သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္ က်င္စန္းေက်ာ့ဂိတ္ ယာယီျပန္ပိတ္


မူဆယ္နန္းေတာ္နယ္စပ္ဂိတ္ (ဓာတ္ပုံ- စိုင္းမိန္း)


[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္- ျမန္မာနယ္စပ္ မူဆယ္ ၁၀၅ မိုင္နားက က်င္စန္းေက်ာ့ ကုန္သြယ္ေရးဂိတ္ကို တ႐ုတ္ဘက္က ဒီေန႔ကစလို႔ ယာယီျပန္ပိတ္လိုက္ပါတယ္။ တ႐ုတ္ဘက္ျခမ္းက အေကာက္ခြန္႐ုံးဝန္ထမ္းေတြနဲ႔ တ႐ုတ္ယာဥ္ေမာင္းေတြမွာ ကိုဗစ္ေရာဂါ ကူးစက္တာကို စစ္ေဆးေတြ႔ရွိတဲ့အတြက္ အခုလိုျပန္ပိတ္လိုက္တာလို႔ ျမန္မာကုန္သည္ေတြက ေျပာတဲ့အေၾကာင္း ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာနယ္စပ္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ဘက္မွာ ကိုဗစ္ကူးစက္သူ ျပန္ၿပီးမ်ားလာတာေၾကာင့္ မၾကာေသးခင္ကမွ ျပန္ဖြင့္လိုက္တဲ့ မူဆယ္ ၁၀၅ မိုင္နားက က်င္စန္းေက်ာ့ဂိတ္ကို တ႐ုတ္ ဘက္က ဒီေန႔မတ္လ ၂ ရက္ မနက္ပိုင္းမွာ ျပန္ၿပီးပိတ္လိုက္ပါတယ္။ တ႐ုတ္အေကာက္ခြန္ ဝန္ထမ္းေတြမွာ ကိုဗစ္ေရာဂါ စစ္ေဆးေတြ႔ရွိတဲ့အတြက္ က်င္စန္းေက်ာ့ဂိတ္ကို ယာယီပိတ္လိုက္တယ္လို႔ တ႐ုတ္ဘက္က ထုတ္ျပန္လိုက္တာပါ။

ဒီေန႔မနက္ကစၿပီး ႏွစ္ဘက္စလုံး ကုန္အဝင္အထြက္ ဘာမွမရွိေတာ့ဘူးလို႔ မူဆယ္ဆန္ကုန္သည္အသင္းက ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ ဒီေန႔ျမန္မာအခ်ိန္ ၈ နာရီခြဲတိတိ၊ တ႐ုတ္စံေတာ္ခ်ိန္ နံနက္ ၈ နာရီတိတိမွာ က်င္စန္းေက်ာ့ ကုန္သြယ္ေရးဂိတ္ကို အဝင္အထြက္ကို ယာယီပိတ္လိုက္ပါတယ္ ခင္ဗ်။ ဒီေန႔မွာလည္း (တ႐ုတ္) ေ႐ႊလီၿမိဳ႕ကို ေလာ့ခ္ေဒါင္းခ်လိုက္တယ္၊ ပိတ္လိုက္တယ္။ ေ႐ႊလီၿမိဳ႕ထဲမွာ ပိုးေတြ႔လူနာ နည္းနည္းေလးတက္လာလို႔။”

တ႐ုတ္ဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ဘယ္ေန႔ဖြင့္မယ္ဆိုတာ အတိအက်မပါဘဲ ယာယီပိတ္တယ္လို႔သာ ေရးသားထားတာပါ။ ဒါေပမယ့္ ျမန္မာဘက္က ကုန္သြယ္ေရး တာဝန္ရွိသူေတြကေတာ့ တ႐ုတ္ဘက္က ဒီရက္ပိုင္းထဲမွာ ျပန္ဖြင့္ေပးလိမ့္မယ္လို႔ ကုန္သည္ေတြကို အသိေပးထားပါတယ္။

ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းက ခ်င္းေ႐ႊေဟာ္ဂိတ္ကိုလည္း တ႐ုတ္ဘက္က ေဖေဖာ္ဝါရီလ ၂၄ ရက္မွာ ျပန္ပိတ္လိုက္ပါတယ္။ အလားတူပဲ ကခ်င္ျပည္နယ္က လြယ္ဂ်ယ္နယ္စပ္ ဂိတ္ကိုလည္း ဒီေန႔မွာပဲ တ႐ုတ္ဘက္က တၿပိဳင္နက္တည္း ပိတ္လိုက္တာပါ။ ဒီရက္ပိုင္းထဲမွာ ဒီဂိတ္ေတြအားလုံးကို တ႐ုတ္ဘက္က ျပန္ဖြင့္ေပးမယ္လို႔ ျမန္မာနယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူေတြက ကုန္သည္ေတြကို အသိေပးထားေပမဲ့ တ႐ုတ္ဘက္ကေတာ့ တရားဝင္ထုတ္ေျပာတာေတာ့ မရွိေသးပါဘူး။

#MyanmarBorderTrade #MyanmarChina #VOABurmese #က်င္စန္းေက်ာ့ဂိတ္ #တ႐ုတ္ျမန္မာနယ္စပ္ #ကုန္သြယ္ေရး #ကိုဗစ္ #မူဆယ္၁၀၅မိုင္ #ဦးမင္းသိန္း #ဗီြအိုေအ

တ႐ုတ္နယ္စပ္ က်င္စန္းေက်ာ့ဂိတ္ ယာယီျပန္ပိတ္
please wait

No media source currently available

0:00 0:00:54 0:00
တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ် ယာယီပြန်ပိတ်


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ဒီနေ့ကစလို့ ယာယီပြန်ပိတ်လိုက်ပါတယ်။ တရုတ်ဘက်ခြမ်းက အကောက်ခွန်ရုံးဝန်ထမ်းတွေနဲ့ တရုတ်ယာဉ်မောင်းတွေမှာ ကိုဗစ်ရောဂါ ကူးစက်တာကို စစ်ဆေးတွေ့ရှိတဲ့အတွက် အခုလိုပြန်ပိတ်လိုက်တာလို့ မြန်မာကုန်သည်တွေက ပြောတဲ့အကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့ဘက်မှာ ကိုဗစ်ကူးစက်သူ ပြန်ပြီးများလာတာကြောင့် မကြာသေးခင်ကမှ ပြန်ဖွင့်လိုက်တဲ့ မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ဂိတ်ကို တရုတ် ဘက်က ဒီနေ့မတ်လ ၂ ရက် မနက်ပိုင်းမှာ ပြန်ပြီးပိတ်လိုက်ပါတယ်။ တရုတ်အကောက်ခွန် ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိတဲ့အတွက် ကျင်စန်းကျော့ဂိတ်ကို ယာယီပိတ်လိုက်တယ်လို့ တရုတ်ဘက်က ထုတ်ပြန်လိုက်တာပါ။

ဒီနေ့မနက်ကစပြီး နှစ်ဘက်စလုံး ကုန်အဝင်အထွက် ဘာမှမရှိတော့ဘူးလို့ မူဆယ်ဆန်ကုန်သည်အသင်းက ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ ဒီနေ့မြန်မာအချိန် ၈ နာရီခွဲတိတိ၊ တရုတ်စံတော်ချိန် နံနက် ၈ နာရီတိတိမှာ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကို အဝင်အထွက်ကို ယာယီပိတ်လိုက်ပါတယ် ခင်ဗျ။ ဒီနေ့မှာလည်း (တရုတ်) ရွှေလီမြို့ကို လော့ခ်ဒေါင်းချလိုက်တယ်၊ ပိတ်လိုက်တယ်။ ရွှေလီမြို့ထဲမှာ ပိုးတွေ့လူနာ နည်းနည်းလေးတက်လာလို့။”

တရုတ်ဘက်က ထုတ်ပြန်ချက်မှာတော့ ဘယ်နေ့ဖွင့်မယ်ဆိုတာ အတိအကျမပါဘဲ ယာယီပိတ်တယ်လို့သာ ရေးသားထားတာပါ။ ဒါပေမယ့် မြန်မာဘက်က ကုန်သွယ်ရေး တာဝန်ရှိသူတွေကတော့ တရုတ်ဘက်က ဒီရက်ပိုင်းထဲမှာ ပြန်ဖွင့်ပေးလိမ့်မယ်လို့ ကုန်သည်တွေကို အသိပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ချင်းရွှေဟော်ဂိတ်ကိုလည်း တရုတ်ဘက်က ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြန်ပိတ်လိုက်ပါတယ်။ အလားတူပဲ ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ် ဂိတ်ကိုလည်း ဒီနေ့မှာပဲ တရုတ်ဘက်က တပြိုင်နက်တည်း ပိတ်လိုက်တာပါ။ ဒီရက်ပိုင်းထဲမှာ ဒီဂိတ်တွေအားလုံးကို တရုတ်ဘက်က ပြန်ဖွင့်ပေးမယ်လို့ မြန်မာနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ကုန်သည်တွေကို အသိပေးထားပေမဲ့ တရုတ်ဘက်ကတော့ တရားဝင်ထုတ်ပြောတာတော့ မရှိသေးပါဘူး။

#MyanmarBorderTrade #MyanmarChina #VOABurmese #ကျင်စန်းကျော့ဂိတ် #တရုတ်မြန်မာနယ်စပ် #ကုန်သွယ်ရေး #ကိုဗစ် #မူဆယ်၁၀၅မိုင် #ဦးမင်းသိန်း #ဗွီအိုအေ

=============

XS
SM
MD
LG