သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းအထည္ခ်ဳပ္စက္႐ုံ ျမန္မာအလုပ္သမားနစ္နာေၾကး တဖြဲ႔ ထိုင္းဘတ္ တသန္းေက်ာ္စီ ေလ်ာ္ေၾကးရ


ကိုဗစ္ကပ္ေဘးကာလအတြင္း အလုပ္ရပ္နားခံရလို႔ စြဲတဲ့အမႈ အမႈႏုိင္ၿပီး ေလွ်ာ္ေၾကးရရွိခဲ့တဲ့ ထိုင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား။ ( ဇူလိုင္ ၇၊ ၂၀၂၂/MWRN)

[[Zawgyi/Unicode]]

ဆာမြတ္ဆာခြန္းျပည္နယ္ထဲက အထည္ခ်ဳပ္စက္႐ုံတခုနဲ႔ လွ်ပ္စစ္ပစၥည္းထုတ္လုပ္တဲ့စက္႐ုံ ၂ ခုက စုစုေပါင္းျမန္မာအလုပ္သမား ၇၀ ေက်ာ္ကို အလုပ္ရွင္က ကိုဗစ္ကပ္ေဘးကာလမွာ အလုပ္ေလွ်ာ့ခ်ခဲ့တဲ့အတြက္ တရားစြဲဆိုရာမွာ အစုအဖြဲ႔တခုခ်င္းစီမွာ နစ္နာေၾကး ဘတ္တသန္းေက်ာ္စီ ျပန္လည္ရရွိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ ဆာမြတ္ဆာခြန္းျပည္နယ္ မဟာခ်ိဳင္ၿမိဳ႕ ဘန႔္လိုင္ရပ္္က လွ်ပ္စက္ပစၥည္းစက္႐ုံမွာ ျပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈကိုအေႀကာင္းျပျပီး အလုပ္သမား ၄၅ ဦးကုိ နစ္နာေၾကးမေပးဘဲ အလုပ္ကေန ရပ္နားထားတဲ့အတြက္ တရားစဲြဆုိရာမွာ နစ္နာေၾကးကုိ ၅၀ ရာခိုင္းႏွံဳးသာ ရရွိျပီး ဘတ္ေငြ တသန္းေက်ာ္ရရွိခဲ့တယ္လို့ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

“စက္ရံုကုိခနေလးနားျပီးျပန္ဖြင့္ပါမယ္။ ေျပာျပီးေစာင့္ရင္းနဲ့ အလုပ္သမားေတြက စားဝတ္ေနေရးအဆင္မေျပတာနဲ့ က်ေနာ္တို့ကို အကူညီေတာင္းေတာ့ အစုိးရရံုးမွာ တရားစဲြေပးလိုက္တယ္။ ဆာဝါဒီကန္ရံုး (အလုပ္ရွင္ အလုပ္သမားကာကြယ္ေရးရံုး) ကေန သူတို့ ၄၅ ဦးကုိစုစုေပါင္း ၂၆ သိန္းကုိ ေပးေခ်ဖို့ အမိန့္ခ်ေပးတယ္။ အလုပ္ရွင္ကေတာ့ အဲဒီေလာက္ေငြေၾကးကိုမေပးႏိုင္ေတာ့ က်ေနာ္တို့က တရားရံုးမွာ ဆက္ တက္တယ္။ မေပးႏိုင္တာ သူ့မွာ ေငြေၾကးအဲဒီေလာက္လံုလံုေလာက္ေလာက္မရွိဘူး။ ဒီေတာ့တရားသူႀကီးက အလုပ္ရွင္နဲ့အလုပ္သမားညိွႏိႈင္းၾကပါ-ဆိုေတာ့ ညိွႏိႈင္းရင္းနဲ ့ တဦးဘက္ကေလွ်ာ့ရင္းနဲ့ ၅၀ ရာခိုင္ႏွံဳးနဲ့ အားလံုးေႀကေအးလုိက္တာပါ။”

မဟာခ်ိဳင္ေဒသ အုန္းႏြဲအရပ္က အထည္ခ်ဳပ္စက္ရံုမွာလည္း ျမန္မာအလုပ္သမား၂၈ ဦးကေတာ့ အလုပ္ ကေန ေလွ်ာ့ခ်ခံရတာကို ျပန္လည္တရားစဲြဆုိရာမွာေတာ့ နစ္နာေၾကး ၈၀ ရာခိုင္ႏွံဳးအျဖစ္ ဘတ္ေငြတသန္းေက်ာ္ျပန္ရရွိခဲ့တယ္လို့လည္း ဦးေအာင္ေက်ာ္ကေျပာပါတယ္။

“လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက ကုိဗစ္ကပ္ေဘးကာလႀကီးမွာေပါ့။ စက္ရံုကေနျပီးေတာ့ သူတို့ကေတာ့ တရားဝင္ MOU လုပ္သားေတြပါ။ ၄ ႏွစ္သက္တမ္းျပည့္ျပီးတဲ့အခ်ိန္မွာ သူတို့ရဲ့စီးပြားေရးက်ဆင္းတယ္ဆိုျပီး လုပ္ငန္းရွင္က သူတို့ကအလုပ္ကေန ေလွ်ာ့ခ်လိုက္တာေပါ့ေနာ္။ စာခ်ဳပ္သက္တမ္းကိုမတုိးေပးေတာ့ဘူးဆိုျပီး လုပ္သားေတြကို အလုပ္ကေန ရပ္နားလိုက္တာပါ ။ရပ္နားလိုက္ေတာ့ က်ေနာ္တို့ရံုးမွာ အကူညီလာေတာင္းတဲ့အခါမွာ က်ေနာ္တုိ့ကလည္း ဆာဝါဒီကန္ရံုး( အလုပ္ရွင္နဲ့အလုပ္သမားကာကြယ္ေရးရံုး) မွာ အမႈဖြင့္တာေပါ့ေနာ္။ ဆာဝါဒီကန္ရံုးကလည္း အလုပ္ရွင္မွာ အျပစ္မရွိပါဘူးဆိုျပီး အမိန့္ခ်လိုက္ေတာ့ အလုပ္သမားေတြဘက္ အရွံုးျဖစ္တာေပါ့ေနာ္။ က်ေနာ္တို႔က ဒီအမိန့္စာက သဘာဝမက်ေတာ့ အလုပ္သမားတရား႐ံုးကို ဦးတုိက္ျပီး က်ေနာ္တို့အဖဲြ႔က ဦးေဆာင္ျပီးေလွ်ာက္ေပးပါတယ္။ ေလွ်ာက္တဲ့အခါမွာ တရားသူႀကီးက ဆံုးျဖတ္တာက အလုပ္သမားေတြက အလုပ္ေတြ ထပ္လုပ္ခ်င္တဲ့ဟာကို အလုပ္ရွင္ဘက္က တဘက္သတ္ ရပ္နားတဲ့အတြက္အလုပ္ရွင္မွာတာ၀န္ရွိတယ္လို့ တရားရံုးက ဆံုးျဖတ္တယ္။ တရားရံုးက အလုပ္ရွင္နဲ့အလုပ္သမားေတြ ျပန္လည္ညွိႏိုင္းတဲ့အခါမွာ ၈၀ ရာခိုင္းႏွံုးနဲ့ အားလံုျပတ္သြားျပီး အလုပ္သမား၂၈ ေယာက္က နစ္နာေၾကးအျဖစ္ ဘတ္ ၁ သန္း ၃ သိန္းေလာက္ ျပန္ရသြားပါတယ္။”

ကိုဗစ္ကပ္ေဘးကာလမွာ စစ္ရံု အလုပ္ရံုေတြ ရပ္နားလိုက္တဲ့အတြက္ အလုပ္သမားအေတာ္မ်ားမ်ား အလုပ္လက္မဲ့ျပႆနာကိုႀကံဳခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ သိန္းနဲ့ခ်ီရွိတဲ့ျမန္မာအလုပ္သမားေတြဟာ ေနရပ္ျပန္ခဲ့ၾကပါတယ္။ အခုကေတာ့ တစိုက္စိုက္မတ္မတ္နဲ့တရားရံုးတက္ခဲ့တာေၾကာင့္ ေအာင္ျမင္မႈ ရခဲ့တာလို့ဆုိပါတယ္။

အေစာပုိင္း ကိုဗစ္ျဖစ္ကာစ အမ်ားႀကီးျဖစ္ေနေတာ့ သူသူကုိယ္ကုိယ္ျဖစ္ေနတဲ့အခ်ိန္ တခ်ဳိ႕က ဥပေဒေၾကာင္းလည္း နားမလည္၊ ကိုဗစ္ျဖစ္ေနေတာ့ လမ္းေတြကလည္းမပိတ္ေသးေတာ့ အလုပ္ျပဳတ္ျပီး တခ်ိဳ့က အိမ္ျပန္ၾကတာေတြလည္း အမ်ားႀကီးရွိပါတယ္။ တခ်ဳိ႕ကေတာ့ တိုင္ၾကားတဲ့နည္းလမ္းေတြ သိတယ္။ အလုပ္သမားေရး အဖဲြ႔အစည္းေတြကိုသိေတာ့ တစုိက္မတ္မတ္လုပ္တယ္။ အခုကေတာ့ အလုပ္သမားေတြက ဇဲြေကာင္းတယ္ေျပာရမယ္။ သူတို့ဘဝအတြက္ တျခားအလုပ္ေတြလုပ္ရင္းနဲ့ ေစာင့္ၾကတယ္။ ရံုးခ်ိန္းေရာက္တုိင္းတက္ျပီး ဇဲြေကာင္းေကာင္းနဲ့လုပ္လို့ ေအာင္ျမင္သြားတာပါ။”

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးကာလ ၂ ႏွစ္ေက်ာ္အတြင္း စက္ရံုေပါင္း တေထာင္ေက်ာ္ ပိတ္ပစ္ခဲ့ရၿပီး လုပ္အားခ မေပးႏိုင္ဘဲ ေဒ၀ါလီခံလိုက္တဲ့ စက္ရံုေတြလည္းရွိေနပါတယ္။ စက္ရံုေတြမွာ အလုပ္လုပ္ ေနၾကတဲ့ ျမန္မာအလုပ္သမားေတြအေနနဲ့ကလည္း လုပ္အားခ နစ္နာတာေတြ၊ ေနရပ္ျပန္ရတာေတြလည္း ရွိခဲ့သလို အခုလိုမ်ိဳး စက္ရံုေတြကုိတရားစဲြဆုိျပီး နစ္နာေၾကးေတာင္းဆိုတဲ့ အမႈေတြလည္းရွိခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ထိုင်းအထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများနစ်နာမှု တဖွဲ့ ထိုင်းဘတ် တသန်းကျော်စီ လျော်ကြေးရ

ဆာမွတ်ဆာခွန်းပြည်နယ်ထဲက အထည်ချုပ်စက်ရုံတခုနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ ၂ ခုက စုစုပေါင်းမြန်မာအလုပ်သမား ၇၀ ကျော်ကို အလုပ်ရှင်က ကိုဗစ်ကပ်ဘေးကာလမှာ အလုပ်လျှော့ချခဲ့တဲ့အတွက် တရားစွဲဆိုရာမှာ အစုအဖွဲ့တခုချင်းစီမှာ နစ်နာကြေး ဘတ်တသန်းကျော်စီ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်းပြည်နယ် မဟာချိုင်မြို့ ဘန့်လိုင်ရပ်က လျှပ်စက်ပစ္စည်းစက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုကိုအကြောင်းပြပြီး အလုပ်သမား ၄၅ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ကနေ ရပ်နားထားတဲ့အတွက် တရားစွဲဆိုရာမှာ နစ်နာကြေးကို ၅၀ ရာခိုင်းနှုံးသာ ရရှိပြီး ဘတ်ငွေ တသန်းကျော်ရရှိခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“စက်ရုံကိုခနလေးနားပြီးပြန်ဖွင့်ပါမယ်။ ပြောပြီးစောင့်ရင်းနဲ့ အလုပ်သမားတွေက စားဝတ်နေရေးအဆင်မပြေတာနဲ့ ကျနော်တို့ကို အကူညီတောင်းတော့ အစိုးရရုံးမှာ တရားစွဲပေးလိုက်တယ်။ ဆာဝါဒီကန်ရုံး (အလုပ်ရှင် အလုပ်သမားကာကွယ်ရေးရုံး) ကနေ သူတို့ ၄၅ ဦးကိုစုစုပေါင်း ၂၆ သိန်းကို ပေးချေဖို့ အမိန့်ချပေးတယ်။ အလုပ်ရှင်ကတော့ အဲဒီလောက်ငွေကြေးကိုမပေးနိုင်တော့ ကျနော်တို့က တရားရုံးမှာ ဆက် တက်တယ်။ မပေးနိုင်တာ သူ့မှာ ငွေကြေးအဲဒီလောက်လုံလုံလောက်လောက်မရှိဘူး။ ဒီတော့တရားသူကြီးက အလုပ်ရှင်နဲ့အလုပ်သမားညှိနှိုင်းကြပါ-ဆိုတော့ ညှိနှိုင်းရင်းနဲ့ တဦးဘက်ကလျှော့ရင်းနဲ့ ၅၀ ရာခိုင်နှုံးနဲ့ အားလုံးကြေအေးလိုက်တာပါ။”

မဟာချိုင်ဒေသ အုန်းနွဲအရပ်က အထည်ချုပ်စက်ရုံမှာလည်း မြန်မာအလုပ်သမား၂၈ ဦးကတော့ အလုပ် ကနေ လျှော့ချခံရတာကို ပြန်လည်တရားစွဲဆိုရာမှာတော့ နစ်နာကြေး ၈၀ ရာခိုင်နှုံးအဖြစ် ဘတ်ငွေတသန်းကျော်ပြန်ရရှိခဲ့တယ်လို့လည်း ဦးအောင်ကျော်ကပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကိုဗစ်ကပ်ဘေးကာလကြီးမှာပေါ့။ စက်ရုံကနေပြီးတော့ သူတို့ကတော့ တရားဝင် MOU လုပ်သားတွေပါ။ ၄ နှစ်သက်တမ်းပြည့်ပြီးတဲ့အချိန်မှာ သူတို့ရဲ့စီးပွားရေးကျဆင်းတယ်ဆိုပြီး လုပ်ငန်းရှင်က သူတို့ကအလုပ်ကနေ လျှော့ချလိုက်တာပေါ့နော်။ စာချုပ်သက်တမ်းကိုမတိုးပေးတော့ဘူးဆိုပြီး လုပ်သားတွေကို အလုပ်ကနေ ရပ်နားလိုက်တာပါ ။ရပ်နားလိုက်တော့ ကျနော်တို့ရုံးမှာ အကူညီလာတောင်းတဲ့အခါမှာ ကျနော်တို့ကလည်း ဆာဝါဒီကန်ရုံး( အလုပ်ရှင်နဲ့အလုပ်သမားကာကွယ်ရေးရုံး) မှာ အမှုဖွင့်တာပေါ့နော်။ ဆာဝါဒီကန်ရုံးကလည်း အလုပ်ရှင်မှာ အပြစ်မရှိပါဘူးဆိုပြီး အမိန့်ချလိုက်တော့ အလုပ်သမားတွေဘက် အရှုံးဖြစ်တာပေါ့နော်။ ကျနော်တို့က ဒီအမိန့်စာက သဘာဝမကျတော့ အလုပ်သမားတရားရုံးကို ဦးတိုက်ပြီး ကျနော်တို့အဖွဲ့က ဦးဆောင်ပြီးလျှောက်ပေးပါတယ်။ လျှောက်တဲ့အခါမှာ တရားသူကြီးက ဆုံးဖြတ်တာက အလုပ်သမားတွေက အလုပ်တွေ ထပ်လုပ်ချင်တဲ့ဟာကို အလုပ်ရှင်ဘက်က တဘက်သတ် ရပ်နားတဲ့အတွက်အလုပ်ရှင်မှာတာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်။ တရားရုံးက အလုပ်ရှင်နဲ့အလုပ်သမားတွေ ပြန်လည်ညှိနိုင်းတဲ့အခါမှာ ၈၀ ရာခိုင်းနှုံးနဲ့ အားလုံပြတ်သွားပြီး အလုပ်သမား၂၈ ယောက်က နစ်နာကြေးအဖြစ် ဘတ် ၁ သန်း ၃ သိန်းလောက် ပြန်ရသွားပါတယ်။”

ကိုဗစ်ကပ်ဘေးကာလမှာ စစ်ရုံ အလုပ်ရုံတွေ ရပ်နားလိုက်တဲ့အတွက် အလုပ်သမားအတော်များများ အလုပ်လက်မဲ့ပြဿနာကိုကြုံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ သိန်းနဲ့ချီရှိတဲ့မြန်မာအလုပ်သမားတွေဟာ နေရပ်ပြန်ခဲ့ကြပါတယ်။ အခုကတော့ တစိုက်စိုက်မတ်မတ်နဲ့တရားရုံးတက်ခဲ့တာကြောင့် အောင်မြင်မှု ရခဲ့တာလို့ဆိုပါတယ်။

အစောပိုင်း ကိုဗစ်ဖြစ်ကာစ အများကြီးဖြစ်နေတော့ သူသူကိုယ်ကိုယ်ဖြစ်နေတဲ့အချိန် တချို့က ဥပဒေကြောင်းလည်း နားမလည်၊ ကိုဗစ်ဖြစ်နေတော့ လမ်းတွေကလည်းမပိတ်သေးတော့ အလုပ်ပြုတ်ပြီး တချို့က အိမ်ပြန်ကြတာတွေလည်း အများကြီးရှိပါတယ်။ တချို့ကတော့ တိုင်ကြားတဲ့နည်းလမ်းတွေ သိတယ်။ အလုပ်သမားရေး အဖွဲ့အစည်းတွေကိုသိတော့ တစိုက်မတ်မတ်လုပ်တယ်။ အခုကတော့ အလုပ်သမားတွေက ဇွဲကောင်းတယ်ပြောရမယ်။ သူတို့ဘဝအတွက် တခြားအလုပ်တွေလုပ်ရင်းနဲ့ စောင့်ကြတယ်။ ရုံးချိန်းရောက်တိုင်းတက်ပြီး ဇွဲကောင်းကောင်းနဲ့လုပ်လို့ အောင်မြင်သွားတာပါ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်ကျော်အတွင်း စက်ရုံပေါင်း တထောင်ကျော် ပိတ်ပစ်ခဲ့ရပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်းရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ် နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ကလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိခဲ့သလို အခုလိုမျိုး စက်ရုံတွေကိုတရားစွဲဆိုပြီး နစ်နာကြေးတောင်းဆိုတဲ့ အမှုတွေလည်းရှိခဲ့ပါတယ်ရှင်။

XS
SM
MD
LG