သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ႐ိုဟင္ဂ်ာအမႈ ႏိုင္ငံကိုယ္စားျပဳဖို႔ စစ္ေကာင္စီမေျဖရွင္းႏိုင္ဟု NUG ရွင္းလင္း


Zin Mar Aung on ICJ Presser


[[Zawgyi/Unicode]]

ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ႐ိုဟင္ဂ်ာအမႈရင္ဆိုင္ေနရာမွာ ျမန္မာစစ္ေကာင္စီက ႏိုင္ငံကိုယ္စားျပဳပါဝင္ေနမႈကို လက္မခံႏိုင္ဘူးလို႔ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ေျပာပါတယ္။ စစ္ေကာင္စီက ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ဒီျပႆနာကို ရင္ဆိုင္ေျဖရွင္းႏိုင္မွာမဟုတ္ဘူးလို႔လည္း NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွ ေျပာခဲ့ပါတယ္။

“ကိုယ္စားျပဳတယ္ဆိုတာက “တစ္” အခ်က္။ ေနာက္ၿပီးေတာ့ ႏိုင္ငံေတာ္ကို တကယ္ ကိုယ္စားမျပဳႏိုင္တဲ့သူက အကယ္၍သြားၿပီးေတာ့ ရင္ဆိုင္လိုက္မယ္ဆိုရင္ေကာ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေတြကို သူလိုက္နာပါ့မလားဆိုတဲ့အခ်က္-ဒုတိယတခ်က္ရွိတယ္ေပါ့ေနာ္။
အဲဒီေတာ့ ပထမတဆင့္ က်မတို႔တိုင္းျပည္ထဲမွာ အာဏာသိမ္းၿပီးေနာက္ ျဖစ္ေနတဲ့ ျပႆနာက ဘာလဲဆိုေတာ့ တိုင္းျပည္ကို State ဆိုတဲ့၊ ႏိုင္ငံေတာ္ကို ဘယ္သူကိုယ္စားျပဳသလဲဆိုတဲ့ျပႆနာ။ အဲဒီေတာ့ IC ကိုယ္ႏႈိက္ကိုက ႏိုင္ငံေတာ္ကို တရားစြဲထားတာျဖစ္တယ္။ စစ္တပ္ဆိုတဲ့ မင္းေအာင္လႈိင္ကို တရားစြဲထားတာမဟုတ္ဘူး။ case ကိုယ္ႏႈိက္ကိုက ျမန္မာနဲ႔ဂမ္ဘီယာနဲ႔ျဖစ္ေနတာ State ဆိုတာျဖစ္တယ္ေပါ့ေနာ္။ အဲဒီေတာ့ စစ္တပ္ဆိုတာ State ထဲက institution တခုျဖစ္တဲ့အတြက္ ဘယ္စစ္တပ္ကမွ ကိုယ္စားျပဳခြင့္မရွိဘူး။ တကယ့္တကယ္က်ေတာ့ - ဘယ္ ပေရာ္ဖက္ရွင္နယ္စစ္တပ္ကမွ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳလို႔မရဘူး။ ႏိုင္ငံေတာ္မွာ Head of State တို႔ဆိုတာ ရွိထားၿပီးသားျဖစ္တယ္။ ဒါ့ေၾကာင့္ Head of State အေနနဲ႔အသိအမွတ္ျပဳလို႔မရဘူး။ ကိုယ္စားျပဳခြင့္ မေပးႏိုင္ဘူး။ ဒါက တခ်က္။

... ဒုတိယတခ်က္က ဘာလဲဆိုတဲ့အခါက်ေတာ့ “ကိုယ္စားျပဳခြင့္ရရင္ေကာ ဘာလုပ္မွာလဲ” ေပါ့။ က်မတို႔က အေစာႀကီးကတည္းက ေျပာထားၿပီးသားျဖစ္တယ္။ က်မတို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိရွိနဲ႔ က်မတို႔ႏိုင္ငံအတြင္းမွာ ျဖစ္ေပၚသြားတဲ့က်ဴးလြန္မႈေတြ၊ ျဖစ္ေပၚခဲ့တဲ့ကိစၥေတြကို ႏိုင္ငံေတာ္ရဲ႕အစိုးရတရပ္အေနနဲ႔ က်မတို႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္။ ဒီတရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေတြကို လိုက္နာသြားမယ္။ ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုတဲ့ေနရာကေန က်မတို႔ ရပ္တည္တာျဖစ္တယ္။

.....ဒီ case ၂ ခုဟာ ရင္ဆိုင္လိုက္တိုင္း က်မတို႔က တေယာက္ကိုတေယာက္ ဆန႔္က်င္ဖို႔၊ မဆန႔္က်င္ဖို႔ဆိုတာ က်မတို႔ရဲ႕ position က တရားမွ်တမႈအတြက္ပဲ။ ျဖစ္ပ်က္ေနတဲ့အေျခအေနေတြကို က်မတို႔ တိုင္းျပည္ထဲမွာျဖစ္ပ်က္ေနတဲ့အတိုင္း တင္ျပသြားဖို႔ပဲျဖစ္တယ္။ ေနာက္ဆုံး ဆုံးျဖတ္ခ်က္က တရား႐ုံးက တရားသူႀကီးေတြက ခ်မွတ္ရမွာျဖစ္တယ္။ အဲဒီေတာ့ အဲဒီလို တရားသူႀကီးေတြက ခ်မွတ္လိုက္တဲ့ တရား႐ုံးကဆုံးျဖတ္ခ်က္ကို က်မတို႔က ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္ေပါ့ေနာ္။

...ဆိုေတာ့ ဒါကေတာ့ က်မတို႔အတြက္ အင္မတန္ရွင္းလင္းတဲ့အေနအထားမွာရွိေနတယ္လို႔ပဲ က်မအေနနဲ႔ျမင္တယ္။ ရႈပ္ေထြးေနတဲ့အေနအထားက ဘာလဲဆိုေတာ့ အာဏာသိမ္းလိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳခြင့္မရွိတဲ့လူေတြက ႏိုင္ငံေတာ္ကို ကိုယ္စားျပဳရမယ့္ေနရာမွာ လာၿပီးေတာ့ ကိုယ္စားျပဳေနတဲ့အတြက္ေၾကာင့္ ျဖစ္ေနတဲ့ျပႆနာလို႔ ဒီလိုပဲ က်မတို႔က ရွင္းရွင္းလင္းလင္း ျမင္ပါတယ္။”

ျမန္မာ ျပည္သူအားလုံး အတြက္ တရားမွ်တမႈ ရရွိေရးဟာ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ရဲ႕ အႏၲိမ ပန္းတိုင္ ျဖစ္ၿပီး ဒီေန႔ ICJ အမႈကိစၥကေတာ့ ႐ိုဟင္ဂ်ာ အသိုက္အဝန္းအတြက္တရားမွ်တမႈရရွိေရး ျဖစ္ပါတယ္လို႔ အင္န္ယူဂ်ီ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚ ဇင္မာေအာင္ က ေျပာပါတယ္။

အမ်ိဳးသား ညီၫြတ္ေရး အစိုးရ က ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ကို တည္ေထာင္ရာမွာ တရားမွ်တမႈ၊ ၿငိမ္းခ်မ္းေရး နဲ႔ တန္းတူညီမွ်မႈ အေပၚ မွာ တည္ေဆာက္သြားမွာ ျဖစ္တဲ့အတိုင္း၊ ျမန္မာႏိုင္ငံ မွာ ရွိတဲ့ လူတိုင္းအတြက္ တရားမွ်တမႈ ရရွိဖို႔ အေရးယူ ေဆာင္႐ြက္သြားဖို႔ သူ႔အေနနဲ႔ ပိုင္းျဖတ္ထားေၾကာင္း အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ရဲ႕ လူ႔အခြင့္အေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦး ေအာင္မ်ိဳးမင္း ကလည္း ေျပာၾကားသြားပါတယ္။

ဒီ သတင္းစာ ရွင္းလင္းပြဲ မွာ ဥေရာပ ႐ိုဟင္ဂ်ာ ေကာင္စီ ရဲ႕ ဥကၠဌ Dr. Ambia Perveen, ျမန္မာ့ အေရး ကြၽမ္းက်င္သူ Dr. Martin Smith နဲ႔ ယခင္ နယ္သာလန္ ႏိုင္ငံ ရဲ႕ သံအမတ္ႀကီး Laetitia van dem Assum တို႔ က ႐ိုဟင္ဂ်ာ အေရး နဲ႔ ဆက္စပ္ၿပီး၊ ျမန္မာ ႏိုင္ငံ အေျခအေနေတြ ကို ရွင္းလင္း ေျပာၾကားသြားၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၂ နဲ႔ ၂၀၁၇ ခုႏွစ္ေတြအတြင္းျဖစ္ခဲ့တဲ့ ႐ိုဟင္ဂ်ာလူမ်ိဳးေတြ အစုအၿပဳံလိုက္သတ္ျဖတ္ခံရမႈေတြဟာ Genocide လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္တယ္ဆိုၿပီး ျမန္မာကို ဂန္ဘီယာႏိုင္ငံက ICJ မွာ တရားစြဲခဲ့တာပါ။ အခုအဆင့္ကေတာ့ ဒီအမႈကို ICJ မွာ ၾကားနာသင့္မသင့္ စစ္ေဆးေနတာပါ။ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ NLD အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္တတ္ေရာက္ခုခံေျဖရွင္းခဲ့ေပမယ့္၊ ဒီ ေလွ်ာက္လႊဲခုခံမႈကို ျပန္႐ုပ္သိမ္းတယ္လို႔ NUG က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========
[[Unicode]]

ICJ ရိုဟင်ဂျာအမှု နိုင်ငံကိုယ်စားပြုဖို့ စစ်ကောင်စီမဖြေရှင်းနိုင်ဟု NUG ရှင်းလင်း

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရိုဟင်ဂျာအမှုရင်ဆိုင်နေရာမှာ မြန်မာစစ်ကောင်စီက နိုင်ငံကိုယ်စားပြုပါဝင်နေမှုကို လက်မခံနိုင်ဘူးလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

“ကိုယ်စားပြုတယ်ဆိုတာက “တစ်” အချက်။ နောက်ပြီးတော့ နိုင်ငံတော်ကို တကယ် ကိုယ်စားမပြုနိုင်တဲ့သူက အကယ်၍သွားပြီးတော့ ရင်ဆိုင်လိုက်မယ်ဆိုရင်ကော တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို သူလိုက်နာပါ့မလားဆိုတဲ့အချက်-ဒုတိယတချက်ရှိတယ်ပေါ့နော်။
အဲဒီတော့ ပထမတဆင့် ကျမတို့တိုင်းပြည်ထဲမှာ အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ တိုင်းပြည်ကို State ဆိုတဲ့၊ နိုင်ငံတော်ကို ဘယ်သူကိုယ်စားပြုသလဲဆိုတဲ့ပြဿနာ။ အဲဒီတော့ IC ကိုယ်နှိုက်ကိုက နိုင်ငံတော်ကို တရားစွဲထားတာဖြစ်တယ်။ စစ်တပ်ဆိုတဲ့ မင်းအောင်လှိုင်ကို တရားစွဲထားတာမဟုတ်ဘူး။ case ကိုယ်နှိုက်ကိုက မြန်မာနဲ့ဂမ်ဘီယာနဲ့ဖြစ်နေတာ State ဆိုတာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စစ်တပ်ဆိုတာ State ထဲက institution တခုဖြစ်တဲ့အတွက် ဘယ်စစ်တပ်ကမှ ကိုယ်စားပြုခွင့်မရှိဘူး။ တကယ့်တကယ်ကျတော့ - ဘယ် ပရော်ဖက်ရှင်နယ်စစ်တပ်ကမှ နိုင်ငံတော်ကို ကိုယ်စားပြုလို့မရဘူး။ နိုင်ငံတော်မှာ Head of State တို့ဆိုတာ ရှိထားပြီးသားဖြစ်တယ်။ ဒါ့ကြောင့် Head of State အနေနဲ့အသိအမှတ်ပြုလို့မရဘူး။ ကိုယ်စားပြုခွင့် မပေးနိုင်ဘူး။ ဒါက တချက်။

... ဒုတိယတချက်က ဘာလဲဆိုတဲ့အခါကျတော့ “ကိုယ်စားပြုခွင့်ရရင်ကော ဘာလုပ်မှာလဲ” ပေါ့။ ကျမတို့က အစောကြီးကတည်းက ပြောထားပြီးသားဖြစ်တယ်။ ကျမတို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကျမတို့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ကျူးလွန်မှုတွေ၊ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေကို နိုင်ငံတော်ရဲ့အစိုးရတရပ်အနေနဲ့ ကျမတို့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာသွားမယ်။ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့နေရာကနေ ကျမတို့ ရပ်တည်တာဖြစ်တယ်။

.....ဒီ case ၂ ခုဟာ ရင်ဆိုင်လိုက်တိုင်း ကျမတို့က တယောက်ကိုတယောက် ဆန့်ကျင်ဖို့၊ မဆန့်ကျင်ဖို့ဆိုတာ ကျမတို့ရဲ့ position က တရားမျှတမှုအတွက်ပဲ။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကျမတို့ တိုင်းပြည်ထဲမှာဖြစ်ပျက်နေတဲ့အတိုင်း တင်ပြသွားဖို့ပဲဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က တရားရုံးက တရားသူကြီးတွေက ချမှတ်ရမှာဖြစ်တယ်။ အဲဒီတော့ အဲဒီလို တရားသူကြီးတွေက ချမှတ်လိုက်တဲ့ တရားရုံးကဆုံးဖြတ်ချက်ကို ကျမတို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်။

...ဆိုတော့ ဒါကတော့ ကျမတို့အတွက် အင်မတန်ရှင်းလင်းတဲ့အနေအထားမှာရှိနေတယ်လို့ပဲ ကျမအနေနဲ့မြင်တယ်။ ရှုပ်ထွေးနေတဲ့အနေအထားက ဘာလဲဆိုတော့ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့လူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာ လာပြီးတော့ ကိုယ်စားပြုနေတဲ့အတွက်ကြောင့် ဖြစ်နေတဲ့ပြဿနာလို့ ဒီလိုပဲ ကျမတို့က ရှင်းရှင်းလင်းလင်း မြင်ပါတယ်။”

မြန်မာ ပြည်သူအားလုံး အတွက် တရားမျှတမှု ရရှိရေးဟာ အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ အန္တိမ ပန်းတိုင် ဖြစ်ပြီး ဒီနေ့ ICJ အမှုကိစ္စကတော့ ရိုဟင်ဂျာ အသိုက်အဝန်းအတွက်တရားမျှတမှုရရှိရေး ဖြစ်ပါတယ်လို့ အင်န်ယူဂျီ နိုင်ငံခြားရေး ဝန်ကြီး ဒေါ် ဇင်မာအောင် က ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို တည်ထောင်ရာမှာ တရားမျှတမှု၊ ငြိမ်းချမ်းရေး နဲ့ တန်းတူညီမျှမှု အပေါ် မှာ တည်ဆောက်သွားမှာ ဖြစ်တဲ့အတိုင်း၊ မြန်မာနိုင်ငံ မှာ ရှိတဲ့ လူတိုင်းအတွက် တရားမျှတမှု ရရှိဖို့ အရေးယူ ဆောင်ရွက်သွားဖို့ သူ့အနေနဲ့ ပိုင်းဖြတ်ထားကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန ဝန်ကြီး ဦး အောင်မျိုးမင်း ကလည်း ပြောကြားသွားပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲ မှာ ဥရောပ ရိုဟင်ဂျာ ကောင်စီ ရဲ့ ဥက္ကဌ Dr. Ambia Perveen, မြန်မာ့ အရေး ကျွမ်းကျင်သူ Dr. Martin Smith နဲ့ ယခင် နယ်သာလန် နိုင်ငံ ရဲ့ သံအမတ်ကြီး Laetitia van dem Assum တို့ က ရိုဟင်ဂျာ အရေး နဲ့ ဆက်စပ်ပြီး၊ မြန်မာ နိုင်ငံ အခြေအနေတွေ ကို ရှင်းလင်း ပြောကြားသွားကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်းဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်ဆိုပြီး မြန်မာကို ဂန်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာပါ။ အခုအဆင့်ကတော့ ဒီအမှုကို ICJ မှာ ကြားနာသင့်မသင့် စစ်ဆေးနေတာပါ။ ၂၀၁၉ ခုနှစ်တုန်းကတော့ NLD အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တတ်ရောက်ခုခံဖြေရှင်းခဲ့ပေမယ့်၊ ဒီ လျှောက်လွှဲခုခံမှုကို ပြန်ရုပ်သိမ်းတယ်လို့ NUG က ပြောဆိုထားပါတယ်။
===========

XS
SM
MD
LG