[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းစာရင်းကို Burma Campaign UK က ဒီကနေ့ မတ် ၁ ရက်နေ့မှာ ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။
ဒီစာရင်းမှာ နောက်ထပ်လုပ်ငန်းပေါင်း ၂၈ ခု ထပ်တိုး စာရင်း ပြုစုထားတယ်လို့ Burma Campaign UK ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီ ထပ်တိုးကုမ္ပဏီတွေက နိုင်ငံပေါင်း ၁၂ ခုကဖြစ်ပြီး ဂျပန်မှာ ၈ ခု၊ ဗီယက်နမ်မှာ ၈ ခု၊ အမေရိကန်မှာ ၃ ခုနဲ့ ရုရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယ၊ တရုတ်၊ ကနေဒါ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တူရကီနဲ့ ထိုင်းနိုင်ငံတို့မှာ ကုမ္ပဏီတခုစီ ပါဝင်တာပါ။ အခုဆိုရင် စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၁၆ ခု ရှိပြီလို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။
"လူမျိုးတုံး သတ်ဖြတ်တာနဲ့ စစ်တပ်အာဏာသိမ်းတာတွေဖြစ်တာတောင် ဒီ ကုမ္ပဏီတွေက စစ်ကောင်စီနဲ့ လက်တွဲ မဖြုတ်နိုင်သေးဘူး။" လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner ကဆိုပါတယ်။
စစ်တပ်ပိုင်ကုမ္ပဏီတွေက ထုတ်တဲ့ပစ္စည်းတွေကို မဝယ်ယူကြအောင် နိုင်ငံတကာ အစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်နေကြသူတွေကို ဖိအားပေးဖို့လည်း ဒီ စာရင်းက ရည်ရွယ်ပါတယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။
===========
[[Unicode]]
===========