သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအကျဉ်းထောင်က မြန်မာ ၁၇၀ နီးပါး ပြည်နှင်ဒဏ်ပေး


ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ၊ ဇွန်လ ၇၊ ၂၀၂၂)
ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ၊ ဇွန်လ ၇၊ ၂၀၂၂)


[[Zawgyi/Unicode]]

ထိုင်းအကျဉ်းထောင်တွေအတွင်းက လွတ်ရက်စေ့နေတဲ့ မြန်မာအကျဉ်းသား ၁၇၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်နဲ့ နယ်စပ်ကနေ ပြန်လွှတ်လိုက်ပါတယ်။ အဲဒီလူတွေကို ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ အခု အင်္ဂါနေ့မှာ ပြန်ပို့လိုက်တာပါ။ အများစုက တရားဝင်အထောက်အထားလက်မှတ် သက်တမ်းကုန် ဆုံးပြီး တရားမဝင်နေထိုင်မှုနဲ့ အထောက်အထားမဲ့ ခိုးဝင်မှုအပြင် တခြား ရာဇဝတ်မှုပုဒ်မတွေနဲ့ အကျဉ်းချခံရသူတွေဖြစ်ကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ တခြားရာဇဝတ်မှုတွေ ကျုးလွန်တာတွေအပါအဝင် တရားဝင် အထောက်အထားလက်မှတ် သက်တမ်းကုန်ဆုံးတာ၊ လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံမရှိတညတွေကြောင့် မြန်မာအလုပ်သမား ၁၇၀ နီးပါးကို ပြည်နှင်ဒဏ်ပေးတာဖြစ်တယ်လို့ ကော့သောင်းမြို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာက ကိုပီတာက အခုလိုပြောပါတယ်။

“ရနောင်းကနေ ပြစ်ဒဏ်ကျခံပြီး အချုပ်ကနေလွတ်လာသူတွေပါ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပေါ့။ အမျိုးသားက ၉၁ ယောက်၊ အမျိုးသမီးက ၆၇ ယောက်ပါ။ ယောက်ကျားလေးကလေးက ၅ ယောက်၊ မိန်းကလေး ကလေးက ၆ ယောက်၊ စုစုပေါင်း ၁၆၉ ယောက်လွှဲပြောင်းပေးလိုက်တာပါ။”

အခုလို ပြည်နှင်ဒဏ်ပေးခံရတဲ့ အလုပ်သမားတွေထဲက နိုင်ငံကူးစာအုပ်ရှိတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲကို နောက်ထပ် အနည်းဆုံး ၆ လ ကနေ ၂ နှစ်ထိ ပြန်ဝင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။သူတို့ကိုတော့ မြန်မာဘက်ကိုရောက်တဲ့အခါမှာ ကွာရမ်တင်း ၅ ရက်ထားပြီးမှ နေရပ် ပြန်ပို့သွားမှာဖြစ်တယ်လို့လည်း ကိုပီတာကဆိုပါတယ်။

“များသောအားဖြင့် ခိုးဝင်တဲ့အမှုကများပါတယ်။ ကွာရမ်တင်း ၅ ရက် ဝင်ရပါမယ်။ ကိုဗစ် စစ်ဆေးပါတယ်။ နှာခေါင်းကို ထိုးပြီး စစ်ပါတယ်။”

အခု ဖမ်းပြီး ပြန်ပို့ခံရတဲ့သူတွေက အများစုက မပြန်ချင်ကြပါဘူး။ မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး တချို့က အိမ်ပေါင် ခြံပေါင်ပြီး လာခဲ့ကြတာလို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးပြီး ပြန်ပို့ခံရတာတွေ ရှိနေသလို တဘက်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံထဲကို နေ့စဉ် သွားရောက်နေတာမို့ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရတာတွေကလည်း နေ့ဆက်ဆိုသလို ရှိနေတာပါ။

အခုလို ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့သူတွေကို ထိုင်းဘက်က နေရပ်ပြန်ပို့နေပေမယ့် မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကပ်ဘေး စောင့်ကြည့်ရေးစင်တာတွေ မလုံလောက် တာကြောင့် မြန်မာဘက်က အကန့်အသတ်နဲ့ပဲလက်ခံပေးနေတာပါ။ အခုဆိုရင် ထိုင်းနိုင်ငံဘက်မှာ လွတ်ရက်စေ့နေသူတွေဟာ ထိုင်းလဝက အချုပ်တွေထဲမှာ ထောင်ဂဏန်းနဲ့ ချီပြီး ကျန်နေသေးပါတယ် ။ လွတ်ရက်စေ့ပြီး နေရပ်ကို ပြန်မပို့တဲ့အတွက် ထိုင်း လဝကအချုပ်မှာ တချို့အချုပ်သားတွေက ဆန္ဒပြတာတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေလည်းရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]










=============

XS
SM
MD
LG