သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးဝဏၰေမာင္လြင္ တ႐ုတ္ခရီးစဥ္ ျမန္မာတည္ၿငိမ္ေရး ေဆြးေႏြးဖြယ္ရွိ 


Wunna Maung Lwin

[[Zawgyi/Unicode]]

တရုတ္နိုင္ငံျခားေရးဝန္ႀကီးရဲ႕ဖိတ္ၾကားခ်က္အရ စစ္ေကာင္စီခန္႔ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ တရုတ္နိုင္ငံမွာ ေရာက္ေနပါတယ္။ ႏွစ္ႏိုင္ငံနယ္စပ္တည္ျငိမ္ေရးနဲ႔ နယ္စပ္ကုန္သြယ္စီးပြါးေရးကိစၥရပ္ေတြ တရုတ္အစိုးရနဲ႔ ေဆြးေႏြးျဖစ္ၾကမယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ဗီြအိုေအကိုေျပာပါတယ္။ ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တရုတ္အစိုးရရဲ႕ ရပ္တန္႔ေနတဲ့ စီးပြါးေရး ရင္းႏွီးျမွဳပ္ႏွံမွဳလုပ္ငန္းေတြ ျပန္လည္ပတ္နိုင္ဖို႔ ျမန္မာစစ္ေကာင္စီနဲ႔ ေဆြးေႏြးသြားမယ္လို႔ယူဆေၾကာင္း တရုတ္ ျမန္မာ နယ္စပ္အေရး ေလ့လာသူေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

တ႐ုတ္ ႏိုင္ငံေတာ္ေကာင္စီဝင္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီရဲ႕ဖိတ္ၾကားခ်က္အရ ဦးဝဏၰေမာင္လြင္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ တရုတ္နိုင္ငံကို ဒီေန႔သြားေရာက္ပါတယ္။ ျမန္မာကိုယ္စားလွယ္အဖြဲ႔ အေနနဲ႔ တရုတ္အစိုးရနဲ႔ နယ္စပ္တည္ျငိမ္ေရး၊ နယ္စပ္ကုန္သြယ္စီးပြါးေရးကိစၥရပ္ေတြ ေဆြးေႏြးျဖစ္ၾကမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“ျမန္မာနိုင္ငံနဲ႔ တရုတ္နိုင္ငံေပါ့ေနာ္။ ကုန္သြယ္ေရးမွာဆိုလည္း ျမန္မာနိုင္ငံနဲ႔တရုတ္ရဲ႕နယ္စပ္ကုန္သြယ္မွဳက အျမင့္မားဆုံးအေျခအေနျဖစ္တယ္။ ပမာဏအႀကီးမားဆုံးျဖစ္တယ္။ ဒါနဲ႕ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ဆီမွာျဖစ္ေပၚေနတဲ့ နိုင္ငံေရး၊ စီးပြါးေရး၊ လုံျခံဳေရးေတြနဲ႔ပက္သက္ၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

လက္ရွိျမန္မာနိိိိိိိိိိိိိိိိုင္ငံမွာ နိုင္ငံေရးမတည္ျငိမ္မွဳျဖစ္ေနတာေၾကာင့္ နယ္စပ္ေဒသ တည္ျငိမ္ေအးခ်မ္းေရးအတြက္ တရုတ္နိုင္ငံအေနနဲ႔ အေလးေပးေဆာင္ရြက္ေနတဲ့ျဖစ္စဥ္ရွိခဲ့ၿပီး ႏွစ္နိုင္ငံပူးေပါင္းလုပ္ေေဆာင္နိုင္ ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“တရုတ္နဲ႔ ျမန္မာနဲ႔ၾကားထဲမွာက နယ္စပ္ေဒသတည္ျငိမ္ေအးခ်မ္းေရးကို အဓိကပူးေပါင္းၿပီး ေဆာင္ရြက္ လ်က္ရွိတယ္။ ဒါ့အျပင္ တရုတ္နိုင္ငံအေနနဲ႔လည္း ျမန္မာနိုင္ငံအေပၚမွာ တည္ျငိမ္ေအးခ်မ္းတဲ့ နိုင္ငံတခုအျဖစ္ ျမင္လိုေတြ႔လိုတယ္။ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ထဲထဲဝင္ဝင္ ပါဝင္ကူညီတာလည္း ရွိတယ္။ ျငိမ္းခ်မ္းေရးနဲ႔ပတ္သက္လာလို႔ ရွိရင္ အထူးကိုယ္စားလွယ္တေယာက္ ခန္႔ထားၿပီး ေဆာင္ရြက္ေနတာရွိတယ္။ ဆက္လက္ၿပီးလည္း က်ေနာ္တို႔ တည္ျငိမ္ေအးခ်မ္းမွဳရွိေစေရး အတူ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။”

အင္ဒိုနီးရွား၊ ထိုင္းနဲ႔ ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီက သီးျခားစီ ဖိတ္ၾကားထားတယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံထဲမွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ၊ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ေနရာအႏွံ႔တုိက္ပြဲေတြျဖစ္ေနခ်ိန္ ေဒသတြင္း တည္ၿငိမ္၊ လံုၿခံဳေရးအတြက္လို႔ဆိုၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေဒသတြင္းႏိုင္ငံျခားေရးဝန္ႀကီးေတြကို ဖိတ္ေခၚ ေဆြးေႏြးေနတာျဖစ္ပါတယ္။

တရုတ္ ျမန္မာ နယ္စပ္အေရး ေလ့လာသုံးသပ္သူ ေဒါက္တာလွေက်ာ္ေဇာကလည္း ျမန္မာျပည္တြင္း တည္ၿငိမ္ေရးအတြက္ တ႐ုတ္က အေျဖ႐ွာဖို႔ ႀကိဳးစားပံုရတယ္လို႔ ခုလိုေျပာပါတယ္။

“က်မသိတာေတာ့ ဗမာျပည္မွာလည္း အဓိကကေတာ့ ေတာ္ေတာ္မတည္မျငိမ္ျဖစ္ေနတယ္။ နိုင္ငံေရးအရ တစုံတရာ တည္ျငိမ္ေအာင္ တခ်ိဳ႕ေဆြးေႏြးတာေတြရွိမယ္။ ဗမာျပည္က ေတာ္ေတာ္အေျခအေနဆိုးေနတာကို သူတို႔လည္း သိေနသားပဲ။ အဲဒါ သြားၿပီးေတာ့မ်ား ေခၚယူေဆြးေႏြးမလားမသိဘူး။ အာဆီယံက သြားတာလည္း သိပ္ၿပီးအဆင္မေျပဘူးေလ။ အဲဒါေၾကာင့္မို႔ သူတို႔က ဗမာျပည္မွာ ျငိမ္းခ်မ္းေရးအတြက္ကလည္း တစုံတရာတည္ျငိမ္ဖို႔၊ ေအးေဆးဖို႕ဆိုၿပီးေတာ့ အဲဒီဟာေတြသာ ဝိုင္းၿပီးေတာ့ ေျပာဖို႔ဆိုဖို႔နဲ႔တူပါတယ္။ အဲဒီဥစၥာေတြပါမယ္ထင္တယ္။”

ခုလို တည္ၿငိမ္ လံုၿခံဳေရးကိစၥေတြအျပင္ တရုတ္နို္င္ငံဟာ ျမန္မာနိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမွဳနဲ႕ အေရးႀကီးတဲ့စီမံကိန္းေတြ လုပ္ေဆာင္ဖို႔ အစိုးရနဲ႔သေဘာတူထားတဲ့လုပ္ငန္းေတြ ရွိေနပါတယ္။ ျမန္မာနိုင္ငံတြင္း နယ္စပ္ေဒသေတြမွာ စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တခ်ိဳ႕ၾကား စစ္ေရး ပဋိပကၡျဖစ္ေနတာနဲ႔ ေဒသတြင္းမတည္ျငိမ္တာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးအပါအဝင္ စီမံကိန္းလုပ္ငန္း ေတြမွာ ခက္ခဲေနပါတယ္။ တရုတ္အစိုးရအေနနဲ႔ ရပ္တန္႔ေနတဲ့ စီးပြါးေရး ရင္းႏွီး ျမွဳပ္ႏွံမွဳလုပ္ငန္းေတြ ျပန္လည္ပတ္နိုင္ဖို႔ ျမန္မာစစ္ေကာင္စီနဲ႕ေဆြးေႏြးသြားမယ္လို႔ယူဆေၾကာင္း ေဒါက္တာလွေက်ာ္ေဇာ က သံုးသပ္ပါတယ္။

“ဘယ္နိုင္ငံမဆို သူ႔နိုင္ငံအက်ိဳးစီးပြါးအတြက္ လုပ္မွာပဲေလ။ ဗမာျပည္မွာ အခု ရင္းႏွီးျမွဳပ္ႏွံမွဳ အမ်ားဆုံးက ေလာေလာဆယ္ေတာ့ တရုတ္ပဲ ျဖစ္တယ္ေပါ့ေနာ္။ ဒါေတြ တရုတ္ရဲ႕အစိုးရိမ္ဆုံးက ပိုးလမ္းမ ေအာင္ျမင္ေရးကလည္း ေတာ္ေတာ္အေရးႀကီးေတာ့ ဗမာျပည္က သူ႔ရဲ႕ရင္းႏွီးျမွဳပ္ႏွံမွဳက အကုန္လုံးရပ္ဆိုင္းထားသလိုျဖစ္ေနတယ္ေလ။ အဲဒါေတြေၾကာင့္လည္း လည္ပတ္ဖို႔အတြက္ဟာ ျမန္မာျပည္တည္ျငိမ္မွျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ျမန္မာျပည္ရဲ႕ နိုင္ငံေရးအရ တစုံတရာတည္ျငိမ္လာေအာင္ နိုင္ငံေရးအရ အေျဖရွာ သံနည္းတမန္နည္းေတြ လွဳပ္ရွားမွဳျဖစ္လာတာ ျပန္ႀကိဳးစားလာတာလည္း ျဖစ္တယ္။”

ျမန္မာနိုင္ငံမွာ တ႐ုတ္နိုင္ငံက အေကာင္အထည္ေဖာ္မယ့္ အေျခခံအေဆာက္အအံုစီမံကိန္း ေဒၚလာဘီလီယံနဲ႔ခ်ီ ရွိေနၿပီး အဲဒီစီမံကိန္းေတြ ေဘးရန္ကင္းကင္း အေကာင္အထည္ေဖာ္နိုင္ဖို႔ တရုတ္အစိုးရက လိုလားေနပါတယ္။

၂၀၂၀ ျပည့္ႏွစ္က တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာနိုင္ငံခရီးစဥ္အတြင္း ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္၊ ျမန္မာနိုင္ငံ စီးပြားေရးဇုန္၊ ရန္ကုန္ၿမိဳ႕သစ္၊ ေနာက္ၿပီး ရွမ္းနဲ႔ကခ်င္ျပည္နယ္မွာ နယ္စပ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈဇုန္ေတြအပါဝင္ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္ CMEC စီမံကိန္းေတြကို အရွိန္ ျမႇင့္ဖို႔ တ႐ုတ္အစိုးရနဲ႔ NLD အစိုးရတို႔ၾကား သေဘာတူခဲ့ၾကပါတယ္။ စစ္တပ္အာဏာသိမး္ၿပီးေနာက္ပိုင္း အဲဒီစီမံကိန္းေတြအားလံုး ရပ္တံ့ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဦးဝဏ္ဏမောင်လွင် တရုတ်ခရီးစဉ် မြန်မာတည်ငြိမ်ရေး ဆွေးနွေးဖွယ်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ဖိတ်ကြားချက်အရ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံမှာ ရောက်နေပါတယ်။ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ နယ်စပ်ကုန်သွယ်စီးပွါးရေးကိစ္စရပ်တွေ တရုတ်အစိုးရနဲ့ ဆွေးနွေးဖြစ်ကြမယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရရဲ့ ရပ်တန့်နေတဲ့ စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးသွားမယ်လို့ယူဆကြောင်း တရုတ် မြန်မာ နယ်စပ်အရေး လေ့လာသူတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ဖိတ်ကြားချက်အရ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို ဒီနေ့သွားရောက်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်စီးပွါးရေးကိစ္စရပ်တွေ ဆွေးနွေးဖြစ်ကြမယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံပေါ့နော်။ ကုန်သွယ်ရေးမှာဆိုလည်း မြန်မာနိုင်ငံနဲ့တရုတ်ရဲ့နယ်စပ်ကုန်သွယ်မှုက အမြင့်မားဆုံးအခြေအနေဖြစ်တယ်။ ပမာဏအကြီးမားဆုံးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လုံခြုံရေးတွေနဲ့ပက်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတာကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေနဲ့ အလေးပေးဆောင်ရွက်နေတဲ့ဖြစ်စဉ်ရှိခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းလုပ်ေဆောင်နိုင် ဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“တရုတ်နဲ့ မြန်မာနဲ့ကြားထဲမှာက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အဓိကပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံအပေါ်မှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတခုအဖြစ် မြင်လိုတွေ့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီတာလည်း ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာလို့ ရှိရင် အထူးကိုယ်စားလှယ်တယောက် ခန့်ထားပြီး ဆောင်ရွက်နေတာရှိတယ်။ ဆက်လက်ပြီးလည်း ကျနော်တို့ တည်ငြိမ်အေးချမ်းမှုရှိစေရေး အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက သီးခြားစီ ဖိတ်ကြားထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေရာအနှံ့တိုက်ပွဲတွေဖြစ်နေချိန် ဒေသတွင်း တည်ငြိမ်၊ လုံခြုံရေးအတွက်လို့ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ် ဆွေးနွေးနေတာဖြစ်ပါတယ်။

တရုတ် မြန်မာ နယ်စပ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း မြန်မာပြည်တွင်း တည်ငြိမ်ရေးအတွက် တရုတ်က အဖြေရှာဖို့ ကြိုးစားပုံရတယ်လို့ ခုလိုပြောပါတယ်။

“ကျမသိတာတော့ ဗမာပြည်မှာလည်း အဓိကကတော့ တော်တော်မတည်မငြိမ်ဖြစ်နေတယ်။ နိုင်ငံရေးအရ တစုံတရာ တည်ငြိမ်အောင် တချို့ဆွေးနွေးတာတွေရှိမယ်။ ဗမာပြည်က တော်တော်အခြေအနေဆိုးနေတာကို သူတို့လည်း သိနေသားပဲ။ အဲဒါ သွားပြီးတော့များ ခေါ်ယူဆွေးနွေးမလားမသိဘူး။ အာဆီယံက သွားတာလည်း သိပ်ပြီးအဆင်မပြေဘူးလေ။ အဲဒါကြောင့်မို့ သူတို့က ဗမာပြည်မှာ ငြိမ်းချမ်းရေးအတွက်ကလည်း တစုံတရာတည်ငြိမ်ဖို့၊ အေးဆေးဖို့ဆိုပြီးတော့ အဲဒီဟာတွေသာ ဝိုင်းပြီးတော့ ပြောဖို့ဆိုဖို့နဲ့တူပါတယ်။ အဲဒီဥစ္စာတွေပါမယ်ထင်တယ်။”

ခုလို တည်ငြိမ် လုံခြုံရေးကိစ္စတွေအပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ အရေးကြီးတဲ့စီမံကိန်းတွေ လုပ်ဆောင်ဖို့ အစိုးရနဲ့သဘောတူထားတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား စစ်ရေး ပဋိပက္ခဖြစ်နေတာနဲ့ ဒေသတွင်းမတည်ငြိမ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် စီမံကိန်းလုပ်ငန်း တွေမှာ ခက်ခဲနေပါတယ်။ တရုတ်အစိုးရအနေနဲ့ ရပ်တန့်နေတဲ့ စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးသွားမယ်လို့ယူဆကြောင်း ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။

“ဘယ်နိုင်ငံမဆို သူ့နိုင်ငံအကျိုးစီးပွါးအတွက် လုပ်မှာပဲလေ။ ဗမာပြည်မှာ အခု ရင်းနှီးမြှုပ်နှံမှု အများဆုံးက လောလောဆယ်တော့ တရုတ်ပဲ ဖြစ်တယ်ပေါ့နော်။ ဒါတွေ တရုတ်ရဲ့အစိုးရိမ်ဆုံးက ပိုးလမ်းမ အောင်မြင်ရေးကလည်း တော်တော်အရေးကြီးတော့ ဗမာပြည်က သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုက အကုန်လုံးရပ်ဆိုင်းထားသလိုဖြစ်နေတယ်လေ။ အဲဒါတွေကြောင့်လည်း လည်ပတ်ဖို့အတွက်ဟာ မြန်မာပြည်တည်ငြိမ်မှဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအရ တစုံတရာတည်ငြိမ်လာအောင် နိုင်ငံရေးအရ အဖြေရှာ သံနည်းတမန်နည်းတွေ လှုပ်ရှားမှုဖြစ်လာတာ ပြန်ကြိုးစားလာတာလည်း ဖြစ်တယ်။”

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် အခြေခံအဆောက်အအုံစီမံကိန်း ဒေါ်လာဘီလီယံနဲ့ချီ ရှိနေပြီး အဲဒီစီမံကိန်းတွေ ဘေးရန်ကင်းကင်း အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အစိုးရက လိုလားနေပါတယ်။

၂၀၂၀ ပြည့်နှစ်က တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ စီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်၊ နောက်ပြီး ရှမ်းနဲ့ကချင်ပြည်နယ်မှာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေအပါဝင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် CMEC စီမံကိန်းတွေကို အရှိန် မြှင့်ဖို့ တရုတ်အစိုးရနဲ့ NLD အစိုးရတို့ကြား သဘောတူခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီစီမံကိန်းတွေအားလုံး ရပ်တံ့နေတာလည်း ဖြစ်ပါတယ်။

=============

XS
SM
MD
LG