သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုင္းရွဴးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ လုံၿခဳံေရးတပ္မ်ား လႈပ္ရွား


ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ဌာနခ်ဳပ္၊ ဝမ္ဟုိင္း။ (ဓာတ္ပံု CJ/ႏိုဝင္ဘာ ၁၈၊ ၂၀၂၁)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ မိုင္းရႈးၿမိဳ႕နယ္အတြင္းမွာ စခန္း ၃ ခုဖယ္ရွားေပးဖို႔ ရွမ္းျပည္ တိုးတက္ေရးပါတီ SSPP က ျငင္းပယ္လိုက္ၿပီးေနာက္ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြ တိုးျမွင့္လာေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္ က စစ္တိုင္းမႉး ၃ ေယာက္ဟာ ဒီရက္ပိုင္းအတြင္း မိုင္းရႉးနဲ႔ အနီးအနား ေဒသေတြကို လာၿပီး အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ SSPP ဘက္က ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

မိုင္းရႉးၿမိဳ႕နယ္ထဲက SSPP ရဲ႕ စခန္း ၃ ခုကို ဒီလ ၂၁ ရက္ေန႔မွာ ေနာက္ဆုံးထား ေျပာင္းေ႐ႊ႕ဖို႔ စစ္ေကာင္စီဘက္က ေတာင္းဆိုထားတာကို ေလာေလာဆယ္ ေျပာင္းေ႐ႊဖို႔ မျဖစ္ႏိုင္ေသးေၾကာင္း SSPP ဘက္က ဒီလ ၂၀ ရက္ေန႔မွာ အေၾကာင္း ျပန္ၾကားခဲ့တာပါ။

ဖယ္ရွားခိုင္းတဲ့စခန္းေတြဟာ မိုင္းရႉးၿမိဳ႕နယ္ေျမာက္ဘက္အျခမ္းမွာရွိၿပီး ဒီရက္ပိုင္းမွာေတာ့ စစ္ေကာင္စီဘက္ မိုင္းရႉးၿမိဳ႕နယ္ဘက္မွာ စစ္ေရးလႈပ္ရွားတာေတြ ရွိလာေၾကာင္း ေဒသခံတေယာက္က ေျပာပါတယ္။

“လက္ရွိကေတာ့ လႈပ္ရွားမႈေတြကေတာ့ မိုင္းရႉးနဲ႔ မိုင္းေနာင္ေလာက္မွာေတာ့ စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြကေတာ့ ရွိတာေပါ့။ စစ္တပ္ကေနၿပီး အင္အားတိုးခ်ဲ႕ၿပီး ျဖည့္စြက္တာေတြေတာ့ ရွိတာေပါ့။ မိုင္းရႉးကေတာ့ သူတို႔ ဖယ္ခိုင္းတဲ့ေနရာေလ။ အဲဒီေနရာေလး တေလွ်ာက္နားေလးေပါ့။ မိုင္းရႉးၿမိဳ႕နယ္ထဲမွာ အင္အားျဖည့္တာေတြေတာ့ ရွိတာေပါ့။”

SSPP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးစိုင္းဖုန္းဟန္ကေတာ့ တနလၤာေန႔က လားရႈိးအေျခစိုက္ အေရွ႕ေျမာက္ပိုင္း (ရမခ) တိုင္းမႉးက- တန႔္ယန္း၊ ခိုလန္အေျခစိုက္ အေရွ႕အလယ္ပိုင္း (ရလခ) တိုင္းမႈးက မိုင္းရႉးနဲ႔ က်ိဳင္းတုံအေျခစိုက္ ႀတိဂံေဒသ (တသခ) တိုင္းမႉးက သံလြင္ျမစ္အေရွ႕ဘက္က ေမာ္ဖ ကိုလာေရာက္ေၾကာင္းနဲ႔ တိုင္းမႉးေတြလာတာေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ေတြ လိုက္ပါလာတာ ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။

ဒီေန႔ ညေနပိုင္းမွာေတာ့ တိုင္းမႉးေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြလည္း ျပန္သြားၿပီျဖစ္ေၾကာင္း အခုလို ဆက္ေျပာ ပါတယ္။

“ရလခ တိုင္းမႉးေရာ၊ ႀတိဂံတိုင္းမႉ̔းေရာ၊ ၿပီးေတာ့ ရမခ တိုင္းမႉးေရာ ျပန္ထြက္သြားၾကၿပီလို႔ သတင္းရရွိတာေပါ့ဗ်ာ။ ေနာက္ဆုံးအေျခအေနေပါ့။ တိုင္းမႉးေတြ ထြက္သြားတယ္ဆိုရင္ေတာ့ သူတို႔ လုံၿခဳံေရးလည္း တခါတည္း ျပန္သြားတဲ့သေဘာလို႔ က်ေနာ္တို႔ ယူဆလို႔ ရတာေပါ့ဗ်ာ။ ဘယ္လို ဆက္ျဖစ္မယ္ဆိုတာေတာ့ နည္းနည္းေတာ့ ေစာင့္ၾကည့္ရအုံးမွာေပါ့ဗ်ာ။”

ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေတာ့ စစ္ေကာင္စီက ေ႐ႊ႕ေျပာင္းဖို႔ ေတာင္းဆိုထားတဲ့ စစ္စခန္းေတြဟာ SSPP အတြက္သာမက UWSA ဝတပ္ဖြဲ႕အတြက္လည္း အေရးပါတဲ့ စခန္းေတြျဖစ္တာေၾကာင့္ စစ္ေကာင္စီဘက္က စစ္ေရးအရ ဖိအားေပး ဖယ္ရွားႏိုင္ဖြယ္ မရွိေၾကာင္း သုံးသပ္တာေတြ ရွိေနပါတယ္။

ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အေၾကာင္းျပန္ခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႔အနက္က တဖြဲ႕ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ စစ္ေကာင္စီဟာ ၉ ဖြဲ႕နဲ႔ ေဆြးေႏြးခဲ့ၿပီး SSPP နဲ႔ ေဆြးေႏြးတာ မရွိေသးပါဘူး ။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

မိုင်းရှူးမြို့နယ်အတွင်း စစ်ကောင်စီ လုံခြုံရေးတပ်များ လှုပ်ရှား

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်အတွင်းမှာ စခန်း ၃ ခုဖယ်ရှားပေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP က ငြင်းပယ်လိုက်ပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက် က စစ်တိုင်းမှူး ၃ ယောက်ဟာ ဒီရက်ပိုင်းအတွင်း မိုင်းရှူးနဲ့ အနီးအနား ဒေသတွေကို လာပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ SSPP ဘက်က ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုစံကျော်က တင်ပြပေးထားပါတယ်။

မိုင်းရှူးမြို့နယ်ထဲက SSPP ရဲ့ စခန်း ၃ ခုကို ဒီလ ၂၁ ရက်နေ့မှာ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ စစ်ကောင်စီဘက်က တောင်းဆိုထားတာကို လောလောဆယ် ပြောင်းရွှေဖို့ မဖြစ်နိုင်သေးကြောင်း SSPP ဘက်က ဒီလ ၂၀ ရက်နေ့မှာ အကြောင်း ပြန်ကြားခဲ့တာပါ။

ဖယ်ရှားခိုင်းတဲ့စခန်းတွေဟာ မိုင်းရှူးမြို့နယ်မြောက်ဘက်အခြမ်းမှာရှိပြီး ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီဘက် မိုင်းရှူးမြို့နယ်ဘက်မှာ စစ်ရေးလှုပ်ရှားတာတွေ ရှိလာကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“လက်ရှိကတော့ လှုပ်ရှားမှုတွေကတော့ မိုင်းရှူးနဲ့ မိုင်းနောင်လောက်မှာတော့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကတော့ ရှိတာပေါ့။ စစ်တပ်ကနေပြီး အင်အားတိုးချဲ့ပြီး ဖြည့်စွက်တာတွေတော့ ရှိတာပေါ့။ မိုင်းရှူးကတော့ သူတို့ ဖယ်ခိုင်းတဲ့နေရာလေ။ အဲဒီနေရာလေး တလျှောက်နားလေးပေါ့။ မိုင်းရှူးမြို့နယ်ထဲမှာ အင်အားဖြည့်တာတွေတော့ ရှိတာပေါ့။”

SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ တနင်္လာနေ့က လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း (ရမခ) တိုင်းမှူးက- တန့်ယန်း၊ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်း (ရလခ) တိုင်းမှုးက မိုင်းရှူးနဲ့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသ (တသခ) တိုင်းမှူးက သံလွင်မြစ်အရှေ့ဘက်က မော်ဖ ကိုလာရောက်ကြောင်းနဲ့ တိုင်းမှူးတွေလာတာကြောင့် လုံခြုံရေး တပ်ဖွဲ့တွေ လိုက်ပါလာတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ တိုင်းမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေလည်း ပြန်သွားပြီဖြစ်ကြောင်း အခုလို ဆက်ပြော ပါတယ်။

“ရလခ တိုင်းမှူးရော၊ တြိဂံတိုင်းမှူ̔းရော၊ ပြီးတော့ ရမခ တိုင်းမှူးရော ပြန်ထွက်သွားကြပြီလို့ သတင်းရရှိတာပေါ့ဗျာ။ နောက်ဆုံးအခြေအနေပေါ့။ တိုင်းမှူးတွေ ထွက်သွားတယ်ဆိုရင်တော့ သူတို့ လုံခြုံရေးလည်း တခါတည်း ပြန်သွားတဲ့သဘောလို့ ကျနော်တို့ ယူဆလို့ ရတာပေါ့ဗျာ။ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာတော့ နည်းနည်းတော့ စောင့်ကြည့်ရအုံးမှာပေါ့ဗျာ။”

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက ရွှေ့ပြောင်းဖို့ တောင်းဆိုထားတဲ့ စစ်စခန်းတွေဟာ SSPP အတွက်သာမက UWSA ဝတပ်ဖွဲ့အတွက်လည်း အရေးပါတဲ့ စခန်းတွေဖြစ်တာကြောင့် စစ်ကောင်စီဘက်က စစ်ရေးအရ ဖိအားပေး ဖယ်ရှားနိုင်ဖွယ် မရှိကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ အကြောင်းပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက်က တဖွဲ့ဖြစ်ပါတယ်။ လောလောဆယ်မှာ စစ်ကောင်စီဟာ ၉ ဖွဲ့နဲ့ ဆွေးနွေးခဲ့ပြီး SSPP နဲ့ ဆွေးနွေးတာ မရှိသေးပါဘူး။

XS
SM
MD
LG