သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်မှုစွဲချက်နဲ့ မြန်မာနှစ်ဦးကို ထိုင်းဖမ်းဆီး


ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ထဲမှာ ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုတဦးအသတ်ခံထားရပုံ ( ထိုင်းလူမှုကယ်ဆယ်ရေး/ဇူလိုင် ၁၁၊ ၂၀၂၂)
ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ထဲမှာ ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုတဦးအသတ်ခံထားရပုံ ( ထိုင်းလူမှုကယ်ဆယ်ရေး/ဇူလိုင် ၁၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းပြည်နယ်မှာ ထိုင်းလွှတ်တော်အမတ် လက်ထောက် ရဲ့ဖခင်ပြန်ပေးဆွဲအသတ်ခံရတာနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုတွေနဲ့ဖမ်းဆီးတရားစွဲထားကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ရနောင်းပြည်နယ် ကရပူရီမြို့နယ်၊ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရပ်ကွက်မှာရှိတဲ့ ရာဘာခြံတခြံထဲက ရေအိုင်မှာ ရနောင်းလွှတ်တော် အမတ်ရဲ့ လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်ကျေးရွာအုပ်စု စီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း တို့ရဲ့ ဖခင်ကြီးကို အသတ်ခံရတဲ့ပုံစံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတဦးဖြစ်ပြီး သူ့ကို အဆက်အသွယ် မရတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ကြရာက အသတ်ခံထားရတဲ့ပုံ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလူသတ်မှုနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦိးကို ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ က အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးက အခုလိုပြောပါတယ်။

“အသက် ၂၀ ကျော်တယောက်နဲ့ ၃၀ ကျော်၊ သူတို့ ၂ ယောက်ကို အမှု ၃ မှုပေါ့နော်။ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခြမ်းခြောက်မှုတွေနဲ့ တရားစွဲလိုက်ပြီ။ ရဲက သတင်းစာ ရှင်းလင်းပွဲမှာ ထွက်ဆိုချက်ပေါ့နော်။ သူတို့နှစ်ယောက်က တုတ်နဲ့ရိုက်သတ်တယ်။ ကြိုးတုပ်ပီး ရေတွင်းထဲပစ်ချတယ်ဆိုပြီး သူတို့က ထွက်ဆိုတယ်။ ဝန်ခံပါတယ်ဆိုပြီး ရဲကပြောပါတယ်။”

လူသတ်မှုဖြစ်ပြီးတဲ့နောက် မြန်မာအလုပ်သမား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး နောက်ပိုင်းမှာတော့ မျက်မြင်သက်သေတဦးအပါအဝင် အခု တရားစွဲဆိုခံရတဲ့မြန်မာ၂ ဦးကို အဓိကစစ်ဆေးခဲ့တာဖြစ်ပါတယ်။ မြန်မာအလုပ်သမား ၂ ဦးအခုလိုတရားစွဲဆိုခံရပေမယ့် လူသတ်မှု ကျူးလွန်ခြင်းရှိမရှိဆိုတာ တရားရုံးက ဆုံးဖြတ်ချက်ချမှသာ သိရှိနိုင်မယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“ဒါကလည်းပြောရမယ်ဆိုရင် ရဲကစွဲချက်ပေါ့နော်။ ကာယာကံရှင်တွေအမြင် စွပ်စွဲခံရသူတွေရဲ့အမြင်မှာတော့ တရားရုံးက စီရင်ဆုံးဖြတ်ချက်ချပြီးမှသာ ဒါကို ကျူးလွန်တယ်၊ မကျူးလွန်ဘူးဆိုတာကို သိရမှာပေါ့။ အခုချိန်ထိတော့ ယတိပြတ် သူတို့သတ်တာ ကြိမ်းသေပါတယ်ဆိုတာ ပြောလို့မရသေးပါဘူး။ တရားရုံး ဆုံးဖြတ်ချက်ကိုကြည့်ရပါမယ်။”

သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် နိုင်းထနူးကျိုင်ဒီဆိုသူဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အခုတရားစွဲခံရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေဟာလည်း သူ့ရဲ့အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသား ၁ ဦးကိုသတ်ပြီး မြေမြှုပ်အလောင်းဖျောက်တဲ့အမှုနဲ့ပတ်သက်လို့ တရားခံကိုဖမ်းဆီးနိုင်ဖို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီထဲက မြန်မာနိုင်ငံသားတချို့ကိုလည်း လူသတ်မှုနဲ့ တရားစွဲထားပါတယ်ရှင်။

#MyanmarMigrants #VOABurmese #မြန်မာရွှေ့ပြောင်းအလုပ်သမား #ရနောင်းပြည်နယ် #ရာဘာခြံလူသတ်မှု

===========

[[Unicode]]











===========

XS
SM
MD
LG