သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ASEAN စာနာကူညီမှု ICRC ထည့်သွင်းဖို့ မလေးနိုင်ငံခြားရေးဝန်ကြီး အဆိုပြု


ADAMAWA: International Red Cross ICRC Logo
ADAMAWA: International Red Cross ICRC Logo

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွက် ASEAN က လူသားချင်းစာနာတဲ့ အကူအညီတွေပေးတဲ့အဖွဲ့ထဲမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကိုလည်း ထည့်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah ကပြောကြားလိုက်ပါတယ်။

မလေးရှားမှာ ICRC လုပ်ငန်းတွေ အနှစ် ၅၀ ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ခုလိုပြောကြားခဲ့တဲ့ကြောင်း Malay Mail သတင်းကဖော်ပြပါတယ်။ သဘာဝဘေးဒဏ်ခံရသူတွေကို အကူအညီပေးတဲ့နေရာမှာ အာဆီယံရဲ့ AHA ကူညီထောက်ပံ့ရေးညှိနှိုင်းရေးစင်တာက အတွေ့အကြုံရှိပေမယ့် မြန်မာနိုင်ငံလို လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ နေရာမျိုးကို အကူအညီပို့ဆောင်ဖို့ အတွေ့အကြုံမရှိဘူးလို့ သူက မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ နက်ဖြန်စတင်ကျင်းပမယ့် Shangri-La Dialogue ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ အခြေအနေအကြောင်း ဆွေးနွေးမယ့် အထူးအစီအစဉ်ပါ တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Saifuddin ကပြောကြားပါတယ်။

မြန်မာနိုင်ငံရှေ့ဆက်နိုင်မယ့်နည်းလမ်းရှာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စနေနေ့မှာ ပြုလုပ်မယ့် အထူးဆွေးနွေးမှုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေး Derek Chollet တို့ပါဝင်ဆွေးနွေးကြမယ့်အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Dr Noeleen Heyzer ကလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေးကိစ္စတွေ ပါဝင်ဆွေးနွေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံက လူသားချင်းစာနာတဲ့အကူအညီပေးတဲ့အခါ စစ်ကောင်စီဦးဆောင်တဲ့အစီအစဉ်နဲ့ပေးမယ့်အပေါ် ပြည်တွင်းနဲ့ ပြည်ပက အဖွဲ့အစည်း ၇၆၀ ကျော်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။ အာဆီယံညှိုှုနှိုင်းရေးစင်တာ AHA ကတော့ အာဆီယံပေးမယ့် အကူအညီတွေကို တကယ်လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ ရောက်အောင် ပို့ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

#MyanmarHumanitarianAssisitance #MyanmarASEAN #VOABurmese #လူသားချင်းစာနာမှုအကူအညီ #မြန်မာအာဆီယံ #နိုင်ငံတကာကြက်ခြေနီအဖွဲ့ #ဗွီအိုအေ

=============

[[Unicode]]








=============

XS
SM
MD
LG