သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံသားႏွစ္ဦးသတ္ခံရမႈ ပ်ဴေစာထီးလက္ခ်က္လို႔ PDF က တန္ျပန္စြပ္စြဲ


အိႏၵိယ-ျမန္မာနယ္စပ္ ျမန္မာဘက္ျခမ္းက တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသားႏွစ္ဦး သတ္ျဖတ္ခံရတာေၾကာင့္ အိႏၵိယဘက္ျခမ္း မိုးေရးၿမိဳ႕မွာ ဆႏၵျပေနၾကစဥ္။ (ဇူလိုင္ ၇၊ ၂၀၂၂/Crd: CJ)

[[Zawgyi/Unicode]]

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသား တမီးလ္ လူမ်ိဳး၂ ဦးသတ္ျဖတ္ခံရတဲ့အေပၚ PDF အပါအဝင္ အၾကမ္းဖက္အဖြဲ႕ေတြရဲ႕လက္ခ်က္ျဖစ္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲေျပာဆိုတာကို တမူး PDF အဖြဲ႔က ျငင္းဆိုပါတယ္။ သတ္ျဖတ္ခံရတဲ့ ႐ုပ္အေလာင္းေတြကို မီးသၿဂိဳဟ္လိုက္ၿပီလို႔ စစ္ေကာင္စီဘက္က ေျပာဆိုေပမယ့္ တမီးလ္လူမႈအဖြဲ႕အစည္းေတြကေတာ့ တရားမွ်တမႈရေရးအတြက္ ဆက္ႀကိဳးပမ္းေနၾကပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

အိႏိၵယနဲ႔နယ္စပ္ တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသားႏွစ္ဦး အခုလ ၅ ရက္ေန႔က ပစ္ခတ္သတ္ျဖတ္ ခံရတာနဲ႔ပတ္သက္လို႔ ေဒသခံအၾကမ္းဖက္အုပ္စုေတြလက္ခ်က္ျဖစ္တယ္လို႔ စစ္ေကာင္စီက မေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းထုတ္ျပန္ခ်က္ထဲမွာပဲ အဲဒီေဒသအတြင္းကသည္း ကူးကီးစတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြအျပင္ PDF တပ္ရင္းေတြလည္း လႈပ္ရွားေနၾကတယ္လို႔ ထည့္သြင္းေျပာထားပါတယ္။ ဒီအေပၚမွာ တမူးေဒသ PDF က ျငင္းဆိုၿပီး စစ္ေကာင္စီတပ္ေတြက ဖြဲ႔ေပးတဲ့ ပ်ဴေစာထီးအဖြဲ႕လက္ခ်က္ျဖစ္တယ္လို႔ PDF ေတြကို ႏိုင္ငံေရးအရ ဦးေဆာင္သူတဦးျဖစ္တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရ ကိုယ္စားလွယ္တဦးက VOA ကို ေျပာပါတယ္။

“ပထမေတာ့ က်ေနာ္တို႔ PDF တပ္ရင္းအလိုက္ရယ္။ ပအဖရယ္ ေၾကညာခ်က္ statement ေတြ ထုတ္တယ္။ အဲဒီအေပၚမွာ သူက သတင္းစာရွင္းလင္းပြဲမွာ အၾကမ္းဖက္ အဖြဲ႕ဘာညာဆိုၿပီးမွ ေျပာၿပီး ေနာက္ PDF နံမည္ပါ ထည့္ေျပာလာတယ္ေလ။ အဲလိုေျပာတဲ့အခ်ိန္မွာ က်ေနာ္တို႔အေနနဲ႔ ထပ္မရွင္းလို႔မရဘူးဆိုၿပီးမွ အဂၤလိပ္လိုေရာ၊ ဗမာလိုေရာ က်ေနာ္တို႔ ေၾကညာခ်က္ ထုတ္တယ္။ ပ်ဴေစာထီးမွာ ဘယ္သူက ဦးေဆာင္တယ္။ ဘယ္သူနဲ႔ ဘယ္သူက ပစ္တာပါဆိုတဲ့အထိ က်ေနာ္တို႔ နံမည္ေတြေရာ တပ္ၿပီးမွ မေန႔ညက အဂၤလိပ္ လို ရွင္းလင္းခ်က္ တခါ ျပန္ထုတ္တယ္။ ျပန္ထုတ္တာကို ဒီဘက္ သက္ဆိုင္ရာ India ဘက္က လူႀကီးေတြကိုလည္း အဲဒီ statement ေတြ အကုန္လုံး ပို႔ထားၿပီးၿပီ။ ကသည္း၊ ကုလားဘက္က သက္ဆိုင္ရာလူႀကီးေတြကိုလည္း က်ေနာ္တို႔ အကုန္လုံးျပတယ္။”

ျဖစ္ရပ္ကို စုံစမ္းစစ္ေဆးၿပီး ေသဆုံးသြားသူေတြရဲ႕ ႐ုပ္အေလာင္းကို မီးရႈိ႕သၿဂိဳဟ္လိုက္ၿပီလို႔ စစ္ေကာင္စီက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေနာက္ ၾကာသပေတးေန႔ ညေနပိုင္း အိႏၵိယနယ္စပ္မွာ ဆႏၵျပမႈ ထပ္ျဖစ္ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

“ မီးရႈိ႕သၿဂိဳဟ္လိုက္ၿပီလို႔ သတင္းစာရွင္းလင္းပြဲ လုပ္တာေတာင္မွ မေန႔ညကေတာင္မွ ဒီဘက္က လူငယ္ေတြက နယ္စပ္ၿခံစည္း႐ိုးနားမွာ ဆႏၵျပ ေအာ္ေနၾကတုန္းဆိုေတာ့ သူတို႔ ကေတာ့ လက္မခံႏိုင္ဘူးဆိုတဲ့ အေျခအေနမ်ိဳးေတာ့ သိရတယ္။”

ဆႏၵျပမႈေတြျဖစ္ၿပီးေနာက္ အိႏၵိယဘက္ျခမ္း မိုးေရးၿမိဳ႕မွာ ဒီလ ၆ ရက္ေန႔ညတည္းက ပုဒ္မ ၁၄၄ ထုတ္ျပန္ထားၿပီး လူ ၅ ဦးထက္ ပိုမစုရလို႔ တားျမစ္ထားသလို ျမန္မာျပည္ဘက္ကို ခြင့္ျပဳခ်က္မရဘဲ မသြားဖို႔လည္း ပိတ္ပင္ထားပါတယ္။ မိုးေရးၿမိဳ႕က ႏိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္တဲ့ အမ်ိဳးသမီးတဦးကေတာ့ တမီးလ္ လူမႈအဖြဲ႕အစည္းကေတာ့ တရားမွ်တမႈ ရရွိေရး ဆက္ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။

“မေန႔ကေတာ့ Special Force ဆိုလားမသိဘူး။ မိုးေရးကို ေရာက္လာတယ္။ အဲဒါ Investigation ေတြ လုပ္မယ္လို႔ေတာ့ ၾကားတာေတာ့ ရွိတယ္ေနာ။ သူတို႔ တမီးလ္ေတြကေနၿပီးေတာ့ တရားမွ်တမႈရရွိေအာင္ေပါ့ေနာ္၊ ဆက္ၿပီးေတာ့လုပ္သြားဖို႔ အစီအစဥ္ ရွိပုံေတာ့ ရတယ္ေပါ့ေနာ္။ မေန႔ကဆိုလို႔ရွိရင္ အျခား ခ်ႏိုင္း Chennai ဘက္က တမီးလ္ေတြေပါ့ေနာ္ သူတို႔လည္း ေတာ္ေတာ္ေလးကို ဆႏၵျပတဲ့ဟာမ်ိဳးေတြေပါ့။ ဒီႏွစ္ေယာက္အတြက္ကို တရားမွ်တမႈရဖို႔၊ အေလာင္းေတြ ျပန္ရဖို႔ေပါ့။ စသည္ျဖင့္ေပါ့၊ အဲဒါမ်ိဳးေတြ ႀကိဳးပမ္းေနတဲ့ဟာေတြေတာ့ က်မတို႔ၾကားရတယ္။ ေတြ႕လည္း ေတြ႕ရတယ္ေပါ့ေနာ္။ ”

တမူးၿမိဳ႕မွာ အသတ္ခံရတဲ့ အိႏၵိယႏိုင္ငံသား ၂ ဦးဟာ တမီးလ္လူမ်ိဳး P Mohan ၂၈ ႏွစ္နဲ႔ M. Iyarnar ၃၅ ႏွစ္တို႔ျဖစ္ၿပီး မိုးေရးၿမိဳ႕က လူမႈအဖြဲ႕အစည္းေတြကေတာ့ ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းျပန္ရေရးနဲ႔ ဂ႐ုဏာေၾကးရရွိေရးအတြက္ ေဆာင္႐ြက္ေပးဖို႔ မဏိပူရျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ၾကာသပေတးေန႔က ေတာင္းဆိုထားၾကပါတယ္။

အိႏၵိယႏိုင္ငံထုတ္သတင္းစာေတြမွာေတာ့ ေသဆုံးသူ ႐ုပ္အေလာင္းေတြ ျပန္လည္ရရွိေရးအတြက္ ဗဟိုအစိုးရကို မဏိပူရ ျပည္နယ္အစိုးရက ဖိအားေပးေနေၾကာင္း ေဖာ္ျပထားသလို ဒီအျဖစ္အပ်က္ဟာ သံတမန္ေရး အက်ပ္အတည္းျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း ေရးသားထားပါတယ္။

ေလာေလာဆယ္မွာ အိႏၵိယအစိုးရဘက္ကေတာ့ မိုးေရးၿမိဳ႕အပါအဝင္ အိႏၵိယနယ္စပ္ေဒသ မွာ လုံၿခဳံေရးအထူးတင္းက်ပ္ထားၿပီး အိႏၵိယႏိုင္ငံဘက္ကို ျမန္မာႏိုင္ငံသားေတြ မဝင္ဖို႔အတြက္လည္း ပိတ္ပင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ခံရမှု ပျူစောထီးလက်ချက်လို့ PDF က တန်ပြန်စွပ်စွဲ


အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံသား တမီးလ် လူမျိုး၂ ဦးသတ်ဖြတ်ခံရတဲ့အပေါ် PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုတာကို တမူး PDF အဖွဲ့က ငြင်းဆိုပါတယ်။ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို မီးသဂြိုဟ်လိုက်ပြီလို့ စစ်ကောင်စီဘက်က ပြောဆိုပေမယ့် တမီးလ်လူမှုအဖွဲ့အစည်းတွေကတော့ တရားမျှတမှုရရေးအတွက် ဆက်ကြိုးပမ်းနေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အိန္ဒိယနဲ့နယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အခုလ ၅ ရက်နေ့က ပစ်ခတ်သတ်ဖြတ် ခံရတာနဲ့ပတ်သက်လို့ ဒေသခံအကြမ်းဖက်အုပ်စုတွေလက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ထဲမှာပဲ အဲဒီဒေသအတွင်းကသည်း ကူးကီးစတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် PDF တပ်ရင်းတွေလည်း လှုပ်ရှားနေကြတယ်လို့ ထည့်သွင်းပြောထားပါတယ်။ ဒီအပေါ်မှာ တမူးဒေသ PDF က ငြင်းဆိုပြီး စစ်ကောင်စီတပ်တွေက ဖွဲ့ပေးတဲ့ ပျူစောထီးအဖွဲ့လက်ချက်ဖြစ်တယ်လို့ PDF တွေကို နိုင်ငံရေးအရ ဦးဆောင်သူတဦးဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တဦးက VOA ကို ပြောပါတယ်။

“ပထမတော့ ကျနော်တို့ PDF တပ်ရင်းအလိုက်ရယ်။ ပအဖရယ် ကြေညာချက် statement တွေ ထုတ်တယ်။ အဲဒီအပေါ်မှာ သူက သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက် အဖွဲ့ဘာညာဆိုပြီးမှ ပြောပြီး နောက် PDF နံမည်ပါ ထည့်ပြောလာတယ်လေ။ အဲလိုပြောတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ထပ်မရှင်းလို့မရဘူးဆိုပြီးမှ အင်္ဂလိပ်လိုရော၊ ဗမာလိုရော ကျနော်တို့ ကြေညာချက် ထုတ်တယ်။ ပျူစောထီးမှာ ဘယ်သူက ဦးဆောင်တယ်။ ဘယ်သူနဲ့ ဘယ်သူက ပစ်တာပါဆိုတဲ့အထိ ကျနော်တို့ နံမည်တွေရော တပ်ပြီးမှ မနေ့ညက အင်္ဂလိပ် လို ရှင်းလင်းချက် တခါ ပြန်ထုတ်တယ်။ ပြန်ထုတ်တာကို ဒီဘက် သက်ဆိုင်ရာ India ဘက်က လူကြီးတွေကိုလည်း အဲဒီ statement တွေ အကုန်လုံး ပို့ထားပြီးပြီ။ ကသည်း၊ ကုလားဘက်က သက်ဆိုင်ရာလူကြီးတွေကိုလည်း ကျနော်တို့ အကုန်လုံးပြတယ်။”

ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို မီးရှို့သဂြိုဟ်လိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ကြာသပတေးနေ့ ညနေပိုင်း အိန္ဒိယနယ်စပ်မှာ ဆန္ဒပြမှု ထပ်ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ မီးရှို့သဂြိုဟ်လိုက်ပြီလို့ သတင်းစာရှင်းလင်းပွဲ လုပ်တာတောင်မှ မနေ့ညကတောင်မှ ဒီဘက်က လူငယ်တွေက နယ်စပ်ခြံစည်းရိုးနားမှာ ဆန္ဒပြ အော်နေကြတုန်းဆိုတော့ သူတို့ ကတော့ လက်မခံနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးတော့ သိရတယ်။”

ဆန္ဒပြမှုတွေဖြစ်ပြီးနောက် အိန္ဒိယဘက်ခြမ်း မိုးရေးမြို့မှာ ဒီလ ၆ ရက်နေ့ညတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လူ ၅ ဦးထက် ပိုမစုရလို့ တားမြစ်ထားသလို မြန်မာပြည်ဘက်ကို ခွင့်ပြုချက်မရဘဲ မသွားဖို့လည်း ပိတ်ပင်ထားပါတယ်။ မိုးရေးမြို့က နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးကတော့ တမီးလ် လူမှုအဖွဲ့အစည်းကတော့ တရားမျှတမှု ရရှိရေး ဆက်ကြိုးစားနေတယ်လို့ ပြောပါတယ်။

“မနေ့ကတော့ Special Force ဆိုလားမသိဘူး။ မိုးရေးကို ရောက်လာတယ်။ အဲဒါ Investigation တွေ လုပ်မယ်လို့တော့ ကြားတာတော့ ရှိတယ်နော။ သူတို့ တမီးလ်တွေကနေပြီးတော့ တရားမျှတမှုရရှိအောင်ပေါ့နော်၊ ဆက်ပြီးတော့လုပ်သွားဖို့ အစီအစဉ် ရှိပုံတော့ ရတယ်ပေါ့နော်။ မနေ့ကဆိုလို့ရှိရင် အခြား ချနိုင်း Chennai ဘက်က တမီးလ်တွေပေါ့နော် သူတို့လည်း တော်တော်လေးကို ဆန္ဒပြတဲ့ဟာမျိုးတွေပေါ့။ ဒီနှစ်ယောက်အတွက်ကို တရားမျှတမှုရဖို့၊ အလောင်းတွေ ပြန်ရဖို့ပေါ့။ စသည်ဖြင့်ပေါ့၊ အဲဒါမျိုးတွေ ကြိုးပမ်းနေတဲ့ဟာတွေတော့ ကျမတို့ကြားရတယ်။ တွေ့လည်း တွေ့ရတယ်ပေါ့နော်။ ”

တမူးမြို့မှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးဟာ တမီးလ်လူမျိုး P Mohan ၂၈ နှစ်နဲ့ M. Iyarnar ၃၅ နှစ်တို့ဖြစ်ပြီး မိုးရေးမြို့က လူမှုအဖွဲ့အစည်းတွေကတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းပြန်ရရေးနဲ့ ဂရုဏာကြေးရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ မဏိပူရပြည်နယ် ဝန်ကြီးချုပ်ကို ကြာသပတေးနေ့က တောင်းဆိုထားကြပါတယ်။

အိန္ဒိယနိုင်ငံထုတ်သတင်းစာတွေမှာတော့ သေဆုံးသူ ရုပ်အလောင်းတွေ ပြန်လည်ရရှိရေးအတွက် ဗဟိုအစိုးရကို မဏိပူရ ပြည်နယ်အစိုးရက ဖိအားပေးနေကြောင်း ဖော်ပြထားသလို ဒီအဖြစ်အပျက်ဟာ သံတမန်ရေး အကျပ်အတည်းဖြစ်ပေါ်လာနိုင်ကြောင်းလည်း ရေးသားထားပါတယ်။

လောလောဆယ်မှာ အိန္ဒိယအစိုးရဘက်ကတော့ မိုးရေးမြို့အပါအဝင် အိန္ဒိယနယ်စပ်ဒေသ မှာ လုံခြုံရေးအထူးတင်းကျပ်ထားပြီး အိန္ဒိယနိုင်ငံဘက်ကို မြန်မာနိုင်ငံသားတွေ မဝင်ဖို့အတွက်လည်း ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG