သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

MOU သေဘာတူညီခ်က္အရ ျမန္မာလုပ္သား ၃၅၀ ေက်ာ္ ထိုင္းေရာက္ရွိ


ေမလ ၂၆၊ ၂၀၂၂ က မဲေဆာက္ျမဝတီနယ္စပ္ကတဆင့္ ထုိင္းႏိုင္ငံမွာအလုပ္လုပ္ဖို႔ ဝင္လာတဲ့ ျမန္မာ MOU လုပ္သားမ်ား ( Photo-အလုပ္သမားသံအရာရွိရံုး)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံမွာ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ့ တရားဝင္အလုပ္လုပ္ဖို႔ ျမန္မာလုပ္သား ၃၅၀ ေက်ာ္ဟာ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ ျမဝတီ ခ်စ္ႀကည္ေရးတံတား (၂) ကေန ေမလ၂၆ ရက္ေန့မွာ ထပ္မံဝင္ေရာက္လာပါတယ္။ ေမလအတြင္း MOU နဲ့တရားဝင္ ဝင္ေရာက္တဲ့ဦးေရက ၁,၇၀၀ ေလာက္ပဲရွိေနေသးတာပါ။ တရားဝင္လမ္းေၾကာင္းက ဝင္ေရာက္လာသူအေရအတြက္ နည္းေနေသးတဲ့အတြက္ တရားမဝင္လမ္းေၾကာင္းကေနျမန္မာေတြ အစုလိုက္အျပံဳလိုက္ ဝင္ေရာက္ေနတဲ့အတြက္ ျပီးခဲ့တဲ့လမွာ ေသာင္းဂဏန္းနဲ့ဖမ္းဆိီးမိတယ္လို့ ထုိင္းအာဏာပုိုင္ေတြကဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပု့ိထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းကို ၂ ႏွစ္ေက်ာ္ကာလအတြင္း ပထမဦးအႀကိမ္အျဖစ္ ေမလကစျပီး ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ ျမန္မာအလုပ္သမားေတြ စတင္ဝင္ေရာက္ခြင့္ရခဲ့ၾကပါတယ္။ အခု ေမလ၂၆ ရက္ေန့မွာေတာ့ ထုိင္း -ျမန္မာနယ္စပ္ မဲေဆာက္ျမဝတီ ခ်စ္ႀကည္ေရးတံတားကေန ျမန္မာလုပ္သား ၃၅၀ ေက်ာ္ ထပ္ၿပီးဝင္ေရာက္လာတဲ့အတြက္ ေမလအတြင္းမွာ စုစုေပါင္းျမန္မာလုပ္သား ၁,၇၀၀ နီးပါးထိရွိလာျပီလို့ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွုပ္ရွားမႈေကာ္မတီရဲ ့ဥကၠ႒ ဦးမိုးႀကိဳးကေျပာပါတယ္။

“ထိုင္းျမန္မာႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈ MOU စံနစ္နဲ့ ေမလ၂၆ ရက္ေန့မွာ MOU လုပ္သား ၃၅၀ ေက်ာ္ဟာ မဲေဆာက္ျမဝတီလမ္းေႀကင္းကေန ၅ ႀကိမ္ေျမာက္ ဝင္ေရာက္ပါတယ္။ တႏိုင္ငံလံုးအတုိင္းအတာနဲ့ လမ္းေၾကာင္း၂ ခု ရိွတယ္။ မဲေဆာက္ ျမဝတီလမ္းေၾကာင္းကေန ေမလ ၁၀ ရက္ေန့၊ ေမလ ၁၁ ရက္ေန့၊ ၁၉ ရက္ေန့၊ ၂၀ ရက္ေန့၊ ၂၆ ရက္ေန့- အားလံုးေပါင္း ၁,၄၆၉ ေယာက္။ ဒါက မဲေဆာက္ျမဝတီလမ္းေၾကာင္း တခုတည္းကဝင္တာပါ။ ေကာ့ေသာင္းလမ္းေၾကာင္းကေန လာတာက ၂၂၂ ေယာက္ရွိတယ္။ MOU စံနစ္နဲ့ ထုိင္းႏိုင္ငံမွာ အလုပ္လုပ္ဖို့လာတဲ့ ျမန္မာလုပ္သားေပါင္း ၁,၆၉၁ ေယာက္ ထိုင္းႏိုင္ငံထဲ ဝင္ေရာက္တာရွိပါတယ္။”

အခုဆိုရင္ ျမန္မာႏိုင္ငံကေန တရားဝင္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ့ ျမန္မာအလုပ္သမား ၁ သိန္းေက်ာ္ ဝင္ေရာက္လာမွာျဖစ္ေပမယ့္ ကုိဗစ္ကပ္ေဘးေၾကာင့္ လုပ္ငန္းစဥ္မ်ား ၾကန့္ၾကာေန၇တာပါ။ ဒီအတြက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြဟာ တရားမဝင္တဲ့နည္းနဲ႔ အလုပ္အကိုင္ရွာဖို႔ ေန႔စဥ္ဆိုသလို ထုိင္းႏိုင္ငံထဲကို အစုလိုက္အျပဳံလိုက္ဝင္ေရာက္လာေနခဲ့ၾကၿပီး ဧျပီလ အတြင္းမွာပဲ အဖမ္းခံရတဲ့ အေထာက္အထားမဲ့ျမန္မာေတြဟာ ေသာင္းဂဏန္းေလာက္အထိ ရွိခဲ့ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ တရားမဝင္လုပ္ငန္းစဥ္ တိုက္ဖ်က္ေရးစင္တာရဲ႕ စာရင္းေတြအရ ျပီးခဲ့တဲ့ဧၿပီ ၁ ရက္ကေန ရက္၂၀ အထိ ရက္ေပါင္း ၂၀ အတြင္းမွာ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္လာသူ ၁၃,၄၀၅ ဦးကို ဖမ္းဆီးရမိတယ္လို႔ အစိုးရအဖြဲ႕ရဲ့ေျပာေရးဆိုခြင့္ရွိသူ Mr. Thanakorn Wangboonkongchana က လည္း ဒီရက္ပုိင္းမွာပဲထုတ္ေဖာ္ေျပာဆုိခဲ့ေႀကာင္း ဦးမိုးႀကိဳးကဆိုပါတယ္။

“ထုိင္းနယ္ျခားေစာင့္တပ္ဖဲြ႔နဲ့ ထုိင္းဘုရင့္တပ္မေတာ္၊ ထုိင္းလဝကတပ္ဖဲြ႔ စတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြက ထုိင္းႏိုင္ငံထဲကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္တဲ့သူေပါင္း ၁၃,၄၀၅ ေယာက္ရွိတယ္ဆိုတဲ့အေၾကာင္း ေမလ ၂၄ ရက္ေန့က ထိုင္းအစုိးရရဲ႕ အစည္းအေဝးတခုမွာ ထုတ္ေဖာ္ေျပာဆုိထားတာရွိပါတယ္။”

ထိုင္းအလုပ္သမားဝန္ႀကီးဌာနလက္ေအာက္က ဌာနတခုျဖစ္တဲ့ အလုပ္အကုိင္ဦးစီးဌာန Department of Employment (DOE ) က MOU နဲ႔ လာေရာက္လုပ္ကိုင္မယ့္ ျမန္မာအပါအဝင္ ကေမၻာဒီးယား၊ လာအိုဝ္ ၃ ႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၄၄,၇၀၉ ကုိ ဧျပီလအတြင္း အလုပ္လုပ္ခြင့္ ပါမစ္ေတြ ခ်ေပးခဲ့ျပီး ဒီထဲမွာျမန္မာအလုပ္သမား တသိန္းေက်ာ္ကို ေခၚယူသြားမွာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ့ လာၾကတဲ့ျမန္မာအလုပ္သမားေတြအေရအတြက္ကေတာ့အခုခ်ိန္အထိ ေမလအတြင္းမွာ ၁,၇၀၀ နီးပါးပဲရွိပါေသးတယ္။


#MyanmarMigrants #MyanmarThailandMoU #VOABurmese #ထုိင္းျမန္မာ #ေရႊ႕ေျပာင္းအလုပ္သမား #ျမဝတီမဲေဆာက္ခ်စ္ၾကည္ေရးတံတား #ဗီြအိုေအ

================

[[Unicode]]

MOU သဘောတူညီချက်အရ မြန်မာလုပ်သား ၃၅၀ ကျော် ထိုင်းရောက်ရှိ

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင်အလုပ်လုပ်ဖို့ မြန်မာလုပ်သား ၃၅၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား (၂) ကနေ မေလ၂၆ ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ မေလအတွင်း MOU နဲ့တရားဝင် ဝင်ရောက်တဲ့ဦးရေက ၁,၇၀၀ လောက်ပဲရှိနေသေးတာပါ။ တရားဝင်လမ်းကြောင်းက ဝင်ရောက်လာသူအရေအတွက် နည်းနေသေးတဲ့အတွက် တရားမဝင်လမ်းကြောင်းကနေမြန်မာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်နေတဲ့အတွက် ပြီးခဲ့တဲ့လမှာ သောင်းဂဏန်းနဲ့ဖမ်းဆီးမိတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ၂ နှစ်ကျော်ကာလအတွင်း ပထမဦးအကြိမ်အဖြစ် မေလကစပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ မြန်မာအလုပ်သမားတွေ စတင်ဝင်ရောက်ခွင့်ရခဲ့ကြပါတယ်။ အခု မေလ၂၆ ရက်နေ့မှာတော့ ထိုင်း -မြန်မာနယ်စပ် မဲဆောက်မြဝတီ ချစ်ကြည်ရေးတံတားကနေ မြန်မာလုပ်သား ၃၅၀ ကျော် ထပ်ပြီးဝင်ရောက်လာတဲ့အတွက် မေလအတွင်းမှာ စုစုပေါင်းမြန်မာလုပ်သား ၁,၇၀၀ နီးပါးထိရှိလာပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

“ထိုင်းမြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု MOU စံနစ်နဲ့ မေလ၂၆ ရက်နေ့မှာ MOU လုပ်သား ၃၅၀ ကျော်ဟာ မဲဆောက်မြဝတီလမ်းကြေင်းကနေ ၅ ကြိမ်မြောက် ဝင်ရောက်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းကြောင်း၂ ခု ရှိတယ်။ မဲဆောက် မြဝတီလမ်းကြောင်းကနေ မေလ ၁၀ ရက်နေ့၊ မေလ ၁၁ ရက်နေ့၊ ၁၉ ရက်နေ့၊ ၂၀ ရက်နေ့၊ ၂၆ ရက်နေ့- အားလုံးပေါင်း ၁,၄၆၉ ယောက်။ ဒါက မဲဆောက်မြဝတီလမ်းကြောင်း တခုတည်းကဝင်တာပါ။ ကော့သောင်းလမ်းကြောင်းကနေ လာတာက ၂၂၂ ယောက်ရှိတယ်။ MOU စံနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့လာတဲ့ မြန်မာလုပ်သားပေါင်း ၁,၆၉၁ ယောက် ထိုင်းနိုင်ငံထဲ ဝင်ရောက်တာရှိပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံကနေ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ မြန်မာအလုပ်သမား ၁ သိန်းကျော် ဝင်ရောက်လာမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် လုပ်ငန်းစဉ်များ ကြန့်ကြာနေ၇တာပါ။ ဒီအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားမဝင်တဲ့နည်းနဲ့ အလုပ်အကိုင်ရှာဖို့ နေ့စဉ်ဆိုသလို ထိုင်းနိုင်ငံထဲကို အစုလိုက်အပြုံလိုက်ဝင်ရောက်လာနေခဲ့ကြပြီး ဧပြီလ အတွင်းမှာပဲ အဖမ်းခံရတဲ့ အထောက်အထားမဲ့မြန်မာတွေဟာ သောင်းဂဏန်းလောက်အထိ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ တရားမဝင်လုပ်ငန်းစဉ် တိုက်ဖျက်ရေးစင်တာရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ဧပြီ ၁ ရက်ကနေ ရက်၂၀ အထိ ရက်ပေါင်း ၂၀ အတွင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁၃,၄၀၅ ဦးကို ဖမ်းဆီးရမိတယ်လို့ အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Mr. Thanakorn Wangboonkongchana က လည်း ဒီရက်ပိုင်းမှာပဲထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဦးမိုးကြိုးကဆိုပါတယ်။

“ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ထိုင်းဘုရင့်တပ်မတော်၊ ထိုင်းလဝကတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့သူပေါင်း ၁၃,၄၀၅ ယောက်ရှိတယ်ဆိုတဲ့အကြောင်း မေလ ၂၄ ရက်နေ့က ထိုင်းအစိုးရရဲ့ အစည်းအဝေးတခုမှာ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။”

ထိုင်းအလုပ်သမားဝန်ကြီးဌာနလက်အောက်က ဌာနတခုဖြစ်တဲ့ အလုပ်အကိုင်ဦးစီးဌာန Department of Employment (DOE ) က MOU နဲ့ လာရောက်လုပ်ကိုင်မယ့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုဝ် ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁၄၄,၇၀၉ ကို ဧပြီလအတွင်း အလုပ်လုပ်ခွင့် ပါမစ်တွေ ချပေးခဲ့ပြီး ဒီထဲမှာမြန်မာအလုပ်သမား တသိန်းကျော်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြတဲ့မြန်မာအလုပ်သမားတွေအရေအတွက်ကတော့အခုချိန်အထိ မေလအတွင်းမှာ ၁,၇၀၀ နီးပါးပဲရှိပါသေးတယ်။

#MyanmarMigrants #MyanmarThailandMoU #VOABurmese #ထိုင်းမြန်မာ #ရွှေ့ပြောင်းအလုပ်သမား #မြဝတီမဲဆောက်ချစ်ကြည်ရေးတံတား #ဗွီအိုအေ

================

XS
SM
MD
LG