သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရးအေျခအေန စိုးရိမ္ေၾကာင္း ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ အင္ဒိုနီးရွားမွာ ေျပာ


ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္  Anthony Albanese


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ဆက္ျဖစ္ေနတဲ့အေျခအေနအေပၚ စိုးရိမ္ေၾကာင္း Australia ဝန္ႀကီးခ်ဳပ္ Anthony Albanese က အင္ဒိုနီးရွားႏိုင္ငံခရီးစဥ္မွာေျပာၾကားခဲ့ပါတယ္။

တရားဥပေဒစိုးမိုးမႈမရွိလို႔ျဖစ္ေနတဲ့ စိတ္ပ်က္စရာ အေျခအေနေတြနဲ႔ပတ္သက္လို႔ Australia ႏိုင္ငံက ဆက္လက္ ထုတ္ေဖာ္ေျပာသြားမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Albanese က Jakarta ၿမိဳ႕ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့တာပါ။ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ Australia ႏိ္ုင္ငံျခားေရးဝန္ႀကီး Penny Wong ကလည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံကိစၥအပါအဝင္ ေဒသတြင္းကိစၥေတြမွာ အာဆီယံရဲ႕ အခန္းက႑ဟာအေရးႀကီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Australia ႏိုင္ငံအေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံနဲ႔ ဆက္ဆံေရးခိုင္မာေအာင္ လုပ္သြားမွာျဖစ္သလို ASEAN အဖဲြ႕နဲ႔လည္း ဆက္ဆံေရးခိုင္မာေအာင္လုပ္သြားမယ္လို႔လည္း Australia ဝန္ႀကီးခ်ဳပ္က သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ကမာၻ႔အင္အားႀကီး အေမရိကန္နဲ႔ တ႐ုတ္အားၿပိဳင္တဲ့ အေျခအေနထဲမွာ အာဆီယံဟာ အခရာက်တယ္လို႔ ဝန္ႀကီးခ်ဳပ္ Anthony Albanese ကေျပာၾကားခဲ့ပါတယ္။

#MyanmarHumanRights #AnthonyAlbanese #MilitaryCoup #VOA #ျမန္မာ့လူ႔အခြင့္အေရး #ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ #တရားဥပေဒစုိးမိုးမႈ #စစ္အာဏာသိမ္းမႈ #ဗီြအိုေအ
===============


[[Unicode]]

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အင်ဒိုနီးရှားမှာ ပြော

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့အခြေအနေအပေါ် စိုးရိမ်ကြောင်း Australia ဝန်ကြီးချုပ် Anthony Albanese က အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာပြောကြားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်နေတဲ့ စိတ်ပျက်စရာ အခြေအနေတွေနဲ့ပတ်သက်လို့ Australia နိုင်ငံက ဆက်လက် ထုတ်ဖော်ပြောသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Albanese က Jakarta မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံကိစ္စအပါအဝင် ဒေသတွင်းကိစ္စတွေမှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

Australia နိုင်ငံအနေနဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးခိုင်မာအောင် လုပ်သွားမှာဖြစ်သလို ASEAN အဖွဲ့နဲ့လည်း ဆက်ဆံရေးခိုင်မာအောင်လုပ်သွားမယ်လို့လည်း Australia ဝန်ကြီးချုပ်က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်အားပြိုင်တဲ့ အခြေအနေထဲမှာ အာဆီယံဟာ အခရာကျတယ်လို့ ဝန်ကြီးချုပ် Anthony Albanese ကပြောကြားခဲ့ပါတယ်။

#MyanmarHumanRights #AnthonyAlbanese #MilitaryCoup #VOA #မြန်မာ့လူ့အခွင့်အရေး #သြစတြေးလျဝန်ကြီးချုပ် #တရားဥပဒေစိုးမိုးမှု #စစ်အာဏာသိမ်းမှု #ဗွီအိုအေ
===============

XS
SM
MD
LG