သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အခ်ိဳးက်ကိုယ္စားျပဳမယ့္ ေ႐ြးေကာက္ပြဲစနစ္သစ္ အလားအလာ


စစ္ေကာင္စီ ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ားေတြ႔ဆုံမႈ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္ေကာင္စီက ေရွ႕ႏွစ္က်င္းပမယ္လို႔ဆိုတဲ့ ေ႐ြးေကာက္ပြဲမွာ အခ်ိဳးက်ကိုယ္စားျပဳစနစ္ေတြထဲက စာရင္းပိတ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္နဲ႔ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ေျပာထားပါတယ္။ တိုင္းရင္းသားအားလုံးပါႏိုင္မယ့္စနစ္ျဖစ္တယ္လို႔ NDF ပါတီကေျပာေပမယ့္ တခ်ိဳ႕လူနည္းစုတိုင္းရင္းသားပါတီေတြက ဒီစနစ္အေၾကာင္း နားလည္ဖို႔ အခ်ိန္ယူရဦးမယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပိုတဲ့သတင္းကို ျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီ ျပန္လည္ဖဲြ႔စည္းခဲ့တဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ၂၀၂၃ ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါ စာရင္းပိတ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္နဲ႔ က်င္းပမယ္လို႔ ေျပာၾကားထားပါတယ္။ ခုိင္လံုမဲ ရလာဒ္ အားလံုးကို အခ်ိဳးခ်ၿပီး မဲအနည္းအမ်ားအလိုက္ လႊတ္ေတာ္အမတ္ေနရာ အေရအတြက္ကို ပါတီေတြ မွ်ယူတဲ့စနစ္ နဲ႔ အစားထိုးက်င့္သုံးမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္အတြင္း ႏိုင္ငံေရးပါတီ ၆၂ ပါတီနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္က ၆ ႀကိမ္ေတ႔ြဆံုေဆြးေႏြးၿပီးေနာက္မွာ ပါတီကို အဓိကထားေ႐ြးခ်ယ္မယ့္ စာရင္းပိတ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္သံုးဖုိ႔ ဆံုးျဖတ္တာျဖစ္တယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ေျပာပါတယ္။ အဲဒီေဆြးေႏြးပြဲေတြကို တက္ေရာက္ခဲ့တဲ့ ႏိုင္ငံေရးပါတီေတြထဲက အမ်ိဳးသား ဒီမိုကေရစီ အင္အားစု NDF ပါတီက ဖက္ဒရယ္ႏိုင္ငံထူေထာင္ႏိုင္ဖို႔ အေထာက္အကူေပးႏိုင္တဲ့ စနစ္တခုျဖစ္တယ္လုိ႔ အတြင္းေရးမႈး ၁ ဦး ေအာင္ဇင္က ခုလိုေျပာပါတယ္။

“က်ေနာ္တို႔က ေခတ္အဆက္ဆက္မွာ FPTP မဲ ႏိုင္တဲ့ပါတီက အကုန္ယူ စနစ္နဲ႔သြားေနတဲ့ အခါက်ေတာ့ က်ေနာ္တို႔ႏိုင္ငံမွာက တိုင္းရင္းသားေတြစုေပါင္းေနတာကို တိုင္းရင္းသားလူနည္း စုေတြလည္းပါရမယ္။ ပါတီစုံလည္း ပါရမယ္။ အၿမဲ FPTP ျဖစ္တဲ့အခါက်ေတာ့ အင္အားႀကီးသူကအၿမဲတမ္း မဲအသာနဲ႔ႏိုင္ၿပီး သူတို႔က တပါတီတည္း အုပ္စိုး ခ်ဳပ္ကိုင္လုပ္လာခဲ့တဲ့ စနစ္ေတြျဖစ္လာခဲ့တယ္။ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုကိုသြားမယ္ ဆိုရင္ေတာ့ အားလုံးပါဝင္ဖို႔လိုတယ္။ အားလုံးပါဝင္ေရးမွာေတာင္မွ တိုင္းရင္းသားေတြပါ ပါဖို႔လိုတာမို႔ ဒီစနစ္ကို ေ႐ြးလိုက္တာပါ။”

ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ဦးစီးက်င္းပခ့ဲတဲ့ PR စနစ္ေျပာင္းေရး ေဆြးေႏြးေႏြးပြဲေတြမွာ ႏိုင္ငံေရးပါတီ ၆၂ ပါတီ၊ ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၁၀၀ ေက်ာ္ပါဝင္တယ္လို႔ သတင္းေတြထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္ ေခါင္းေဆာင္ေတြ ဖမ္းဆီးခံထားရတဲ့ အမ်ဳိးသားဒီိမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီ၊ တုိင္းရင္းသားပါတီေတြထဲမွာ အင္အားႀကီးတဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD အျပင္ တခ်ဳိ႕တိုင္းရင္းသားပါတီေတြ တက္ေရာက္ျခင္း မ႐ွိခဲ့ပါဘူး။ ေဆြးေႏြးပြဲထဲ မပါဝင္တဲ့ တအာန္း (ပေလာင္) အမ်ိဳးသားပါတီက အေထြေထြတြင္းမွဴး မိုင္းအုဏ္းခိုင္ကေတာ့ ေကာ္မရွင္ဘက္က ဒီစနစ္ကို ျမန္ျမန္အေကာင္အထည္ေဖာ္ေနတာဟာ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္မွာ တပ္မေတာ္ရဲ႕ အခန္းက႑ကို ပိုၿပီးေနရာရေအာင္လုပ္တာလို႔ ျမင္ပါတယ္။ အခ်ိန္တိုအတြင္း ေ႐ြးေကာက္ပြဲ ပံုစံစနစ္သစ္ေျပာင္းဖုိ႔ လုပ္ေဆာင္ေနေပမယ့္ ဒီစနစ္နဲ႔ပတ္သက္လို႔ ႏုိင္ငံေရးပါတီေတြမွာေရာ မဲဆႏၵ႐ွင္ေတြ ၾကားမွာပါ နားလည္သေဘာေပါက္ဖုိ႔ အခ်ိန္လိုေသးတယ္လို႔ ခုလို ေထာက္ျပပါတယ္။

“ဘယ္လိုျမင္လဲဆိုေတာ့ အစိုးရဖြဲ႔တာမွာျဖစ္ျဖစ္၊ လႊတ္ေတာ္လုပ္ငန္းထဲမွာျဖစ္ျဖစ္ တပ္မေတာ္ရဲ႕ပါဝင္မႈ အခန္းက႑က ပိုျမင့္သြားတာေပါ့ဗ်ာ။ တပ္မေတာ္အခန္းက႑ ပိုျမင့္ေစခ်င္လို႔ PR စနစ္ကို က်င့္သုံးတယ္လို႔ က်ေနာ္ကေတာ့ျမင္တယ္။ သုံးသပ္မိတယ္။ ဒီ ပီအာရ္စနစ္က်င့္သုံးမယ္ဆိုရင္ေတာ့ အခ်ိန္အမ်ားႀကီးယူသင့္တယ္။ တခါမွလည္းက်င့္သုံးလာတဲ့စနစ္မဟုတ္ဘူး။ က်ေနာ္တို႔ကိုယ္တိုင္ ဂဃနန ေကာင္းေကာင္းမြန္မြန္ နားမလည္ ဘူး။ မဲဆႏၵရွင္ေတြနားလည္ဖို႔ ပိုခက္ခဲမယ္လို႔ထင္တယ္။ ပီအာရ္စနစ္ကလည္း အမ်ိဳးမ်ိဳးရွိတဲ့အခါက်ေတာ့ ကိုက္ညီတဲ့ပုံစံမ်ိဳး ေသခ်ာခ်ၿပီး က်ေနာ္တို႔ႏိုင္ငံေရးပါတီေတြေကာ၊ အရပ္ဘက္အဖြဲ႔ေတြေကာ၊ တတ္သိပညာရွင္ေတြေကာ ေဆြးေႏြးၿပီးမွလုပ္သင့္တယ္ျမင္တယ္။ ခုေလာေလာဆယ္က်င့္သုံးဖို႔ ေစာေသးတယ္လို႔က်ေနာ္ျမင္တယ္။”

လႊတ္ေတာ္ ၃ ရပ္စလုံးအတြက္ စာရင္းပိတ္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ Closed List PR စနစ္သံုး ေ႐ြးခ်ယ္မွာျဖစ္ေပမယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ၆ ခုမွာေတာ့ လႊတ္ေတာ္ ၃ ခုစလုံးအတြက္ ႏိုင္သူအကုန္ယူ စနစ္ေရာ၊ စာရင္းပိတ္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ကိုပါ ၂ မ်ဳိးလံုး က်င့္သုံးသြားမွာျဖစ္တယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနခ်ိန္ ႏိုင္ငံေရးပါတီေတြအေနနဲ႔ လြတ္လပ္စြာ လႈပ္႐ွားေဆာင္႐ြက္ႏုိင္ျခင္းမ႐ွိတာ၊ NLD လုိတခ်ဳိ႕ ႏိုင္ငံေရးပါတီေတြမွာ ေခါင္းေဆာင္ပိုင္း ပါဝင္ႏုိင္မယ့္ အေျခအေန မ႐ွိတာမို႔ မွ်တတဲ့ အေျဖထြက္ပါမလားဆိုတဲ့ ေမးခြန္းထုတ္မႈေတြလည္း႐ွိပါတယ္။ ျပည္သူ႔ပါတီ အေထြေထြ အတြင္းေရးမွဴး ဦးေက်ာ္လင္းကေတာ့ လက္႐ွိအေျခအေနအရကေတာ့ ႏုိင္ငံေရးလုပ္ငန္းစဥ္ေတြလုပ္ဖုိ႔ ပါတီေတြအတြက္ ခက္ခဲတယ္လို႔ေျပာပါတယ္။

“ပီအာရ္နဲ႔ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုတာက ေကာ္မရွင္ဘက္ကေျပာတဲ့ဟာနဲ႔ တျခားႏိုင္ငံေရးပါတီေတြေဆြးေႏြးခ်က္ေတြပဲ ရွိတာ။ တိတိပပလည္း ေကာ္မရွင္က မထုတ္ျပန္ေသးတာမို႔ တျခားႏိုင္ငံေရးပါတီေတြဘက္ကလည္း ႏႈတ္ဆိတ္ထားတာေပါ့ေလ။ ေလာေလာဆယ္ က်ေနာ္တို႔က အက်ပ္အတည္းကာလတခုကို ျဖတ္ေနတာေပါ့။ ဒီကာလမွာ က်ေနာ္တို႔ အတတ္ႏိုင္ဆုံး က်ေနာ္တို႔ႏိုင္ငံေရးပါတီေတြ စည္းေဝးလႈံ႔ေဆာ္ခြင့္ေတြက လုံးဝအခက္အခဲျဖစ္ေစတဲ့ကာလျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲတခုျဖတ္တာက ႏိုင္ငံေရးပါတီေတြက သူ႔ Process လုပ္ငန္းစဥ္အတိုင္း သြားရတာပါ။ ဒ့ါမယ့္လက္ရွိအက်ပ္အတည္းကာလမွာ ျဖတ္ရမယ္ ဆိုရင္ေတာ့ အရမ္းအႏၲ့ရာယ္ႀကီး ျဖတ္ရမွာပါ။”

ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က မဲစာရင္းမွန္ကန္ႏိုင္ေရးဆိုၿပီး ကနဦး မဲစာရင္းေကာက္ယူမႈေတြ ၿမိဳ႕နယ္ေတြမွာ စတင္လုပ္ေနပါတယ္။ ေ႐ြးေကာက္ပြဲမွာ PR စနစ္ ေျပာင္းလဲက်င့္သံုးႏုိင္ဖုိ႔ လုိအပ္တဲ့ ဥပေဒေတြ ျပင္ဆင္သြားမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္က ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အချိုးကျကိုယ်စားပြုမယ့် ရွေးကောက်ပွဲစနစ်သစ် အလားအလာ


စစ်ကောင်စီက ရှေ့နှစ်ကျင်းပမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်တွေထဲက စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားပါတယ်။ တိုင်းရင်းသားအားလုံးပါနိုင်မယ့်စနစ်ဖြစ်တယ်လို့ NDF ပါတီကပြောပေမယ့် တချို့လူနည်းစုတိုင်းရင်းသားပါတီတွေက ဒီစနစ်အကြောင်း နားလည်ဖို့ အချိန်ယူရဦးမယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပိုတဲ့သတင်းကို မြသဇင်အောင်က တင်ပြပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ရွေးကောက်ပွဲကျင်းပတဲ့အခါ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။ ခိုင်လုံမဲ ရလာဒ် အားလုံးကို အချိုးချပြီး မဲအနည်းအများအလိုက် လွှတ်တော်အမတ်နေရာ အရေအတွက်ကို ပါတီတွေ မျှယူတဲ့စနစ် နဲ့ အစားထိုးကျင့်သုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးပါတီ ၆၂ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၆ ကြိမ်တေ့ွဆုံဆွေးနွေးပြီးနောက်မှာ ပါတီကို အဓိကထားရွေးချယ်မယ့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်သုံးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ဖက်ဒရယ်နိုင်ငံထူထောင်နိုင်ဖို့ အထောက်အကူပေးနိုင်တဲ့ စနစ်တခုဖြစ်တယ်လို့ အတွင်းရေးမှုး ၁ ဦး အောင်ဇင်က ခုလိုပြောပါတယ်။

“ကျနော်တို့က ခေတ်အဆက်ဆက်မှာ FPTP မဲ နိုင်တဲ့ပါတီက အကုန်ယူ စနစ်နဲ့သွားနေတဲ့ အခါကျတော့ ကျနော်တို့နိုင်ငံမှာက တိုင်းရင်းသားတွေစုပေါင်းနေတာကို တိုင်းရင်းသားလူနည်း စုတွေလည်းပါရမယ်။ ပါတီစုံလည်း ပါရမယ်။ အမြဲ FPTP ဖြစ်တဲ့အခါကျတော့ အင်အားကြီးသူကအမြဲတမ်း မဲအသာနဲ့နိုင်ပြီး သူတို့က တပါတီတည်း အုပ်စိုး ချုပ်ကိုင်လုပ်လာခဲ့တဲ့ စနစ်တွေဖြစ်လာခဲ့တယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုသွားမယ် ဆိုရင်တော့ အားလုံးပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ရေးမှာတောင်မှ တိုင်းရင်းသားတွေပါ ပါဖို့လိုတာမို့ ဒီစနစ်ကို ရွေးလိုက်တာပါ။”

ရွေးကောက်ပွဲကော်မရှင်က ဦးစီးကျင်းပခဲ့တဲ့ PR စနစ်ပြောင်းရေး ဆွေးနွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်တယ်လို့ သတင်းတွေထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပြင် တချို့တိုင်းရင်းသားပါတီတွေ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဆွေးနွေးပွဲထဲ မပါဝင်တဲ့ တအာန်း (ပလောင်) အမျိုးသားပါတီက အထွေထွေတွင်းမှူး မိုင်းအုဏ်းခိုင်ကတော့ ကော်မရှင်ဘက်က ဒီစနစ်ကို မြန်မြန်အကောင်အထည်ဖော်နေတာဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုပြီးနေရာရအောင်လုပ်တာလို့ မြင်ပါတယ်။ အချိန်တိုအတွင်း ရွေးကောက်ပွဲ ပုံစံစနစ်သစ်ပြောင်းဖို့ လုပ်ဆောင်နေပေမယ့် ဒီစနစ်နဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေမှာရော မဲဆန္ဒရှင်တွေ ကြားမှာပါ နားလည်သဘောပေါက်ဖို့ အချိန်လိုသေးတယ်လို့ ခုလို ထောက်ပြပါတယ်။

“ဘယ်လိုမြင်လဲဆိုတော့ အစိုးရဖွဲ့တာမှာဖြစ်ဖြစ်၊ လွှတ်တော်လုပ်ငန်းထဲမှာဖြစ်ဖြစ် တပ်မတော်ရဲ့ပါဝင်မှု အခန်းကဏ္ဍက ပိုမြင့်သွားတာပေါ့ဗျာ။ တပ်မတော်အခန်းကဏ္ဍ ပိုမြင့်စေချင်လို့ PR စနစ်ကို ကျင့်သုံးတယ်လို့ ကျနော်ကတော့မြင်တယ်။ သုံးသပ်မိတယ်။ ဒီ ပီအာရ်စနစ်ကျင့်သုံးမယ်ဆိုရင်တော့ အချိန်အများကြီးယူသင့်တယ်။ တခါမှလည်းကျင့်သုံးလာတဲ့စနစ်မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် ဂဃနန ကောင်းကောင်းမွန်မွန် နားမလည် ဘူး။ မဲဆန္ဒရှင်တွေနားလည်ဖို့ ပိုခက်ခဲမယ်လို့ထင်တယ်။ ပီအာရ်စနစ်ကလည်း အမျိုးမျိုးရှိတဲ့အခါကျတော့ ကိုက်ညီတဲ့ပုံစံမျိုး သေချာချပြီး ကျနော်တို့နိုင်ငံရေးပါတီတွေကော၊ အရပ်ဘက်အဖွဲ့တွေကော၊ တတ်သိပညာရှင်တွေကော ဆွေးနွေးပြီးမှလုပ်သင့်တယ်မြင်တယ်။ ခုလောလောဆယ်ကျင့်သုံးဖို့ စောသေးတယ်လို့ကျနော်မြင်တယ်။”

လွှတ်တော် ၃ ရပ်စလုံးအတွက် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် Closed List PR စနစ်သုံး ရွေးချယ်မှာဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုမှာတော့ လွှတ်တော် ၃ ခုစလုံးအတွက် နိုင်သူအကုန်ယူ စနစ်ရော၊ စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ်ကိုပါ ၂ မျိုးလုံး ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေချိန် နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိတာ၊ NLD လိုတချို့ နိုင်ငံရေးပါတီတွေမှာ ခေါင်းဆောင်ပိုင်း ပါဝင်နိုင်မယ့် အခြေအနေ မရှိတာမို့ မျှတတဲ့ အဖြေထွက်ပါမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်းရှိပါတယ်။ ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်လင်းကတော့ လက်ရှိအခြေအနေအရကတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေလုပ်ဖို့ ပါတီတွေအတွက် ခက်ခဲတယ်လို့ပြောပါတယ်။

“ပီအာရ်နဲ့ရွေးကောက်ပွဲကျင်းပမယ်ဆိုတာက ကော်မရှင်ဘက်ကပြောတဲ့ဟာနဲ့ တခြားနိုင်ငံရေးပါတီတွေဆွေးနွေးချက်တွေပဲ ရှိတာ။ တိတိပပလည်း ကော်မရှင်က မထုတ်ပြန်သေးတာမို့ တခြားနိုင်ငံရေးပါတီတွေဘက်ကလည်း နှုတ်ဆိတ်ထားတာပေါ့လေ။ လောလောဆယ် ကျနော်တို့က အကျပ်အတည်းကာလတခုကို ဖြတ်နေတာပေါ့။ ဒီကာလမှာ ကျနော်တို့ အတတ်နိုင်ဆုံး ကျနော်တို့နိုင်ငံရေးပါတီတွေ စည်းဝေးလှုံ့ဆော်ခွင့်တွေက လုံးဝအခက်အခဲဖြစ်စေတဲ့ကာလဖြစ်နေတယ်။ ရွေးကောက်ပွဲတခုဖြတ်တာက နိုင်ငံရေးပါတီတွေက သူ့ Process လုပ်ငန်းစဉ်အတိုင်း သွားရတာပါ။ ဒ့ါမယ့်လက်ရှိအကျပ်အတည်းကာလမှာ ဖြတ်ရမယ် ဆိုရင်တော့ အရမ်းအန္တ့ရာယ်ကြီး ဖြတ်ရမှာပါ။”

ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမှန်ကန်နိုင်ရေးဆိုပြီး ကနဦး မဲစာရင်းကောက်ယူမှုတွေ မြို့နယ်တွေမှာ စတင်လုပ်နေပါတယ်။ ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်သွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပါတယ်။

XS
SM
MD
LG