သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ဒုတိယအကြိမ်ခရီးစဉ် စတင်


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn (ယခင်ပုံဟောင်း)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ဟာ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ စတင်ပါတယ်။

ဒုဝန်ကြီးချုပ် Prak Sokhonn ဟာ မြန်မာနိုင်ငံကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ သွားရောက်နေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အကောင်အထည်ဖော်နေတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စနဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုုဖြစ်ပေါ်လာစေရေးတို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်မှာ ပြောင်းရွှေ့ထားခဲ့ပြီးနောက် သူ့ကို အကျဉ်းထောင်ထဲမှာ မထားဘို့အာဆီယံအထူးကိုယ်စားလှယ်က သူ့ခရီးစဉ် မစခင်တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေ ပုံမှန်ပြန်ရောက်ရေး၊ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကပါဝင်သူအဖြစ် နိုင်ငံတကာကရော မြန်မာပြည်သူအများစုကပါ လက်ခံထားကြတယ်လို့ အထူးကိုယ်စားလှယ် Prak Sokhonn က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဆီကို စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တော့ ရမယ့်ပုံ မရှိပါဘူး။

အာဆီယံအထူးကိုယ်စားဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဇူလိုင်လ ၁ရက်နေ့ကျရင် နေပြည်တော် မှာ တွေ့ဆုံဖို့ရှိပါတယ်။ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ထဲက စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့အနေနဲ့ တက်ရောက်မယ်လို့ ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG