သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာ MOU စာခ်ဳပ္အရ ျမန္မာလုပ္သား၂၈၀ ေက်ာ္ ထိုင္းကိုေစလႊတ္


ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ကိုေရာက္လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံသေဘာတူညီမႈနဲ႔ ျမန္မာဘက္က MoU လုပ္သား အေယာက္ ၂၈၀ ေက်ာ္ကို ျမဝတီ- မဲေဆာက္နယ္စပ္ကေန ဒီေန႔ ေမလ ၁၀ ရက္မွာ စၿပီးေစလႊတ္ လိုက္ပါတယ္။ ဒါဟာ ကပ္ေရာဂါေၾကာင့္ ဒီႏွစ္ႏိုင္ငံၾကားမွာ တရားဝင္လုပ္သား ေစလႊတ္တာကို ၂ ႏွစ္ေလာက္ရပ္ထားၿပီး ပထမဆုံးအႀကိမ္ ေစလႊတ္တာျဖစ္ပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထား ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာဘက္က အလုပ္သမားေစလႊတ္ေရး ထိုင္း-ျမန္မာႏွစ္ဘက္ သေဘာတူစာခြၽန္ MOU အရ ျမန္မာလုပ္သား ၂၈၀ ေက်ာ္ကို ကရင္ျပည္နယ္၊ ျမဝတီဘက္ကေန ထိုင္းႏိုင္ငံ၊ မဲေဆာက္ဘက္ကို ဒီေန႔အဂၤါေန႔မွာ လႊဲေျပာင္းေပးလိုက္ၿပီလို႔ ျမန္မာအလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးၫႊန႔္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

"မွန္ပါတယ္ ဒီဘက္ကာလမွာ MoU စၿပီးေတာ့ ထိုင္းနဲ႔ညႇိႏႈိင္းၿပီး စၿပီးပို႔တာေနာ္၊ ေနာက္လည္း ေတာက္ေလွ်ာက္သြားဖို႔ ရွိပါတယ္။ ထိုင္းရဲ႕ကိုဗစ္စည္းကမ္းအတိုင္း က်ေနာ္တို႔ သြားမွာပါ။ သူတို႔ဘက္က ဒီတသုတ္ လုပ္တာကိုင္တာ ေရွာ႐ႉသြားရင္ေတာ့ ဆက္တိုက္လႊတ္ဖို႔ ရွိပါတယ္။"

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွာရွိတဲ့ ျမန္မာအလုပ္သမား သံအရာရွိ႐ုံးကေတာ့ ဒီေန႔ထိုင္းကိုေရာက္လာတဲ့ ျမန္မာ MoU လုပ္သား ၂၈၇ ေယာက္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။ သူတို႔အားလုံးက Panuspoultry Group ရဲ႕ ၾကက္သားထုတ္လုပ္ေရး အလုပ္႐ုံမွာ လုပ္ကိုင္ရမွာပါ။

၂၀၂၁ ကိုဗစ္ကာလမွာ ထိုင္းေရာက္ျပည္ပလုပ္သား အမ်ားအျပား ေနရပ္ျပန္ၾကလို႔ ထိုင္းမွာ လုပ္သားလိုအပ္ခ်က္ မ်ားေနပါတယ္။ ဒီလိုအပ္ခ်က္ကို ျဖည့္ႏိုင္ဖို႔အတြက္ အိမ္နီးခ်င္း ျမန္မာဘက္ကေန လုပ္သားအမ်ားအျပား ေခၚသြင္းေနရတာပါ။ ျမန္မာႏိုင္ ငံမွာေတာ့ ကိုဗစ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရး ခြၽတ္ၿခဳံက်ေနၿပီး ထိုင္းကို တရားမဝင္ အလုပ္သြားလုပ္သူေတြ တျဖည္းျဖည္းမ်ားလာပါတယ္။ အလုပ္လုပ္ကိုင္ဖို႔ ထိုင္းနယ္စပ္ကို တရားမဝင္ျဖတ္ေက်ာ္ရင္း ဖမ္းဆီးခံရသူ ျမန္မာေတြလည္း ေန႔တိုင္းနီးပါး ရွိေနပါတယ္။ အလုပ္တခုရဖို႔ ထိုင္းမွာလုပ္ေနရေပမဲ့ ဝင္ေငြကေတာ့ ကုန္က်စရိတ္နဲ႔ စုမိေဆာင္းမိ သိပ္မျဖစ္ဘူးလို႔ ဘန္ေကာက္ၿမိဳ႕၊ စမြတ္စခြန္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားတဦးက ဗြီအိုေအကို ေျပာပါတယ္။

"အခက္အခဲေတြကေတာ့ အမ်ားႀကီးေပါ့၊ ဒီမွာက ပြဲစားေတြရွိေတာ့ အလုပ္ေတြဘာေတြ သတ္မွတ္ေစ်းဆိုတာကလည္း လိမ္ခံရတဲ့သူေတြရွိသလို ကိုယ္တိုင္ဘတ္မရွိတဲ့သူေတြ ( အေထာက္အထား မရွိတဲ့သူေတြ) ဘာျဖစ္လဲဆိုေတာ့ နယ္ေဝးေတြမွာ သြားလုပ္ရတဲ့သူက်ေတာ့ အဆင္မေျပဘူးေလ။ လစာေတြက်ေတာ့လည္း ဘယ္ေလာက္မွ မဟုတ္ဘူးေလ။ အဲဒီေတာ့ ဒီမွာေနရတာ ကိုယ့္ဘက္က ဒုကၡေရာက္ခါနီး... ျမန္မာျပည္ကို ျပန္လႊဲေပးရတယ္ ဆို႐ုံပဲေပါ့ အဲလိုပဲျဖစ္ေနတယ္။"

တရားမဝင္လုပ္ေနရတဲ့ ျမန္မာလုပ္သားတဦးအေနနဲ႔ တလကို ပ်မ္းမွ်လစာ ျမန္မာေငြနဲ႔ဆို က်ပ္ ၆၀၀,၀၀၀ ေလာက္ရၿပီး ထက္ဝက္ေလာက္ပဲ စုေဆာင္းမိတယ္လို႔ သူကေျပာပါတယ္။

ျမန္မာကေန တရားဝင္လုပ္သား ေသာင္းနဲ႔ခ်ီၿပီး ေခၚယူသြားမယ္လို႔ ထိုင္းဘက္က ျမန္မာအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြကို မၾကာေသးခင္က ကမ္းလွမ္းခဲ့တာပါ။ ျမန္မာဘက္ကေတာ့ ကနဦးအေနနဲ႔ လုပ္သား ၂,၀၀၀ ေလာက္ စၿပီးပို႔ဖို႔ ျပင္ဆင္ ထားတယ္လို႔ လူထိပ္မိုး ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီက ဗြီအိုေအကို ေျပာပါတယ္။ MoU လုပ္သားေစလႊတ္ဖို႔အတြက္ ျမန္မာအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီ ၁၂ ခုက လုပ္ကိုင္ခြင့္ရထားပါတယ္။ ထိုင္းဘက္က တရားဝင္လုပ္သား အမ်ားအျပားလိုအပ္ေနေပမယ့္ ထိုင္းလုပ္ငန္းေတြရဲ႕ အခ်က္အလက္ကို စစ္ေဆးရတာ၊ တခ်ိဳ႕ စက္႐ုံေတြက အသစ္ျဖစ္ေနတာေတြေၾကာင့္ ဒါေတြကို စိစစ္ဖို႔အခ်ိန္ၾကန႔္ၾကာေနတယ္လို႔ ေအဂ်င္စီတခ်ိဳ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ထိုင်း-မြန်မာ MOU စာချုပ်အရ မြန်မာလုပ်သား၂၈၀ ကျော် ထိုင်းကိုစေလွှတ်

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုနဲ့ မြန်မာဘက်က MoU လုပ်သား အယောက် ၂၈၀ ကျော်ကို မြဝတီ- မဲဆောက်နယ်စပ်ကနေ ဒီနေ့ မေလ ၁၀ ရက်မှာ စပြီးစေလွှတ် လိုက်ပါတယ်။ ဒါဟာ ကပ်ရောဂါကြောင့် ဒီနှစ်နိုင်ငံကြားမှာ တရားဝင်လုပ်သား စေလွှတ်တာကို ၂ နှစ်လောက်ရပ်ထားပြီး ပထမဆုံးအကြိမ် စေလွှတ်တာဖြစ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထား ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာဘက်က အလုပ်သမားစေလွှတ်ရေး ထိုင်း-မြန်မာနှစ်ဘက် သဘောတူစာချွန် MOU အရ မြန်မာလုပ်သား ၂၈၀ ကျော်ကို ကရင်ပြည်နယ်၊ မြဝတီဘက်ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို ဒီနေ့အင်္ဂါနေ့မှာ လွှဲပြောင်းပေးလိုက်ပြီလို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"မှန်ပါတယ် ဒီဘက်ကာလမှာ MoU စပြီးတော့ ထိုင်းနဲ့ညှိနှိုင်းပြီး စပြီးပို့တာနော်၊ နောက်လည်း တောက်လျှောက်သွားဖို့ ရှိပါတယ်။ ထိုင်းရဲ့ကိုဗစ်စည်းကမ်းအတိုင်း ကျနော်တို့ သွားမှာပါ။ သူတို့ဘက်က ဒီတသုတ် လုပ်တာကိုင်တာ ရှောရှူသွားရင်တော့ ဆက်တိုက်လွှတ်ဖို့ ရှိပါတယ်။"

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိရုံးကတော့ ဒီနေ့ထိုင်းကိုရောက်လာတဲ့ မြန်မာ MoU လုပ်သား ၂၈၇ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ သူတို့အားလုံးက Panuspoultry Group ရဲ့ ကြက်သားထုတ်လုပ်ရေး အလုပ်ရုံမှာ လုပ်ကိုင်ရမှာပါ။

၂၀၂၁ ကိုဗစ်ကာလမှာ ထိုင်းရောက်ပြည်ပလုပ်သား အများအပြား နေရပ်ပြန်ကြလို့ ထိုင်းမှာ လုပ်သားလိုအပ်ချက် များနေပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့အတွက် အိမ်နီးချင်း မြန်မာဘက်ကနေ လုပ်သားအများအပြား ခေါ်သွင်းနေရတာပါ။ မြန်မာနိုင် ငံမှာတော့ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ချွတ်ခြုံကျနေပြီး ထိုင်းကို တရားမဝင် အလုပ်သွားလုပ်သူတွေ တဖြည်းဖြည်းများလာပါတယ်။ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရသူ မြန်မာတွေလည်း နေ့တိုင်းနီးပါး ရှိနေပါတယ်။ အလုပ်တခုရဖို့ ထိုင်းမှာလုပ်နေရပေမဲ့ ဝင်ငွေကတော့ ကုန်ကျစရိတ်နဲ့ စုမိဆောင်းမိ သိပ်မဖြစ်ဘူးလို့ ဘန်ကောက်မြို့၊ စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတဦးက ဗွီအိုအေကို ပြောပါတယ်။

"အခက်အခဲတွေကတော့ အများကြီးပေါ့၊ ဒီမှာက ပွဲစားတွေရှိတော့ အလုပ်တွေဘာတွေ သတ်မှတ်ဈေးဆိုတာကလည်း လိမ်ခံရတဲ့သူတွေရှိသလို ကိုယ်တိုင်ဘတ်မရှိတဲ့သူတွေ ( အထောက်အထား မရှိတဲ့သူတွေ) ဘာဖြစ်လဲဆိုတော့ နယ်ဝေးတွေမှာ သွားလုပ်ရတဲ့သူကျတော့ အဆင်မပြေဘူးလေ။ လစာတွေကျတော့လည်း ဘယ်လောက်မှ မဟုတ်ဘူးလေ။ အဲဒီတော့ ဒီမှာနေရတာ ကိုယ့်ဘက်က ဒုက္ခရောက်ခါနီး... မြန်မာပြည်ကို ပြန်လွှဲပေးရတယ် ဆိုရုံပဲပေါ့ အဲလိုပဲဖြစ်နေတယ်။"

တရားမဝင်လုပ်နေရတဲ့ မြန်မာလုပ်သားတဦးအနေနဲ့ တလကို ပျမ်းမျှလစာ မြန်မာငွေနဲ့ဆို ကျပ် ၆၀၀,၀၀၀ လောက်ရပြီး ထက်ဝက်လောက်ပဲ စုဆောင်းမိတယ်လို့ သူကပြောပါတယ်။

မြန်မာကနေ တရားဝင်လုပ်သား သောင်းနဲ့ချီပြီး ခေါ်ယူသွားမယ်လို့ ထိုင်းဘက်က မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို မကြာသေးခင်က ကမ်းလှမ်းခဲ့တာပါ။ မြန်မာဘက်ကတော့ ကနဦးအနေနဲ့ လုပ်သား ၂,၀၀၀ လောက် စပြီးပို့ဖို့ ပြင်ဆင် ထားတယ်လို့ လူထိပ်မိုး ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက ဗွီအိုအေကို ပြောပါတယ်။ MoU လုပ်သားစေလွှတ်ဖို့အတွက် မြန်မာအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၁၂ ခုက လုပ်ကိုင်ခွင့်ရထားပါတယ်။ ထိုင်းဘက်က တရားဝင်လုပ်သား အများအပြားလိုအပ်နေပေမယ့် ထိုင်းလုပ်ငန်းတွေရဲ့ အချက်အလက်ကို စစ်ဆေးရတာ၊ တချို့ စက်ရုံတွေက အသစ်ဖြစ်နေတာတွေကြောင့် ဒါတွေကို စိစစ်ဖို့အချိန်ကြန့်ကြာနေတယ်လို့ အေဂျင်စီတချို့က ပြောပါတယ်။
=========

XS
SM
MD
LG