သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာ EU သံအမတ္ႀကီးကို ျပန္ေခၚဖို႔ အလုပ္သမားအဖြဲ႕မ်ား ေတာင္းဆို


လိႈင္သာယာစက္မႈဇုန္က အထည္ခ်ဳပ္စက္႐ံုအလုပ္သမားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံဆိုင္ရာ EU ဥေရာပသမဂၢသံအမတ္ႀကီးဟာ ျမန္မာစစ္ေကာင္စီကို သြယ္ဝိုက္တဲ့နည္းတဲ့ ပံ့ပိုးကူညီေနတယ္ဆိုၿပီး သူ႔ကို တာဝန္က ျပန္လည္ေခၚယူေပးဖို႔ ျမန္မာအလုပ္သမားအဖြဲ႕အစည္းေတြက အီးယူ ဥေရာပသမဂၢကို ေတာင္းဆိုလိုက္ပါတယ္။ EU သံအမတ္ႀကီးဟာ ျမန္မာအလုပ္သမားေတြရဲ႕ဆႏၵနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားသူေတြရဲ႕ ေတာင္းဆိုခ်က္ကိုလည္း လ်စ္လွ်ဴျပဳေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာအလုပ္သမားေတြက စြပ္စြဲခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းကေန အလုပ္ျပဳတ္ၿပီးေနာက္မွာ မိန္းကေလးငယ္တခ်ိဳ႕ဟာ ျပည့္တန္ဆာအျဖစ္ အသက္ေမြးေနရတယ္ဆိုတဲ့ အီးယူ႐ုံးရဲ႕ ေဖ့စ္ဘြတ္ေပၚက ၂ မိနစ္စာ ဗြီဒီယိုဖိုင္ေၾကာင့္ ျပည္တြင္းအလုပ္သမား အဖြဲ႕အစည္းေတြၾကားမွာ အျငင္းပြားစရာတခု ျဖစ္ခဲ့ပါတယ္။ "တာဝန္သိ၊ တာဝန္ယူမႈရွိၿပီး ပြင့္လင္းျမင္သာမႈကို တန္ဖိုးထားတဲ့ စီးပြားေရးလုပ္ငန္းမ်ား ျမန္မာႏိုင္ငံမွာရွိေနျခင္းက ဒီလိုဆိုးက်ိဳးရလဒ္ေတြကို ေလ်ာ့ပါးေစတယ္" ဆိုတဲ့အီးယူဘက္က တင္ျပခ်က္ကို ျမန္မာအလုပ္သမားအဖြဲ႕အစည္းေတြက ရႈတ္ခ်လိုက္တာပါ။

တကယ္ေတာ့ သင့္တင့္ေလွ်ာက္ပတ္တဲ့ အလုပ္အကိုင္ဆိုတာဟာ လြတ္လပ္စြာသင္းပင္းဖြဲ႕စည္းခြင့္အပါအဝင္ လုပ္ငန္းခြင္မွာ အလုပ္သမားအခြင့္အေရးရွိဖို႔၊ အလုပ္အကိုင္ အာမခံခ်က္ရွိဖို႔နဲ႔ က်န္းမာေရးနဲ႔ အႏၲရာယ္ကင္းတဲ့ လုပ္ငန္းခြင္ျဖစ္ဖို႔လိုတယ္လို႔ အလုပ္သမားအဖြဲ႕ေတြက တုံ႔ျပန္ပါတယ္။ ျမန္မာႏိုင္ငံတြင္း ရာနဲ႔ခ်ီတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ဒီလိုအခြင့္အေရးေတြဆုံးရႈံးေနတယ္လို႔ အလုပ္သမားအဖြဲ႕အစည္းေတြက ေထာက္ျပပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အီးယူ႐ုံးဟာ စစ္တပ္နဲ႔ အေပါင္းအပါ စီးပြားေရးလုပ္ငန္းရွင္ေတြ က်ဴးလြန္ထားတဲ့ လူ႔အခြင့္အေရး၊ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မ်က္ကြယ္ျပဳၿပီး ဥေရာပနဲ႔ အေနာက္ႏိုင္ငံေတြက ဖက္ရွင္ကုန္အမွတ္တံဆိပ္ေတြ ဆက္ၿပီးရင္းႏွီးျမႇဳပ္ႏွံေအာင္ လႈံ႕ေဆာ္ေနတယ္လို႔ ျမန္မာအလုပ္သမားေရးရာ အဖြဲ႕အစည္းေတြက ေျပာပါတယ္။

အီးယူ႐ုံးအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕အသံကိုကိုယ္စားျပဳတဲ့ ၾကားကာလအစိုးရ NUG အပါအဝင္ ႏိုင္ငံတကာအသိအမွတ္ျပဳ အလုပ္သမားသမဂၢ အဖြဲ႕ခ်ဳပ္ေတြနဲ႔ တျခားမတူညီတဲ့ အစုအဖြဲ႕က အသံေတြကိုနားေထာင္ဖို႔ လိုတယ္လို႔ အလုပ္သမားတပ္ေပါင္းစု (Myanmar Labour Alliance) ရဲ႕ ကိုယ္စားလွယ္တဦးျဖစ္တဲ့ ေဒၚခိုင္ဇာေအာင္က ဗြီအိုေအကို ေျပာပါတယ္။

" ဒီအင္အားစုေတြအားလုံးကို ဂ႐ုမစိုက္တဲ့ သံအမတ္တေယာက္ဟာ ျမန္မာျပည္ရဲ႕႐ုံးမွာ ထိုင္ဖို႔မသင့္ပါဘူး။ ဒါေၾကာင့္သူ႔ကို လက္ရွိတာဝန္ကေန ေခၚယူသင့္တယ္ လို႔ က်မတို႔အလုပ္သမား အဖြဲ႕အစည္းေတြက ေတာင္းဆိုတာပါ။ အီးယူရဲ႕ စီးပြားေရးဆိုင္ရာ အက်ိဳးစီးပြားေပါ့ ရွိေနတယ္၊ အဲဒါကိုက်မတို႔က သူတို႔က်င့္ဝတ္နဲ႔အညီလုပ္ဖို႔ စည္းၾကပ္ခဲ့ပါၿပီ ၿပီးခဲ့တဲ့ႏွစ္က။ မလုပ္ခဲ့ပါဘူးသူတို႔။ မလုပ္ခဲ့တဲ့အတြက္ အဲလိုမ်ိဳး ထြက္သြားဖို႔ေျပာတာ ျဖစ္ပါတယ္။ အလုပ္အကိုင္ေတြက အထည္ခ်ဳပ္လုပ္ငန္းေတြ ထြက္သြားမွ ဆုံးရႈံးသြားမွာ မဟုတ္ပါဘူး က်မတို႔ ဆုံးရႈံးသြားၿပီးၿပီ။ အခုလည္း အထည္ခ်ဳပ္မွာရွိတဲ့ အလုပ္သမားေတြက အလုပ္အကိုင္ အာမခံခ်က္ လုံးဝမရွိပါဘူး။ ေန႔စားအလုပ္သမားအျဖစ္ ခိုင္းခံရတယ္၊ ေမးခြန္းေမးလို႔မရဘူး၊ ခိုင္းတာလုပ္၊ ေကြၽးတာစား၊ ျပန္မေျပာနဲ႔၊ ေနာက္ေန႔မလာနဲ႔- အဲလိုမ်ိဳးျဖစ္ေနတာ။ အဲဒါအလုပ္အကိုင္မဟုတ္ဘူး။ အဲဒါကို က်မတို႔က သိေစခ်င္ပါတယ္။ တကယ္အလုပ္သမားေတြရဲ႕အသံကို နားေထာင္ဖို႔လိုတယ္။ သူတို႔ထမင္းစားဖို႔ အလုပ္ရွိရမွာေပါ့။ အလုပ္ျပဳတ္သြားရင္ ျပည့္တန္ဆာေတြ ျဖစ္သြားမယ္၊ အဲဒါေတြက မဟုတ္ပါဘူး။"

အလုပ္သမားအဖြဲ႕အစည္းေတြရဲ႕ အခုလို ကန႔္ကြက္မႈနဲ႔ပတ္သက္လို႔ ေမးျမန္းဖို႔ ျမန္မာႏိုင္ငံက EU ႐ုံးကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ တုံ႔ျပန္ခ်က္မရပါဘူး။

စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္ ႏိုင္ငံတကာ ကုန္အမွတ္တံဆိပ္ ၂၀ နဲ႔စုဖြဲ႕ထားတဲ့ Action Collaboration Transformation- ACT အဖြဲ႔က ျမန္မာျပည္တြင္းမွာ သူတို႔ရင္းႏွီးျမႇဳပ္ႏွံထားတာေတြကို ရပ္နားေတာ့မယ္ဆိုၿပီး ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ေၾကညာခဲ့တာပါ။ ဒါေပမယ့္ အဲဒီအဖြဲ႕ထဲက နာမည္ႀကီး ကုန္အမွတ္တံဆိပ္တခ်ိဳ႕ဆိုရင္ ျပည္တြင္းမွာ လုပ္ငန္း လည္ပတ္ေနဆဲျဖစ္ၿပီး ေပၚေပၚထင္ထင္ မလုပ္ေတာ့တဲ့အတြက္ ဒီလုပ္ငန္းေတြမွာ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတြ ပိုမ်ားလာတယ္လို႔ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ STUM ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။

"ကမာၻ႔မ်က္ႏွာစာမွာ စားသုံးသူေတြကို Brand ေတြက လိမ္တာ။ ငါတို႔ေတြေတာ့ ျမန္မာႏိုင္ငံမွာ မခ်ဳပ္ေတာ့ပါဘူး၊ အထူးသျဖင့္ ACT ေပါ့ ACT ဆိုရင္ထြက္သြားၿပီလို႔ေျပာတယ္၊ အခု Primark ဆိုရင္ ဒီမွာခ်ဳပ္ေနတာပဲ Primark ဆို ACT ထဲပါတယ္။ တကယ့္ကမာၻ႔ျပည္သူလူထုက သိေနတာက စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ သူတို႔ကဒီမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ဘူး၊ မခ်ဳပ္ဘူး၊ ဒီ brand ေတြေနာက္ ဆုတ္သြားတယ္။ မဟုတ္ဘူးရွင့္။ ပိုၿပီးေတာင္ဆိုးေနတယ္။ ပုန္းလွ်ိဳးဝွက္လွ်ိဳး လုပ္တဲ့အခါက်ေတာ့ သူတို႔က ႀကီးႀကီးက်ယ္က်ယ္ႀကီး အျပင္မွာမေပၚေနဘူး၊ ညလုံးေပါက္ overtime ေခၚတာတို႔၊ သမဂၢေတြၿဖိဳခြဲတာတို႔၊ သူတို႔လုပ္ခ်င္တာကို လုပ္ဖို႔အတြက္ စည္းဝါး႐ိုက္တာတို႔၊ စစ္တပ္ကိုေငြေပးၿပီး တဘက္လွည့္နဲ႔ အဆင္ေျပေအာင္လုပ္တာတို႔ အဲဒါမ်ိဳးခ်ိဳးေဖာက္မႈေတြက အႀကီးႀကီးေတြျဖစ္ေနတယ္။"

အာဏာသိမ္းၿပီးတဲ့ေနာက္မွာ အလုပ္သမားအဖြဲ႕ခ်ဳပ္ေတြ အပါအဝင္ အလုပ္သမားသမဂၢေတြကို တရားမဝင္ေၾကာင္း စစ္ေကာင္စီက ေၾကညာၿပီးတဲ့ေနာက္မွာ အလုပ္ သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြက ပိုၿပီးမ်ားခဲ့တာပါ။ ဒါေတြကို အလုပ္သမားတပ္ေပါင္းစုက EU ျမန္မာ႐ုံးကို တိုင္ၾကားခဲ့ဖူးတယ္လို႔ ေျပာပါတယ္။ အျပည္ ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO ကေတာ့ လြတ္လပ္စြာ သင္းပင္းဖြဲ႕စည္းခြင့္နဲ႔ လုပ္အား အဓမၼေစခိုင္းခံရတဲ့ ျပည္တြင္းက အေျခအေနေတြကို စုံစမ္းဖို႔အတြက္ ၂၀၂၂၊ မတ္လ ၂၅ရက္မွာ ေကာ္မရွင္တခု ဖြဲ႕စည္းတာဝန္ေပးခဲ့ပါတယ္။

ဥေရာပသမဂၢက ျမန္မာႏိုင္ငံကိုေပးထားတဲ့ အထူးကုန္သြယ္ေရး အခြင့္အေရးကိုလည္း ဆက္ၿပီးမေပးဖို႔ အလုပ္သမားအဖြဲ႕ေတြက ေတာင္းဆိုေနပါတယ္။ အေၾကာင္းကေတာ့ ဒီအခြင့္အေရးဟာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ႔တဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကိုပဲ ပိုၿပီးအက်ိဳးရွိေနၿပီး အလုပ္သမားအခြင့္အေရးမွာေတာ့ ပိုၿပီးေကာင္းမြန္လာတာ မရွိဘူးလို႔ သူတို႔ကေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

မြန်မာဆိုင်ရာ EU သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အလုပ်သမားအဖွဲ့များ တောင်းဆို


မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံအမတ်ကြီးဟာ မြန်မာစစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းတဲ့ ပံ့ပိုးကူညီနေတယ်ဆိုပြီး သူ့ကို တာဝန်က ပြန်လည်ခေါ်ယူပေးဖို့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက အီးယူ ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ EU သံအမတ်ကြီးဟာ မြန်မာအလုပ်သမားတွေရဲ့ဆန္ဒနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်ကိုလည်း လျစ်လျှူပြုနေတယ်ဆိုပြီးတော့လည်း မြန်မာအလုပ်သမားတွေက စွပ်စွဲခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အထည်ချုပ်လုပ်ငန်းကနေ အလုပ်ပြုတ်ပြီးနောက်မှာ မိန်းကလေးငယ်တချို့ဟာ ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတယ်ဆိုတဲ့ အီးယူရုံးရဲ့ ဖေ့စ်ဘွတ်ပေါ်က ၂ မိနစ်စာ ဗွီဒီယိုဖိုင်ကြောင့် ပြည်တွင်းအလုပ်သမား အဖွဲ့အစည်းတွေကြားမှာ အငြင်းပွားစရာတခု ဖြစ်ခဲ့ပါတယ်။ "တာဝန်သိ၊ တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာမှုကို တန်ဖိုးထားတဲ့ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှာရှိနေခြင်းက ဒီလိုဆိုးကျိုးရလဒ်တွေကို လျော့ပါးစေတယ်" ဆိုတဲ့အီးယူဘက်က တင်ပြချက်ကို မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက ရှုတ်ချလိုက်တာပါ။

တကယ်တော့ သင့်တင့်လျှောက်ပတ်တဲ့ အလုပ်အကိုင်ဆိုတာဟာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်အပါအဝင် လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးရှိဖို့၊ အလုပ်အကိုင် အာမခံချက်ရှိဖို့နဲ့ ကျန်းမာရေးနဲ့ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့လိုတယ်လို့ အလုပ်သမားအဖွဲ့တွေက တုံ့ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်း ရာနဲ့ချီတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ဒီလိုအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူရုံးဟာ စစ်တပ်နဲ့ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်တွေ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး ဥရောပနဲ့ အနောက်နိုင်ငံတွေက ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ ဆက်ပြီးရင်းနှီးမြှုပ်နှံအောင် လှုံ့ဆော်နေတယ်လို့ မြန်မာအလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

အီးယူရုံးအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကိုကိုယ်စားပြုတဲ့ ကြားကာလအစိုးရ NUG အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေနဲ့ တခြားမတူညီတဲ့ အစုအဖွဲ့က အသံတွေကိုနားထောင်ဖို့ လိုတယ်လို့ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance) ရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

" ဒီအင်အားစုတွေအားလုံးကို ဂရုမစိုက်တဲ့ သံအမတ်တယောက်ဟာ မြန်မာပြည်ရဲ့ရုံးမှာ ထိုင်ဖို့မသင့်ပါဘူး။ ဒါကြောင့်သူ့ကို လက်ရှိတာဝန်ကနေ ခေါ်ယူသင့်တယ် လို့ ကျမတို့အလုပ်သမား အဖွဲ့အစည်းတွေက တောင်းဆိုတာပါ။ အီးယူရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားပေါ့ ရှိနေတယ်၊ အဲဒါကိုကျမတို့က သူတို့ကျင့်ဝတ်နဲ့အညီလုပ်ဖို့ စည်းကြပ်ခဲ့ပါပြီ ပြီးခဲ့တဲ့နှစ်က။ မလုပ်ခဲ့ပါဘူးသူတို့။ မလုပ်ခဲ့တဲ့အတွက် အဲလိုမျိုး ထွက်သွားဖို့ပြောတာ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေက အထည်ချုပ်လုပ်ငန်းတွေ ထွက်သွားမှ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး ကျမတို့ ဆုံးရှုံးသွားပြီးပြီ။ အခုလည်း အထည်ချုပ်မှာရှိတဲ့ အလုပ်သမားတွေက အလုပ်အကိုင် အာမခံချက် လုံးဝမရှိပါဘူး။ နေ့စားအလုပ်သမားအဖြစ် ခိုင်းခံရတယ်၊ မေးခွန်းမေးလို့မရဘူး၊ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ နောက်နေ့မလာနဲ့- အဲလိုမျိုးဖြစ်နေတာ။ အဲဒါအလုပ်အကိုင်မဟုတ်ဘူး။ အဲဒါကို ကျမတို့က သိစေချင်ပါတယ်။ တကယ်အလုပ်သမားတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။ သူတို့ထမင်းစားဖို့ အလုပ်ရှိရမှာပေါ့။ အလုပ်ပြုတ်သွားရင် ပြည့်တန်ဆာတွေ ဖြစ်သွားမယ်၊ အဲဒါတွေက မဟုတ်ပါဘူး။"

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အခုလို ကန့်ကွက်မှုနဲ့ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံက EU ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ချက်မရပါဘူး။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ် ၂၀ နဲ့စုဖွဲ့ထားတဲ့ Action Collaboration Transformation- ACT အဖွဲ့က မြန်မာပြည်တွင်းမှာ သူတို့ရင်းနှီးမြှုပ်နှံထားတာတွေကို ရပ်နားတော့မယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် အဲဒီအဖွဲ့ထဲက နာမည်ကြီး ကုန်အမှတ်တံဆိပ်တချို့ဆိုရင် ပြည်တွင်းမှာ လုပ်ငန်း လည်ပတ်နေဆဲဖြစ်ပြီး ပေါ်ပေါ်ထင်ထင် မလုပ်တော့တဲ့အတွက် ဒီလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

"ကမ္ဘာ့မျက်နှာစာမှာ စားသုံးသူတွေကို Brand တွေက လိမ်တာ။ ငါတို့တွေတော့ မြန်မာနိုင်ငံမှာ မချုပ်တော့ပါဘူး၊ အထူးသဖြင့် ACT ပေါ့ ACT ဆိုရင်ထွက်သွားပြီလို့ပြောတယ်၊ အခု Primark ဆိုရင် ဒီမှာချုပ်နေတာပဲ Primark ဆို ACT ထဲပါတယ်။ တကယ့်ကမ္ဘာ့ပြည်သူလူထုက သိနေတာက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ကဒီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဘူး၊ မချုပ်ဘူး၊ ဒီ brand တွေနောက် ဆုတ်သွားတယ်။ မဟုတ်ဘူးရှင့်။ ပိုပြီးတောင်ဆိုးနေတယ်။ ပုန်းလျှိုးဝှက်လျှိုး လုပ်တဲ့အခါကျတော့ သူတို့က ကြီးကြီးကျယ်ကျယ်ကြီး အပြင်မှာမပေါ်နေဘူး၊ ညလုံးပေါက် overtime ခေါ်တာတို့၊ သမဂ္ဂတွေဖြိုခွဲတာတို့၊ သူတို့လုပ်ချင်တာကို လုပ်ဖို့အတွက် စည်းဝါးရိုက်တာတို့၊ စစ်တပ်ကိုငွေပေးပြီး တဘက်လှည့်နဲ့ အဆင်ပြေအောင်လုပ်တာတို့ အဲဒါမျိုးချိုးဖောက်မှုတွေက အကြီးကြီးတွေဖြစ်နေတယ်။"

အာဏာသိမ်းပြီးတဲ့နောက်မှာ အလုပ်သမားအဖွဲ့ချုပ်တွေ အပါအဝင် အလုပ်သမားသမဂ္ဂတွေကို တရားမဝင်ကြောင်း စစ်ကောင်စီက ကြေညာပြီးတဲ့နောက်မှာ အလုပ် သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ပိုပြီးများခဲ့တာပါ။ ဒါတွေကို အလုပ်သမားတပ်ပေါင်းစုက EU မြန်မာရုံးကို တိုင်ကြားခဲ့ဖူးတယ်လို့ ပြောပါတယ်။ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကတော့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ လုပ်အား အဓမ္မစေခိုင်းခံရတဲ့ ပြည်တွင်းက အခြေအနေတွေကို စုံစမ်းဖို့အတွက် ၂၀၂၂၊ မတ်လ ၂၅ရက်မှာ ကော်မရှင်တခု ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးထားတဲ့ အထူးကုန်သွယ်ရေး အခွင့်အရေးကိုလည်း ဆက်ပြီးမပေးဖို့ အလုပ်သမားအဖွဲ့တွေက တောင်းဆိုနေပါတယ်။ အကြောင်းကတော့ ဒီအခွင့်အရေးဟာ လာရောက်ရင်းနှီးမြှုပ်နှံ့တဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုပဲ ပိုပြီးအကျိုးရှိနေပြီး အလုပ်သမားအခွင့်အရေးမှာတော့ ပိုပြီးကောင်းမွန်လာတာ မရှိဘူးလို့ သူတို့ကထောက်ပြထားပါတယ်။

XS
SM
MD
LG