သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတခ်ိဳ႕ သံတမန္အဆင့္ေလွ်ာ့ခ်မႈ စစ္ေကာင္စီတုံ႔ျပန္


သံအမတ္ႀကီးရာထူးကေန သံ႐ုံးတာဝန္ခံအဆင့္အျဖစ္နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ျမန္မာႏိုင္ငံကို ျပန္လႊတ္ထားတဲ့အတြက္ ျမန္မာျပည္က မိခင္ႏိုင္ငံမွာ ျပန္ေစာင့္ခုိင္းျခင္းခံရသူ Mr. Pete Vowles (ယခင္မွတ္တမ္းဓာတ္ပံု) 

[[Zawgyi/Unicode]]

စစ္ေကာင္စီကို သံအမတ္ခန႔္အပ္လႊာေပးအပ္ၿပီး အာဏာသိမ္းစစ္ေကာင္စီရဲ႕ တရားဝင္မႈ မျပဳႏိုင္ေအာင္ အေနာက္ႏိုင္ငံသံ႐ုံးတခ်ိဳ႕က သံအမတ္အဆင့္ ေလွ်ာ့ခ်မႈေတြရွိလာေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ သံတမန္ ပုံမွန္ဆက္ ဆံေရးဆက္ထားရွိမယ္လို႔ ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီအေနနဲ႔ ရွိၿပီး ႏိုင္ငံျခားေရးမူဝါဒအတိုင္း ဆက္ရပ္တည္မယ္လို႔ တုံ႔ျပန္ထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ သတင္းေပးပို႔တာကို အလိမၼာက တင္ျပေပးထားပါတယ္။

ျမန္မာစစ္ေကာင္စီအႀကီးအကဲထံ သံအမတ္ႀကီးခန႔္အပ္လႊာေပးၿပီး အသိအမွတ္ ျပဳမႈကို ေရွာင္ရွားတဲ့သေဘာနဲ႔ အေနာက္ႏိုင္ငံတခ်ိဳ႕က သံအႀကီးအကဲ သစ္ ေစလႊတ္တဲ့အခါမွာ သံအဆင့္ကို ေလွ်ာ့ခ်လာတာပါ။ လတ္တေလာအားျဖင့္ အစၥေရး၊ ၿဗိတိန္၊ ဩစေၾတးလ်ႏိုင္ငံေတြက တရားဝင္ထုတ္ျပန္တာမ်ိဳးမလုပ္ေပမယ့္ သံအဆင့္ေတြေလွ်ာ့ခ်ထားတာ ေတြ႕ရပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီအေပၚမွာ မူလ ႏိုင္ငံျခားေရးမူဝါဒအတိုင္း ဆက္ရပ္တည္သြားမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမလ ၁၉ ရက္ သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္ ။

“ခုထိ က်ေနာ္တို႔ႏိုင္ငံမွာ သံ႐ုံးတ႐ံုးမွ ျပန္ရုပ္သိမ္းသြားတာ မရွိပါဘူး။ သံ႐ုံးေတြ အေနနဲ႔ သံတမန္ ေလွ်ာ့ခ်ခ် မေလွ်ာ့ခ်ခ် ဒီကိစၥသည္ သူတို႔ႏိုင္ငံေတြရဲ႕ သေဘာထားပဲျဖစ္တယ္။ က်ေနာ္တို႔ ႏိုင္ငံအေနနဲ႔ ႏိုင္ငံျခားေရးမူဝါဒအရ ေဆာင္႐ြက္သြားမယ္။ အမ်ိဳးသားအက်ိဳးစီးပြားကို ေရွ႕ရႈၿပီး တုံ႔ျပန္သင့္တာ တုံ႔ျပန္မယ္။”

ဩစေၾတးလ်ႏိုင္ငံဟာ ၿပီးခဲ့တဲ့ဧၿပီလက သက္တမ္းကုန္ခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ ရာ သံအမတ္ႀကီးေနရာမွာ သံအမတ္အဆင့္ ဆက္မထားဘဲ သံ႐ုံးယာယီတာဝန္ခံသေဘာ အစားထိုးမယ္လို႔ ဩစေၾတးလ်အေျခစိုက္ ABC သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ အလားတူပဲ ၿဗိတိန္ကလည္း ျမန္မာနဲ႔သံအဆက္အသြယ္မွာ သံအမတ္ႀကီးအစား သံ႐ုံးတာဝန္ခံအျဖစ္ ေလွ်ာ့ခ်လိုက္တာေတြ႕ရပါတယ္။ ၿဗိတိန္ႏိုင္ငံျခားေရးဌာနက သံအဆင့္ ေလွ်ာ့ခ်တယ္လို႔ တရားဝင္ထုတ္ျပန္တာမ်ိဳးမရွိေပမယ့္ ၂၀၂၁ ခုႏွစ္မွာ သံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံရသူ Mr. Pete Vowles ကို သံ႐ုံးတာဝန္ခံအဆင့္အျဖစ္နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနဝက္ဆိုဒ္ေတြမွာ ေဖာ္ျပထားပါတယ္။ သူ႔ကို ျမန္မာဘက္က ျပည္ဝင္ခြင့္မေပးေသးပါဘူး။ ဒါဟာ လုပ္ထုံးလုပ္နည္းသေဘာျဖစ္တယ္လို႔ စစ္ေကာင္စီရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး ဌာန အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးက ေျပာပါတယ္။

“ UK သံအမတ္အေနနဲ႔ သံအမတ္ခန႔္အပ္လႊာကို ေပးအပ္ဖို႔ ျငင္းဆိုလို႔ သူ႔ႏိုင္ငံမွာပဲ ျပန္ေစာင့္ဖို႔ က်ေနာ္တို႔ဘက္က လုပ္ထုံးလုပ္နည္းအရ သူ႔ႏိုင္ငံကပဲ ျပန္ေစာင့္ဖို႔ ေျပာခဲ့ပါတယ္။ သံ႐ုံးယာယီတာဝန္ခံအျဖစ္ ျပန္ေစာင့္မယ္လို႔ ဆိုပါတယ္။ ဒါကို လက္ခံလို႔မရပါဘူး။ ဒီေတာ့ သံ႐ုံးယာယီတာဝန္ခံဆိုရင္ေတာ့ ေနာက္အသစ္ကိုပဲ လက္ခံလို႔ရတယ္လို႔ အေၾကာင္းျပန္ထားပါတယ္။”

ၿဗိတိန္သံအမတ္ဟာ သူ႔ရဲ႕သံအမတ္ခန႔္အပ္လႊာကို စစ္ေကာင္စီကို မေပးအပ္ ဘဲ ျပည္ပကို ထြက္ခြာၿပီးမွ ျပည္တြင္းကို ျပန္လည္ဝင္ေရာက္တဲ့အခါ သံ႐ုံးယာယီတာဝန္ခံအျဖစ္ ျပန္ဝင္ဖို႔လုပ္တာျဖစ္တယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မၾကာေသးခင္ကလည္းဩစေၾတးလ်ႏိုင္ငံဘက္ကလည္း အခုလိုပဲ သံအမတ္ေနရာကေန တဆင့္ေလွ်ာ့ခ်ၿပီး သံ႐ုံးယာယီတာဝန္ခံအဆင့္ကိုပဲထားဖို႔ အေၾကာင္းၾကားလာတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဦးခ်မ္းေအးက အတည္ျပဳပါတယ္။

“ၾသစေၾတးလ်သံအမတ္ကလည္း တာဝန္ကုန္ဆုံးလို႔ ေနာက္ထပ္ခန႔္အပ္သူကို သံ႐ုံးယာယီတာဝန္ခံအေနနဲ႔ပဲ ထားရွိဖို႔ ေဆာင္႐ြက္ထားတယ္လို႔ အေၾကာင္းၾကားလာပါတယ္။ က်ေနာ္တို႔ကလည္း အျပန္အလွန္တုံ႔ျပန္တဲ့အေနနဲ႔ ၾသစေၾတးလ်ကို သံ႐ုံးယာယီတာဝန္ခံအေနနဲ႔ပဲထားရွိဖို႔ ေဆာင္႐ြက္ထားတာျဖစ္ပါတယ္။”

အခုလို အေနာက္ႏိုင္ငံတခ်ိဳ႕က သံအဆင့္ေလွ်ာ့ခ်မႈဟာ စစ္ေကာင္စီအတြက္ သံတမန္ေရးထိုးႏွက္မႈျဖစ္ေပမယ့္လည္း ႏိုင္ငံျခားသံ႐ုံးအားလုံး ျပည္တြင္းမွာ ပုံမွန္အတိုင္းထားရွိလည္ပတ္ေနတာမို႔ စစ္ေကာင္စီအတြက္ သံတမန္ေရးအက်ပ္ အတည္းသေဘာ ျဖစ္စရာမရွိဘူးလို႔ ေလ့လာသူေတြ သုံးသပ္ၾကပါတယ္။ ၁၉၈၈ အာဏာသိမ္းၿပီးေနာက္ ယခင္ စစ္အစိုးရလက္ထက္တုန္းကလည္း အေမရိကန္ျပည္ေထာင္စုက အလားတူလိုပဲ ျမန္မာႏိုင္ငံတြင္း သံအဆင့္ေလွ်ာ့ခ်ၿပီး သံ႐ုံးယာယီတာဝန္ခံအေနနဲ႔ ျမန္မာစစ္အစိုးရနဲ႔ ဆက္ဆံခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

နိုင်ငံတချို့ သံတမန်အဆင့်လျှော့ချမှု စစ်ကောင်စီတုံ့ပြန်


စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်မှု မပြုနိုင်အောင် အနောက်နိုင်ငံသံရုံးတချို့က သံအမတ်အဆင့် လျှော့ချမှုတွေရှိလာပေမယ့် စစ်ကောင်စီဘက်ကတော့ သံတမန် ပုံမှန်ဆက် ဆံရေးဆက်ထားရှိမယ်လို့ ပြောပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ ရှိပြီး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ရပ်တည်မယ်လို့ တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့တာကို အလိမ္မာက တင်ပြပေးထားပါတယ်။

မြန်မာစစ်ကောင်စီအကြီးအကဲထံ သံအမတ်ကြီးခန့်အပ်လွှာပေးပြီး အသိအမှတ် ပြုမှုကို ရှောင်ရှားတဲ့သဘောနဲ့ အနောက်နိုင်ငံတချို့က သံအကြီးအကဲ သစ် စေလွှတ်တဲ့အခါမှာ သံအဆင့်ကို လျှော့ချလာတာပါ။ လတ်တလောအားဖြင့် အစ္စရေး၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံတွေက တရားဝင်ထုတ်ပြန်တာမျိုးမလုပ်ပေမယ့် သံအဆင့်တွေလျှော့ချထားတာ တွေ့ရပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီအပေါ်မှာ မူလ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ရပ်တည်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ် ။

“ခုထိ ကျနော်တို့နိုင်ငံမှာ သံရုံးတရုံးမှ ပြန်ရုပ်သိမ်းသွားတာ မရှိပါဘူး။ သံရုံးတွေ အနေနဲ့ သံတမန် လျှော့ချချ မလျှော့ချချ ဒီကိစ္စသည် သူတို့နိုင်ငံတွေရဲ့ သဘောထားပဲဖြစ်တယ်။ ကျနော်တို့ နိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒအရ ဆောင်ရွက်သွားမယ်။ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး တုံ့ပြန်သင့်တာ တုံ့ပြန်မယ်။”

ဩစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ဧပြီလက သက်တမ်းကုန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင် ရာ သံအမတ်ကြီးနေရာမှာ သံအမတ်အဆင့် ဆက်မထားဘဲ သံရုံးယာယီတာဝန်ခံသဘော အစားထိုးမယ်လို့ ဩစတြေးလျအခြေစိုက် ABC သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အလားတူပဲ ဗြိတိန်ကလည်း မြန်မာနဲ့သံအဆက်အသွယ်မှာ သံအမတ်ကြီးအစား သံရုံးတာဝန်ခံအဖြစ် လျှော့ချလိုက်တာတွေ့ရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာနက သံအဆင့် လျှော့ချတယ်လို့ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့် ၂၀၂၁ ခုနှစ်မှာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ Mr. Pete Vowles ကို သံရုံးတာဝန်ခံအဆင့်အဖြစ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနဝက်ဆိုဒ်တွေမှာ ဖော်ပြထားပါတယ်။ သူ့ကို မြန်မာဘက်က ပြည်ဝင်ခွင့်မပေးသေးပါဘူး။ ဒါဟာ လုပ်ထုံးလုပ်နည်းသဘောဖြစ်တယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ပြောပါတယ်။

“ UK သံအမတ်အနေနဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ဖို့ ငြင်းဆိုလို့ သူ့နိုင်ငံမှာပဲ ပြန်စောင့်ဖို့ ကျနော်တို့ဘက်က လုပ်ထုံးလုပ်နည်းအရ သူ့နိုင်ငံကပဲ ပြန်စောင့်ဖို့ ပြောခဲ့ပါတယ်။ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်စောင့်မယ်လို့ ဆိုပါတယ်။ ဒါကို လက်ခံလို့မရပါဘူး။ ဒီတော့ သံရုံးယာယီတာဝန်ခံဆိုရင်တော့ နောက်အသစ်ကိုပဲ လက်ခံလို့ရတယ်လို့ အကြောင်းပြန်ထားပါတယ်။”

ဗြိတိန်သံအမတ်ဟာ သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီကို မပေးအပ် ဘဲ ပြည်ပကို ထွက်ခွာပြီးမှ ပြည်တွင်းကို ပြန်လည်ဝင်ရောက်တဲ့အခါ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်ဝင်ဖို့လုပ်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မကြာသေးခင်ကလည်းဩစတြေးလျနိုင်ငံဘက်ကလည်း အခုလိုပဲ သံအမတ်နေရာကနေ တဆင့်လျှော့ချပြီး သံရုံးယာယီတာဝန်ခံအဆင့်ကိုပဲထားဖို့ အကြောင်းကြားလာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးချမ်းအေးက အတည်ပြုပါတယ်။

“သြစတြေးလျသံအမတ်ကလည်း တာဝန်ကုန်ဆုံးလို့ နောက်ထပ်ခန့်အပ်သူကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲ ထားရှိဖို့ ဆောင်ရွက်ထားတယ်လို့ အကြောင်းကြားလာပါတယ်။ ကျနော်တို့ကလည်း အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲထားရှိဖို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။”

အခုလို အနောက်နိုင်ငံတချို့က သံအဆင့်လျှော့ချမှုဟာ စစ်ကောင်စီအတွက် သံတမန်ရေးထိုးနှက်မှုဖြစ်ပေမယ့်လည်း နိုင်ငံခြားသံရုံးအားလုံး ပြည်တွင်းမှာ ပုံမှန်အတိုင်းထားရှိလည်ပတ်နေတာမို့ စစ်ကောင်စီအတွက် သံတမန်ရေးအကျပ် အတည်းသဘော ဖြစ်စရာမရှိဘူးလို့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။ ၁၉၈၈ အာဏာသိမ်းပြီးနောက် ယခင် စစ်အစိုးရလက်ထက်တုန်းကလည်း အမေရိကန်ပြည်ထောင်စုက အလားတူလိုပဲ မြန်မာနိုင်ငံတွင်း သံအဆင့်လျှော့ချပြီး သံရုံးယာယီတာဝန်ခံအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံခဲ့ဖူးပါတယ်။
=============

XS
SM
MD
LG