သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျမန္မာ့အေရးေဆြးေႏြး


ကေမၻာဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာက်င္းပမယ့္ ASEAN ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး မတုိင္ခင္ ႀကိဳတင္ေဆြးေႏြးပြဲ။ (ၾသဂုတ္ ၂၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အာဆီယံစည္းေဝးပြဲကိုတက္ဖို႔ ကေမၻာဒီးယားႏိုင္ငံၿမိဳ႕ေတာ္ ဖႏြမ္းပင္မွာေရာက္ေနၾကတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ ဒီကေန႔ ေတြ႔ဆုံခဲ့ၿပီး ျမန္မာ့အေရးအပါအဝင္ တျခားအေၾကာင္းအရာေတြကို ႀကိဳတင္ ေဆြးေႏြးခဲ့ၾကပါတယ္။

ယူကရိန္းအေရးနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ေဒသတြင္းၾသဇာႀကီးထြားလာေနတာ စတဲ့ကိစၥရပ္ေတြအေပၚ ကမၻာ့အင္အားႀကီးႏိုင္ငံေတြအၾကား တင္းမာမႈေတြ ထြက္ေပၚေနခ်ိန္ မွာက်င္းပတဲ့ ဒီစည္းေဝးပြဲကို အေမရိကန္၊ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔က ႏိုင္ငံျခားေရး၀န္ႀကီးေတြလည္းေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံစည္းေဝးပြဲမွာ အေမရိကန္ုႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov တို႔ ၂ ဦး စည္းေဝခန္းမတခုတည္းမွာ တလအတြင္း ဒုတိယအႀကိမ္ေျမာက္ ေတြ႔ဆုံၾကတာလည္း ျဖစ္ပါတယ္။ သူတို႔ ၂ ဦး သီးျခား ေတြ႔ဆုံ ေဆြးေႏြးမလားဆိုတာေတာ့ မသိရေသးပါဘူး။

ဒီစည္းေဝးပြဲကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္းယီလည္း တက္ေရာက္ေနတာမွာ ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရ ျပန္လည္ေပၚထြန္းလာေရးနဲ႔ ယူကရိန္းပဋိပကၡအဆုံးသတ္ေရးအတြက္ တ႐ုတ္ႏိုင္ငံနဲ႔အဆင္ေျပတဲ့ ႐ုရွားအစိုးရနဲ႔ ပူးေပါင္း ေဆာင္ရြက္ဖို႔ ႏိုင္ငံအမ်ားစုက လိုလားေနၾကတာပါ။

အာရွ-ပစိဖိတ္ေဒသအတြင္း စီးပြားေရးနဲ႔ စစ္ေရးအရ တ႐ုတ္ရဲ႕ ၾသဇာႀကီးထြားလာေနတာကို အေမရိကန္က တန္ျပန္ ေဆာင္ရြက္ၿပီး ၂ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြ ႀကီးထြားလာေနခ်ိန္မွာ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲ က်င္းပတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးဆွေးနွေး

အာဆီယံစည်းဝေးပွဲကိုတက်ဖို့ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာရောက်နေကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် တခြားအကြောင်းအရာတွေကို ကြိုတင် ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းအရေးနဲ့ တရုတ်နိုင်ငံရဲ့ ဒေသတွင်းသြဇာကြီးထွားလာနေတာ စတဲ့ကိစ္စရပ်တွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား တင်းမာမှုတွေ ထွက်ပေါ်နေချိန် မှာကျင်းပတဲ့ ဒီစည်းဝေးပွဲကို အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံစည်းဝေးပွဲမှာ အမေရိကန်ုနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ၂ ဦး စည်းဝေခန်းမတခုတည်းမှာ တလအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ သူတို့ ၂ ဦး သီးခြား တွေ့ဆုံ ဆွေးနွေးမလားဆိုတာတော့ မသိရသေးပါဘူး။

ဒီစည်းဝေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီလည်း တက်ရောက်နေတာမှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်လည်ပေါ်ထွန်းလာရေးနဲ့ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံနဲ့အဆင်ပြေတဲ့ ရုရှားအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံအများစုက လိုလားနေကြတာပါ။

အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးနဲ့ စစ်ရေးအရ တရုတ်ရဲ့ သြဇာကြီးထွားလာနေတာကို အမေရိကန်က တန်ပြန် ဆောင်ရွက်ပြီး ၂ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ ကျင်းပတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG