သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ဘက္ စစ္ေရးတင္းမာခ်ိန္ ေဒသခံ တိုင္းရင္းသားလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကား တိုက္ခိုက္ 


ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕။


[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းအဖြဲ႕ေတြ တိုက္ပြဲျဖစ္ေန သလို ေဒသတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းၾကားမွာလည္း စစ္ေရးတင္းမာေနပါတယ္။ ခ်င္းျပည္နယ္ဘက္က စစ္ေရးအေျခအေနအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ေနတဲ့ ခ်င္းျပည္နယ္ထဲက တြန္းဇံၿမိဳ႕နယ္ နဲ႔ တီးတိန္ၿမိဳ႕နယ္ဘက္မွာ မတ္လ ၂၃ ရက္ေန႔အထိ တိုက္ပြဲေတြျဖစ္ေနပါတယ္။ တြန္းဇံၿမိဳ႕နယ္ထဲက အထက္တန္းေက်ာင္းတခုမွာ စခန္းခ်ထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ကို PDF ပူးေပါင္းအဖြဲ႕ေတြက မတ္လ ၂၃ ရက္ ဗုဒၶဟူးေန႔မွာ ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ PDF Zoland ျပန္ၾကားေရးတာဝန္ခံ တဦးက ေျပာပါတယ္။

“မေန႔မနက္မွာေတာ့ တြန္းဇံဘက္မွာရွိတဲ့ မနက္ (၄) နာရီေလာက္ကေလ အထကေက်ာင္းမွာ စခန္းခ်ထားတဲ့ စခန္းခ်တဲ့ဟာကို က်ေနာ္တို႔ PDF ေတြက သြားၿပီးေတာ့ဝင္တိုက္တာေပါ့။ ေက်ာင္းမွာ ရဲနဲ႔စစ္သားနဲ႔ေပါင္းၿပီးေတာ့ အေယာက္ (၂၀) ေလာက္ စခန္းခ်ထားတယ္ေပါ့။ စခန္းခ်တဲ့ေနရာကို CDM Siyin နဲ႔ေပါ့။ ထိခိုက္မႈကေတာ့ က်ေနာ္တို႔ ခန႔္မွန္းရခက္တယ္။ ထိခိုက္မႈရွိတယ္လို႔ က်ေနာ္တို႔ကေနာက္မွေတာ့ျပန္ၾကားတာေပါ့ေနာ္။’’

၁၀ တန္းစာေမးပြဲေတြမေျဖခင္ ေက်ာင္းေတြနားထားခ်ိန္ျဖစ္လို႔ တိုက္ပြဲျဖစ္ခ်ိန္ ေက်ာင္းထဲမွာေတာ့ ေက်ာင္းသူေက်ာင္းသားေတြ မရွိဘူးလို႔ေျပာပါတယ္။

တြန္းဇံၿမိဳ႕နယ္မွာ အခုလို ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ခိုက္ေနၾကသလို တီးတိန္ၿမိဳ႕ နယ္ဘက္မွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား မေန႔က ပစ္ခတ္မႈျဖစ္ခဲ့ပါတယ္။

တီးတိန္ၿမိဳ႕နယ္ထဲက အိႏၵိယနယ္စပ္အနီးမွာ ခ်င္းအမ်ိဳးသားတပ္ဦး CNF ဂိတ္စခန္းတခုကို ဇိုမီ ZRA တပ္ဖြဲ႕က မတ္လ (၂၃) ရက္ ၾကာသပေတးေန႔မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔လည္းသူက ေျပာျပပါတယ္။

“လိုင္စင္းေက်း႐ြာအေက်ာ္နားေလးမွာ CNF ေတြရဲ႕ဂိတ္ သူတို႔ဂိတ္စခန္းခ်ထားတာတခုရွိတယ္။ အိႏၵိယနယ္စပ္ ကုန္သြယ္ေရး လမ္းေပၚမွာေပါ့။ တီးတိန္နဲ႔လိၾကားမွာ လြယ္တန္ၾကားစခန္းေပါ့။ အဲဒီမွာ သူတို႔ ZRA က သြားၿပီးေတာ့ အလစ္ဝင္ၿပီးေတာ့ တိုက္တာ။ အလစ္ဝင္တိုက္တာျဖစ္တယ္။ အေယာက္ (၂၀) ေလာက္ဝင္တိုက္တယ္။ CNF ဘက္က တေယာက္က်တယ္ေပါ့။ တေယာက္ကေတာ့ ေရွာင္ေျပးတဲ့ပုံစံျဖစ္တယ္။’’

ခ်င္းျပည္နယ္၊ တီးတိန္-တြန္းဇံၿမိဳ႕နယ္ဘက္ တိုက္ပြဲအေျခအေနနဲ႔ပက္သက္လို႔ သိရဖို႔ စစ္ေကာင္စီေျပာခြင့္ရနဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF ျပန္ၾကားေရးတာဝန္ရွိသူကို ဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၇ ရက္ေန႔က လည္း အိႏၵိယနယ္စပ္က Gawsing ေဂၚစင္း႐ြာဘက္မွာ ဇိုမီးေတာ္လွန္ေရးအဖြဲ႕ ZRA နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF/CAN တို႔ အၾကား တိုက္ပြဲျဖစ္ခဲ့တာမွာ ႐ြာသားေတြ ထိခိုက္မႈရွိခဲ့ပါတယ္။ CNF နဲ႔ ဇိုမီး ZRA တပ္ဖြဲ႕တို႔ၾကား ရွိတဲ့ပဋိပကၡဟာ နယ္ေျမပိုင္ဆိုင္မႈ လုတာေၾကာင့္ ျဖစ္လာတဲ့ျပႆနာလို႔ ခ်င္းႏိုင္ငံေရးအကဲခတ္တဦးကေျပာပါတယ္။

“တီးတိန္နဲ႔တြန္းဇံကေတာ့ ZRA ကမ်ား သူတို႔နယ္ေျမသတ္မွတ္ၿပီးမွ တခုခုျဖစ္တာလားေပါ့ေနာ္။ CNF ကေတာ့ NCA မွာ လက္မွတ္ထိုးတုန္းကေတာ့ တီးတိန္ၿမိဳ႕ထဲလည္း သူတို႔စခန္းေဆာက္မဲ့ ယူမဲ့ေနရာေတာ့ပါေတာ့ပါတာေပါ့။ ဒါေပမဲ့အခု NCA တို႔ ဘာတို႔ကလည္း သိပ္ဟိုဟာမျဖစ္ေတာ့ဘူးဆိုေတာ့။ ZRA ကလည္း သူတို႔လည္း ၾကာေတာ့ၾကာၿပီး။ ၿပီးေတာ့ အဓိက သူတို႔က တီးတိန္ နဲ႔တြန္းဇံကို ကာကြယ္ခ်င္တာေပါ့ေနာ္။ အဲဒီျပႆနာလည္း ျဖစ္ႏိုင္ပါတယ္။’’

အိႏၵိယႏိုင္ငံ၊ မဏိပူရ္ျပည္နယ္စပ္မွာအေျခစိုက္တဲ့ Zomi Revolutionary Army (ZRA) အဖြဲ႕ဟာ စစ္ေကာင္စီတပ္နဲ႔ တိုက္ပြဲ ျဖစ္တာမရွိသလို NCAလက္မွတ္ထိုးႏိုင္ဖို႔ႀကိဳးစားေနတဲ့အဖြဲ႕တခုျဖစ္ၿပီး တီးတိန္ တြန္းဇံၿမိဳ႕နယ္ဘက္မွာလည္း အေျချပဳလႈပ္ရွားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================
[[Unicode]]

ချင်းပြည်နယ်ဘက် စစ်ရေးတင်းမာချိန် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ခိုက်

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေ သလို ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြားမှာလည်း စစ်ရေးတင်းမာနေပါတယ်။ ချင်းပြည်နယ်ဘက်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက တွန်းဇံမြို့နယ် နဲ့ တီးတိန်မြို့နယ်ဘက်မှာ မတ်လ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ တွန်းဇံမြို့နယ်ထဲက အထက်တန်းကျောင်းတခုမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မနေ့မနက်မှာတော့ တွန်းဇံဘက်မှာရှိတဲ့ မနက် (၄) နာရီလောက်ကလေ အထကကျောင်းမှာ စခန်းချထားတဲ့ စခန်းချတဲ့ဟာကို ကျနော်တို့ PDF တွေက သွားပြီးတော့ဝင်တိုက်တာပေါ့။ ကျောင်းမှာ ရဲနဲ့စစ်သားနဲ့ပေါင်းပြီးတော့ အယောက် (၂၀) လောက် စခန်းချထားတယ်ပေါ့။ စခန်းချတဲ့နေရာကို CDM Siyin နဲ့ပေါ့။ ထိခိုက်မှုကတော့ ကျနော်တို့ ခန့်မှန်းရခက်တယ်။ ထိခိုက်မှုရှိတယ်လို့ ကျနော်တို့ကနောက်မှတော့ပြန်ကြားတာပေါ့နော်။’’

၁၀ တန်းစာမေးပွဲတွေမဖြေခင် ကျောင်းတွေနားထားချိန်ဖြစ်လို့ တိုက်ပွဲဖြစ်ချိန် ကျောင်းထဲမှာတော့ ကျောင်းသူကျောင်းသားတွေ မရှိဘူးလို့ပြောပါတယ်။

တွန်းဇံမြို့နယ်မှာ အခုလို ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်နေကြသလို တီးတိန်မြို့ နယ်ဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား မနေ့က ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

တီးတိန်မြို့နယ်ထဲက အိန္ဒိယနယ်စပ်အနီးမှာ ချင်းအမျိုးသားတပ်ဦး CNF ဂိတ်စခန်းတခုကို ဇိုမီ ZRA တပ်ဖွဲ့က မတ်လ (၂၃) ရက် ကြာသပတေးနေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland ပြန်ကြားရေးတာဝန်ခံတဦးက ပြောပြပါတယ်။

“လိုင်စင်းကျေးရွာအကျော်နားလေးမှာ CNF တွေရဲ့ဂိတ် သူတို့ဂိတ်စခန်းချထားတာတခုရှိတယ်။ အိန္ဒိယနယ်စပ် ကုန်သွယ်ရေး လမ်းပေါ်မှာပေါ့။ တီးတိန်နဲ့လိကြားမှာ လွယ်တန်ကြားစခန်းပေါ့။ အဲဒီမှာ သူတို့ ZRA က သွားပြီးတော့ အလစ်ဝင်ပြီးတော့ တိုက်တာ။ အလစ်ဝင်တိုက်တာဖြစ်တယ်။ အယောက် (၂၀) လောက်ဝင်တိုက်တယ်။ CNF ဘက်က တယောက်ကျတယ်ပေါ့။ တယောက်ကတော့ ရှောင်ပြေးတဲ့ပုံစံဖြစ်တယ်။’’

ချင်းပြည်နယ်၊ တီးတိန်-တွန်းဇံမြို့နယ်ဘက် တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ သိရဖို့ စစ်ကောင်စီပြောခွင့်ရနဲ့ ချင်းအမျိုးသားတပ်ဦး CNF ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က လည်း အိန္ဒိယနယ်စပ်က Gawsing ဂေါ်စင်းရွာဘက်မှာ ဇိုမီးတော်လှန်ရေးအဖွဲ့ ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CAN တို့ အကြား တိုက်ပွဲဖြစ်ခဲ့တာမှာ ရွာသားတွေ ထိခိုက်မှုရှိခဲ့ပါတယ်။ CNF နဲ့ ဇိုမီး ZRA တပ်ဖွဲ့တို့ကြား ရှိတဲ့ပဋိပက္ခဟာ နယ်မြေပိုင်ဆိုင်မှု လုတာကြောင့် ဖြစ်လာတဲ့ပြဿနာလို့ ချင်းနိုင်ငံရေးအကဲခတ်တဦးကပြောပါတယ်။

“တီးတိန်နဲ့တွန်းဇံကတော့ ZRA ကများ သူတို့နယ်မြေသတ်မှတ်ပြီးမှ တခုခုဖြစ်တာလားပေါ့နော်။ CNF ကတော့ NCA မှာ လက်မှတ်ထိုးတုန်းကတော့ တီးတိန်မြို့ထဲလည်း သူတို့စခန်းဆောက်မဲ့ ယူမဲ့နေရာတော့ပါတော့ပါတာပေါ့။ ဒါပေမဲ့အခု NCA တို့ ဘာတို့ကလည်း သိပ်ဟိုဟာမဖြစ်တော့ဘူးဆိုတော့။ ZRA ကလည်း သူတို့လည်း ကြာတော့ကြာပြီး။ ပြီးတော့ အဓိက သူတို့က တီးတိန် နဲ့တွန်းဇံကို ကာကွယ်ချင်တာပေါ့နော်။ အဲဒီပြဿနာလည်း ဖြစ်နိုင်ပါတယ်။’’

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်စပ်မှာအခြေစိုက်တဲ့ Zomi Revolutionary Army (ZRA) အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်တာမရှိသလို NCAလက်မှတ်ထိုးနိုင်ဖို့ကြိုးစားနေတဲ့အဖွဲ့တခုဖြစ်ပြီး တီးတိန် တွန်းဇံမြို့နယ်ဘက်မှာလည်း အခြေပြုလှုပ်ရှားနေပါတယ်။

================

XS
SM
MD
LG