သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပေခ်းေငြေပးေခ်မႈမ်ား ဆိုင္းငံ့ထားဖို႔ စစ္ေကာင္စီဗဟိုဘဏ္ ညႊန္ၾကား


[[Zawgyi/Unicode]]


ျပည္ပေခ်းေငြကိုယူထားတဲ့ ျပည္တြင္းလုပ္ငန္းရွင္ေတြအေနနဲ႔ လတ္တေလာမွာ ေခ်းေငြျပန္မဆပ္ေသးဘဲ ေခတၱဆိုင္းငံ့ထားဖို႔ ျမန္မာဗဟိုဘဏ္က ျပည္တြင္းပုဂၢလိကဘဏ္ေတြကို ဇူလိုင္၁၃ ရက္ေန႔စြဲနဲ႔ ၫႊန္ၾကားခ်က္ ေပးပို႔ထားပါတယ္။ ႏိုင္ငံေရး၊ စီးပြားေရး ေလ့လာသူေတြကေတာ့ ဗဟိုဘဏ္ဟာ ႏိုင္ငံတြင္း အေမရိကန္ေဒၚလာေငြ အက်ပ္အတည္းကို နည္းမ်ိဳးစုံနဲ႔ ေျဖရွင္းေနပုံရတယ္လို႔ ေျပာပါတယ္။ ႏိုင္ ငံေရးမတည္ၿငိမ္မႈနဲ႔ စီးပြားေရးက်ဆင္းမႈၾကားမွာ ႏိုင္ငံျခားေငြရွားပါးမႈက စစ္ေကာင္စီအစိုးရအတြက္ အက်ပ္အတည္းတခု ျဖစ္လာေနတယ္လို႔ ပညာရွင္ေတြက သုံးသပ္ၾကပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ျပည္ပကေန ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေခ်းေငြယူထားတဲ့ ျပည္တြင္းလုပ္ငန္းရွင္ေတြက သူတို႔ ျပန္ေပးရမယ့္အတိုးနဲ႔အရင္းကို လတ္တေလာမွာ ျပန္မေပးေသးဘဲ ဆိုင္းငံ့ေပးထားဖို႔ ဗဟိုဘဏ္က ၾကာသပေတးေန႔က ၫႊန္ၾကားခ်က္ ထုတ္ျပန္ပါတယ္။ ႏိုင္ငံတြင္း ျပည္ပတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၁၀ ရာခိုင္ႏႈန္းနဲ႔အထက္ရွိတဲ့ လုပ္ငန္းမွန္သမွ် ႏိုင္ငံျခားေငြကန႔္သတ္ခ်က္ေတြကေန ကင္းလြတ္ခြင့္ျပဳမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ကို ဗဟိုဘဏ္က ပယ္ဖ်က္ၿပီးတဲ့ေနာက္မွာ အခုလိုၫႊန္ၾကားခ်က္အသစ္ေတြ ထုတ္ျပန္လာတာပါ။

ဧၿပီလကစလို႔ အေမရိကန္တေဒၚလာကို ျမန္မာေငြ ၁,၈၅၀ က်ပ္အျဖစ္ ဗဟိုဘဏ္ က ပုံေသသတ္မွတ္ခဲ့သလို ေနာက္ပိုင္းမွာလည္း ႏိုင္ငံျခားေငြေၾကး အထူးသျဖင့္ အေမရိကန္ေဒၚလာနဲ႔ဆက္စပ္တဲ့ ထုတ္ျပန္ခ်က္ေတြဟာ စီပြားေရးလုပ္ငန္းရွင္ေတြအတြက္ ကေမာက္ကမႏိုင္လြန္းတယ္လို႔ စီးပြားေရးပညာရွင္တခ်ိဳ႕က ေျပာပါတယ္။ ဒီအေျခအေနေတြကို အားလုံးၿခဳံၾကည့္မယ္ဆိုရင္ ဗဟိုဘဏ္မွာ အေမရိကန္ေဒၚလာအရံေငြ ခက္ခဲေနၿပီဆိုတာ ေယဘုယ် ေျပာႏိုင္ေၾကာင္း ျပည္သူ႔ေရးရာ မူဝါဒ ေလ့လာသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

"စစ္ေကာင္စီဘက္က သတင္းစာရွင္းလင္းပြဲလုပ္ေတာ့ ဗဟိုဘဏ္မွာ အရံေငြဘယ္ေလာက္ရွိလဲဆိုေတာ့ သန္း ၆,၀၀၀ ေပါ့ေနာ္။ ဒါေပမယ့္ ဗဟိုဘဏ္ကထုတ္ေရာင္းတဲ့ ပိုက္ဆံေရာ၊ ဘာေရာညာေရာဆို အခုေလာက္ဆို ၃,၀၀၀ ေလာက္ပဲက်န္ေတာ့မလား။ ဗဟိုဘဏ္မွာတကယ္ေတာ့ ၆ လစာေလာက္ထားရမွာ IMF တို႔ ဘာတို႔ရဲ႕ စည္းမ်ဥ္းစဥ္းကမ္းနဲ႔ဆိုရင္ အရံေငြက အဲေလာက္ရွိတာမဟုတ္ဘူး။ ဘယ္သူမွ စာရင္းဇယားကေတာ့ World Bank တို႔ဘာတို႔ေတာင္မွ အတိအက်မသိဘူးလို႔ ေျပာေနၾကတာကိုး။ အဲဒီေတာ့ ခန႔္မွန္းတာေတာ့ ဗဟိုဘဏ္မွာေတာ့ ေငြနည္းေနလို႔ေပါ့။"

ျမန္မာႏိုင္ငံက သီရိလကၤာႏိုင္ငံနဲ႔ အေျခအေနျခင္း ဆင္တူေနတာေတြရွိတယ္လို႔ သူကေျပာပါတယ္။ ႏွစ္ေပါင္း ၇၀ ထဲမွာ အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းနဲ႔ ေတြ႕ႀကဳံေနတဲ့တြက္ ျပည္ပေႂကြးၿမီေတြအားလုံးကို ဆိုင္းငံ့ထားမယ္ဆိုၿပီး သီရိလကၤာအစိုးရက ဧၿပီလ ၁၄ ရက္မွာ ထုတ္ေဖာ္ေျပာခဲ့တာပါ။ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕ IMF နဲ႔လည္း ေဆြးေႏြးတာေတြ လုပ္ခဲ့ပါတယ္။ အဲဒီေနာက္ အေထြေထြအက်ပ္အတည္းကို မခံမရပ္ႏိုင္ေတာ့တဲ့ ျပည္သူေတြဟာ သီရိလကၤာသမၼတနန္းေတာ္ကို သိမ္းပိုက္ခဲ့ၿပီး သမၼတ Gytabaya Rakapaksa လည္းရာထူးကေန ဆင္းေပးလိုက္ပါတယ္။

ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားေငြ ထိန္းေက်ာင္းမႈေၾကာင့္ ျပည္တြင္းလုပ္ငန္းေတြဟာ informal market လို႔ေခၚတဲ့ တရားဝင္ စည္းေဘာင္ေတြေအာက္က ကင္းလြတ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြဆီ ျပန္ၿပီးေျခဦးလွည့္ႏိုင္တယ္လို႔ စီးပြားေရးပညာရွင္ တခ်ိဳ႕က ျမင္ပါတယ္။ ဒါေၾကာင့္လည္း သီရိလကၤာလို အေျခအေနမ်ိဳးထိေတာ့ မျဖစ္ဘူးလို႔ ယူဆမႈလည္းရွိပါတယ္။ စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ သူတို႔ရပ္တည္ႏိုင္ ဖို႔ ယခင္တုန္းက ရွိခဲ့တဲ့ တရားမဝင္ကုန္သြယ္မႈမ်ိဳးဖက္ကို ျပန္ၿပီး ဦးတည္သြားႏိုင္တယ္လို႔ စီးပြားေရးပညာရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"ၾကာလာတဲ့အခါက်ေတာ့ သီရိလကၤာမွာျဖစ္သလို ကိုယ္စားဖို႔၊ သုံးဖို႔ ဘယ္ကေနဝယ္ရမွန္းမသိ ဝယ္ဖို႔ပိုက္ဆံမရွိတာမ်ိဳး ျဖစ္လာႏိုင္တယ္။ သို႔ေသာ္ ျမန္မာႏိုင္ငံ အေျခအေနက သီရိလကၤာနဲ႔မတူတာက က်ေနာ္တို႔က illegal trade တရားမဝင္ ကုန္သြယ္မႈလိုေတြလည္း အမ်ားႀကီးရွိတယ္၊ China တို႔ Thai တို႔နဲ႔က ပုံမွန္ အရင္ကတည္းက ရွိေနတဲ့ဟာဆိုေတာ့ တရားဝင္ပို႔လို႔မရလည္း ဒီကေန တရားမဝင္ ပို႔လို႔ရတဲ့နည္းလမ္းေတြ သူတို႔မွာရွိတာကိုး။ ဆိုေတာ့ အဲဒီနည္းလမ္းေတြနဲ႔ပဲ စီးပြားေရးက ျပန္ၿပီးထိန္းရတာေပါ့ informal market နဲ႔ ဆိုေတာ့ informal economy က အရင္ကတည္းက ဒီလိုပဲသြားတာ၊ အခုလည္း ဒီလိုပဲျပန္သြားမယ့္ အေျခအေနကရွိတယ္။"

ျမန္မာ့ေငြေၾကးက႑ ျပဳျပင္ေျပာင္းလဲမႈနဲ႔ပတ္သက္ၿပီး ကမာၻ႔ဘဏ္က အခု ဇူလိုင္ ၈ ရက္မွာ အစီရင္ခံစာတခု ထုတ္ျပန္ခဲ့ပါတယ္။ ဆယ္ႏွစ္တာအတြင္း ျမန္မာႏိုင္ငံက ေငြေၾကးနဲ႔ ဘ႑ာေရးမွာ ပိုၿပီးပြင့္လင္း၊ ျမင္သာ၊ မွ်တတဲ့စီးပြားေရးတခု ျဖစ္လာခဲ့ေပမယ့္ ကိုဗစ္နဲ႔ လက္ရွိႏိုင္ငံေရးေၾကာင့္ ေနာက္ေၾကာင္းျပန္လွည့္ႏိုင္နဲ႔ စိန္ေခၚမႈနဲ႔ႀကဳံေနရတယ္လို႔ ကမာၻ႔ဘဏ္က သုံးသပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ပြည်ပချေးငွေပေးချေမှုများ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီဗဟိုဘဏ် ညွှန်ကြား


ပြည်ပချေးငွေကိုယူထားတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လတ်တလောမှာ ချေးငွေပြန်မဆပ်သေးဘဲ ခေတ္တဆိုင်းငံ့ထားဖို့ မြန်မာဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကို ဇူလိုင်၁၃ ရက်နေ့စွဲနဲ့ ညွှန်ကြားချက် ပေးပို့ထားပါတယ်။ နိုင်ငံရေး၊ စီးပွားရေး လေ့လာသူတွေကတော့ ဗဟိုဘဏ်ဟာ နိုင်ငံတွင်း အမေရိကန်ဒေါ်လာငွေ အကျပ်အတည်းကို နည်းမျိုးစုံနဲ့ ဖြေရှင်းနေပုံရတယ်လို့ ပြောပါတယ်။ နိုင် ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုကြားမှာ နိုင်ငံခြားငွေရှားပါးမှုက စစ်ကောင်စီအစိုးရအတွက် အကျပ်အတည်းတခု ဖြစ်လာနေတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပြည်ပကနေ ပုံစံအမျိုးမျိုးနဲ့ ချေးငွေယူထားတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက သူတို့ ပြန်ပေးရမယ့်အတိုးနဲ့အရင်းကို လတ်တလောမှာ ပြန်မပေးသေးဘဲ ဆိုင်းငံ့ပေးထားဖို့ ဗဟိုဘဏ်က ကြာသပတေးနေ့က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ နိုင်ငံတွင်း ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ လုပ်ငန်းမှန်သမျှ နိုင်ငံခြားငွေကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က ပယ်ဖျက်ပြီးတဲ့နောက်မှာ အခုလိုညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်လာတာပါ။

ဧပြီလကစလို့ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁,၈၅၀ ကျပ်အဖြစ် ဗဟိုဘဏ် က ပုံသေသတ်မှတ်ခဲ့သလို နောက်ပိုင်းမှာလည်း နိုင်ငံခြားငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာနဲ့ဆက်စပ်တဲ့ ထုတ်ပြန်ချက်တွေဟာ စီပွားရေးလုပ်ငန်းရှင်တွေအတွက် ကမောက်ကမနိုင်လွန်းတယ်လို့ စီးပွားရေးပညာရှင်တချို့က ပြောပါတယ်။ ဒီအခြေအနေတွေကို အားလုံးခြုံကြည့်မယ်ဆိုရင် ဗဟိုဘဏ်မှာ အမေရိကန်ဒေါ်လာအရံငွေ ခက်ခဲနေပြီဆိုတာ ယေဘုယျ ပြောနိုင်ကြောင်း ပြည်သူ့ရေးရာ မူဝါဒ လေ့လာသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲလုပ်တော့ ဗဟိုဘဏ်မှာ အရံငွေဘယ်လောက်ရှိလဲဆိုတော့ သန်း ၆,၀၀၀ ပေါ့နော်။ ဒါပေမယ့် ဗဟိုဘဏ်ကထုတ်ရောင်းတဲ့ ပိုက်ဆံရော၊ ဘာရောညာရောဆို အခုလောက်ဆို ၃,၀၀၀ လောက်ပဲကျန်တော့မလား။ ဗဟိုဘဏ်မှာတကယ်တော့ ၆ လစာလောက်ထားရမှာ IMF တို့ ဘာတို့ရဲ့ စည်းမျဉ်းစဉ်းကမ်းနဲ့ဆိုရင် အရံငွေက အဲလောက်ရှိတာမဟုတ်ဘူး။ ဘယ်သူမှ စာရင်းဇယားကတော့ World Bank တို့ဘာတို့တောင်မှ အတိအကျမသိဘူးလို့ ပြောနေကြတာကိုး။ အဲဒီတော့ ခန့်မှန်းတာတော့ ဗဟိုဘဏ်မှာတော့ ငွေနည်းနေလို့ပေါ့။"

မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံနဲ့ အခြေအနေခြင်း ဆင်တူနေတာတွေရှိတယ်လို့ သူကပြောပါတယ်။ နှစ်ပေါင်း ၇၀ ထဲမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ တွေ့ကြုံနေတဲ့တွက် ပြည်ပကြွေးမြီတွေအားလုံးကို ဆိုင်းငံ့ထားမယ်ဆိုပြီး သီရိလင်္ကာအစိုးရက ဧပြီလ ၁၄ ရက်မှာ ထုတ်ဖော်ပြောခဲ့တာပါ။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF နဲ့လည်း ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အထွေထွေအကျပ်အတည်းကို မခံမရပ်နိုင်တော့တဲ့ ပြည်သူတွေဟာ သီရိလင်္ကာသမ္မတနန်းတော်ကို သိမ်းပိုက်ခဲ့ပြီး သမ္မတ Gytabaya Rakapaksa လည်းရာထူးကနေ ဆင်းပေးလိုက်ပါတယ်။

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းကျောင်းမှုကြောင့် ပြည်တွင်းလုပ်ငန်းတွေဟာ informal market လို့ခေါ်တဲ့ တရားဝင် စည်းဘောင်တွေအောက်က ကင်းလွတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဆီ ပြန်ပြီးခြေဦးလှည့်နိုင်တယ်လို့ စီးပွားရေးပညာရှင် တချို့က မြင်ပါတယ်။ ဒါကြောင့်လည်း သီရိလင်္ကာလို အခြေအနေမျိုးထိတော့ မဖြစ်ဘူးလို့ ယူဆမှုလည်းရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရပ်တည်နိုင် ဖို့ ယခင်တုန်းက ရှိခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုမျိုးဖက်ကို ပြန်ပြီး ဦးတည်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ကြာလာတဲ့အခါကျတော့ သီရိလင်္ကာမှာဖြစ်သလို ကိုယ်စားဖို့၊ သုံးဖို့ ဘယ်ကနေဝယ်ရမှန်းမသိ ဝယ်ဖို့ပိုက်ဆံမရှိတာမျိုး ဖြစ်လာနိုင်တယ်။ သို့သော် မြန်မာနိုင်ငံ အခြေအနေက သီရိလင်္ကာနဲ့မတူတာက ကျနော်တို့က illegal trade တရားမဝင် ကုန်သွယ်မှုလိုတွေလည်း အများကြီးရှိတယ်၊ China တို့ Thai တို့နဲ့က ပုံမှန် အရင်ကတည်းက ရှိနေတဲ့ဟာဆိုတော့ တရားဝင်ပို့လို့မရလည်း ဒီကနေ တရားမဝင် ပို့လို့ရတဲ့နည်းလမ်းတွေ သူတို့မှာရှိတာကိုး။ ဆိုတော့ အဲဒီနည်းလမ်းတွေနဲ့ပဲ စီးပွားရေးက ပြန်ပြီးထိန်းရတာပေါ့ informal market နဲ့ ဆိုတော့ informal economy က အရင်ကတည်းက ဒီလိုပဲသွားတာ၊ အခုလည်း ဒီလိုပဲပြန်သွားမယ့် အခြေအနေကရှိတယ်။"

မြန်မာ့ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က အခု ဇူလိုင် ၈ ရက်မှာ အစီရင်ခံစာတခု ထုတ်ပြန်ခဲ့ပါတယ်။ ဆယ်နှစ်တာအတွင်း မြန်မာနိုင်ငံက ငွေကြေးနဲ့ ဘဏ္ဍာရေးမှာ ပိုပြီးပွင့်လင်း၊ မြင်သာ၊ မျှတတဲ့စီးပွားရေးတခု ဖြစ်လာခဲ့ပေမယ့် ကိုဗစ်နဲ့ လက်ရှိနိုင်ငံရေးကြောင့် နောက်ကြောင်းပြန်လှည့်နိုင်နဲ့ စိန်ခေါ်မှုနဲ့ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

XS
SM
MD
LG