သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာကန႔္ကြက္မႈပယ္ခ်ဖို႔ ICJ ကို ဂမ္ဘီယာႏိုင္ငံေလွ်ာက္ထား


ICJ


[[Zawgyi/Unicode]]

ႏိုင္ငံတကာတရား႐ုံး (ICJ) မွာ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစြဲထားတာနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဘက္က ကန႔္ကြက္ထားတာကို ပယ္ခ်ေပးဖို႔ ဒီကေန႔ၾကားနာပြဲအတြင္း ဂမ္ဘီယာေရွ႕ေနခ်ဳပ္က ICJ မွာ တင္ျပသြားပါတယ္။ ျမန္မာႏိုင္ငံဘက္က ေထာက္ျပကန႔္ကြက္ေနသလိုမ်ိဳး ဂမ္ဘီယာႏိုင္ငံဟာ ဘယ္ႏိုင္ငံ ဘယ္အဖြဲ႔အစည္းကိုယ္စားမွ လုပ္ေဆာင္ေနတာမဟုတ္ဘူးလို႔လည္း အခိုင္အမာ ေျပာသြားပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြကို လူမ်ဳိးတံုးသတ္ျဖတ္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏုိင္ငံကို ICJ မွာ တရားစြဲထားတဲ့အမႈအတြက္ ဒီကေန႔မွာ ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္ထားတင္ျပတာပါ။ ဂမ္ဘီယာႏုိင္ငံဟာ လူမ်ဳိးတံုးသတ္ျဖတ္မႈ စြပ္စြဲခ်က္မွာ တိုက္႐ိုက္သက္ဆုိင္တဲ့ႏုိင္ငံမဟုတ္တဲ့အတြက္ ဒီလိုတရားစြဲဆိုပိုင္ခြင့္မရွိ တာေၾကာင့္ ICJ အေနနဲ႔ ပယ္ခ်ေပးဖို႔ ပထမတႀကိမ္မွာေရာ အခုတႀကိမ္မွာပါ ျမန္မာႏုိ္င္ငံဘက္က ICJ မွာ တင္ျပခဲ့ပါတယ္။

လူမ်ဳိးတံုးသတ္ျဖတ္မႈကို ကာကြယ္တားဆီးဖို႔ ႏုိင္ငံတကာမွာ တာဝန္ရွိတာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ႏွစ္မွာ ဂမ္ဘီယာအေနနဲ႔ ICJ မွာ ျမန္မာႏုိ္င္ငံကို တရားစြဲဆိုခဲ့တာျဖစ္ၿပီးေတာ့ ဒီအေပၚမွာ ကုလသမဂၢ၊ အစၥလာမ္မစ္ႏုိင္ငံမ်ားအဖြဲ႔ (OIC) နဲ႔ ႏုိင္ငံတကာက ေထာက္ခံထားၾကတဲ့အတြက္ ျမန္မာႏုိင္ငံရဲ႕ ကန္႔ကြက္ခ်က္ကို ပယ္ခ်ေပးဖို႔ ဂမ္ဘီယာေရွ႕ေနခ်ဳပ္ Dawda Jallow က ဒီကေန႔ ေျပာသြား ပါတယ္။

“ဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ခိ္ုင္လံုမႈမရွိတဲ့ ကနဦးကန္႔ကြက္ခ်က္ကို ဒီတရား႐ံုးကပယ္ခ်ၿပီး ေရွ႕ဆက္လုပ္ေဆာင္ေရး ဆံုးျဖတ္ခ်က္ ခ်ေပးပါ။”

ျမန္မာႏုိင္ငံရဲ႕ေခ်ပခ်က္ထဲမွာ ဂမ္ဘီယာႏိုင္ငံဟာ သူ႔သေဘာနဲ႔သူလုပ္တာမဟုတ္ဘဲ အစၥလမ္မစ္ႏုိင္္ငံမ်ားအဖြဲ႔ (OIC) ကိုယ္စား လုပ္ေဆာင္ေနတာျဖစ္တယ္ဆိုၿပီးေတာ့လည္း ေထာက္ျပထားပါတယ္။

ဒီတရား႐ံုးမွာ ဂမ္ဘီယာရဲ႕ေလွ်ာက္ထားခ်က္ကို OIC အဖြဲ႔ဝင္ ႏုိင္ငံ ၅၇ ႏုိင္ငံက တရားဝင္ေထာက္ခံေၾကာင္း ထုတ္ျပန္ခဲ့ၾကတာ ကို ဂမ္ဘီယာေရွ႕ေနခ်ဳပ္က ျပန္ေျပာခဲ့ၿပီး ဂမ္ဘီယာႏုိင္ငံဟာ ဘယ္ႏုိင္ငံ ဘယ္အဖြဲ႔ရဲ႕ ကိုယ္စားလွယ္အျဖစ္မွ လုပ္ေနတာ မဟုတ္ဘူးလို႔ အခုိင္အမာ ျငင္းဆိုသြားပါတယ္။

“က်ေနာ္တို႔ဟာ ဘယ္သူ႔ဘယ္သူရဲ႕ ၾကားခံကိုယ္စားလွယ္မွ မဟုတ္ပါဘူး။ က်ေနာ့္အရင္တာဝန္ယူခဲ့သူက ဒီတရား႐ံုးမွာ တင္ျပခဲ့သလိုပါပဲ။ ဒါဟာ ဂမ္ဘီယာနဲ႔ ျမန္မာႏုိင္ငံအၾကား အျငင္းပြားမႈျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာေတြရဲ႕အခြင့္အေရးကို အကာအကြယ္ေပးဖို႔ ႀကိဳးစားတာသာမဟုတ္ပါဘူး၊ လူမ်ဳိးတံုးသတ္ျဖတ္မႈကို မက်ဴးလြန္ဖို႔၊ လူမ်ဳိးတံုးသတ္ျဖတ္မႈျဖစ္ေအာင္ မလႈံ႔ေဆာ္ဖို႔၊ လူမ်ဳိးတံုး သတ္ျဖတ္မႈကိုတားဆီးဖို႔ ျမန္မာႏိုင္ငံအေနနဲ႔ တာဝန္ရွိတဲ့အတိုင္း လူမ်ဳိးတံုးသတ္ျဖတ္မႈ တားဆီးကာကြယ္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ဝင္ႏုိ္င္ငံတခုအေနနဲ႔ ကိုယ္တိုင္ရဲ႕အခြင့္ အေရးကို ကာကြယ္တာပါ။”

ICJ က ပထမတႀကိမ္မွာ ခ်မွတ္ေပးခဲ့တဲ့ ၾကားျဖတ္ စီမံေဆာင္ရြက္ခ်က္အမိန္႔ေၾကာင္ ႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က က်ဴးလြန္ခဲ့တဲ့ လူမ်ဳိးတံုးသတ္ျဖတ္မႈလုပ္ရပ္ေတြ ထပ္မျဖစ္ေအာင္ အကာအကြယ္ေပးႏုိ္င္ခဲ့တယ္လုိ႔ ဂမ္ဘီယာေရွ႕ေနခ်ဳပ္က ေထာက္ျပသြားပါတယ္။

ၿပီးခဲ့တဲ့ ၾကားနာပြဲတံုးကလည္း ျမန္မာႏုိင္ငံဟာ အခုတႀကိမ္ တရား႐ံုးမွာ တင္ျပတဲ့အတိုင္း အလားတူကန္႔ကြက္ခဲ့ၿပီး တရား႐ံုးက ၾကားျဖတ္ စီမံေဆာင္ရြက္ခ်က္ေတြ ခ်မွတ္ခဲ့တာေၾကာင့္ အဲဒီိအတိုင္းပဲ တရား႐ံုးအေနနဲ႔ ဒီတႀကိမ္မွာ ဆက္ၿပီးရပ္တည္ဖို႔လည္း တင္ျပသြားပါတယ္။

ျမန္မာႏိုင္ငံမွာ အခုဆိုရင္ တရားမွ်တမႈရွိဖို႔ိုဆိုတာ ပိုေတာင္ေဝးေနပါၿပီလို႔ ဂမ္ဘီယာေရွ႕ေနခ်ဳပ္ Dawda Jallow ကေျပာပါတယ္။

“ျမန္မာႏုိ္င္ငံတြင္းမွာ တရားမွ်တမႈရွိဖို႔ဆုိတာ မျဖစ္ႏို္င္ပါဘူး။ လူမ်ဳိးတံုးသတ္ျဖတ္မႈကို က်ဴးလြန္ထားတဲ့ ျမန္မာႏုိင္ငံအေနနဲ႔ ကိုယ့္ လုပ္ရပ္ကိုယ္ တာဝန္ခံမႈရွိဖို႔ ဒီတရား႐ံုးကပဲ လုပ္ေဆာင္ႏိုင္ပါတယ္။ တရားမွ်တမႈ ေႏွာင့္ေႏွးတာဟာ တရားမွ်တမႈကို ျငင္းပယ္ခံရတာပါပဲ။”

ဂမ္ဘီယာေရွ႕ေနခ်ဳပ္က တင္ျပၿပီးတဲ့ေနာက္ ဂမ္ဘီယာႏုိင္ငံက ငွားရမ္းထားတဲ့ ေရွ႕ေနေတြက တရား႐ံုးမွာ ဆက္ၿပီး တင္ျပၾကပါတယ္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ျမန္မာစစ္ေကာင္စီဘက္က အရင္တင္ျပခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မွာ ဂမ္ဘီယာႏုိင္ငံက တင္ျပတာပါ။ အဲဒီေနာက္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ နယ္သာလန္စံေတာ္ခ်ိန္ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ျမန္မာဘက္က ဒုတိယ အေက်ာ့ တင္ျပမွာျဖစ္ၿပီး ၂၈ ရက္ေန႔ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ဂမ္ဘီယာဘက္က ဒုတိယအေက်ာ့ တင္ျပမွာျဖစ္ပါ တယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက်ထား

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားတာကို ပယ်ချပေးဖို့ ဒီကနေ့ကြားနာပွဲအတွင်း ဂမ်ဘီယာရှေ့နေချုပ်က ICJ မှာ တင်ပြသွားပါတယ်။ မြန်မာနိုင်ငံဘက်က ထောက်ပြကန့်ကွက်နေသလိုမျိုး ဂမ်ဘီယာနိုင်ငံဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကိုယ်စားမှ လုပ်ဆောင်နေတာမဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောသွားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတဲ့အမှုအတွက် ဒီကနေ့မှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားတင်ပြတာပါ။ ဂမ်ဘီယာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်မှာ တိုက်ရိုက်သက်ဆိုင်တဲ့နိုင်ငံမဟုတ်တဲ့အတွက် ဒီလိုတရားစွဲဆိုပိုင်ခွင့်မရှိ တာကြောင့် ICJ အနေနဲ့ ပယ်ချပေးဖို့ ပထမတကြိမ်မှာရော အခုတကြိမ်မှာပါ မြန်မာနိုင်ငံဘက်က ICJ မှာ တင်ပြခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးဖို့ နိုင်ငံတကာမှာ တာဝန်ရှိတာကြောင့် လွန်ခဲ့တဲ့နှစ်နှစ်မှာ ဂမ်ဘီယာအနေနဲ့ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ပြီးတော့ ဒီအပေါ်မှာ ကုလသမဂ္ဂ၊ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) နဲ့ နိုင်ငံတကာက ထောက်ခံထားကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို ပယ်ချပေးဖို့ ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow က ဒီကနေ့ ပြောသွား ပါတယ်။

“ဒါကြောင့် မြန်မာနိုင်ငံရဲ့ ခိုင်လုံမှုမရှိတဲ့ ကနဦးကန့်ကွက်ချက်ကို ဒီတရားရုံးကပယ်ချပြီး ရှေ့ဆက်လုပ်ဆောင်ရေး ဆုံးဖြတ်ချက် ချပေးပါ။”

မြန်မာနိုင်ငံရဲ့ချေပချက်ထဲမှာ ဂမ်ဘီယာနိုင်ငံဟာ သူ့သဘောနဲ့သူလုပ်တာမဟုတ်ဘဲ အစ္စလမ်မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား လုပ်ဆောင်နေတာဖြစ်တယ်ဆိုပြီးတော့လည်း ထောက်ပြထားပါတယ်။

ဒီတရားရုံးမှာ ဂမ်ဘီယာရဲ့လျှောက်ထားချက်ကို OIC အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံက တရားဝင်ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ကြတာ ကို ဂမ်ဘီယာရှေ့နေချုပ်က ပြန်ပြောခဲ့ပြီး ဂမ်ဘီယာနိုင်ငံဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ်မှ လုပ်နေတာ မဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုသွားပါတယ်။

“ကျနော်တို့ဟာ ဘယ်သူ့ဘယ်သူရဲ့ ကြားခံကိုယ်စားလှယ်မှ မဟုတ်ပါဘူး။ ကျနော့်အရင်တာဝန်ယူခဲ့သူက ဒီတရားရုံးမှာ တင်ပြခဲ့သလိုပါပဲ။ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြား အငြင်းပွားမှုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ကြိုးစားတာသာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို မကျူးလွန်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မလှုံ့ဆော်ဖို့၊ လူမျိုးတုံး သတ်ဖြတ်မှုကိုတားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ကိုယ်တိုင်ရဲ့အခွင့် အရေးကို ကာကွယ်တာပါ။”

ICJ က ပထမတကြိမ်မှာ ချမှတ်ပေးခဲ့တဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်ကြောင် ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ထပ်မဖြစ်အောင် အကာအကွယ်ပေးနိုင်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေချုပ်က ထောက်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ကြားနာပွဲတုံးကလည်း မြန်မာနိုင်ငံဟာ အခုတကြိမ် တရားရုံးမှာ တင်ပြတဲ့အတိုင်း အလားတူကန့်ကွက်ခဲ့ပြီး တရားရုံးက ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ချမှတ်ခဲ့တာကြောင့် အဲဒီအတိုင်းပဲ တရားရုံးအနေနဲ့ ဒီတကြိမ်မှာ ဆက်ပြီးရပ်တည်ဖို့လည်း တင်ပြသွားပါတယ်။

မြန်မာနိုင်ငံမှာ အခုဆိုရင် တရားမျှတမှုရှိဖို့ိုဆိုတာ ပိုတောင်ဝေးနေပါပြီလို့ ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow ကပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ တရားမျှတမှုရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ့် လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိဖို့ ဒီတရားရုံးကပဲ လုပ်ဆောင်နိုင်ပါတယ်။ တရားမျှတမှု နှောင့်နှေးတာဟာ တရားမျှတမှုကို ငြင်းပယ်ခံရတာပါပဲ။”

ဂမ်ဘီယာရှေ့နေချုပ်က တင်ပြပြီးတဲ့နောက် ဂမ်ဘီယာနိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေတွေက တရားရုံးမှာ ဆက်ပြီး တင်ပြကြပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာစစ်ကောင်စီဘက်က အရင်တင်ပြခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ ဂမ်ဘီယာနိုင်ငံက တင်ပြတာပါ။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နယ်သာလန်စံတော်ချိန် နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယ အကျော့ တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါ တယ်။
================

XS
SM
MD
LG