သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡအဆုံးသတ္ေရး အာဆီယံအေရးတႀကီးဆုံးျဖတ္ဖို႔ မေလးရွားတိုက္တြန္း


မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah 

[[Zawgyi/Unicode]]

အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံပဋိပကၡအဆုံးသတ္ေရး အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ တခု ခ်မွတ္ဖို႔လိုအပ္ေနၿပီလို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကတိုက္တြန္းလိုက္ပါတယ္။ ဒီေန႔အထိ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခုလုံး စစ္မွန္တဲ့တိုးတက္မႈမရွိေသးတဲ့အျပင္ အၾကမ္းဖက္မႈေတြ ပိုဆိုးလာၿပီး အာဆီယံနဲ႔ စစ္ေကာင္စီေဆြးေႏြးပြဲေတြမွာ အဓိကသက္ဆိုင္ေနသူေတြ မပါသလို လိုအပ္တဲ့ေဆြးေႏြးတိုင္ပင္မႈေတြလည္း မရွိဘူးလို႔ ဝန္ႀကီး Saifuddin Abdullah ကသေဘာထားကို သူ႔ရဲ႕Facebook စာမ်က္ႏွာမွာ ထုတ္ျပန္ထားပါတယ္။

လူသားခ်င္းစာနာတဲ့ အကူအညီေတြကိုလည္း စစ္ေကာင္စီက လက္ဝါးႀကီးအုပ္ၿပီး ႏိုင္ငံေရးအရ အသုံးခ်ေနတယ္လို႔ ေျပာထားပါတယ္။ အာဆီယံဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲအားလုံးမွာ ျမန္မာကိုယ္စားလွယ္ကို တက္ေရာက္ခြင့္ မျပဳဖို႔နဲ႔ ႏိုဝင္ ဘာမွာက်င္းပမယ့္ အာဆီယံ ထိပ္သီးစည္းေဝးပြဲမတိုင္ခင္ ဘုံသေဘာတူညီမႈ အေကာင္အထည္ေဖာ္ေရး မူေဘာင္ခ်မွတ္ဖို႔ ကေမာၻဒီယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ၾသဂုတ္လ ၃ ရက္မွာ ေဆြးေႏြးၾကတဲ့အခါ မေလးရွားႏိုင္ငံဘက္ကတင္ျပဖို႔ July လ ၂၂ ရက္က မေလးရွား Cabinet ဝန္ႀကီးအဖြဲ႕အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့တယ္လို႔ သူကေျပာထားပါတယ္။

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔အပါအဝင္ ဒီမိုကေရစီေရးလႈပ္ရွားသူ ၄ ေယာက္ကို ကြပ္မ်က္လိုက္တာဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈျဖစ္တယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေဖာ္ျပေျပာဆိုပါတယ္။ စစ္ေကာင္စီက အာဆီယံဘုံသေဘာတူညီခ်က္ကို ေလွာင္ေျပာင္လိုက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔သူကျမင္ၿပီး ႏိုဝင္ဘာ အာဆီယံထိပ္သီးအစည္းအေဝးက်ရင္ ဒီဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဆက္လက္စြဲကိုင္မလား၊ ပိုတိုးတက္ေအာင္လုပ္မလား၊ အသစ္တခုနဲ႔အစားထိုးမလားဆိုတဲ့ ဆုံးျဖတ္ခ်က္ႀကီးကို ခ်မွတ္ဖို႔လိုအပ္တယ္လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကေထာက္ျပထားပါတယ္။

NUG အစိုးရနဲ႔ NUCC အႀကံေပးေကာင္စီတို႔ကို ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ေတြ႕သင့္တယ္လို႔ သူအရင္က အႀကံျပဳခဲ့သလို အခုအခ်ိန္ဟာ ေတြ႔ဆုံေဆြးေႏြးသင့္တဲ့အခ်ိန္ျဖစ္ၿပီး ေဆြးေႏြးမႈေတြကိုလည္း လူသိရွင္ၾကားထုတ္ျပန္သင့္တယ္လို႔ သူက အႀကံျပဳပါတယ္။ NUG၊ NUCC အပါအဝင္ ျမန္မာ့အေရးမွာ အဓိက သက္ဆိုင္ေနသူေတြနဲ႔ မေလးရွားအစိုးရက ေတြ႕ဆုံအေျဖရွာမႈေတြ ဆက္လုပ္ေနတယ္လို႔လည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ျပႆနာေတြ အဆုံးသတ္ေစမယ့္ မူေဘာင္တခုနဲ႔ ဒီမူေဘာင္ေတြ ေအာင္ျမင္ေအာင္လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြကို ASEAN က ခ်မွတ္သင့္ေနၿပီလို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က သူ႔ရဲ႕သေဘာထားကို ဒီေန႔ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အာဆီယံဟာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံသမန္ Dr Noeleen Heyzer နဲ႔အတူ ျမန္မာ့အေရးကို ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ပါဝင္ပံ့ပိုးမႈနဲ႔ ေအာင္ျမင္ေအာင္ ေျဖရွင္းေပးသူအေနနဲ႔ ေဆာင္႐ြက္သင့္တယ္လို႔သူက ေျပာပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မြန်မာပဋိပက္ခအဆုံးသတ်ရေး အာဆီယံအရေးတကြီးဆုံးဖြတ်ဖို့ မလေးရှားတိုက်တွန်း

အာဆီယံအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခအဆုံးသတ်ရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ဖို့လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတိုက်တွန်းလိုက်ပါတယ်။ ဒီနေ့အထိ အာဆီယံဘုံသဘောတူညီချက် ၅ ခုလုံး စစ်မှန်တဲ့တိုးတက်မှုမရှိသေးတဲ့အပြင် အကြမ်းဖက်မှုတွေ ပိုဆိုးလာပြီး အာဆီယံနဲ့ စစ်ကောင်စီဆွေးနွေးပွဲတွေမှာ အဓိကသက်ဆိုင်နေသူတွေ မပါသလို လိုအပ်တဲ့ဆွေးနွေးတိုင်ပင်မှုတွေလည်း မရှိဘူးလို့ ဝန်ကြီး Saifuddin Abdullah ကသဘောထားကို သူ့ရဲ့Facebook စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီတွေကိုလည်း စစ်ကောင်စီက လက်ဝါးကြီးအုပ်ပြီး နိုင်ငံရေးအရ အသုံးချနေတယ်လို့ ပြောထားပါတယ်။ အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲအားလုံးမှာ မြန်မာကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပြုဖို့နဲ့ နိုဝင် ဘာမှာကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဘုံသဘောတူညီမှု အကောင်အထည်ဖော်ရေး မူဘောင်ချမှတ်ဖို့ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ သြဂုတ်လ ၃ ရက်မှာ ဆွေးနွေးကြတဲ့အခါ မလေးရှားနိုင်ငံဘက်ကတင်ပြဖို့ July လ ၂၂ ရက်က မလေးရှား Cabinet ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သူကပြောထားပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်လိုက်တာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြပြောဆိုပါတယ်။ စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်ကို လှောင်ပြောင်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့သူကမြင်ပြီး နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေးကျရင် ဒီဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်မလား၊ ပိုတိုးတက်အောင်လုပ်မလား၊ အသစ်တခုနဲ့အစားထိုးမလားဆိုတဲ့ ဆုံးဖြတ်ချက်ကြီးကို ချမှတ်ဖို့လိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကထောက်ပြထားပါတယ်။

NUG အစိုးရနဲ့ NUCC အကြံပေးကောင်စီတို့ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တွေ့သင့်တယ်လို့ သူအရင်က အကြံပြုခဲ့သလို အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးသင့်တဲ့အချိန်ဖြစ်ပြီး ဆွေးနွေးမှုတွေကိုလည်း လူသိရှင်ကြားထုတ်ပြန်သင့်တယ်လို့ သူက အကြံပြုပါတယ်။ NUG၊ NUCC အပါအဝင် မြန်မာ့အရေးမှာ အဓိက သက်ဆိုင်နေသူတွေနဲ့ မလေးရှားအစိုးရက တွေ့ဆုံအဖြေရှာမှုတွေ ဆက်လုပ်နေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ အဆုံးသတ်စေမယ့် မူဘောင်တခုနဲ့ ဒီမူဘောင်တွေ အောင်မြင်အောင်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ASEAN က ချမှတ်သင့်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သူ့ရဲ့သဘောထားကို ဒီနေ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အာဆီယံဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံသမန် Dr Noeleen Heyzer နဲ့အတူ မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်ပံ့ပိုးမှုနဲ့ အောင်မြင်အောင် ဖြေရှင်းပေးသူအနေနဲ့ ဆောင်ရွက်သင့်တယ်လို့သူက ပြောပါတယ်ရှင်။

XS
SM
MD
LG