သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေထာင္တြင္း ဝင္ေရာက္တဲ့လုပ္ငန္းေတြျပန္စဖို႔ ICRC ညႇိႏိႈင္းေန


ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္ ေရွ႕ လံုၿခံဳေရးယူေနတဲ့ ရဲတပ္ဖဲြ႕၀င္မ်ား ( ဧၿပီလ ၁၇၊ ၂၀၂၀)

Zawgyi/Unicode

အင္းစိန္ေထာင္နဲ႔ တျခားေထာင္ေတြကို သြားၿပီးေလ့လာဖို႔နဲ႔ လုပ္ငန္းေတြ ျပန္စတင္ႏုိင္ဖို႔ အက်ဥ္းေထာင္ တာဝန္ရွိသူေတြနဲ႔ ဆက္ၿပီး ေဆြးေႏြးေနတယ္လို႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႔ (ICRC) က ေျပာပါတယ္။

ဒီလုပ္ေဆာင္မႈေတြဟာ လူသားခ်င္း စာနာေထာက္ထားမႈ သက္သက္အေနနဲ႔သာ ျဖစ္တယ္လုိ႔လည္း ICRC ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္္မွာ ေဖာ္ျပထားပါတယ္။

အင္းစိန္ေထာင္မွာ ထိန္းသိ္မ္းခံထားရသူေတြ မေန႔က ေႂကြးေက်ာ္သံေတြ ေအာ္ဟစ္ၿပီး ဆႏၵျပခဲ့ၿပီးတဲ့ေနာက္ ICRC ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ ထြက္လာတာပါ။

ICRC က အက်ဥ္းေထာင္ သြားေလ့လာတာနဲ႔ အကူအညီေပးလုပ္ငန္းေတြကို COVID-19 ေရာဂါ စျဖစ္ခ်ိန္ကတည္းက ရပ္ထားရၿပီး အက်ဥ္းခ်ထားတဲ့ေနရာေတြမွာ COVID-19 ေရာဂါနဲ႔ အေထြေထြက်န္းမာေရးဆိုင္ရာ အကူအညီေတြ ေထာက္ပံ့ ေပးအပ္ႏုိင္ဖို႔အတြက္လည္း ထပ္ၿပီး ကမ္းလွမ္းထားပါတယ္။

ျမန္မာႏုိင္ငံ အက်ဥ္းေထာင္ေတြမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္လုိ႔ လတ္တေလာ ထုတ္ျပန္ထားတဲ့ သတင္းအခ်က္အလက္ေတြကို ICRC က အနီးကပ္ ေစာင့္ၾကည့္ေနၿပီးေတာ့ အက်ဥ္းေထာင္ေတြအပါအဝင္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ထိခိုက္ခံစားရတာေတြ ျမင့္တက္လာေနတဲ့အေပၚ အထူးစိုးရိမ္တဲ့အေၾကာင္း ICRC ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


---------

Unicode

မြန်မာထောင်တွင်း ဝင်ရောက်တဲ့လုပ်ငန်းတွေပြန်စဖို့ ICRC ညှိနှိုင်းနေ

အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို သွားပြီးလေ့လာဖို့နဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အကျဉ်းထောင် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ပြောပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ လူသားချင်း စာနာထောက်ထားမှု သက်သက်အနေနဲ့သာ ဖြစ်တယ်လို့လည်း ICRC ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရသူတွေ မနေ့က ကြွေးကျော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ပြီးတဲ့နောက် ICRC ရဲ့ ဒီကနေ့ထုတ်ပြန်ချက် ထွက်လာတာပါ။

ICRC က အကျဉ်းထောင် သွားလေ့လာတာနဲ့ အကူအညီပေးလုပ်ငန်းတွေကို COVID-19 ရောဂါ စဖြစ်ချိန်ကတည်းက ရပ်ထားရပြီး အကျဉ်းချထားတဲ့နေရာတွေမှာ COVID-19 ရောဂါနဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ ပေးအပ်နိုင်ဖို့အတွက်လည်း ထပ်ပြီး ကမ်းလှမ်းထားပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ လတ်တလော ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို ICRC က အနီးကပ် စောင့်ကြည့်နေပြီးတော့ အကျဉ်းထောင်တွေအပါအဝင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် ထိခိုက်ခံစားရတာတွေ မြင့်တက်လာနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ICRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#MyanmarICRC #ICRC #MyanmarPoliticalPrisoners #MyanmarPrison #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG