သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အခွင့်အရေးချိုးဖောက်မှု ILO ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမယ် 

ILO logo, International Labor Organization, graphic element on  black
ILO logo, International Labor Organization, graphic element on black


[[Zawgyi/Unicode]]


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ သဘောတူညီ ချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတာတွေအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း အလုပ်သမားရော အလုပ်ရှင်အဖွဲ့အစည်းတွေပါ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ အဓမ္မစေခိုင်းမှု တားမြစ်ရေး သဘောတူညီချက်တွေ လိုက်နာမှု ရှိမရှိ ILO ကဖွဲ့စည်းမယ့် စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးမှာဖြစ်ပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာနဲ့ မလွှကုန်း မီးရထားသမဂ္ဂက ဦးအောင်ကိုလတ်ကို ဖမ်းဆီးနှိပ်စက်နေတဲ့ လုပ်ရပ်အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း ILO အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေအပေါ် နှောင့်ယှက် ခြိမ်းခြောက်တာ၊ တရား လက်လွတ် ဖမ်းဆီး ထောင်ချတာတွေ ရှိနေတဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

အဖွဲ့ဝင် ၃ ဦးပါဝင်မယ့် ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ အခွင့်အရေးချိုးဖောက်မှုတွေကို တစိုက်မတ်မတ် ကျုးလွန်နေတဲ့ အဖွဲ့ဝင်နိုင်ငံတခုခုအပေါ် အမြင့်ဆုံး လုပ်ထုံးလုံးနည်းတွေနဲ့ စုံစမ်းစစ်ဆေးမယ့်အဖွဲ့ဖြစ်ပါတယ်။ အလားတူ ကော်မရှင် ၁၄ ခု ILO က ဖွဲ့စည်းခဲ့ဖူးပါတယ်။ ILO ဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်ချက် ချက်ချင်းထွက်လာတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








===============

​
XS
SM
MD
LG