သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာများသယ်လာတဲ့ကားတိမ်းမှောက် ၆ ဦးသေဆုံး


အထောက်အထားမဲ့မြန်မာတွေကို သယ်ဆောင်လာတဲ့ကား မတ်လ ၁၆ ရက်နေ့ မနက်မှာ ယာဉ်မတော်တဆ တိမ်းမှောက်ခဲ့ပုံ။ photo- Thai police)
အထောက်အထားမဲ့မြန်မာတွေကို သယ်ဆောင်လာတဲ့ကား မတ်လ ၁၆ ရက်နေ့ မနက်မှာ ယာဉ်မတော်တဆ တိမ်းမှောက်ခဲ့ပုံ။ photo- Thai police)

[[Zawgyi/Unicode]]


ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲကPhetkasem highway လမ်းမပေါ်မှာ မတ်လ ၁၆ ရက်နေ့ မနက်အစောကြီးအချိန်မှာ တရားမဝင်မြန်မာ ၁၈ ဦးသယ်ဆောင်လာတဲ့ ကားမတော်တဆဖြစ်ပြီး နောက် ကားက ဝင်တိုက်တာကြောင့် ကားပေါ်မှာပါလာတဲ့မြန်မာ ၆ ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ကျန်တဲ့ ၁၂ ဦးလည်း ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူနေကြရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ပရာကျွတ် ခီရီကန်ပြည်နယ်ထဲက Phetkasem highway လမ်းမပေါ်မှာ မတ်လ ၁၆ ရက်နေ့ မနက်အစောကြီးအချိန်မှာ အထောက်အထာမဲ့မြန်မာ ၁၈ ဦးကိုတင်လာတဲ့ ပစ်ကပ်ကားတစီး မတော်တဆတိမ်းမှောက်ခဲ့ချိန်မှာ နောက်ကပါလာတဲ့ဗင်ကားက အရှိန်မထိန်းနိုင်ဘဲ ထပ်ပြီးတိုက်ခဲ့ပါတယ်။ အဲဒီကားတိုက်မှုမှာ မြန်မာ ၆ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ဒီနေ့မနက်က အစောကြီးမှာဖြစ်တာ။ ပရာကျွတ် ခီရီကန်ဘက်မှာဖြစ်တာပါ။ တရားမဝင် အလုပ်သမားတွေက ဆာမွန်ဆာခွန်းဘက်မှာ အလုပ်သွားလုပ်ဖို့ သယ်ဆောင်သွားရင်းဖြစ်တာ။ ၆ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၁၂ ယောက်ကို ဆေးရုံကိုပို့တဲ့ ၁၂ ယောက်မှာလည်း ၅ ယောက်လည်း အတော်လေးအသည်းအသန်ဖြစ်နေတယ်လို့ပြောတယ်။ ဖြစ်တာကတော့ပစ်ကပ်ကားပါ။ မြန်မာတွေသယ်လာတဲ့ပစ်ကပ်ကားက အရှေ့ကနေ အရှိန်နဲ့သွားပြီး အလယ်ကျွန်းကိုဝင်တိုက်လိုက်တာ။ လူတွေကိုကိုင်ပေါက်သလိုဖြစ်သွားတာ။ အဲဒါကို နောက်ကားက ဝင်ပြီး ထပ်တိုက်တယ်။”

မြန်မာတွေကို သယ်ဆောင်လာတဲ့ကားက ကားဘီးပေါက်ပြီး လမ်းလယ်မှာကာထားတဲ့သတ္တုလက်ရမ်းကို ဝင်တိုက်ခဲ့ရာကနေ ကားတိမ်းမှောက်ခဲ့ရတာပါ။ မြန်မာတွေကိုသယ်ဆောင်လာတဲ့ ကားမောင်းသမားကတော့ထွက်ပြေးသွားတယ်လို့ အခင်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင် အထောက်အထားမဲ့မြန်မာတွေကိုသယ်ဆောင်လာတဲ့ကားတွေဟာ မကြာခန တိမ်းမှောက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလည်း အခုလို မတော်တဆတိမ်းမှောက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့ ဝင်ရောက်လာကြတဲ့ မြန်မာတွေ မကြာခန သေဆုံးခဲ့ရတယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

“နကွန်စဝမ်မှာလည်း တခါဖြစ်တယ်။ မဲဆောက်မှာ တခါဖြစ်တယ်။ ကမ်ချနဘူရီမှာလည်း ၂ ခါဖြစ်တယ်။ ကျနော်တို့သိသလောက်ပေါ့။ မနှစ်ကတော့ ၅ ခေါက်လောက်ဖြစ်တယ်။ သေတာလည်း အတော်များတယ်။ အခေါက်တိုင်းမှာ သေကြတယ်။”

အထောက်အထားမဲ့မြန်မာတွေသေဆုံးမှုနဲ့ပတ်သက်လို့ တရားမဝင်ပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ယာဉ်တိုက် မှုဖြစ်တဲ့ကားရဲ့အာမခံကြေးပေါ်မှာ မူတည်ပြီး နစ်နာကြေး ရရှိရမှာဖြစ်....

အထောက်အထားမဲ့မြန်မာတွေသေဆုံးမှုနဲ့ပတ်သက်လို့ တရားမဝင်ပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ယာဉ်တိုက် မှုဖြစ်တဲ့ကားရဲ့အာမခံကြေးပေါ်မှာ မူတည်ပြီး နစ်နာကြေး ရရှိရမှာဖြစ်တယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။ တရားမဝင်အထောက်အထားမဲ့တွေကို သယ်ဆောင်တဲ့သူအတော်များများဟာ စစ်ဆေးရေးဂိတ်တွေကိုဖြတ်ဖို့အတွက် အရှိန်ပြင်းပြင်းမောင်းနှင်လေ့ရှိတာကြောင့် မတော်တဆယာဉ်တိုက်တာ၊ ကားမှောက်တာတွေ မကြာခနဖြစ်ရတယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

တချို့ကတော့ ကားတိုက်မှုဖြစ်ပြီး ဆေးရုံဆေးခန်းမပို့ဘဲ ဒဏ်ရာရ မြန်မာတွေကို တောတောင်တွေထဲ စွန့်ပစ်သွားတာတွေလည်းရှိတဲ့အတွက် မလိုလားအပ်ဘဲ မြန်မာအလုပ်သမားတွေသေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီလပိုင်းတွေအတွင်းမှာပဲ တရားမဝင်မြန်မာတွေကို သယ်ဆောင်လာတဲ့ကားတွေ ယာဉ်မတော်တဆတိုက်မှုတွေ မကြာခနရှိနေပြီး အများစုကတော့ မြန်မာတွေကို အစုလိုက်အပြုံလိုက် လူကုန်ကူးတဲ့ဂိုဏ်းတွေကဖြစ်ကြပါတယ်ရှင်။


#MyanmarMigrants #MyanmarThailand #VOABurmese #အထောက်အထားမဲ့မြန်မာ #မတော်တဆကားတိုက်မှု #ထိုင်းနိုင်ငံ #ပရာကျွန်ခီရီကန် #ဗွီအိုအေ
=============

[[Unicode]]












=============

XS
SM
MD
LG