သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ရဟတ္ယာဥ္ပ်က္က် ငါးဦးဒဏ္ရာရ


တကၠသိုလ္ဝင္စာေမးပြဲေမးခြန္းေတြသယ္ေဆာင္လာတဲ့ စစ္ဘက္ရဟတ္ယာဥ္ငယ္တစင္း ရာသီဥတုေၾကာင့္ ဟားခါးၿမိဳ႕ေလဆိပ္နားမွာ ပ်က္က်ခဲ့စဥ္။ (ဓာတ္ပံု-တပ္မေတာ္သတင္းျပန္ၾကားေရး)

[[Zawgyi/Unicode]]


ခ်င္းျပည္နယ္ကို စာေမးပြဲေမးခြန္းေတြသြားပို႔တဲ့ စစ္ေကာင္စီရဟတ္ယာဥ္တစီး ဟားခါးၿမိဳ႕အနီးမွာ ပ်က္က်ခဲ့လို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးနဲ႔ ပညာေရးဝန္ထမ္း ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာ ႀကီးႀကီးမားမား မဟုတ္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက ဗီြအိုေအကို ေျပာပါတယ္။ ရာသီဥတု ေကာင္းမြန္ေနခ်ိန္ ရဟတ္ယာဥ္ ပ်က္က်တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

မတ္လ ၂၉ ရက္ မနက္ပိုင္းမွာ ကေလးၿမိဳ႕ကေန ဟားခါးၿမိဳ႕ကို ၁၀ တန္း စာေမးပြဲေမးခြန္းေတြသြားပို႔တဲ့ စစ္ေကာင္စီ ရဟတ္ယာဥ္ဟာ ဟားခါးၿမိဳ႕အနီးမွာ ပ်က္က်ခဲ့ပါတယ္။ ဟားခါးၿမိဳ႕ နယ္ေျမခံတပ္ရင္း ရဟတ္ယာဥ္ကြင္းမွာ ရဟတ္ယာဥ္ဆင္းသက္ဖုိ႔ ႀကိဳးစားစဥ္ပ်က္က်ခဲ့တာလို႔ စစ္ေကာင္စီ ေျပာခြင့္ရက ဗီြအိုေအကို ေျပာပါတယ္။ အရပ္ဘက္ ပညာေရးဝန္ထမ္း ၃ ေယာက္အပါအဝင္ ရဟတ္ယာဥ္ေပၚပါလာတဲ့ ၅ ေယာက္လံုး ထိခိုက္ဒဏ္ရာ အနည္းငယ္ရခဲ့ၾကတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုုလိုေျပာပါတယ္။

“ဒီကေန႔ မနက္ ၈ နာရီ ၅၀ ေလာက္မွာ ကေလးကေန ဟားခါးကို တကၠသိုလ္ဝင္တန္း စာေမးပြဲ ေမးခြန္းေတြ သြားပို႔တဲ့ ရဟတ္ယာဥ္ရွိတယ္။ အဲ့ရဟတ္ယာဥ္က ဟားခါးကို ၉ နာရီ ၂၀ ေလာက္မွာ ေရာက္တယ္။ ဟားခါး ရဟတ္ယာဥ္ကြင္းကို ဆိုက္တဲ့အခ်ိန္မွာ ေတာင္ေပၚကြင္းျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေအာက္ကေန ပင့္တဲ့ေလေပါ့- ပင့္ၿပီးတိုက္တဲ့ေလ မိတယ္။ မိတဲ့အခ်ိန္ ရဟတ္ယာဥ္ကြင္းနဲ႔ မီတာ ၁၀၀ ေလာက္မွာ ရဟတ္ယာဥ္ျပဳတ္ က်တဲ့ ျဖစ္စဥ္ျဖစ္ခဲ့တယ္။ ကရိန္းနဲ႔ အေပၚဆြဲတင္ဖို႔ ျပန္လုပ္ေနပါတယ္ခင္ဗ်။ က်ေနာ္တို႔တပ္က လံုၿခံဳေရးအဖြဲ႔နဲ႔ အရပ္သားဆိုေပမယ့္ ပညာေရးဝန္ထမ္းေတြပါတယ္။ တပ္က လံုၿခံဳေရးအဖြဲ႕ ၂ ေယာက္၊ အရပ္သား ၃ ေယာက္။ သူတို႔ကေတာ့ ဒဏ္ရာရရွိတာရွိတယ္။ ဒဏ္ရာ အနည္းငယ္ရရွိတယ္။ ပြန္းပဲ့ဖူးေယာင္ေလာက္ပါပဲ သူတို႔ကိုေတာ့ ဟားခါးမွာပဲ ကုသေနတယ္။”

ရဟတ္ယာဥ္အၿမီးပိုင္းက က်ဳိးထြက္ ပ်က္စီးသြားတယ္လို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ရဟတ္ယာဥ္ေပၚပါလာတဲ့ စာေမးပြဲေမးခြန္းေတြ ပ်က္စီးမႈ မ႐ွိဘူးလုိ႔လည္း ေျပာပါတယ္။ တကၠသိုလ္ဝင္တန္း ေမးခြန္းလႊာ၊ အေျဖလႊာေတြကို သက္ဆိုင္ရာ ဌာနေတြဆီ အခ်ိန္မွီေရာက္ႏိုင္ေရး ေဆာင္ ႐ြက္ေနတယ္လို႔လည္း စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ ရဟတ္ယာဥ္ဟာ ဟားခါးၿမိဳ႕အစြန္ လူေန အိမ္ေတြမ႐ွိတဲ့ ထင္း႐ႉးေတာထဲမွာ ပ်က္က်ခဲ့တာပါ။ ပ်က္က်ခ်ိန္ ဟားခါးၿမိဳ႕မွာ ရာသီဥတု ၾကည္လင္ ေကာင္းမြန္ေနတယ္လို႔လည္း ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ရာသီဥတုက မဆုိးဘူး။ နည္းနည္းပံုမွန္ပါပဲ။ ျမဴေတာ့ နည္းနည္းရွိတယ္။ အဲ့ဒါကလည္း အဲ့လိုျမဴေတြမိႈင္းတိုက္ တာေတာ့ မရွိဘူး။ အကုန္ၾကည္ၾကည္လင္လင္ပါပဲ။ မီးေလာင္တာေတာ့ မေတြ႔ဘူး။ မီးခိုးလံုး အမည္းေတာ့ထြက္တယ္။ အေဝးကေနေလာက္ပဲ ေတြ႕ရတာ။ မီးခိုးလံုးအမည္းေတြထြက္တာေတာ့ ေတြ႕ရတယ္။ အဲ့ေနရာက ၿမိဳ႕စြန္ျဖစ္တယ္။ လူေနအိမ္မရွိဘူး။ ထင္း႐ႉးေတာ။ အဲ့လိုထဲဆိုေတာ့ လူေနအိမ္ေတာ့ မရွိေတာ့ဘူး။”

အခုႏွစ္ ေဖေဖာ္၀ါရီ ၁၆ ရက္တုန္းကလည္း မႏၱေလးတံတားဦး ေလတပ္စခန္းက တိုက္ခိုက္ေရး ေလယာဥ္ ၁ စီး ေလ့က်င့္ပ်ံသန္းေနစဥ္ စစ္ကိုင္းၿမိဳ႕ ေရမ်က္ႀကီးအင္းထဲ ပ်က္က်ခဲ့တဲ့အတြက္ ေလယာဥ္မွဴးေသဆံုးခဲ့ပါတယ္။ အဲ့ဒီတိုက္ခိုက္ေရး ေလယာဥ္ပ်က္က်တာဟာ စက္ခ်ိဳ႕ယြင္းၿပီး ပ်က္က်တာလို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

စစ္ရဟတ္ယာဥ္ပ်က္က် ငါးဦးဒဏ္ရာရ
please wait

No media source currently available

0:00 0:02:51 0:00
တိုက္႐ိုက္ လင့္ခ္

================

[Unicode]]


စစ်ရဟတ်ယာဉ်ပျက်ကျ ငါးဦးဒဏ်ရာရ


ချင်းပြည်နယ်ကို စာမေးပွဲမေးခွန်းတွေသွားပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ဟားခါးမြို့အနီးမှာ ပျက်ကျခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ရာသီဥတု ကောင်းမွန်နေချိန် ရဟတ်ယာဉ် ပျက်ကျတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မတ်လ ၂၉ ရက် မနက်ပိုင်းမှာ ကလေးမြို့ကနေ ဟားခါးမြို့ကို ၁၀ တန်း စာမေးပွဲမေးခွန်းတွေသွားပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ဟာ ဟားခါးမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။ ဟားခါးမြို့ နယ်မြေခံတပ်ရင်း ရဟတ်ယာဉ်ကွင်းမှာ ရဟတ်ယာဉ်ဆင်းသက်ဖို့ ကြိုးစားစဉ်ပျက်ကျခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အရပ်ဘက် ပညာရေးဝန်ထမ်း ၃ ယောက်အပါအဝင် ရဟတ်ယာဉ်ပေါ်ပါလာတဲ့ ၅ ယောက်လုံး ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ဒီကနေ့ မနက် ၈ နာရီ ၅၀ လောက်မှာ ကလေးကနေ ဟားခါးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ်ရှိတယ်။ အဲ့ရဟတ်ယာဉ်က ဟားခါးကို ၉ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ဟားခါး ရဟတ်ယာဉ်ကွင်းကို ဆိုက်တဲ့အချိန်မှာ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အောက်ကနေ ပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ မိတဲ့အချိန် ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်မှာ ရဟတ်ယာဉ်ပြုတ် ကျတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကရိန်းနဲ့ အပေါ်ဆွဲတင်ဖို့ ပြန်လုပ်နေပါတယ်ခင်ဗျ။ ကျနော်တို့တပ်က လုံခြုံရေးအဖွဲ့နဲ့ အရပ်သားဆိုပေမယ့် ပညာရေးဝန်ထမ်းတွေပါတယ်။ တပ်က လုံခြုံရေးအဖွဲ့ ၂ ယောက်၊ အရပ်သား ၃ ယောက်။ သူတို့ကတော့ ဒဏ်ရာရရှိတာရှိတယ်။ ဒဏ်ရာ အနည်းငယ်ရရှိတယ်။ ပွန်းပဲ့ဖူးယောင်လောက်ပါပဲ သူတို့ကိုတော့ ဟားခါးမှာပဲ ကုသနေတယ်။”

ရဟတ်ယာဉ်အမြီးပိုင်းက ကျိုးထွက် ပျက်စီးသွားတယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်ပါလာတဲ့ စာမေးပွဲမေးခွန်းတွေ ပျက်စီးမှု မရှိဘူးလို့လည်း ပြောပါတယ်။ တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာ၊ အဖြေလွှာတွေကို သက်ဆိုင်ရာ ဌာနတွေဆီ အချိန်မှီရောက်နိုင်ရေး ဆောင် ရွက်နေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ရဟတ်ယာဉ်ဟာ ဟားခါးမြို့အစွန် လူနေ အိမ်တွေမရှိတဲ့ ထင်းရှူးတောထဲမှာ ပျက်ကျခဲ့တာပါ။ ပျက်ကျချိန် ဟားခါးမြို့မှာ ရာသီဥတု ကြည်လင် ကောင်းမွန်နေတယ်လို့လည်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ရာသီဥတုက မဆိုးဘူး။ နည်းနည်းပုံမှန်ပါပဲ။ မြူတော့ နည်းနည်းရှိတယ်။ အဲ့ဒါကလည်း အဲ့လိုမြူတွေမှိုင်းတိုက် တာတော့ မရှိဘူး။ အကုန်ကြည်ကြည်လင်လင်ပါပဲ။ မီးလောင်တာတော့ မတွေ့ဘူး။ မီးခိုးလုံး အမည်းတော့ထွက်တယ်။ အဝေးကနေလောက်ပဲ တွေ့ရတာ။ မီးခိုးလုံးအမည်းတွေထွက်တာတော့ တွေ့ရတယ်။ အဲ့နေရာက မြို့စွန်ဖြစ်တယ်။ လူနေအိမ်မရှိဘူး။ ထင်းရှူးတော။ အဲ့လိုထဲဆိုတော့ လူနေအိမ်တော့ မရှိတော့ဘူး။”

အခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တုန်းကလည်း မန္တလေးတံတားဦး လေတပ်စခန်းက တိုက်ခိုက်ရေး လေယာဉ် ၁ စီး လေ့ကျင့်ပျံသန်းနေစဉ် စစ်ကိုင်းမြို့ ရေမျက်ကြီးအင်းထဲ ပျက်ကျခဲ့တဲ့အတွက် လေယာဉ်မှူးသေဆုံးခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်ရေး လေယာဉ်ပျက်ကျတာဟာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
================

XS
SM
MD
LG