[[Zawgyi/Unicode]]
ရခိုင္ျပည္နယ္က နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြမွာ ပို႔ကုန္ေတြ မရွိသေလာက္နည္းပါးေနတယ္လို႔ ရခိုင္ျပည္နယ္ နယ္စပ္ကုန္သြယ္ေရးအသင္းက ေျပာပါတယ္။ အဓိကကအခ်က္ကေတာ့ သယ္ယူပို႔ေဆာင္ေရးစရိတ္ျမင့္တက္တာနဲ႔ တဘက္ႏိုင္ငံက ကုန္ပစၥည္းမွာယူမႈနည္းတာေၾကာင့္လို႔ ကုန္သည္ေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ရခိုင္ျပည္နယ္ရဲ႕ နယ္စပ္ကုန္သြယ္ေရး ဂိတ္ေတြျဖစ္တဲ့ ေမာင္ေတာနယ္စပ္ ကုန္သြယ္ေရး ဂိတ္နဲ႔ စစ္ေတြ နယ္စပ္ကုန္သြယ္ေရးေတြမွာ ေဖေဖာ္ဝါရီလအေစာပိုင္းကတည္း ပို႔ကုန္ေတြ က်ဆင္းလာေနတာပါ။
ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို အဓိကတင္ပို႔ေနတဲ့ ၾကက္သြန္ေတြကို မွာယူမႈနည္းပါးေနတာေၾကာင့္ ရခိုင္နယ္စပ္ကုန္သြယ္မႈ က်ဆင္းလာတာျဖစ္တယ္လို႔လည္း ရခိုင္ျပည္ ကုန္သည္မ်ားနဲ႔ စက္မႈလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးတင္ေအာင္ဦး ကေျပာပါ တယ္။
“အခုလက္ရွိကေတာ့ စစ္ေတြေကာ၊ ေမာင္ေတာေကာ ကုန္သြယ္မႈက်ဆင္းေနတာေတာ့ရွိ ပါတယ္။ ဒီဘက္က အဓိက ပို႔ကုန္ျဖစ္တဲ့ၾကက္သြန္က ဟိုဘက္ကမွာယူတဲ့အပိုင္းေတြ က်သြားတာေပါ့ေလ၊ အဲဒီအခါက်ေတာ့ ေတာ္ေတာ္ေလး ကုန္သြယ္မႈ ပမာဏ က်ဆင္းသြားတဲ့ အေနအထားရွိပါတယ္။ ေနာက္တခုက စစ္ေတြက ေမာင္ေတာထက္စာရင္ေတာ့ ပိုၿပီးေတာ့ က်ဆင္းေနတယ္။ စစ္ေတြကၿပီးခဲ့တဲ့ႏွစ္ပတ္ သုံးပတ္ေလာက္ကစၿပီးေတာ့ ရာသီဥတုကလည္း ေလတအားၾကမ္းေတာ့ သူတို႔ ေလွေတြက သိပ္မထြက္ႏိုင္ၾကဘူးျဖစ္ေနတယ္။ တဘက္ႏိုင္ငံကၾကက္သြန္မွာယူမႈ က်ဆင္းသြားရတဲ့ အတြက္ ကုန္သြယ္မႈပမာဏ က်ဆင္းသြားရတဲ့အေနအထားရွိပါတယ္ ခင္ဗ်ာ။ အရင္တုန္းကေတာ့ စစ္ေတြကေန ကုန္သြယ္မႈေတြ ေန႔တိုင္း စက္ေလွ အေသးေလးေတြ ေလးငါး ေျခာက္စီးေလာက္ေတာ့ ထြက္ပါတယ္၊ အခုကေတာ့ တပတ္မွ ေလးငါးေျခာက္စီးေလာက္ ရွိတဲ့ အေနအထားရွိပါတယ္ခင္ဗ်ာ။”
ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို အဓိကပို႔ကုန္ေတြကို ျပည္မကေန တဆင့္မွာယူရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကုန္ေဈးႏႈန္းတက္တာနဲ႔အတူ သယ္ယူပို႔ေဆာင္စရိတ္ေတြ ျမင့္တက္လာၿပီး တဘက္ႏိုင္ငံက ကုန္ပစၥည္းေတြမွာယူမႈ နည္းပါးလာတာေၾကာင့္လည္း နယ္စပ္ကုန္သြယ္ေရးေတြ က်ဆင္းေနတာျဖစ္တယ္လို႔လည္း ေမာင္ေတာ နယ္စပ္ကုန္သြယ္ေရးအသင္းလက္ရွိဥကၠ႒ ဦးေအာင္စံသိန္းက ေျပာပါတယ္။
“ကုန္စည္ကေတာ့ ျပည္မကေန မွာရတာေတြရွိတယ္။ အဲလိုမွာတဲ့အခါ ကုန္က်စရိတ္ေတြ မ်ားတယ္။ အက်ိဳးအျမတ္ရွိမွလည္း သူတို႔က လုပ္ႏိုင္တဲ့ သေဘာေပါ့ေလ။ တခါတေလက်ေတာ့လည္း တဘက္ကမ္းက ေဈးႏွိမ္တာေတြလည္းရွိတယ္၊ ဒါေၾကာင့္ ကုန္သည္ေတြက တြက္ခ်က္ၿပီးေတာ့ သူတို႔အတြက္ အျမတ္အစြန္းမရွိတာေၾကာင့္ နည္းသြားတာလည္းျဖစ္ႏိုင္တယ္ေလဟုတ္။”
ေမာင္ေတာနယ္စပ္ကုန္သြယ္ေရး ဂိတ္ကေန ပုံမွန္အားျဖင့္ အရင္က တေန႔ကို ကုန္တင္စက္ေလွေတြ ၈ စီးေလာက္အထိ ထြက္ေနေပမယ့္ အခုလက္ရွိမွာေတာ့ ၂ စီး၊ ၃ စီး ေလာက္သာ ထြက္ႏိုင္ေတာ့တယ္လို႔လည္း ဦးေအာင္စံသိန္းကေျပာပါတယ္။
“ေမာင္ေတာ ကုန္စည္စီးဆင္းမႈကေတာ့ နည္းေနတယ္။ အရင္ကေတာ့ စက္ေလွေတြ ၇ စီး၊ ၈ စီးေပါ့ေလ။ တန္ ၅၀ ပါတယ္၊ ၈၀ ပါတယ္။ အဲလိုေပါ့ေနာ္၊ အခုကေတာ့ ၂ စီး အမ်ားဆုံး၊ ၃ စီး။ အဲလိုမ်ိဳးျဖစ္ေနတယ္ေပါ့ေလ၊ ေနာက္တခုကေတာ့ ကုန္ကလည္း နည္းနည္းရွားေနတယ္ ထင္တယ္၊ ေမာင္ေတာေဒသ ပို႔ေနတာက ျပည္မက ကုန္ပစၥည္းေတြက အဓိကပဲေလ။”
ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ႕္ႏိုင္ငံဘက္ကို အဓိကတင္ပို႔ေနတဲ့ ၾကက္သြန္ေတြကို ဘဂၤလားေဒ့ရ္ွႏိုင္ငံဘက္က မွာယူမႈ နည္းပါးလာေနတာေၾကာင့္ ကုန္သည္ေတြအေနနဲ႔ ရခိုင္ေဒသထြက္ ငါးေျခာက္အနည္းအက်င္းေလာက္သာ လက္ရွိမွာ တင္ပို႔ေနရတယ္လို႔လည္း ကုန္သည္ေတြက ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာက်ပ္ေငြ တန္ဖိုးက်လာတာေၾကာင့္ ျပည္တြင္း ကုန္းေဈးႏႈန္းေတြနဲ႔ စက္သုံးဆီေဈးေတြ ျမင့္တက္ေနပါတယ္။
ျမန္မာႏိုင္ငံတြင္း ဖြံ႔ၿဖိဳးတိုးတက္မႈ အနည္းဆုံးျပည္နယ္တခုျဖစ္တဲ့ ရခိုင္ျပည္နယ္မွာလည္း ကုန္ေဈးႏႈန္းနဲ႔စက္သုံးဆီေဈးေတြ ျမင့္တက္လာေနတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးမွာ သယ္ယူပို႔ေဆာင္ေရးစရိတ္ေတြ ျမင့္တက္လာေနတယ္လို႔ လုပ္ငန္းရွင္ေတြကေျပာပါတယ္။
ဒါအျပင္ ရခိုင္နယ္စပ္ကုန္သြယ္ေရးအတြက္ အဓိကက်တဲ့ ၾကက္သြန္၊ ဂ်င္းနဲ႔ တျခားကုန္ေျခာက္ေတြ မွာယူေနရတဲ့ ျပည္မဘက္မွာလည္း ႏိုင္ငံေရး မၿငိမ္မသက္မႈေတြေၾကာင့္ ပုံမွန္ ပစၥည္းမေရာက္တာေတြလည္း ရွိေနပါတယ္။ သယ္ယူပို႔ေဆာင္စရိတ္ျမင့္တက္လာတာကလည္း ရခိုင္နယ္စပ္ကုန္သြယ္ေရး က်ဆင္းလာရတဲ့ အခ်က္တခုျဖစ္တယ္လို႔လည္း ကုန္သည္ေတြက ေျပာပါတယ္။
#MyanmarBusiness #Rakhine #MyanmarBorderTrade #VOABurmese #ရခုိင္နယ္စပ္ကုန္သြယ္ေရး #ၾကက္သြန္ #ျပည္မ #ကုန္ေစ်းႏႈန္းျမင့္ #ဗီြအိုေအ
============
[[Unicode]]
ရခိုင်နယ်စပ်ဂိတ်များ ပို့ကုန်မရှိသလောက်နည်းပါးနေ
ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ ပို့ကုန်တွေ မရှိသလောက်နည်းပါးနေတယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးအသင်းက ပြောပါတယ်။ အဓိကကအချက်ကတော့ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်တာနဲ့ တဘက်နိုင်ငံက ကုန်ပစ္စည်းမှာယူမှုနည်းတာကြောင့်လို့ ကုန်သည်တွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်တဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေး ဂိတ်နဲ့ စစ်တွေ နယ်စပ်ကုန်သွယ်ရေးတွေမှာ ဖေဖော်ဝါရီလအစောပိုင်းကတည်း ပို့ကုန်တွေ ကျဆင်းလာနေတာပါ။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အဓိကတင်ပို့နေတဲ့ ကြက်သွန်တွေကို မှာယူမှုနည်းပါးနေတာကြောင့် ရခိုင်နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာဖြစ်တယ်လို့လည်း ရခိုင်ပြည် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး ကပြောပါ တယ်။
“အခုလက်ရှိကတော့ စစ်တွေကော၊ မောင်တောကော ကုန်သွယ်မှုကျဆင်းနေတာတော့ရှိ ပါတယ်။ ဒီဘက်က အဓိက ပို့ကုန်ဖြစ်တဲ့ကြက်သွန်က ဟိုဘက်ကမှာယူတဲ့အပိုင်းတွေ ကျသွားတာပေါ့လေ၊ အဲဒီအခါကျတော့ တော်တော်လေး ကုန်သွယ်မှု ပမာဏ ကျဆင်းသွားတဲ့ အနေအထားရှိပါတယ်။ နောက်တခုက စစ်တွေက မောင်တောထက်စာရင်တော့ ပိုပြီးတော့ ကျဆင်းနေတယ်။ စစ်တွေကပြီးခဲ့တဲ့နှစ်ပတ် သုံးပတ်လောက်ကစပြီးတော့ ရာသီဥတုကလည်း လေတအားကြမ်းတော့ သူတို့ လှေတွေက သိပ်မထွက်နိုင်ကြဘူးဖြစ်နေတယ်။ တဘက်နိုင်ငံကကြက်သွန်မှာယူမှု ကျဆင်းသွားရတဲ့ အတွက် ကုန်သွယ်မှုပမာဏ ကျဆင်းသွားရတဲ့အနေအထားရှိပါတယ် ခင်ဗျာ။ အရင်တုန်းကတော့ စစ်တွေကနေ ကုန်သွယ်မှုတွေ နေ့တိုင်း စက်လှေ အသေးလေးတွေ လေးငါး ခြောက်စီးလောက်တော့ ထွက်ပါတယ်၊ အခုကတော့ တပတ်မှ လေးငါးခြောက်စီးလောက် ရှိတဲ့ အနေအထားရှိပါတယ်ခင်ဗျာ။”
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အဓိကပို့ကုန်တွေကို ပြည်မကနေ တဆင့်မှာယူရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုန်ဈေးနှုန်းတက်တာနဲ့အတူ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာပြီး တဘက်နိုင်ငံက ကုန်ပစ္စည်းတွေမှာယူမှု နည်းပါးလာတာကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွေ ကျဆင်းနေတာဖြစ်တယ်လို့လည်း မောင်တော နယ်စပ်ကုန်သွယ်ရေးအသင်းလက်ရှိဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောပါတယ်။
“ကုန်စည်ကတော့ ပြည်မကနေ မှာရတာတွေရှိတယ်။ အဲလိုမှာတဲ့အခါ ကုန်ကျစရိတ်တွေ များတယ်။ အကျိုးအမြတ်ရှိမှလည်း သူတို့က လုပ်နိုင်တဲ့ သဘောပေါ့လေ။ တခါတလေကျတော့လည်း တဘက်ကမ်းက ဈေးနှိမ်တာတွေလည်းရှိတယ်၊ ဒါကြောင့် ကုန်သည်တွေက တွက်ချက်ပြီးတော့ သူတို့အတွက် အမြတ်အစွန်းမရှိတာကြောင့် နည်းသွားတာလည်းဖြစ်နိုင်တယ်လေဟုတ်။”
မောင်တောနယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေ ပုံမှန်အားဖြင့် အရင်က တနေ့ကို ကုန်တင်စက်လှေတွေ ၈ စီးလောက်အထိ ထွက်နေပေမယ့် အခုလက်ရှိမှာတော့ ၂ စီး၊ ၃ စီး လောက်သာ ထွက်နိုင်တော့တယ်လို့လည်း ဦးအောင်စံသိန်းကပြောပါတယ်။
“မောင်တော ကုန်စည်စီးဆင်းမှုကတော့ နည်းနေတယ်။ အရင်ကတော့ စက်လှေတွေ ၇ စီး၊ ၈ စီးပေါ့လေ။ တန် ၅၀ ပါတယ်၊ ၈၀ ပါတယ်။ အဲလိုပေါ့နော်၊ အခုကတော့ ၂ စီး အများဆုံး၊ ၃ စီး။ အဲလိုမျိုးဖြစ်နေတယ်ပေါ့လေ၊ နောက်တခုကတော့ ကုန်ကလည်း နည်းနည်းရှားနေတယ် ထင်တယ်၊ မောင်တောဒေသ ပို့နေတာက ပြည်မက ကုန်ပစ္စည်းတွေက အဓိကပဲလေ။”
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ကို အဓိကတင်ပို့နေတဲ့ ကြက်သွန်တွေကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က မှာယူမှု နည်းပါးလာနေတာကြောင့် ကုန်သည်တွေအနေနဲ့ ရခိုင်ဒေသထွက် ငါးခြောက်အနည်းအကျင်းလောက်သာ လက်ရှိမှာ တင်ပို့နေရတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးကျလာတာကြောင့် ပြည်တွင်း ကုန်းဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ကုန်ဈေးနှုန်းနဲ့စက်သုံးဆီဈေးတွေ မြင့်တက်လာနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာနေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။
ဒါအပြင် ရခိုင်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကြက်သွန်၊ ဂျင်းနဲ့ တခြားကုန်ခြောက်တွေ မှာယူနေရတဲ့ ပြည်မဘက်မှာလည်း နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ပုံမှန် ပစ္စည်းမရောက်တာတွေလည်း ရှိနေပါတယ်။ သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတာကလည်း ရခိုင်နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာရတဲ့ အချက်တခုဖြစ်တယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။
#MyanmarBusiness #Rakhine #MyanmarBorderTrade #VOABurmese #ရခိုင်နယ်စပ်ကုန်သွယ်ရေး #ကြက်သွန် #ပြည်မ #ကုန်ဈေးနှုန်းမြင့် #ဗွီအိုအေ
============