သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း ဒုကၡသည္မ်ား ရိကၡာခ်ိဳ႕တဲ့


ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း ျမင္ကြင္း။ ယခင္ပံုေဟာင္း။  (ဓာတ္ပုံ - CJ)

[[Zawgyi/Unicode]]

ရခိုင္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာ ေထာက္ပံ့မႈေတြ နည္းပါးလာေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ စားဝတ္ေနေရး အခက္ႀကဳံေနရတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ ေနရပ္ျပန္ဖို႔ခက္ခဲေနတဲ့အျပင္ အစိုးရရဲ႕ ေထာက္ပံ့မႈေတြလည္း ပုံမွန္မရွိဘူးလို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ က်န္ေသးတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာ ေထာက္ပံ့မႈေတြ မရွိသေလာက္နည္းပါးလာေနတာေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံ ေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ကန္ျပင္ စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္လည္း လူကယ္ျပန္က ေထာက္ပံ့တဲ့ ဆန္ရိကၡာေတြလည္းမရေတာ့သလို အဖြဲ႔အစည္းေတြ လာေရာက္ ေထာက္ပံ့တာေတြလည္း မရွိေတာ့တာေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံေနရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ လူမႈကူညီေရးသမား ကိုေက်ာ္မင္းခိုင္ကေျပာပါတယ္။

“ ကန္ျပင္ဒုကၡသည္စခန္းမွာဆိုရင္လည္း အစိုးရက ေထာက္ပံ့တဲ့ တေန႔ ဆန္ ႏို႔ဆီဗူး ႏွစ္လုံးကိုလည္း မရတာၾကာၿပီ။ ေနာက္ပိုင္း ICRC ကလည္း စားနပ္ရိကၡာ ေထာက္ပံ့တာေတြမရေတာ့ ကိုယ့္ဖာသာကိုယ္ ႐ုန္းကန္ေနၾကရတယ္။ အခုက ကုန္ေဈးႏႈန္းေတြလည္း တက္ေနတာဆိုေတာ့ သူတို႔ အျပင္မွာ ထြက္ရွာတဲ့ ေငြေလာက္နဲ႔ အဆင္မေျပၾကဘူး။ အေတာ္ခက္ခဲေနၾကတယ္။”

လက္ရွိအခ်ိန္ထိ ရေသ့ေတာင္ၿမိဳ႕နယ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ ၂ ေသာင္းဝန္းက်င္ရွိေနေသးသလို ၿပီးခဲ့တဲ့ လကုန္ပိုင္းေလာက္က စစ္ေဘးဒုကၡသည္ေတြ ေနထိုင္တဲ့ စခန္းအနီးဝန္းက်င္မွာ စစ္ေကာင္စီ တပ္ဖြဲ႔ေတြ လာေရာက္ေန ထိုင္ေနၾက တာေၾကာင့္ စစ္ေဘးဒုသည္ ၃,၀၀၀ ထက္မနည္း တျခားေနရာေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရတယ္လို႔လည္း ဒုကၡသည္ေတြ ကေျပာပါ တယ္။

ဒါ့အျပင္ ပုဏၰားကြၽန္းၿမိဳ႕နယ္က စက္မႈဇုန္ စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္လည္း ေထာက္ပံံ့ေငြ တေန႔ကို လူတေယာက္အတြက္ ၈၀၀ က်ပ္သာရရွိတာေၾကာင့္ လက္ရွိကုန္ေဈးႏႈန္းနဲ႔ ေနထိုင္စားေသာက္ဖို႔ ခက္ခဲေနၾကတယ္လို႔လည္း စခန္းတာဝန္ခံ ဦးေက်ာ္သန္းကေျပာပါတယ္။

“ ေနာက္အဖြဲ႔အစည္းေတြကေပးတာလည္းမရွိဘူး။ ၾကားဝင္လာတဲ့အဖြဲ႕ေတြကလည္း ေပးတာ မရွိဘူးဆိုေတာ့ က်ေနာ္တို႔ဟာ WFP က ေပးတဲ့ ေငြနဲ႔ပဲ ေလာက္ငွေအာင္ စားေနရတာဆိုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္အခက္အခဲျဖစ္ေနပါတယ္။”

ဒါ့အျပင္ ေျမပုံၿမိဳ႕နယ္အတြင္းက စစ္ေဘးဒုကၡသည္စခန္းေတြဟာလည္း အစိုးရ အသိအမွတ္ျပဳထားတဲ့ စစ္ေဘးဒုကၡသည္စခန္းမဟုတ္တာေၾကာင့္ စားနပ္ရိကၡာ ေထာက္ပံ့မႈေတြ မရတာ ႏွစ္နဲ႔ခ်ီရွိေနၿပီလို႔ စညႇင္းစစ္ေရွာင္စခန္း တာဝန္ခံ ကိုေ႐ႊစိုးကေျပာပါတယ္။

“က်ေနာ္တို႔ စစ္ေရွာင္စခန္းမွာ စားနပ္ရိကၡာ လုံးဝအဆင္မေျပတာ ၂ ႏွစ္ေက်ာ္ေလာက္ရွိၿပီဗ်ာ၊ က်ေနာ္တို႔ စညႇင္းရယ္၊စိတၱရရယ္၊ ကုန္သြားတဲ့ ကိုင္းႀကီးရယ္ တခါမွ အဖြဲ႔အစည္းေတြရဲ႕ ေထာက္ပံ့တာမရွိဘူး။ ႏိုင္ငံျခားက အလႉရွင္ေတြရယ္ ျပည္တြင္း အရပ္ဖက္အဖြဲ႔ေတြရဲ႕ အလႉေတြနဲ႔ ရပ္တည္ေနရတာ၊ အစိုးရကလည္း အသိအမွတ္မျပဳဘူး ပယ္ထားတယ္။ အဲေတာ့ ကိုယ့္ဖာသာကိုယ္ ရွာႀကံစားၿပီးေတာ့ ရပ္တည္ေနရတယ္။”

လက္ရွိရခိုင္ျပည္နယ္မွာ လုံၿခဳံေရးစိုးရိမ္ရတာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့ စစ္ေျပးဒုကၡသည္ ၇ ေသာင္း နီးပါးရွိေနပါေသးတယ္။ ဒါျပင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနသလို အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တဲ့ အေျခအေနရွိေနတာေၾကာင့္ေဒသခံေတြနဲ႔ အဖြဲ႕အစည္းေတြရဲ႕ ခရီးသြားလာေရးေတြကို ကန႔္သတ္မႈေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရခိုင်မြောက်ပိုင်း ဒုက္ခသည်များ ရိက္ခာချို့တဲ့

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ နည်းပါးလာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့အပြင် အစိုးရရဲ့ ထောက်ပံ့မှုတွေလည်း ပုံမှန်မရှိဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ကျန်သေးတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးလာနေတာကြောင့် စားဝတ်နေရေး အခက်ကြုံ နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ရသေ့တောင်မြို့နယ်၊ ကန်ပြင် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း လူကယ်ပြန်က ထောက်ပံ့တဲ့ ဆန်ရိက္ခာတွေလည်းမရတော့သလို အဖွဲ့အစည်းတွေ လာရောက် ထောက်ပံ့တာတွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ရသေ့တောင်မြို့နယ် လူမှုကူညီရေးသမား ကိုကျော်မင်းခိုင်ကပြောပါတယ်။

“ ကန်ပြင်ဒုက္ခသည်စခန်းမှာဆိုရင်လည်း အစိုးရက ထောက်ပံ့တဲ့ တနေ့ ဆန် နို့ဆီဗူး နှစ်လုံးကိုလည်း မရတာကြာပြီ။ နောက်ပိုင်း ICRC ကလည်း စားနပ်ရိက္ခာ ထောက်ပံ့တာတွေမရတော့ ကိုယ့်ဖာသာကိုယ် ရုန်းကန်နေကြရတယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း တက်နေတာဆိုတော့ သူတို့ အပြင်မှာ ထွက်ရှာတဲ့ ငွေလောက်နဲ့ အဆင်မပြေကြဘူး။ အတော်ခက်ခဲနေကြတယ်။”

လက်ရှိအချိန်ထိ ရသေ့တောင်မြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၂ သောင်းဝန်းကျင်ရှိနေသေးသလို ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းအနီးဝန်းကျင်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ လာရောက်နေ ထိုင်နေကြ တာကြောင့် စစ်ဘေးဒုသည် ၃,၀၀၀ ထက်မနည်း တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်း ဒုက္ခသည်တွေ ကပြောပါ တယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်က စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ထောက်ပံံ့ငွေ တနေ့ကို လူတယောက်အတွက် ၈၀၀ ကျပ်သာရရှိတာကြောင့် လက်ရှိကုန်ဈေးနှုန်းနဲ့ နေထိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်လို့လည်း စခန်းတာဝန်ခံ ဦးကျော်သန်းကပြောပါတယ်။

“ နောက်အဖွဲ့အစည်းတွေကပေးတာလည်းမရှိဘူး။ ကြားဝင်လာတဲ့အဖွဲ့တွေကလည်း ပေးတာ မရှိဘူးဆိုတော့ ကျနော်တို့ဟာ WFP က ပေးတဲ့ ငွေနဲ့ပဲ လောက်ငှအောင် စားနေရတာဆိုတော့ ကျနော်တို့ တော်တော်အခက်အခဲဖြစ်နေပါတယ်။”

ဒါ့အပြင် မြေပုံမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေဟာလည်း အစိုးရ အသိအမှတ်ပြုထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းမဟုတ်တာကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မရတာ နှစ်နဲ့ချီရှိနေပြီလို့ စညှင်းစစ်ရှောင်စခန်း တာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

“ကျနော်တို့ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ လုံးဝအဆင်မပြေတာ ၂ နှစ်ကျော်လောက်ရှိပြီဗျာ၊ ကျနော်တို့ စညှင်းရယ်၊စိတ္တရရယ်၊ ကုန်သွားတဲ့ ကိုင်းကြီးရယ် တခါမှ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့တာမရှိဘူး။ နိုင်ငံခြားက အလှူရှင်တွေရယ် ပြည်တွင်း အရပ်ဖက်အဖွဲ့တွေရဲ့ အလှူတွေနဲ့ ရပ်တည်နေရတာ၊ အစိုးရကလည်း အသိအမှတ်မပြုဘူး ပယ်ထားတယ်။ အဲတော့ ကိုယ့်ဖာသာကိုယ် ရှာကြံစားပြီးတော့ ရပ်တည်နေရတယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ပြေးဒုက္ခသည် ၇ သောင်း နီးပါးရှိနေပါသေးတယ်။ ဒါပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့်ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာရေးတွေကို ကန့်သတ်မှုတွေရှိနေပါတယ်။

XS
SM
MD
LG