သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ စစ္တပ္လိုလားသူမ်ား ေသဒဏ္စီရင္မႈေထာက္ခံဆႏၵျပ


ကိုဂ်င္မီ ကိုၿဖဳိးေဇယ်ာေသာ္တို႔ ၄ ဦးအတြက္ နယူးေယာက္က ဆႏၵျပပဲြေၾကာ္ျငာ

[[Zawgyi/Unicode]]

စစ္ေကာင္စီရဲ႕ ေသဒဏ္စီရင္မႈကို ကန႔္ကြက္တဲ့၊ ေထာက္ခံတဲ့ ဆႏၵျပပြဲေတြ ႏွစ္ဘက္စလုံးရွိေနပါတယ္။ ေသဒဏ္စီရင္ခံခဲ့ရသူ ေလးဦးအပါအဝင္ အၾကမ္းဖက္ခံေနရတဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြအတြက္ရည္႐ြယ္ၿပီး ရန္ကုန္အပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာ လွ်ပ္တျပက္ဆႏၵျပမႈေတြရွိသလို စစ္တပ္ေထာက္ခံတဲ့အဖြဲ႕ေတြကလည္း ရန္ကုန္ၿမိဳ႕လယ္မွာ ဒီေန႔ စုေဝးဆႏၵျပၾကပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္၊ ဒီမိုကေရစီအေရး လႈပ္ရွားသူ ဦးဂ်င္မီ၊ ကိုေအာင္သူရေဇာ္နဲ႔ ကိုလွမ်ိဳးေအာင္တို႔ကို စစ္ေကာင္စီက ေသဒဏ္စီရင္ခဲ့တာကို ကန႔္ကြက္ဆႏၵျပပြဲေတြ ရန္ကုန္ေနရာတခ်ိဳ႕မွာရွိေနသလို ေထာက္ခံဆႏၵျပတာေတြလည္း ရွိေနပါတယ္။ ကန႔္ကြက္ဆန႔္က်င္တဲ့ သပိတ္အင္အားစုေတြအေနနဲ႔ ဒီကိစၥကို ေသဒဏ္စီရင္တယ္လို႔မရႈျမင္ဘဲ မတရားသတ္ျဖတ္မႈလို႔ ျမင္တဲ့အတြက္ ဆႏၵျပပြဲေတြလုပ္ၿပီး ဆန႔္က်င္ေနတာလို႔ သပိတ္ေကာ္မတီတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ေသဒဏ္စီရင္မႈကို ေထာက္ခံတဲ့ လူတစုကလည္း ဒီေန႔ေသာၾကာေန႔ မနက္ ၉ နာရီေလာက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမွာေရွ႕မွာ ဆႏၵျပခဲ့ပါတယ္။ ဒီဆႏၵျပပြဲကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦလွေဆြဦးေဆာင္တယ္လို႔ ဆႏၵျပပြဲကိုမ်က္ျမင္ေတြ႕ခဲ့တဲ့ ေက်ာက္တံတားၿမိဳ႕ နယ္ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။ ဒီေထာက္ခံဆႏၵျပပြဲကို စစ္ေကာင္စီဘက္က လုံၿခဳံေရးအျပည့္အဝေပးခဲ့တယ္လို႔ သူကေျပာပါတယ္။

" ဒီ ႀကိဳးမိန႔္ေပးတဲ့ဟာကို ေထာက္ခံတယ္ေပါ့။ အဲလိုမ်ိဳးပုံစံမ်ိဳးနဲ႔ လာျပၾကတယ္။ မ်ားတယ္ဗ်။ လိုက္ထရပ္ေတြနဲ႔ ေတြ႕ရတာ ေတာ္ေတာ္မ်ားတယ္။ ဘယ္လိုေျပာမလဲ။ ဒီဟာႀကီးက သူတို႔က ေသခ်ာကာဗာလုပ္ေပးၿပီးေတာ့ကို၊ ကာဗာလုပ္ေပးတာေပါ့။ ပြင့္ပြင့္လင္းလင္းေျပာရရင္ မေကာင္းဘူးေပါ့ဗ်ာ။ ကားလမ္းေတြလည္းအကုန္က်ပ္၊ လူေတြလည္း သြားရလာရတာ ဒုကၡအကုန္ေရာက္တာေပါ့။ ဘူးလက္လွေဆြ လုပ္တာေပါ့။"

အၾကမ္းဖက္သတ္ျဖတ္မႈမ်ားႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ကမာၻသိေအာင္ထုတ္ေဖာ္ပြဲလို႔ ေခါင္းစဥ္တပ္ထားတဲ့ စင္ျမင့္ေပၚကေန ဦးလွေဆြက ေဟာေျပာလႈံ႕ေဆာ္ခဲ့တယ္လို႔ ေဒသခံတခ်ဳိ႕က ဗြီအိုေအကို ေျပာပါတယ္။ ဆႏၵျပသူဦးေရကေတာ့ ၁၀၀ အထက္မွာရွိႏိုင္တယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္က ေဒသခံေတြက ခန႔္မွန္းပါတယ္။

ယင္းမာပင္- ဆားလင္းႀကီး ေက်း႐ြာေပါင္းစုံသပိတ္ေကာ္မတီ ဦးေဆာင္သူတဦးကေတာ့ ဒါကိုစစ္ေကာင္စီဘက္က အခုလိုဆႏၵျပပြဲေတြ အျပန္အလွန္ျဖစ္ေနတဲ့အေပၚ သူ႔ရဲ႕အျမင္ကို ဗြီအိုေအကို ေျပာပါတယ္။

" ႏိုင္ငံေရးအရ သုံးသပ္မယ္ဆိုရင္ ဒါဟာစစ္ေကာင္စီရဲ႕တဘက္က ႏိုင္ငံေရးအရ အသာစီးရဖို႔အတြက္ သူတို႔ရဲ႕ေထာက္ခံပြဲ က်င္းပတယ္ဆိုတာကို က်ေနာ္တို႔ရႈျမင္လို႔ရတယ္။ ဓမၼဘက္ကရပ္တည္တဲ့ လူထုတိုက္ပြဲေတြက်ေတာ့ မတရားမႈကို ဆန႔္က်င္တယ္။ ဘယ္သူကမွပိုက္ဆံေပးစရာမလိုဘူး၊ ဘယ္သူမွ လိုက္ပါ ေျပာဆိုျခင္းမဟုတ္ဘူး။ ဘယ္သူမွ သပိတ္ေမွာက္ပါလို႔ ေျပာဆိုျခင္းမဟုတ္ဘဲ သူတို႔ရဲ႕ ရပ္တည္ခ်က္၊ မတရားမႈကို ဆန႔္က်င္ေတာ္လွန္စိတ္ေၾကာင့္ အာဏာရွင္စနစ္ကို ပ်က္သုန္းေစလိုတဲ့ လူထုရဲ႕ရပ္တည္ခ်က္ေၾကာင့္ ဒါဟာအေၾကာင္းအရာႏွစ္ခ်က္ က ရွင္းရွင္းလင္းလင္း ရႈျမင္တယ္ေပါ့ေနာ္။"

မေန႔က ရန္ကုန္မွာလုပ္တဲ့ စစ္ေကာင္စီကိုကန႔္ကြက္တဲ့ ဆႏၵျပမႈတခ်ိဳ႕ကိုေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ကားနဲ႔တိုက္ၿပီး ၿဖိဳခြဲတာတာမ်ိဳးေတြ ရွိခဲ့တယ္လို႔ ရန္ကုန္သပိတ္ေကာ္မတီ လူငယ္အင္အားစုေတြက ဗြီအိုေအကို ေျပာပါတယ္။ အင္းစိန္အက်ဥ္းေထာင္မွာလည္း ႏိုင္ငံေရးအက်ဥ္းသားေတြက ေသဒဏ္စီရင္တာကို ကန႔္ကြက္တဲ့အေနနဲ႔ မေန႔က ဇူလိုင္၂၈ ကစၿပီး ေထာင္တြင္းသပိတ္ ျပဳလုပ္ေနတယ္လို႔ အက်ဥ္းသားေတြရဲ႕ မိသားစုဝင္တခ်ိဳ႕က ေျပာပါတယ္။

ႏိုင္ငံေရးလႈပ္ရွားသူေလးေယာက္ကို စစ္ေကာင္စီက ေသဒဏ္စီရင္ခဲ့တဲ့အတြက္ ဂ်ာမနီႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဘာလင္ၿမိဳ႕မွာ ျမန္မာသံ႐ုံးတာဝန္ခံကို ၾကာသပေတးေန႔က ဆင့္ေခၚခဲ့ပါတယ္။ ကြပ္မ်က္တဲ့ကိစၥကို အျပင္းအထန္ရႈတ္ခ်ေၾကာင္းနဲ႔ ေသဒဏ္စီရင္တာေတြကိုလည္း ဆိုင္းငံ့ဖို႔၊ အၾကမ္းဖက္တာေတြ ရပ္တန႔္ဖို႔ေျပာခဲ့ေၾကာင္း ဂ်ာမနီႏိုင္ငံျခားေရးဌာနက Twitter မွာေရးသားထားပါတယ္။ အေမရိကန္၊ ၿဗိတိန္နဲ႔ ျပင္သစ္ပါဝင္တဲ့ ကမာၻ႔စီးပြားေရးအင္အားႀကီး G7 ႏိုင္ငံေတြကလည္း ဒီေသဒဏ္စီရင္မႈကို ျပစ္တင္ရႈတ္ခ်ထားပါတယ္။ အခုလို ေသဒဏ္အမိန႔္ခ်တာနဲ႔ ေသဒဏ္စီရင္မႈကို ဥပေဒလုပ္ထုံးလုပ္နည္းေတြအတိုင္း လုပ္ေဆာင္တာလို႔ စစ္ေကာင္စီက တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရန်ကုန်မှာ စစ်တပ်လိုလားသူများ သေဒဏ်စီရင်မှုထောက်ခံဆန္ဒပြ

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ကန့်ကွက်တဲ့၊ ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ နှစ်ဘက်စလုံးရှိနေပါတယ်။ သေဒဏ်စီရင်ခံခဲ့ရသူ လေးဦးအပါအဝင် အကြမ်းဖက်ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက်ရည်ရွယ်ပြီး ရန်ကုန်အပါအဝင် နေရာအတော်များများမှာ လျှပ်တပြက်ဆန္ဒပြမှုတွေရှိသလို စစ်တပ်ထောက်ခံတဲ့အဖွဲ့တွေကလည်း ရန်ကုန်မြို့လယ်မှာ ဒီနေ့ စုဝေးဆန္ဒပြကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဦးဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာကို ကန့်ကွက်ဆန္ဒပြပွဲတွေ ရန်ကုန်နေရာတချို့မှာရှိနေသလို ထောက်ခံဆန္ဒပြတာတွေလည်း ရှိနေပါတယ်။ ကန့်ကွက်ဆန့်ကျင်တဲ့ သပိတ်အင်အားစုတွေအနေနဲ့ ဒီကိစ္စကို သေဒဏ်စီရင်တယ်လို့မရှုမြင်ဘဲ မတရားသတ်ဖြတ်မှုလို့ မြင်တဲ့အတွက် ဆန္ဒပြပွဲတွေလုပ်ပြီး ဆန့်ကျင်နေတာလို့ သပိတ်ကော်မတီတချို့က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီရဲ့သေဒဏ်စီရင်မှုကို ထောက်ခံတဲ့ လူတစုကလည်း ဒီနေ့သောကြာနေ့ မနက် ၉ နာရီလောက် ရန်ကုန်မြို့တော်ခန်းမှာရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦလှဆွေဦးဆောင်တယ်လို့ ဆန္ဒပြပွဲကိုမျက်မြင်တွေ့ခဲ့တဲ့ ကျောက်တံတားမြို့ နယ် ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီထောက်ခံဆန္ဒပြပွဲကို စစ်ကောင်စီဘက်က လုံခြုံရေးအပြည့်အဝပေးခဲ့တယ်လို့ သူကပြောပါတယ်။

" ဒီ ကြိုးမိန့်ပေးတဲ့ဟာကို ထောက်ခံတယ်ပေါ့။ အဲလိုမျိုးပုံစံမျိုးနဲ့ လာပြကြတယ်။ များတယ်ဗျ။ လိုက်ထရပ်တွေနဲ့ တွေ့ရတာ တော်တော်များတယ်။ ဘယ်လိုပြောမလဲ။ ဒီဟာကြီးက သူတို့က သေချာကာဗာလုပ်ပေးပြီးတော့ကို၊ ကာဗာလုပ်ပေးတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် မကောင်းဘူးပေါ့ဗျာ။ ကားလမ်းတွေလည်းအကုန်ကျပ်၊ လူတွေလည်း သွားရလာရတာ ဒုက္ခအကုန်ရောက်တာပေါ့။ ဘူးလက်လှဆွေ လုပ်တာပေါ့။"

အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာသိအောင်ထုတ်ဖော်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ စင်မြင့်ပေါ်ကနေ ဦးလှဆွေက ဟောပြောလှုံ့ဆော်ခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဆန္ဒပြသူဦးရေကတော့ ၁၀၀ အထက်မှာရှိနိုင်တယ်လို့ ကျောက်တံတားမြို့နယ်က ဒေသခံတွေက ခန့်မှန်းပါတယ်။

ယင်းမာပင်- ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီ ဦးဆောင်သူတဦးကတော့ ဒါကိုစစ်ကောင်စီဘက်က အခုလိုဆန္ဒပြပွဲတွေ အပြန်အလှန်ဖြစ်နေတဲ့အပေါ် သူ့ရဲ့အမြင်ကို ဗွီအိုအေကို ပြောပါတယ်။

" နိုင်ငံရေးအရ သုံးသပ်မယ်ဆိုရင် ဒါဟာစစ်ကောင်စီရဲ့တဘက်က နိုင်ငံရေးအရ အသာစီးရဖို့အတွက် သူတို့ရဲ့ထောက်ခံပွဲ ကျင်းပတယ်ဆိုတာကို ကျနော်တို့ရှုမြင်လို့ရတယ်။ ဓမ္မဘက်ကရပ်တည်တဲ့ လူထုတိုက်ပွဲတွေကျတော့ မတရားမှုကို ဆန့်ကျင်တယ်။ ဘယ်သူကမှပိုက်ဆံပေးစရာမလိုဘူး၊ ဘယ်သူမှ လိုက်ပါ ပြောဆိုခြင်းမဟုတ်ဘူး။ ဘယ်သူမှ သပိတ်မှောက်ပါလို့ ပြောဆိုခြင်းမဟုတ်ဘဲ သူတို့ရဲ့ ရပ်တည်ချက်၊ မတရားမှုကို ဆန့်ကျင်တော်လှန်စိတ်ကြောင့် အာဏာရှင်စနစ်ကို ပျက်သုန်းစေလိုတဲ့ လူထုရဲ့ရပ်တည်ချက်ကြောင့် ဒါဟာအကြောင်းအရာနှစ်ချက် က ရှင်းရှင်းလင်းလင်း ရှုမြင်တယ်ပေါ့နော်။"

မနေ့က ရန်ကုန်မှာလုပ်တဲ့ စစ်ကောင်စီကိုကန့်ကွက်တဲ့ ဆန္ဒပြမှုတချို့ကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့တိုက်ပြီး ဖြိုခွဲတာတာမျိုးတွေ ရှိခဲ့တယ်လို့ ရန်ကုန်သပိတ်ကော်မတီ လူငယ်အင်အားစုတွေက ဗွီအိုအေကို ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေက သေဒဏ်စီရင်တာကို ကန့်ကွက်တဲ့အနေနဲ့ မနေ့က ဇူလိုင်၂၈ ကစပြီး ထောင်တွင်းသပိတ် ပြုလုပ်နေတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားသူလေးယောက်ကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့အတွက် ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာလင်မြို့မှာ မြန်မာသံရုံးတာဝန်ခံကို ကြာသပတေးနေ့က ဆင့်ခေါ်ခဲ့ပါတယ်။ ကွပ်မျက်တဲ့ကိစ္စကို အပြင်းအထန်ရှုတ်ချကြောင်းနဲ့ သေဒဏ်စီရင်တာတွေကိုလည်း ဆိုင်းငံ့ဖို့၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ပြောခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဌာနက Twitter မှာရေးသားထားပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်ပါဝင်တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G7 နိုင်ငံတွေကလည်း ဒီသေဒဏ်စီရင်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။ အခုလို သေဒဏ်အမိန့်ချတာနဲ့ သေဒဏ်စီရင်မှုကို ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်တာလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG