သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရးလုပ္ငန္းအမ်ားအျပား ကုမၸဏီဖ်က္ၿပီး လူမြဲစာရင္းခံယူေနရ


ျမန္္မာက်ပ္ေငြႏွင့္ အေမရိကန္ ေဒၚလာေငြမ်ား။ ၾသဂုတ္ ၁၈၊ ၂၀၁၁။


[[Zawgyi/Unicode]]

ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းေတြနဲ႔ အေသးစား၊ အလတ္စား ကုမၸဏီအေတာ္မ်ားမ်ား လုပ္ငန္းရပ္နားကုန္ၿပီး လူမြဲစာရင္းခံယူတဲ့ ကုမၸဏီႀကီး အမ်ားအျပားရွိေနၿပီလို႔ ကုမၸဏီအႀကံေပးဝန္ေဆာင္မႈ လုပ္ငန္းေတြနဲ႔ လုပ္ငန္းရွင္အသိုင္းအဝန္းက ဗြီအိုေအကို ေျပာပါတယ္။ အဓိကေတာ့ ေဒၚလာကိုတင္းတင္းက်ပ္က်ပ္ ခ်ဳပ္ ကိုင္ထားတဲ့ ဗဟိုဘဏ္ရဲ႕ေပၚလစီနဲ႔ သြင္းကုန္ေတြကန႔္သတ္တာ၊ ဘဏ္ေခ်းေငြေတြ ျပန္မဆပ္ႏိုင္တာေတြက အဓိကအေၾကာင္းရင္းျဖစ္တယ္လို႔ သူတို႔ကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္း ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

ဗဟိုဘဏ္ရဲ႕ အေမရိကန္ေဒၚလာေပၚလစီနဲ႔ ပို႔ကုန္၊ သြင္းကုန္ ကန႔္သတ္ခ်က္ေတြက ကုမၸဏီအမ်ားအျပားကို လူမြဲခံယူေစဖို႔ ျဖစ္လာတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဒီရက္ပိုင္းမွာ လုပ္ငန္းႀကီးအမ်ားအျပား ကုမၸဏီဖ်က္သိမ္းလိုက္ၾကၿပီး ေနာက္ထပ္လုပ္ငန္းပိတ္သိမ္းမဲ့ ကုမၸဏီအမ်ားအျပားရွိေနတယ္လို႔ ကုမၸဏီအႀကံေပးလုပ္ငန္း SEZC ရဲ႕ တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။ ဖ်က္သိမ္းတဲ့ကုမၸဏီေတြထဲမွာ ျပည္တြင္းကုမၸဏီေတြ အပါအဝင္၊ ျပည္ပကုမၸဏီ အမ်ားအျပားလည္း ပါဝင္ေနတယ္လို႔ သူကေျပာပါတယ္။

" အားလုံးလည္း ေတြ႕ပါလိမ့္မယ္ေနာ္၊ ဒီရက္ပိုင္းမွာ ကုမၸဏီေတြက စာရင္းရွင္းလင္း ဖ်က္သိမ္းတယ္ေပါ့ လူမြဲအဆင့္ေတြထိ ေတာ္ေတာ္မ်ားမ်ား လုပ္လာၾကတယ္ေပါ့။ အမ်ားႀကီးပဲ ေတြ႔ရတယ္ေပါ့ေနာ္။ ေတြ႕ပါလိမ့္မယ္။ ဒါကေတာ့ ဖြက္လို႔မွမရတာေနာ္။ ပ်က္တာေတြက ေတာ္ေတာ္မ်ားလာတယ္ေပါ့ေလ၊ ေနာက္ဆက္တြဲ ထပ္ပ်က္မယ့္ဟာေတြလည္း ရွိပါတယ္ခင္ဗ်၊ အဲလိုမ်ိဳး ျဖစ္ေနတာေပါ့ေနာ္။ အဓိက လုပ္ငန္းေတြရပ္သေလာက္ျဖစ္သြားတဲ့ root cause ကေတာ့ ေလးလပိုင္း ၄ ရက္ ေဒၚလာေပၚလစီရဲ႕ ေနာက္ဆက္တြဲ ကုမၸဏီေတြက ဖ်က္ဖို႔လုံးဝဆုံးျဖတ္လိုက္တာေပါ့။ ပထမတုန္းကေတာ့ သူတို႔ try ၾကည့္ဦးမယ္၊ ႀကိဳးစားၾကည့္ဦးမယ္ ဒီေနာက္ပိုင္းက်ေတာ့ ရပ္သေလာက္ ျဖစ္သြားတာေပါ့။"

ကုမၸဏီဖ်က္သိမ္း၊ လူမြဲစာရင္းခံယူတာမွာ ရဖို႔ရွိတဲ့၊ ေပးဖို႔ရွိတဲ့ စာရင္းေတြကို လူသိရွင္ၾကားသတင္းစာထဲကေန ဒီရက္ပိုင္းထဲမွာ ေၾကညာေနတာေတြလည္း ဆက္တိုက္ရွိပါတယ္။

ျပည္ပကို အဓိကဆန္တင္ပို႔ေနတဲ့ ျပည္တြင္းက လုပ္ငန္းႀကီးတခုလည္း အရႈံးေပၚၿပီး ဒီရက္ပိုင္းထဲမွာ လုပ္ငန္းဖ်က္သိမ္းလိုက္ရတယ္လို႔ လုပ္ငန္းရွင္တဦးက ေျပာပါတယ္။ ကုမၸဏီအမ်ားစုက ဘဏ္ေခ်းေငြနဲ႔ အဓိကရပ္တည္ေနတာျဖစ္လို႔ ကုမၸဏီလုပ္ငန္းေသး အမ်ားအျပားက စီးပြားေရးက်ဆင္းမႈရဲ႕ဒဏ္ကို ပိုၿပီးခံရလိမ့္မယ္လို႔ ဘုရင့္ေနာင္ပြဲ႐ုံက ပဲပို႔ကုန္လုပ္ငန္းရွင္တဦး ေျပာပါတယ္။

"ပိုက္ဆံရွိတာက ငါးမူး၊ လုပ္တာက ၁၀၀ ေလာက္လုပ္တာ၊ ဗမာျပည္က ကုမၸဏီေတာ္ေတာ္မ်ာမ်ား အဲလို မ်ားတယ္။ အခုလိုပိတ္ဆို႔မႈေတြ လုပ္လိုက္တဲ့အခါက်ေတာ့ အဲလိုျဖစ္သြားတာေပါ့။ ဆန္ေလာကထဲမွာေတာင္မွပဲ တဝက္ေလာက္က ထိသြားၿပီ။ သူ႔ရဲ႕စည္းစိမ္ဥစၥာက သိန္း၂ ေသာင္းရွိရင္ သိန္း ၅,၀၀၀ ေလာက္ပဲ က်န္ေတာ့တာေပါ့။ ဆန္လည္း ႏိုင္ငံျခားမတင္ႏိုင္၊ ႏိုင္ငံျခားသေဘၤာေတြလည္း ျပန္လႊတ္ ေလ်ာ္တဲ့သူကေလ်ာ္၊ ႏိုင္ငံျခားကို အမ်ားဆုံးတင္တဲ့ကုမၸဏီေတာင္ ကြဲသြားၿပီ။ ေဒၚလာထိန္းခ်ဳပ္တာ ထိန္းခ်ဳပ္၊ ရတယ္ ျပႆနာမရွိဘူး။ import ပဲျဖစ္ျဖစ္ သူ႔ကိုဖြင့္ေပးထားရမွာေလ၊ အျပင္လည္း ဖြင့္မေပးတဲ့အခါက်ေတာ့ အျပင္မွာ ေမွာင္ခိုေတြျဖစ္ ေမွာင္ခိုကမတရားတက္။ အကုန္လုံးေငြရွားပါးၿပီးေတာ့ တက္ကုန္တာေပါ့။ ဒီသေဘာေတြလည္းပါတယ္။"

တ႐ုတ္ဘက္က နယ္စပ္ကုန္သြယ္ေရးကို ျပန္စဖို႔တာစူေနေပမယ့္ ျမန္မာဘက္မွာ ေဒၚလာနဲ႔သာအေရာင္းအဝယ္ လုပ္ရမယ္ဆိုတဲ့အတြက္ နယ္စပ္ပို႔ကုန္၊ သြင္းကုန္ကုမၸဏီေတြလည္း လုပ္ငန္းရပ္နားထားၾကပါတယ္။ တ႐ုတ္ေငြနဲ႔ရလာတဲ့ အက်ိဳးအျမတ္ကို အေမရိကန္ေဒၚလာဝယ္ၿပီး ျမန္မာဘဏ္ထဲကို အပ္ေပးရတဲ့စနစ္က ကုန္သည္ေတြအတြက္ အမ်ားႀကီးအမ်ားႀကီး နစ္နာေနတယ္လို႔ ပို႔ကုန္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" နယ္စပ္မွာ အခုပိတ္မိထားတဲ့ကားေတြဆိုရင္ ေဒၚလာအစိမ္းေတြ လိုက္ဝယ္ရတာ၊ ကုန္သည္ပြဲစားကေတာ့ တခါပဲအနာခံမွာေပါ့။ သူတို႔တြက္ခ်က္ၿပီးတဲ့အခါက်ေတာ့ ဟိုဘက္က ဒီလိုျဖစ္တယ္။ ေဒၚလာေၾကာင့္ ဒီလိုမ်ိဳး ငါတို႔က ဆုံးရႈံးနစ္နာမႈရွိတယ္။ ဒါေၾကာင့္မို႔ ဝယ္တဲ့ကုန္ပစၥည္းက ဒီေလာက္ဆိုေတာ့ ေသၿပီေပါ့ ေတာင္သူေတြပဲ။ အဲဒီေတာ့ ကုန္သြယ္မႈကလည္း ရပ္ေတာ့မယ္၊ ျပည္သူလူထုကလည္း ငတ္ေတာ့မယ္။"

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးဖို႔ စီးပြားေရးဦးတည္ခ်က္ (၃) ရပ္ကို အေျခခံမူဝါဒေတြခ်မွတ္ၿပီး ဦးစားေပးအစီအစဥ္တိုင္း ေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီအာဏာယူခဲ့တဲ့ ၁၈ လ ျပည့္တဲ့ေန႔မွာ ေျပာခဲ့တာပါ။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အဓိကလုပ္ကိုင္ေနတဲ့ ေက်းလက္လူမႈစီးပြားေရးဖြံ႕ၿဖိဳးဖို႔၊ ျပည္တြင္းထြက္ကုန္ေတြကို ျပည္ပကို ကုန္ၾကမ္းထက္ ကုန္ေခ်ာတင္ပို႔ႏိုင္ေရးကို ဦးစားေပး လုပ္ေဆာင္လ်က္ရွိတယ္လို႔ သူကေျပာခဲ့တာပါ။

"က်န္စီးပြားေရး လုပ္ငန္းေတြကိုလည္း ျမႇင့္တင္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့ရတဲ့ စီးပြားေရး လုပ္ငန္းမ်ား ျပန္လည္ နာလံထလာေစဖို႔အတြက္ ေခ်းေငြမ်ားထုတ္ေပးခဲ့တာ ရွိပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သိသာတဲ့တိုးတက္မႈေတာ့ မရေသး ပါဘူး။"

အျမန္အက်ိဳးျဖစ္ေစမယ့္ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးကို ဦးစားေပးေဆာင္႐ြက္သြားၿပီး ကုန္ေခ်ာထုတ္လုပ္တဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ဒုတိယဦးစားေပးအေနနဲ႔ ေဆာင္႐ြက္သြားမယ္၊ ေခ်းေငြထုတ္ေပးတာလည္း လုပ္ေဆာင္သြားမယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ႔ရဲ႕ဩဂုတ္လ ၁ရက္ မိန႔္ခြန္းထဲမွာ ေျပာသြားတာပါ။ ၆ လအတြင္း တိုးတက္မႈရလိမ့္မယ္လို႔ ထင္ေၾကာင္းလည္း သူကေျပာပါတယ္။

ကိုဗစ္ေရာဂါနဲ႔ ႏိုင္ငံေရးအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရး ေဆာင္႐ြက္ခ်က္ေတြက ေနာက္ျပန္လွည့္ႏိုင္တဲ့ အေျခအေနရွိေနတယ္လို႔ ကမာၻ႔ဘဏ္က အခုႏွစ္ ပထမေျခာက္လရဲ႕ ျမန္မာ့စီးပြားအေရးအေျခအေနကို ခန႔္မွန္းထားပါတယ္။ ကုန္သြယ္မႈလိုေငြ ေလ်ာ့သြားေပမဲ့ ႏိုင္ငံျခားေငြအေျမာက္အမ်ား ျပည္ပထြက္သြားတာေၾကာင့္ ႏိုင္ငံျခားေငြ ကုန္ခမ္းတဲ့အေျခအေန (Balance of Payment) ယိုယြင္းလာတယ္လို႔ ကမာၻ႔ဘဏ္က သူ႔ရဲ႕ေျခာက္လပတ္ အစီရင္ခံစာမွာ ေရးသားထားတာပါ။

ဗဟိုဘဏ္ရဲ႕ ေငြလဲႏႈန္းသတ္မွတ္ခ်က္က ေဒၚလာကိုပိုၿပီးရွားပါးေစသလို ပို႔ကုန္ယွဥ္ၿပိဳင္ႏိုင္အားကို ထိခိုက္ေစၿပီး တခ်ိန္တည္းမွာ သြင္းကုန္ေတြလည္း ျပတ္ေတာက္လာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က သုံးသပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========


[[Unicode]]

မြန်မာ့စီးပွားရေးလုပ်ငန်းအများအပြား ကုမ္ပဏီဖျက်ပြီး လူမွဲစာရင်းခံယူနေရ


ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စား ကုမ္ပဏီအတော်များများ လုပ်ငန်းရပ်နားကုန်ပြီး လူမွဲစာရင်းခံယူတဲ့ ကုမ္ပဏီကြီး အများအပြားရှိနေပြီလို့ ကုမ္ပဏီအကြံပေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။ အဓိကတော့ ဒေါ်လာကိုတင်းတင်းကျပ်ကျပ် ချုပ် ကိုင်ထားတဲ့ ဗဟိုဘဏ်ရဲ့ပေါ်လစီနဲ့ သွင်းကုန်တွေကန့်သတ်တာ၊ ဘဏ်ချေးငွေတွေ ပြန်မဆပ်နိုင်တာတွေက အဓိကအကြောင်းရင်းဖြစ်တယ်လို့ သူတို့ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်း ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာပေါ်လစီနဲ့ ပို့ကုန်၊ သွင်းကုန် ကန့်သတ်ချက်တွေက ကုမ္ပဏီအများအပြားကို လူမွဲခံယူစေဖို့ ဖြစ်လာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ လုပ်ငန်းကြီးအများအပြား ကုမ္ပဏီဖျက်သိမ်းလိုက်ကြပြီး နောက်ထပ်လုပ်ငန်းပိတ်သိမ်းမဲ့ ကုမ္ပဏီအများအပြားရှိနေတယ်လို့ ကုမ္ပဏီအကြံပေးလုပ်ငန်း SEZC ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဖျက်သိမ်းတဲ့ကုမ္ပဏီတွေထဲမှာ ပြည်တွင်းကုမ္ပဏီတွေ အပါအဝင်၊ ပြည်ပကုမ္ပဏီ အများအပြားလည်း ပါဝင်နေတယ်လို့ သူကပြောပါတယ်။

" အားလုံးလည်း တွေ့ပါလိမ့်မယ်နော်၊ ဒီရက်ပိုင်းမှာ ကုမ္ပဏီတွေက စာရင်းရှင်းလင်း ဖျက်သိမ်းတယ်ပေါ့ လူမွဲအဆင့်တွေထိ တော်တော်များများ လုပ်လာကြတယ်ပေါ့။ အများကြီးပဲ တွေ့ရတယ်ပေါ့နော်။ တွေ့ပါလိမ့်မယ်။ ဒါကတော့ ဖွက်လို့မှမရတာနော်။ ပျက်တာတွေက တော်တော်များလာတယ်ပေါ့လေ၊ နောက်ဆက်တွဲ ထပ်ပျက်မယ့်ဟာတွေလည်း ရှိပါတယ်ခင်ဗျ၊ အဲလိုမျိုး ဖြစ်နေတာပေါ့နော်။ အဓိက လုပ်ငန်းတွေရပ်သလောက်ဖြစ်သွားတဲ့ root cause ကတော့ လေးလပိုင်း ၄ ရက် ဒေါ်လာပေါ်လစီရဲ့ နောက်ဆက်တွဲ ကုမ္ပဏီတွေက ဖျက်ဖို့လုံးဝဆုံးဖြတ်လိုက်တာပေါ့။ ပထမတုန်းကတော့ သူတို့ try ကြည့်ဦးမယ်၊ ကြိုးစားကြည့်ဦးမယ် ဒီနောက်ပိုင်းကျတော့ ရပ်သလောက် ဖြစ်သွားတာပေါ့။"

ကုမ္ပဏီဖျက်သိမ်း၊ လူမွဲစာရင်းခံယူတာမှာ ရဖို့ရှိတဲ့၊ ပေးဖို့ရှိတဲ့ စာရင်းတွေကို လူသိရှင်ကြားသတင်းစာထဲကနေ ဒီရက်ပိုင်းထဲမှာ ကြေညာနေတာတွေလည်း ဆက်တိုက်ရှိပါတယ်။

ပြည်ပကို အဓိကဆန်တင်ပို့နေတဲ့ ပြည်တွင်းက လုပ်ငန်းကြီးတခုလည်း အရှုံးပေါ်ပြီး ဒီရက်ပိုင်းထဲမှာ လုပ်ငန်းဖျက်သိမ်းလိုက်ရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ကုမ္ပဏီအများစုက ဘဏ်ချေးငွေနဲ့ အဓိကရပ်တည်နေတာဖြစ်လို့ ကုမ္ပဏီလုပ်ငန်းသေး အများအပြားက စီးပွားရေးကျဆင်းမှုရဲ့ဒဏ်ကို ပိုပြီးခံရလိမ့်မယ်လို့ ဘုရင့်နောင်ပွဲရုံက ပဲပို့ကုန်လုပ်ငန်းရှင်တဦး ပြောပါတယ်။

"ပိုက်ဆံရှိတာက ငါးမူး၊ လုပ်တာက ၁၀၀ လောက်လုပ်တာ၊ ဗမာပြည်က ကုမ္ပဏီတော်တော်မျာများ အဲလို များတယ်။ အခုလိုပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့အခါကျတော့ အဲလိုဖြစ်သွားတာပေါ့။ ဆန်လောကထဲမှာတောင်မှပဲ တဝက်လောက်က ထိသွားပြီ။ သူ့ရဲ့စည်းစိမ်ဥစ္စာက သိန်း၂ သောင်းရှိရင် သိန်း ၅,၀၀၀ လောက်ပဲ ကျန်တော့တာပေါ့။ ဆန်လည်း နိုင်ငံခြားမတင်နိုင်၊ နိုင်ငံခြားသင်္ဘောတွေလည်း ပြန်လွှတ် လျော်တဲ့သူကလျော်၊ နိုင်ငံခြားကို အများဆုံးတင်တဲ့ကုမ္ပဏီတောင် ကွဲသွားပြီ။ ဒေါ်လာထိန်းချုပ်တာ ထိန်းချုပ်၊ ရတယ် ပြဿနာမရှိဘူး။ import ပဲဖြစ်ဖြစ် သူ့ကိုဖွင့်ပေးထားရမှာလေ၊ အပြင်လည်း ဖွင့်မပေးတဲ့အခါကျတော့ အပြင်မှာ မှောင်ခိုတွေဖြစ် မှောင်ခိုကမတရားတက်။ အကုန်လုံးငွေရှားပါးပြီးတော့ တက်ကုန်တာပေါ့။ ဒီသဘောတွေလည်းပါတယ်။"

တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို ပြန်စဖို့တာစူနေပေမယ့် မြန်မာဘက်မှာ ဒေါ်လာနဲ့သာအရောင်းအဝယ် လုပ်ရမယ်ဆိုတဲ့အတွက် နယ်စပ်ပို့ကုန်၊ သွင်းကုန်ကုမ္ပဏီတွေလည်း လုပ်ငန်းရပ်နားထားကြပါတယ်။ တရုတ်ငွေနဲ့ရလာတဲ့ အကျိုးအမြတ်ကို အမေရိကန်ဒေါ်လာဝယ်ပြီး မြန်မာဘဏ်ထဲကို အပ်ပေးရတဲ့စနစ်က ကုန်သည်တွေအတွက် အများကြီးအများကြီး နစ်နာနေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" နယ်စပ်မှာ အခုပိတ်မိထားတဲ့ကားတွေဆိုရင် ဒေါ်လာအစိမ်းတွေ လိုက်ဝယ်ရတာ၊ ကုန်သည်ပွဲစားကတော့ တခါပဲအနာခံမှာပေါ့။ သူတို့တွက်ချက်ပြီးတဲ့အခါကျတော့ ဟိုဘက်က ဒီလိုဖြစ်တယ်။ ဒေါ်လာကြောင့် ဒီလိုမျိုး ငါတို့က ဆုံးရှုံးနစ်နာမှုရှိတယ်။ ဒါကြောင့်မို့ ဝယ်တဲ့ကုန်ပစ္စည်းက ဒီလောက်ဆိုတော့ သေပြီပေါ့ တောင်သူတွေပဲ။ အဲဒီတော့ ကုန်သွယ်မှုကလည်း ရပ်တော့မယ်၊ ပြည်သူလူထုကလည်း ငတ်တော့မယ်။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးဖို့ စီးပွားရေးဦးတည်ချက် (၃) ရပ်ကို အခြေခံမူဝါဒတွေချမှတ်ပြီး ဦးစားပေးအစီအစဉ်တိုင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီအာဏာယူခဲ့တဲ့ ၁၈ လ ပြည့်တဲ့နေ့မှာ ပြောခဲ့တာပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကလုပ်ကိုင်နေတဲ့ ကျေးလက်လူမှုစီးပွားရေးဖွံ့ဖြိုးဖို့၊ ပြည်တွင်းထွက်ကုန်တွေကို ပြည်ပကို ကုန်ကြမ်းထက် ကုန်ချောတင်ပို့နိုင်ရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိတယ်လို့ သူကပြောခဲ့တာပါ။

"ကျန်စီးပွားရေး လုပ်ငန်းတွေကိုလည်း မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းများ ပြန်လည် နာလံထလာစေဖို့အတွက် ချေးငွေများထုတ်ပေးခဲ့တာ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိသာတဲ့တိုးတက်မှုတော့ မရသေး ပါဘူး။"

အမြန်အကျိုးဖြစ်စေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဦးစားပေးဆောင်ရွက်သွားပြီး ကုန်ချောထုတ်လုပ်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်၊ ချေးငွေထုတ်ပေးတာလည်း လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ဩဂုတ်လ ၁ရက် မိန့်ခွန်းထဲမှာ ပြောသွားတာပါ။ ၆ လအတွင်း တိုးတက်မှုရလိမ့်မယ်လို့ ထင်ကြောင်းလည်း သူကပြောပါတယ်။

ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေက နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က အခုနှစ် ပထမခြောက်လရဲ့ မြန်မာ့စီးပွားအရေးအခြေအနေကို ခန့်မှန်းထားပါတယ်။ ကုန်သွယ်မှုလိုငွေ လျော့သွားပေမဲ့ နိုင်ငံခြားငွေအမြောက်အများ ပြည်ပထွက်သွားတာကြောင့် နိုင်ငံခြားငွေ ကုန်ခမ်းတဲ့အခြေအနေ (Balance of Payment) ယိုယွင်းလာတယ်လို့ ကမ္ဘာ့ဘဏ်က သူ့ရဲ့ခြောက်လပတ် အစီရင်ခံစာမှာ ရေးသားထားတာပါ။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းသတ်မှတ်ချက်က ဒေါ်လာကိုပိုပြီးရှားပါးစေသလို ပို့ကုန်ယှဉ်ပြိုင်နိုင်အားကို ထိခိုက်စေပြီး တချိန်တည်းမှာ သွင်းကုန်တွေလည်း ပြတ်တောက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

XS
SM
MD
LG