ်မျက်စီရင်မှုထပ်မလုပ်ဖို့ အာဆီယံဥက္ကဋ္ဌ သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ချဉ်းကပ်ပုံ ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သတိပေးလိုက်ပါတယ်။ ကမ္ဘောဒီးယားက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က အဲဒီလို သတိပေး ပြောကြားလိုက်တာပါ။ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ အစည်းဝေးအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်ကောင်စီက အကျဉ်းသားတွေကို နောက်ထပ် ကွပ်မျက်မယ်ဆိုရင် မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့အတွက် တမျိုးတဖုံ ပြောင်းလဲချဉ်းကပ်ရလိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အင်မတန် စိတ်ပျက်မိတဲ့အကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စတင် သဘောတူခဲ့ကြတုန်းက အချိန်ထက် သိသိသာသာ ပိုဆိုးသွားတယ်လို့ ပြောလို့ရနိုင်ပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဖော်ဆောင်နိုင်ရေးတို့ကို ရှေ့ရှုပြီး သေဒဏ်ပေး ကွပ်မျက်မယ့်အစီအစဉ်ကို ပြန်စဉ်းစားဖို့ တောင်းဆိုနေတဲ့ကြားက အတိုက်အခံ နိုင်ငံရေးတက်ကြွသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့အပေါ် ကမ္ဘောဒီးယားအပါအဝင် အာဆီယံတဖွဲ့လုံးက အင်မတန် စိတ်ပျက်၊ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။”

စစ်ကောင်စီက ကွပ်မျက်မှုတွေ ထပ်လုပ်မယ်ဆိုရင်တော့ အာဆီယံဘက်ကလည်း တမျိုးတဖုံပြောင်း စဉ်းစားရလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

“တကယ်လို့ ကွပ်မျက်မှုတွေ နောက်ထပ် လုပ်ဆောင်မယ်ဆိုရင် အာဆီယံ ဘုံသဘောတူညီချက်ကို ဘယ်လို ပြောင်းလဲ ချဉ်းကပ်ကြမလဲဆိုတဲ့အပေါ် ကျနော်တို့ အနေနဲ့ မဖြစ်မနေ ပြန်သုံးသပ်ရပါလိမ့်မယ်။”

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူကိုဂျင်မီ၊ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ အရပ်သားတွေဖြစ်ကြတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကိုစစ်ကောင်စီက ဇူလိုင်လ တတိယပတ်အတွင်း ကွပ်မျက်လိုက်တဲ့အပေါ် အိမ်နီးချင်း အာဆီယံနိုင်ငံတွေအပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းဝိုင်းက စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီ ၄ ဦး ကွပ်မျက်မှုကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုခံ ပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ ဝေဖန် ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

မနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ အရေးပေါ် ထိပ်သီး စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် စစ်ကောင်စီနဲ့ အာဆီယံအကြား အခြေခံမူဘောင် (၅) ချက် ချမှတ် ဆောင်ရွက်ကြဖို့ သဘောတူခဲ့ပေမယ့် အဲဒီ သဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အခုချိန်ထိ တခုမှ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးတဲ့အပေါ် အာဆီယံဘက်က စိတ်ပျက်လာနေတာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီ ဘုံသဘောတူညီချက် (၅) ကို အခြေခံပြီး အာဆီယံက ဦးဆောင်ကိုင်တွယ်ဖို့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက သဘောတူထားကြတာကြောင့် ဒါကို စစ်ကောင်စီဘက်က လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း စိတ်ပျက်နေပါတယ်။

ဒီကြားထဲ စစ်ကောင်စီဘက်က နိုင်ငံအတွင်း အကြမ်းဖက် သတ်ဖြတ်မှုတွေ အရှိန်လျော့မသွားဘဲ ဆက်တိုက်လုပ်ဆောင်လာနေတာအပြင် အခုနောက်ဆုံး နိုင်ငံတကာအသိုင်းဝိုင်းက တားမြစ်နေတဲ့ကြားက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲလုပ်ဆောင်ဖို့ လိုမယ်ဆိုတာကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ထုတ်ဖော် ပြောဆိုလာတာပါ။

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ခြင်းမရှိတဲ့အတွက် စစ်ကောင်စီဘက်က နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ကိုယ်စားလှယ်ကို အာဆီယံရဲ့ အရေးပါတဲ့ စည်းဝေးပွဲတွေကိုမဖိတ်ဖို့ မနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ် ချက်နဲ့အညီ အခု ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ စည်းဝေးပွဲမှာလည်း စစ်ကောင်စီရဲ့ကိုယ်စားလှယ် တက်ခွင့်မရပါဘူး။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာပဋိပက္ခတွေက တိုင်းပြည်အတွင်း စီးပွားရေးနဲ့ စာနာမှုဆိုင်ရာ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်စေရုံ သာမကဘဲ အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကိုပါ ထိပါးလာနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

XS
SM
MD
LG