သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာလူသားခ်င္းစာနာမႈ အာဆီယံအစည္းအေဝး ကုလကိုယ္စားလွယ္ႀကိဳဆို


႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္  Noeleen Heyzer

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံရဲ႕ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီေပးေရးမွာ ပါဝင္ ေဆာင္႐ြက္ၾကသူ အားလုံး လုံၿခဳံစိတ္ခ်ၿပီး အဟန႔္အတားမရွိ ေဆာင္႐ြက္ႏိုင္ေရးဟာ ေစ့စပ္ညႇိဳႏႈိင္းဖို႔ မလိုေလာက္ေအာင္ အေရးႀကီးတဲ့အခ်က္ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ က ေျပာၾကားလိုက္ပါတယ္။

ေမလ ၆ ရက္ေန႔မွာ က်င္းပမယ့္ အာဆီယံ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး အတိုင္ပင္ခံ အစည္းအေဝးကို ႀကိဳဆိုတဲ့ထုတ္ျပန္ခ်က္မွာ Noeleen Heyzer က ခုလို ေျပာလိုက္တာပါ။ အကူအညီ လိုအပ္ေနတဲ့ အသိုက္အဝန္းကို ထိထိေရာက္ေရာက္ ေပးႏိုင္ဖို႔အတြက္ ေဒသဆိုင္ရာ လူသားခ်င္း စာနာေထာက္ထားေရး ကြန္ယက္အမ်ိဳးမ်ိဳးနဲ႔ မူအေျခခံ ဆက္ဆံလုပ္ကိုင္ေရးကို ဦးစားေပးၾကဖို႔လည္း အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ အလႉရွင္ေတြကို တိုက္တြန္းလိုက္ပါတယ္။ လြန္ခဲ့တဲ့လအနည္းငယ္အတြင္းမွာ ကုလသမဂၢအထူးကိုယ္စားလွယ္ဟာ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ေဒသႏၲရ လူမႈ ကြန္ယက္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ေဒသခံအဖြဲ႔အစည္းေတြဟာ ႏိုင္ငံတကာလူသားခ်င္း စာနာေထာက္ထားေရး ဥပေဒနဲ႔ မူေတြကို အျမင့္မားဆုံး ႐ိုေသေလးစားဖို႔လိုတယ္လို႔လည္း ေၾကညာခ်က္က ဆိုပါတယ္။ ႏိုင္ငံေရးရည္႐ြယ္ခ်က္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို အသုံးမခ်ဖို႔ အေရးတႀကီးလိုအပ္သလို အကူအညီေပးတာေၾကာင့္ စစ္ေရး အေျခခံအေဆာက္အအုံေတြကို တရားဝင္အသိအမွတ္ျပဳတာမ်ိဳးလည္း မျဖစ္ေစရဘူးလို႔ ေၾကညာခ်က္က သတိေပးထားပါတယ္။ ရံပုံေငြပိုၿပီး လိုအပ္သလို အလႉေငြကို အသုံးျပဳရာမွာ အလႉရွင္ေတြအေနနဲ႔ ေပ်ာ့ေပ်ာင္းမႈရွိဖို႔ လိုအပ္တယ္လိုလည္း ေၾကညာခ်က္မွာ ေျပာထားပါတယ္။

အမ်ိဳးသမီးေတြနဲ႔ ကေလးေတြအေပၚ လက္ရွိ ပဋိပကၡရဲ႕ သက္ေရာက္မႈကိုလည္း ေၾကညာခ်က္က အေလးထား ေထာက္ျပထားၿပီး လူသားခ်င္း စာနာေထာက္ထားမႈအကူအညီနဲ႔ အကာအကြယ္ေပးေရး၊ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးေတြ အေရးေပၚလိုအပ္ေနတာကိုလည္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာလူသားချင်းစာနာမှု အာဆီယံအစည်းအဝေး ကုလကိုယ်စားလှယ်ကြိုဆို


မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးမှာ ပါဝင် ဆောင်ရွက်ကြသူ အားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ရေးဟာ စေ့စပ်ညှိုနှိုင်းဖို့ မလိုလောက်အောင် အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် က ပြောကြားလိုက်ပါတယ်။

မေလ ၆ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးကို ကြိုဆိုတဲ့ထုတ်ပြန်ချက်မှာ Noeleen Heyzer က ခုလို ပြောလိုက်တာပါ။ အကူအညီ လိုအပ်နေတဲ့ အသိုက်အဝန်းကို ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ဒေသဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ကွန်ယက်အမျိုးမျိုးနဲ့ မူအခြေခံ ဆက်ဆံလုပ်ကိုင်ရေးကို ဦးစားပေးကြဖို့လည်း အာဆီယံ ခေါင်းဆောင်တွေနဲ့ အလှူရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသန္တရ လူမှု ကွန်ယက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေသခံအဖွဲ့အစည်းတွေဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားရေး ဥပဒေနဲ့ မူတွေကို အမြင့်မားဆုံး ရိုသေလေးစားဖို့လိုတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အသုံးမချဖို့ အရေးတကြီးလိုအပ်သလို အကူအညီပေးတာကြောင့် စစ်ရေး အခြေခံအဆောက်အအုံတွေကို တရားဝင်အသိအမှတ်ပြုတာမျိုးလည်း မဖြစ်စေရဘူးလို့ ကြေညာချက်က သတိပေးထားပါတယ်။ ရံပုံငွေပိုပြီး လိုအပ်သလို အလှူငွေကို အသုံးပြုရာမှာ အလှူရှင်တွေအနေနဲ့ ပျော့ပျောင်းမှုရှိဖို့ လိုအပ်တယ်လိုလည်း ကြေညာချက်မှာ ပြောထားပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် လက်ရှိ ပဋိပက္ခရဲ့ သက်ရောက်မှုကိုလည်း ကြေညာချက်က အလေးထား ထောက်ပြထားပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီနဲ့ အကာအကွယ်ပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတွေ အရေးပေါ်လိုအပ်နေတာကိုလည်း ပြောထားပါတယ်။

=============

XS
SM
MD
LG