သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မတူပီဘက္မွာ စစ္ေကာင္စီ အင္အားတုိးခ်ဲ႕ၿပီး နယ္ေျမရွင္းလင္းေရးလုပ္ေန 


ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္။ (MIMU)


[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြ အင္အားတုိးခ်ဲ႕ေနသလို နယ္ေျမရွင္းလင္းေရးေတြ လုပ္ေဆာင္ေနပါတယ္။ ညမထြက္ရအမိန္႔ကို တင္းတင္းၾကပ္ၾကပ္လုပ္ေနၿပီး ေဒသခံျပည္သူတခ်ဳိ႕လည္း ဖမ္းဆီးခံရပါတယ္။ မတူပီၿမိဳ႕နယ္ထဲမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ပိုျဖစ္လာမွာကို ခ်င္း လူ႔အခြင့္အေရးအဖြဲ႔ေတြကလည္း စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

မတူပီၿမိဳ႕နယ္မွာ အင္အားတုိးခ်ဲ႕ေနတဲ့ စစ္ေကာင္စီတပ္ေတြဟာ ႐ြာေတြထဲ ဝင္စစ္ေဆးတာ၊ နယ္ေျမ႐ွင္းတာေတြ လုပ္ေနပါ တယ္။ မတ္လ ၂၄ ရက္ေန႔က မတူပီၿမိဳ႕နဲ႔ ၅ မိုင္ေလာက္ပဲေဝးတဲ့ ေဝတူး႐ြာကို ဝင္ေရာက္စစ္ေဆးစဥ္မွာ ေဒသခံရြာသား (၅) ဦးကို ဖမ္းဆီးသြားတယ္လို႔ မတူပီၿမိဳ႔ခံတေယာက္က ေျပာျပပါတယ္။

“(၅) ေယာက္အဖမ္းခံထားရတယ္။ ဟုတ္တယ္။ တေယာက္က ကန္ေဘာင္က ေရလုပ္သားေတြပါေနာ္။ ေထာက္ခံစာမရလို႔ ဖမ္းတယ္တဲ့။ ႏွစ္ေယာက္ကေတာ့ ေဝတူးရြာက ရြာခံေပါ့။ ေဝတူးရြာ ရြာခံက ခဲယမ္းမီးေက်ာက္ေပါ့ေနာ္။ ဘိုးဘြားပိုင္လက္နက္ ေတြေပါ့။ အေဟာင္းေတြေပါ့ တူမီးေသနတ္ေတြ။ ေနာက္ႏွစ္ေယာက္ကေတာ့ ဖုန္းမွာ မက္ေဆ့စာပို႔ၾကတာေလ။ သူတို႔ အခ်င္းခ်င္း ေမးတာပါ။ အခုဟာ ၾကားတာေတာ့ ဗ်ဴဟာဘက္မွာ လုံျခံဳေရးခ်ထားတယ္လို႕ေျပာတယ္။”

အင္အား ၁၀၀ ေလာက္ရွိတဲ့ စစ္ေကာင္စီတပ္ေတြဟာ ၾကာသပေတးေန႔က ေဝတူးရြာကိုဝင္ၿပီးေတာ့ သန္းေခါင္စာရင္း စစ္ေဆးတာ၊ လက္ကိုင္ဖုန္း စစ္ေဆးတာလုပ္ခဲ့ၿပီး ရြာသား (၅) ဦးကို ဖမ္းဆီးေခၚေဆာင္သြားတာပါ။ ဖမ္းဆီးခံထားရသူ ၅ ေယာက္ကို မတူပီၿမိဳ႕ စစ္ဗ်ဴဟာရံုးမွာ ခ်ဳပ္ထားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မတူပီၿမိဳ႕ေပၚမွာလည္း လံုၿခံဳေရးေတြ တင္းၾကပ္ထားတာ ကို သူက ဆက္ေျပာျပပါတယ္။

“လုံျခံဳေရးနည္းနည္းပ်က္တယ္။ အုပ္ခ်ဳပ္ေရးပ်က္တာေပါ့။ ကာဖ်ဴးအမိန္႔က (၇) နာရီ အျပင္မထြက္ရဘူး။ ည (၆) နာရီေက်ာ္ အျပင္မထြက္နဲ႔ဆိုၿပီးေတာ့မွအတည္ပဲ။ အေျခအေနကလည္း က်ေနာ္တို႔ အသက္ရွဴနည္းနည္း ၾကပ္တယ္ဗ်။”

ခ်င္းျပည္ေတာင္ပိုင္း မင္းတပ္ကေန မတူပီဘက္ကို စစ္ေကာင္စီတပ္ဖြဲ႕ေတြ အင္အား ထပ္ျဖည့္လာလို႕ ေဒသခံ ခ်င္းကာကြယ္ေရး အဖြဲေတြ႕နဲ႔လည္း တိုက္ပြဲေတြ ႀကိဳၾကား ႀကိဳၾကားျဖစ္ေနပါတယ္။ တုိက္ပဲြအေျခအေနကို မတူပီ ခ်င္းကာကြယ္ေရးအဖြဲ႕ ျပန္ၾကား ေရးတာဝန္ခံက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ မတူပီဘက္မွာ စစ္ေရးလွဳပ္ရွားမွဳရွိတာေပါ့ေနာ္။ စကစဘက္ကေလ။ မင္းတပ္ဘက္ကတက္လာတဲ့ဟာလည္း ရွိတယ္။ အထိုင္ခ်တဲ့ ဗ်ဴဟာဘက္ကလည္း ေလာေလာဆယ္ နယ္ေျမရွင္းလင္းေရး လွဳပ္ရွားၿပီးေတာ့မွ စစ္ဆင္ေရးပုံစံေပါ့ေနာ။ ၾကားထဲမွာ က်ေနာ္တုိ႔ရဲ႕ ၾကားျဖတ္တိုက္ခိုက္မွဳေတာ့ရွိတာေပါ့ေနာ္။ ဒါေနာက္ဆုံးအေျခအေန။”

မတူပီၿမိဳ႕နယ္ထဲမွာ စစ္အင္အားေတြ တုိးခ်ဲ႕ေနၿပီး နယ္ေျမ႐ွင္းလင္းမႈေတြ လုပ္ေနတာမွာ ႐ြာသားေတြ ဖမ္းဆီးခံရမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ထပ္ျဖစ္လာမွာကို စိုးရိမ္တယ္လို႔ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ရဲ႕ အမွဳေဆာင္ဒါရိုက္တာ ဇာအုတ္ကလင္ကေျပာပါတယ္။

“အခု က်ေနာ္တို႔စိုးရိမ္တာက မင္းတပ္ကေနတက္လာတဲ့ တပ္အင္အားလာျဖည့္တဲ့ အဲဒီတပ္ေတြက အဲဒီ နယ္ေျမ ေဒသေတြ မွာသူတို႕လွဳပ္ရွားမွဳ ဆက္လုပ္လို႕ရွိရင္ အခုလိုမ်ိဳးျပႆနာေတြ ပိုဆိုးဝါးလာမယ္ဆိုေတာ့ နည္းနည္း စိုးရိမ္တာေပါ့။ စစ္တပ္ သူတို႕ေရာက္တဲ့ေနရာတိုင္းမွာ ခရီးသည္ပဲျဖစ္ျဖစ္ သူတို႕ဖမ္းခ်င္တဲ့သူဖမ္းၿပီးေတာ့ မတရား သတ္ျဖတ္မွဳကေတာ့ ရွိေနစဥ္ဆဲပါပဲ။ ဒီစစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ဒီလိုဖမ္းဆီးၿပီးခ်ဳပ္ေႏွာင္တာက က်ေနာ္တို႕စာရင္းအရဆိုလို႔ရွိရင္ (၉၈၀)ေက်ာ္ၿပီ။ အရပ္သားေတြပဲျဖစ္ျဖစ္ တျခားခုခံေတာ္လွန္တဲ့သူပဲျဖစ္ျဖစ္ အားလုံး သူတို႕သတ္ျဖတ္တာ အေယာက္ (၂၀၉) ေယာက္ရွိပါၿပီ။ က်ေနာ္တို႔စာရင္းအရေပါ့ေလ။”

ခ်င္း လူ႔အခြင့္အေရးအဖဲြ႔ေတြရဲ႕ မွတ္တမ္းေတြအရ စစ္ေကာင္စီတပ္ေတြ ဖမ္းဆီး သတ္ျဖတ္သူေတြထဲမွာ အရပ္သားေတြ ပါဝင္သလို လက္နက္ကိုင္ ခုခံေတာ္လွန္ေနသူေတြလည္း ပါဝင္ပါတယ္။ ဇန္နဝါရီလ ပထမပတ္တုန္းကလည္း မတူပီၿမိဳ႕ နယ္မွာ စစ္ေကာင္စီတပ္ေတြ လမ္းျပအျဖစ္ေခၚေဆာင္သြားတဲ့ ရြာသား (၁၀) ဦး သတ္ျဖတ္ခံရတယ္လို႔ ခ်င္း လူ႔အခြင့္အေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီ ေျပာခြင့္ရကေတာ့ ရြာသားေတြကိုဖမ္းဆီးသတ္ျဖတ္တာမဟုတ္ဘဲ ခ်င္းကာကြယ္ေရးအဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ပြါးလို႔ က်ဆုံးသြားတဲ့ CDF အဖြဲ႕ဝင္ေတြျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မတူပီဘက်မှာ စစ်ကောင်စီ အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေသလို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ ညမထွက်ရအမိန့်ကို တင်းတင်းကြပ်ကြပ်လုပ်နေပြီး ဒေသခံပြည်သူတချို့လည်း ဖမ်းဆီးခံရပါတယ်။ မတူပီမြို့နယ်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဖြစ်လာမှာကို ချင်း လူ့အခွင့်အရေးအဖွဲ့တွေကလည်း စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မတူပီမြို့နယ်မှာ အင်အားတိုးချဲ့နေတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲ ဝင်စစ်ဆေးတာ၊ နယ်မြေရှင်းတာတွေ လုပ်နေပါ တယ်။ မတ်လ ၂၄ ရက်နေ့က မတူပီမြို့နဲ့ ၅ မိုင်လောက်ပဲဝေးတဲ့ ဝေတူးရွာကို ဝင်ရောက်စစ်ဆေးစဉ်မှာ ဒေသခံရွာသား (၅) ဦးကို ဖမ်းဆီးသွားတယ်လို့ မတူပီမြို့ခံတယောက်က ပြောပြပါတယ်။

“(၅) ယောက်အဖမ်းခံထားရတယ်။ ဟုတ်တယ်။ တယောက်က ကန်ဘောင်က ရေလုပ်သားတွေပါနော်။ ထောက်ခံစာမရလို့ ဖမ်းတယ်တဲ့။ နှစ်ယောက်ကတော့ ဝေတူးရွာက ရွာခံပေါ့။ ဝေတူးရွာ ရွာခံက ခဲယမ်းမီးကျောက်ပေါ့နော်။ ဘိုးဘွားပိုင်လက်နက် တွေပေါ့။ အဟောင်းတွေပေါ့ တူမီးသေနတ်တွေ။ နောက်နှစ်ယောက်ကတော့ ဖုန်းမှာ မက်ဆေ့စာပို့ကြတာလေ။ သူတို့ အချင်းချင်း မေးတာပါ။ အခုဟာ ကြားတာတော့ ဗျူဟာဘက်မှာ လုံခြုံရေးချထားတယ်လို့ပြောတယ်။”

အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ကြာသပတေးနေ့က ဝေတူးရွာကိုဝင်ပြီးတော့ သန်းခေါင်စာရင်း စစ်ဆေးတာ၊ လက်ကိုင်ဖုန်း စစ်ဆေးတာလုပ်ခဲ့ပြီး ရွာသား (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ဖမ်းဆီးခံထားရသူ ၅ ယောက်ကို မတူပီမြို့ စစ်ဗျူဟာရုံးမှာ ချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတူပီမြို့ပေါ်မှာလည်း လုံခြုံရေးတွေ တင်းကြပ်ထားတာ ကို သူက ဆက်ပြောပြပါတယ်။

“လုံခြုံရေးနည်းနည်းပျက်တယ်။ အုပ်ချုပ်ရေးပျက်တာပေါ့။ ကာဖျူးအမိန့်က (၇) နာရီ အပြင်မထွက်ရဘူး။ ည (၆) နာရီကျော် အပြင်မထွက်နဲ့ဆိုပြီးတော့မှအတည်ပဲ။ အခြေအနေကလည်း ကျနော်တို့ အသက်ရှူနည်းနည်း ကြပ်တယ်ဗျ။”

ချင်းပြည်တောင်ပိုင်း မင်းတပ်ကနေ မတူပီဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ အင်အား ထပ်ဖြည့်လာလို့ ဒေသခံ ချင်းကာကွယ်ရေး အဖွဲတွေ့နဲ့လည်း တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်နေပါတယ်။ တိုက်ပွဲအခြေအနေကို မတူပီ ချင်းကာကွယ်ရေးအဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ခုလိုပြောပါတယ်။

“ကျနော်တို့ မတူပီဘက်မှာ စစ်ရေးလှုပ်ရှားမှုရှိတာပေါ့နော်။ စကစဘက်ကလေ။ မင်းတပ်ဘက်ကတက်လာတဲ့ဟာလည်း ရှိတယ်။ အထိုင်ချတဲ့ ဗျူဟာဘက်ကလည်း လောလောဆယ် နယ်မြေရှင်းလင်းရေး လှုပ်ရှားပြီးတော့မှ စစ်ဆင်ရေးပုံစံပေါ့နော။ ကြားထဲမှာ ကျနော်တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတော့ရှိတာပေါ့နော်။ ဒါနောက်ဆုံးအခြေအနေ။”

မတူပီမြို့နယ်ထဲမှာ စစ်အင်အားတွေ တိုးချဲ့နေပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာမှာ ရွာသားတွေ ဖမ်းဆီးခံရမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဇာအုတ်ကလင်ကပြောပါတယ်။

“အခု ကျနော်တို့စိုးရိမ်တာက မင်းတပ်ကနေတက်လာတဲ့ တပ်အင်အားလာဖြည့်တဲ့ အဲဒီတပ်တွေက အဲဒီ နယ်မြေ ဒေသတွေ မှာသူတို့လှုပ်ရှားမှု ဆက်လုပ်လို့ရှိရင် အခုလိုမျိုးပြဿနာတွေ ပိုဆိုးဝါးလာမယ်ဆိုတော့ နည်းနည်း စိုးရိမ်တာပေါ့။ စစ်တပ် သူတို့ရောက်တဲ့နေရာတိုင်းမှာ ခရီးသည်ပဲဖြစ်ဖြစ် သူတို့ဖမ်းချင်တဲ့သူဖမ်းပြီးတော့ မတရား သတ်ဖြတ်မှုကတော့ ရှိနေစဉ်ဆဲပါပဲ။ ဒီစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီလိုဖမ်းဆီးပြီးချုပ်နှောင်တာက ကျနော်တို့စာရင်းအရဆိုလို့ရှိရင် (၉၈၀)ကျော်ပြီ။ အရပ်သားတွေပဲဖြစ်ဖြစ် တခြားခုခံတော်လှန်တဲ့သူပဲဖြစ်ဖြစ် အားလုံး သူတို့သတ်ဖြတ်တာ အယောက် (၂၀၉) ယောက်ရှိပါပြီ။ ကျနော်တို့စာရင်းအရပေါ့လေ။”

ချင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီတပ်တွေ ဖမ်းဆီး သတ်ဖြတ်သူတွေထဲမှာ အရပ်သားတွေ ပါဝင်သလို လက်နက်ကိုင် ခုခံတော်လှန်နေသူတွေလည်း ပါဝင်ပါတယ်။ ဇန်နဝါရီလ ပထမပတ်တုန်းကလည်း မတူပီမြို့ နယ်မှာ စစ်ကောင်စီတပ်တွေ လမ်းပြအဖြစ်ခေါ်ဆောင်သွားတဲ့ ရွာသား (၁၀) ဦး သတ်ဖြတ်ခံရတယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ပြောခွင့်ရကတော့ ရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်တာမဟုတ်ဘဲ ချင်းကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးလို့ ကျဆုံးသွားတဲ့ CDF အဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။

===============

XS
SM
MD
LG