သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG နဲ႔ေတြ႕ဆုံမႈ မေလးရွားႏိုင္ငံကို ျမန္မာစစ္ေကာင္စီ ကန႔္ကြက္ေဝဖန္


မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah နဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ အေမရိကန္ျပည္ေထာင္စု၊ ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ ေတြ႔ဆံုၾကစဥ္။ (Photo: Saifuddin Abdullah's facebook)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနအေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မေလးရွားသံ႐ုံးအႀကီးအကဲကို ေခၚယူေတြ႔ဆုံၿပီး မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆုံခဲ့တာကို ကန႔္ကြက္ခဲ့တယ္လို႔ ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမလ ၁၉ ရက္ေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“မေလးႏိုင္ငံျခားေရးဝန္ႀကီးက အၾကမ္းဖက္အဖြဲ႕ျဖစ္တဲ့ NUG ကိုယ္စားလွယ္နဲ႔ေတြ႕ဆုံျခင္းက အၾကမ္းဖက္သူကို အားေပးရာေရာက္ပါတယ္။ အားေပးရာေရာက္တဲ့အျပင္ ဒါ ျမန္မာႏိုင္ငံအစိုးရရဲ႕ ႀကိဳးပမ္းခ်က္ေတြကို အဟန႔္အတားျဖစ္ေစၿပီးေတာ့ ႏိုင္ငံတကာအၾကမ္းဖက္မႈတိုက္ဖ်က္ေရး သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ရာေရာက္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံအေနနဲ႔ ျပင္းထန္စြာ ကန႔္ကြက္တဲ့အေၾကာင္းနဲ႔ မေလးရွားအစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္အမတ္မ်ားအေနနဲ႔ ေနာင္မွာ အလားတူ ထိေတြ႕ဆက္ဆံမႈမ်ိဳး မျပဳလုပ္ရန္သတိေပးထားေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ကန႔္ကြက္စာ ေပးပို႔ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ မေလးရွားသံ႐ုံးက သံ႐ုံးယာယီတာဝန္ခံကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနကိုေခၚၿပီး ကန႔္ကြက္ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာစစ္ေကာင္စီကိုယ္စားျပဳသူ တက္ေရာက္ခြင့္မရတဲ့အခ်ိန္မွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက NUG ႏိုင္ငံျခားေရးဝန္ႀကီးကို အစည္းအေဝးအျပင္ပန္းမွာ လက္ခံေတြ႕ဆုံခဲ့တာပါ။ တခ်ိန္တည္းမွာပဲ ႏိုင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံမွာရွိတဲ့ သူတို႔သံအဆင့္ အတန္းကို ေလွ်ာ့ခ်သတ္မွတ္လိုက္တဲ့အေပၚမွာေတာ့ ျမန္မာ စစ္ေကာင္စီဘက္က အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံတခ်ိဳ႕ဟာ ျမန္မာႏိုင္ငံနဲ႔ သံတမန္ေရးအရ ဆက္ဆံမႈ ေလွ်ာ့ခ်ခ်င္တဲ့သေဘာမ်ိဳး လုပ္ေဆာင္ေနတာေတြ ေတြ႕ေနရၿပီး ျမန္မာႏိုင္ငံဘက္ကေတာ့ ရပ္တည္ခ်က္ေျပာင္းလဲမွာ မဟုတ္တဲ့အေၾကာင္း ဒီေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီ ေျပာခြင့္ ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံက ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ကို ေ႐ြးခ်ယ္ တင္ေျမွာက္ခံထားရတဲ့ အစိုးရအဖြဲ႔အျဖစ္ ထိေတြ႔ဆက္ဆံဖို႔ အေရးႀကီးတဲ့ အေၾကာင္း မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီး Saifuddin Abdullah က ေျပာဆိုထားပါတယ္။ တခ်ိန္တည္းမွာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အာဆီယံရဲ႕ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ေရး ႏိုင္ ငံတကာက ဖိအားေပး ေျပာဆိုတာေတြလည္း တိုးလာေနပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ အခ်ဳပ္အျခာ ပိုင္ဆိုင္မႈနဲ႔ အက်ိဳးစီးပြားကို မထိခိုက္ဘူးဆိုရင္ အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ့္အေၾကာင္း အၿမဲတေစ တုံ႔ျပန္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

NUG နဲ့တွေ့ဆုံမှု မလေးရှားနိုင်ငံကို မြန်မာစစ်ကောင်စီ ကန့်ကွက်ဝေဖန်

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မလေးရှားသံရုံးအကြီးအကဲကို ခေါ်ယူတွေ့ဆုံပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တာကို ကန့်ကွက်ခဲ့တယ်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မလေးနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ NUG ကိုယ်စားလှယ်နဲ့တွေ့ဆုံခြင်းက အကြမ်းဖက်သူကို အားပေးရာရောက်ပါတယ်။ အားပေးရာရောက်တဲ့အပြင် ဒါ မြန်မာနိုင်ငံအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အဟန့်အတားဖြစ်စေပြီးတော့ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ရန်သတိပေးထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ရန်ကုန်မြို့ မလေးရှားသံရုံးက သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုခေါ်ပြီး ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြုသူ တက်ရောက်ခွင့်မရတဲ့အချိန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးအပြင်ပန်းမှာ လက်ခံတွေ့ဆုံခဲ့တာပါ။ တချိန်တည်းမှာပဲ နိုင်ငံတချို့က မြန်မာနိုင်ငံမှာရှိတဲ့ သူတို့သံအဆင့် အတန်းကို လျှော့ချသတ်မှတ်လိုက်တဲ့အပေါ်မှာတော့ မြန်မာ စစ်ကောင်စီဘက်က အာဆီယံ အရှေ့တောင်အာရှနိုင်ငံတချို့ဟာ မြန်မာနိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံမှု လျှော့ချချင်တဲ့သဘောမျိုး လုပ်ဆောင်နေတာတွေ တွေ့နေရပြီး မြန်မာနိုင်ငံဘက်ကတော့ ရပ်တည်ချက်ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်း ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့် ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံက ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ရွေးချယ် တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့အဖြစ် ထိတွေ့ဆက်ဆံဖို့ အရေးကြီးတဲ့ အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ပြောဆိုထားပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး နိုင် ငံတကာက ဖိအားပေး ပြောဆိုတာတွေလည်း တိုးလာနေပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း အမြဲတစေ တုံ့ပြန်ပြောဆိုထားပါတယ်။

=============

XS
SM
MD
LG