သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဂျပန်နိုင်ငံသားတဦးကိုဖမ်းဆီးစစ်ဆေးနေ” စစ်ကောင်စီအတည်ပြု


အဖမ်းခံထားရသည့် Toru Kubota ရဲ့ဓာတ်ပုံပါပိုစတာကိုင်ပြီး သူ လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ဆန္ဒပြနေသူများ ( AFP; 31 JULY 2022 )
အဖမ်းခံထားရသည့် Toru Kubota ရဲ့ဓာတ်ပုံပါပိုစတာကိုင်ပြီး သူ လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ဆန္ဒပြနေသူများ ( AFP; 31 JULY 2022 )

[[Zawgyi/Unicode]]

ရန်ကုန်မြို့မှာ ဇူလိုင် ၃၀ ရက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်ဆေးမေးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။

Toru Kubota ကို ဆန္ဒပြတဲ့နေရာမှာ တွေ့တာမို့ ခေါ်ယူမေးမြန်းနေတာဖြစ်တယ် လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ သူဟာ ဆန္ဒပြသူတွေနဲ့ ဆက်သွယ်ခဲ့လို့ ဘယ်နေရာမှာ ဆန္ဒပြမယ်ဆိုတာသိပြီး ရိုက်ကူးဖို့ အဲဒီနေရာ ရောက်နေတာဖြစ်ကြောင်း သူကိုယ်တိုင်ပြောတယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးသွားရင် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။ သူဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလက ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လကြာ ထိန်းသိမ်းခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ သူအင်းစိန်ထောင် တွင်းမှာ ဖမ်းဆီးခံထားရစဉ် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေက နှိပ်စက်ညှင်းပမ်းမှုတွေကို Yuki Kitazumi ကထုတ်ဖော်ပြောခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေတုန်းကလည်း ဂျပန်သတင်းထောက် Kenji Nagai သတင်းယူနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]






XS
SM
MD
LG