သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sean Turnell နဲ့ ပူးတွဲ စွဲခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ တရားရုံးတက်


ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

[[Zawgyi/Unicode]]

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell အပေါ်စွဲဆိုထားတဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့အမှုကို ဒီကနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ရုံးချိန်းကို တက်ရောက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ ဒီအမှုအတွက် ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ရင်တော့ ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်ပါတယ်။

ဒီအမှုမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်နဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားကြရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ မီဒီယာတွေကို သတင်းမပေးဖို့ စစ်ကောင်စီဘက်က ပုဒ်မထုတ် တားမြစ်ထားတာ မို့ အမှုစစ်ဆေးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရပါဘူး။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးဝန်းကျင်မှာရှိသူတချို့ ကိုဗစ်-19 ရောဂါ ကူးစက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ရုံးချိန်းမှာတော့ ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည် မလာနိုင်ဘဲ Quarantine ဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးဝန်းကျင်မှာရှိသူတွေအားလုံးဟာ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကာလအတွင်း ကိုဗစ်-19 ကာကွယ်ဆေး အပြည့်အဝ ထိုးထားကြပြီးဖြစ်ကြောင်း သူ့ရဲ့ရှေ့နေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ပြောခဲ့တယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။

မနက်ဖြန် ဧပြီ ၁ ရက်နေ့မှာတော့ သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀-(က) အမှုကို ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






=============

XS
SM
MD
LG