သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူသားခ်င္းစာနာကူညီမႈမ်ား ေဘးကင္းစြာေပးအပ္ႏိုင္ေရး WFP ေဆာ္ဩ


ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္ WFP က ေရးေဘးသင့္ျပည္သူေတြအတြက္ ေထာက္ပံ့ေပးေနတဲ့ ရိကၡာပစၥည္းေတြကို မေကြးတုိင္းေဒသႀကီးအတြင္း၊ ေရစႀကိဳၿမိဳ႕နယ္စု၊ ပခန္းႀကီးၿမိဳ႕မွာေတြ႔ရစဥ္။ (ဓာတ္ပံု-WFP/ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ဗြီအိုေအ (ျမန္မာပိုင္း) ဆက္သြယ္ေမးျမန္းခ်က္ကို ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Mr. Stephen Anderson ေျဖၾကားခ်က္။

VOA။ ။ WFP အေနနဲ႔ ေညာင္ေ႐ႊ၊ ပင္းတယနဲ႔ ေတာင္ႀကီးမွာ ခိုလႈံေနတဲ့ စစ္ေရွာင္ေတြကို စားနပ္ရိကၡာ ျဖန႔္ျဖဴးေပးေနတယ္လို႔ သိရတယ္။ တျခားေဒသေတြမွာရွိေနတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ေရာ ဘယ္လိုအစီအစဥ္ေတြနဲ႔ ေထာက္ပံ့သြားဖို႔ ရွိလဲ။

Mr. Stephen Anderson။ ။ “က်ေနာ္တို႔ WFP အေနနဲ႔ ျမန္မာႏိုင္ငံတဝွမ္း ပဋိပကၡနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ထိခိုက္နစ္နာခဲ့ရတဲ့ လူသားခ်င္းစာနာမႈအကူအညီ လိုအပ္ေနသူတိုင္းဆီ သြားေရာက္အကူအညီေပးဖြင့္ရရွိဖို႔ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ မၾကာေသးမီ ရက္သတၱပတ္ေတြနဲ႔ လပိုင္းေတြအတြင္းမွာ WFP က ခ်င္းျပည္နယ္ မင္းတပ္၊ မေကြးတိုင္း ေဒသႀကီး ေက်ာက္ထုနဲ႔ မၾကာေသးမီကဆိုရင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ ေ႐ႊ၊ ပင္းတယ၊ ေတာင္ႀကီး ၿမိဳ႕နယ္ေတြ၊ ကယားျပည္နယ္ လြိဳင္ေကာ္ စတဲ့ ပဋိပကၡ ထိခိုက္မႈ ျပင္းထန္တဲ့ ‌ေနရာေဒသေတြဆီ သြားေရာက္ကူညီခြင့္ရရွိခဲ့ပါတယ္။

...ဥပမာအေနနဲ႔ အခုဆိုရင္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နဲ႔ ၿမိဳ႕အနီးတဝိုက္က ပဋိပကၡဒဏ္သင့္ျပည္သူ ၈၀,၀၀၀ အတြက္ စားနပ္ရိကၡာနဲ႔ အာဟာရအေထာက္အပံ့ေတြကို ျဖန႔္ေဝေပးေနပါၿပီ။ တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းေျမာက္ႏွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္းတို႔က တိုက္ပြဲေရွာင္ေတြနဲ႔ အျခား ထိခိုက္လြယ္သူေပါင္း လူဦးေရ ၃၆၀,၀၀၀ ခန႔္ဟာ WFP ရဲ႕ လစဥ္ ေထာက္ပံ့မႈေတြကို ဆက္လက္ ရရွိေနပါတယ္။ လတ္တေလာကာလပိုင္းအတြင္းမွာ က်ေနာ္တို႔အေနနဲ႔ လိုအပ္ေနတဲ့ ေနရာေဒသေတြဆီ သြားေရာက္အကူအညီေပးခြင့္ အနည္းငယ္ တိုးတက္ရရွိခဲ့တာအမွန္ပါပဲ။ ဒါေပမယ့္လည္း ပဋိပကၡႏွင့္ အၾကမ္းဖက္မႈေတြေၾကာင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ၾကရတဲ့သူေတြနဲ႔ ထိခိုက္ခံခဲ့ရၾကရတဲ့သူေတြ အမ်ားစုဆီကိုေတာ့ WFP အပါအဝင္ လူသားခ်င္းစာနာမႈဆိုင္ရာ မိတ္ဖက္အဖြဲ႕အစည္းအမ်ားစုအေနနဲ႔ လက္လွမ္းမမီႏိုင္ေသးပါဘူး။

ဒါေၾကာင့္လည္း ပဋိပကၡျဖစ္ပြားရာေဒသမ်ားအားလုံးထံ လူသားခ်င္းစာနာမႈ အကူအညီေတြ ေဘးကင္းစြာနဲ႔ စဥ္ဆက္မျပတ္ပဲ သြားေရာက္ေပးအပ္ႏိုင္ခြင့္ရဖို႔ က်ေနာ္တို႔ ေဆာ္ၾသေနပါတယ္။ ဒါမွလည္း အကူအညီလိုအပ္ေနသူအေယာက္ဆီတိုင္းထံကို လူသားခ်င္းစာနာမႈ အကူအညီေတြကို ဘက္လိုက္မႈမရွိဘဲ စံခ်ိန္စံႏႈန္းေတြနဲ႔အညီ ေပးအပ္ႏိုင္မွာျဖစ္ပါတယ္။”

VOA။ ။ ေနာက္တခုက WFP အေနနဲ႔ ဒုကၡသည္ေတြရွိတဲ့ေနရာအထိ ေျမျပင္အေျခအေနကို သြားၾကည့္ခဲ့တယ္ဆိုေတာ့ သူတို႔အတြက္ ဘာေတြ အဓိကလိုအပ္ေနလဲ။ သူတိုရဲ႕အခက္အခဲေတြက ဘာေတြျဖစ္ေနလဲ။

Mr. Stephen Anderson။ ။ “ကယားျပည္နယ္က တိုက္ပြဲေရွာင္ျပည္သူေတြကို ေတြ႔တဲ့အခါ သူတို႔မ်က္လုံးထဲမွာ ဝမ္းနည္းမႈေတြေရာ၊ ႀကံ့ႀကံ့ခံႏိုင္စြမ္းကိုေရာ က်ေနာ္ တြ႕ျမင္ခဲ့ရတယ္။ အမ်ားစုက သူတို႔ရဲ႕ ေနအိမ္ေတြ၊ လယ္ယာေတြနဲ႔ ပိုင္ ဆိုင္မႈအားလုံးနီးပါး ဆုံးရႈံးခဲ့ရတယ္။ ေနာက္ၿပီးေတာ့ သူတို႔ အခုေရာက္ေနတဲ့ေနရာကို ေရာက္ႏိုင္ဖို႔အတြက္ ေတာ္ေတာ္ေဝးေဝးလာခဲ့ၾကရတာ။ အမ်ားစုကေတာ့ တေနရာကေန တေနရာကို ေျပာင္းေ႐ႊ႕လာၾကရင္းနဲ႔ ဘာပစၥည္းမွကို မက်န္ေတာ့တာပါ။ လတ္တေလာ အေျခခ်ထားတဲ့ေနရာေတြက ေနေရးထိုင္ေရးအေျခအေနကေတာ့ တကယ့္ကို ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ ဆင္းဆင္းရဲရဲပါပဲ။ မိသားစုေတာ္ေတာ္မ်ားမ်ားက တကိုယ္ေရသန႔္ရွင္းမႈ မရွိတဲ့ ယာယီတဲေတြမွာပဲ ေနထိုင္ေနၾကရရွာတယ္။

သူတို႔မွာ အခုဆို ဝင္ေငြမရွိၾကတဲ့အျပင္ စုေဆာင္းထားတဲ့ေငြအားလုံးနီးပါး ဆုံးရႈံးသြားခဲ့ရတယ္။ ကေလးေတြ၊ အမ်ိဳးသမီးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ မသန္စြမ္းသူေတြလို ထိခိုက္လြယ္တဲ့လူေတြအတြက္ အကာအကြယ္ေပးေရးဆိုင္ရာ အႏၲရာယ္စိန္ေခၚခ်က္ေတြလည္း ႀကီးႀကီးမားမား ရွိေနပါတယ္။ ဒါေပမယ့္ တိုက္ပြဲေရွာင္ အမ်ားအျပားၾကားမွာ ျဖစ္သမွ်ကို အေကာင္းဆုံးရင္ဆိုင္မယ္ဆိုတဲ့ ခြန္အားနဲ႔ ႀကံ့ႀကံ့ခံႏိုင္တဲ့စိတ္ဓါတ္ကို က်ေနာ္ ေတြ႕ခဲ့ရတယ္။

မိဘေတြဆိုရင္လည္း သူတို႔ရဲ႕ သားသမီးေတြအတြက္ အားတင္းၿပီး ႀကိဳးစားရပ္တည္ေနတာကို ေတြ႕ရေတာ့ က်ေနာ္ ေတာ္ေတာ္ေလး စိတ္ခံစားရတယ္။ သူတို႔ ကေလးေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ရွိဖို႔ ေမွ်ာ္လင့္ခ်က္ကိုေတာ့ သူတို႔ဆုပ္ကိုင္ထားတုန္းပါပဲ။ လက္ရွိမွာ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ေဒသခံ ေစတနာရွင္ေတြ၊ WFP နဲ႔ အျခားအဖြဲ႕အစည္းေတြကေန စားနပ္ရိကၡာနဲ႔ အေျခခံပစၥည္းေတြကို ေထာက္ပံ့ေပးထားေပမယ့္လည္း တိုက္ပြဲေရွာင္ေတြအေနနဲ႔ ဒီအခက္ အခဲေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္ဖို႔နဲ႔ ကိုယ့္ေျခေထာက္ေပၚကိုယ္ ျပန္လည္ရပ္တိုင္လာႏိုင္ဖို႔အတြက္ ပံ့ပိုးမႈေတြအမ်ားႀကီးလိုအပ္ေနပါေသးတယ္။ စားနပ္ရိကၡာအျပင္တျခား အဓိကလိုအပ္ခ်က္ေတြကေတာ့ က်န္းမာေရး အေစာင့္အေရွာက္၊ အမိုးအကာ၊ ေရနဲ႔ သန႔္ရွင္းေရးတို႔ ပဲျဖစ္ပါတယ္။”

VOA။ ။ လက္ရွိအေနအထားမွာေတာ့ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရသူေတြ တိုးပြားလာၿပီး လူသားခ်င္းစာနာမႈ အက်ပ္အတည္းဟာ ႀကီးထြားလာေနတယ္လို႔ WFP ဌာန ကိုယ္စားလွယ္ကေျပာပါတယ္။ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရသူေတြနဲ႔ ထိခိုက္ခံစားခဲ့ရသူအမ်ားစုဆီကိုလည္း လူသားခ်င္းစာနာမႈ အကူအညီေတြ ေရာက္ရွိႏိုင္ျခင္းမရွိေသးဘူးလို႔ ဗြီအိုေအက ေျပာပါတယ္။ အခုလိုအခ်ိန္ဟာ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ႏိုင္ငံတကာအသိုင္းအဝန္းဆီက တသားတည္းရပ္တည္မႈနဲ႔ ပံ့ပိုးကူညီမႈေတြကို အရင္ကထက္ ပိုမိုလိုအပ္လို႔ေနတဲ့ အခ်ိန္တစ္ခုျဖစ္တယ္လို႔လည္း WFP ဌာေနကိုယ္စားလွယ္က ဗြီအိုေအကို ေျပာခဲ့ပါတယ္။

#MyanmarHumanitarianAssistance #WFPMyanmar #VOABurmese
============

[[Unicode]]

လူသားချင်းစာနာကူညီမှုများ ဘေးကင်းစွာပေးအပ်နိုင်ရေး WFP ဆော်ဩ


ဗွီအိုအေ (မြန်မာပိုင်း) ဆက်သွယ်မေးမြန်းချက်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ဖြေကြားချက်။

VOA။ ။ WFP အနေနဲ့ ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေတယ်လို့ သိရတယ်။ တခြားဒေသတွေမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်ရော ဘယ်လိုအစီအစဉ်တွေနဲ့ ထောက်ပံ့သွားဖို့ ရှိလဲ။

Mr. Stephen Anderson။ ။ “ကျနော်တို့ WFP အနေနဲ့ မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတိုင်းဆီ သွားရောက်အကူအညီပေးဖွင့်ရရှိဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ မကြာသေးမီ ရက်သတ္တပတ်တွေနဲ့ လပိုင်းတွေအတွင်းမှာ WFP က ချင်းပြည်နယ် မင်းတပ်၊ မကွေးတိုင်း ဒေသကြီး ကျောက်ထုနဲ့ မကြာသေးမီကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင် ရွှေ၊ ပင်းတယ၊ တောင်ကြီး မြို့နယ်တွေ၊ ကယားပြည်နယ် လွိုင်ကော် စတဲ့ ပဋိပက္ခ ထိခိုက်မှု ပြင်းထန်တဲ့ ‌နေရာဒေသတွေဆီ သွားရောက်ကူညီခွင့်ရရှိခဲ့ပါတယ်။

...ဥပမာအနေနဲ့ အခုဆိုရင် ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ မြို့အနီးတဝိုက်က ပဋိပက္ခဒဏ်သင့်ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို ဖြန့်ဝေပေးနေပါပြီ။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့က တိုက်ပွဲရှောင်တွေနဲ့ အခြား ထိခိုက်လွယ်သူပေါင်း လူဦးရေ ၃၆၀,၀၀၀ ခန့်ဟာ WFP ရဲ့ လစဉ် ထောက်ပံ့မှုတွေကို ဆက်လက် ရရှိနေပါတယ်။ လတ်တလောကာလပိုင်းအတွင်းမှာ ကျနော်တို့အနေနဲ့ လိုအပ်နေတဲ့ နေရာဒေသတွေဆီ သွားရောက်အကူအညီပေးခွင့် အနည်းငယ် တိုးတက်ရရှိခဲ့တာအမှန်ပါပဲ။ ဒါပေမယ့်လည်း ပဋိပက္ခနှင့် အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရတဲ့သူတွေနဲ့ ထိခိုက်ခံခဲ့ရကြရတဲ့သူတွေ အများစုဆီကိုတော့ WFP အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းအများစုအနေနဲ့ လက်လှမ်းမမီနိုင်သေးပါဘူး။

ဒါကြောင့်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများအားလုံးထံ လူသားချင်းစာနာမှု အကူအညီတွေ ဘေးကင်းစွာနဲ့ စဉ်ဆက်မပြတ်ပဲ သွားရောက်ပေးအပ်နိုင်ခွင့်ရဖို့ ကျနော်တို့ ဆော်သြနေပါတယ်။ ဒါမှလည်း အကူအညီလိုအပ်နေသူအယောက်ဆီတိုင်းထံကို လူသားချင်းစာနာမှု အကူအညီတွေကို ဘက်လိုက်မှုမရှိဘဲ စံချိန်စံနှုန်းတွေနဲ့အညီ ပေးအပ်နိုင်မှာဖြစ်ပါတယ်။”

VOA။ ။ နောက်တခုက WFP အနေနဲ့ ဒုက္ခသည်တွေရှိတဲ့နေရာအထိ မြေပြင်အခြေအနေကို သွားကြည့်ခဲ့တယ်ဆိုတော့ သူတို့အတွက် ဘာတွေ အဓိကလိုအပ်နေလဲ။ သူတိုရဲ့အခက်အခဲတွေက ဘာတွေဖြစ်နေလဲ။

Mr. Stephen Anderson။ ။ “ကယားပြည်နယ်က တိုက်ပွဲရှောင်ပြည်သူတွေကို တွေ့တဲ့အခါ သူတို့မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေရော၊ ကြံ့ကြံ့ခံနိုင်စွမ်းကိုရော ကျနော် တွ့မြင်ခဲ့ရတယ်။ အများစုက သူတို့ရဲ့ နေအိမ်တွေ၊ လယ်ယာတွေနဲ့ ပိုင် ဆိုင်မှုအားလုံးနီးပါး ဆုံးရှုံးခဲ့ရတယ်။ နောက်ပြီးတော့ သူတို့ အခုရောက်နေတဲ့နေရာကို ရောက်နိုင်ဖို့အတွက် တော်တော်ဝေးဝေးလာခဲ့ကြရတာ။ အများစုကတော့ တနေရာကနေ တနေရာကို ပြောင်းရွှေ့လာကြရင်းနဲ့ ဘာပစ္စည်းမှကို မကျန်တော့တာပါ။ လတ်တလော အခြေချထားတဲ့နေရာတွေက နေရေးထိုင်ရေးအခြေအနေကတော့ တကယ့်ကို ချို့ချို့ငဲ့ငဲ့ ဆင်းဆင်းရဲရဲပါပဲ။ မိသားစုတော်တော်များများက တကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ ယာယီတဲတွေမှာပဲ နေထိုင်နေကြရရှာတယ်။

သူတို့မှာ အခုဆို ဝင်ငွေမရှိကြတဲ့အပြင် စုဆောင်းထားတဲ့ငွေအားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေလို ထိခိုက်လွယ်တဲ့လူတွေအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အန္တရာယ်စိန်ခေါ်ချက်တွေလည်း ကြီးကြီးမားမား ရှိနေပါတယ်။ ဒါပေမယ့် တိုက်ပွဲရှောင် အများအပြားကြားမှာ ဖြစ်သမျှကို အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့ ခွန်အားနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓါတ်ကို ကျနော် တွေ့ခဲ့ရတယ်။

မိဘတွေဆိုရင်လည်း သူတို့ရဲ့ သားသမီးတွေအတွက် အားတင်းပြီး ကြိုးစားရပ်တည်နေတာကို တွေ့ရတော့ ကျနော် တော်တော်လေး စိတ်ခံစားရတယ်။ သူတို့ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရှိဖို့ မျှော်လင့်ချက်ကိုတော့ သူတို့ဆုပ်ကိုင်ထားတုန်းပါပဲ။ လက်ရှိမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံ စေတနာရှင်တွေ၊ WFP နဲ့ အခြားအဖွဲ့အစည်းတွေကနေ စားနပ်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေကို ထောက်ပံ့ပေးထားပေမယ့်လည်း တိုက်ပွဲရှောင်တွေအနေနဲ့ ဒီအခက် အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တိုင်လာနိုင်ဖို့အတွက် ပံ့ပိုးမှုတွေအများကြီးလိုအပ်နေပါသေးတယ်။ စားနပ်ရိက္ခာအပြင်တခြား အဓိကလိုအပ်ချက်တွေကတော့ ကျန်းမာရေး အစောင့်အရှောက်၊ အမိုးအကာ၊ ရေနဲ့ သန့်ရှင်းရေးတို့ ပဲဖြစ်ပါတယ်။”

VOA။ ။ လက်ရှိအနေအထားမှာတော့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ WFP ဌာန ကိုယ်စားလှယ်ကပြောပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူအများစုဆီကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ခြင်းမရှိသေးဘူးလို့ ဗွီအိုအေက ပြောပါတယ်။ အခုလိုအချိန်ဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းဆီက တသားတည်းရပ်တည်မှုနဲ့ ပံ့ပိုးကူညီမှုတွေကို အရင်ကထက် ပိုမိုလိုအပ်လို့နေတဲ့ အချိန်တစ်ခုဖြစ်တယ်လို့လည်း WFP ဌာနေကိုယ်စားလှယ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

#MyanmarHumanitarianAssistance #WFPMyanmar #VOABurmese
============

XS
SM
MD
LG