သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ စာေရးဆရာနဲ႔ တတ္သိပညာရွင္ေတြ ဖမ္းဆီးခံရမႈ ၂၀၂၁ ခုႏွစ္အတြင္း အမ်ားဆံုး 


Freedom to write Index 2021


[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ဟာ စာေရးဆရာေတြ၊ တတ္သိပညာရွင္ေတြကို တျခားႏိုင္ငံေတြထက္ မႏွစ္က ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ အမ်ားဆုံး လုပ္ခဲ့တယ္လို႔ သတင္းမီဒီယာလြတ္လပ္ခြင့္ကို ေစာင့္ၾကည့္ေနတဲ့ PEN အေမရိကအဖြဲ႔ရဲ႕ အစီရင္ခံစာသစ္မွာ ေဖာ္ျပထားပါ တယ္။

ဒါဟာ မႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔ က်င္သူေတြကို ဖိႏွိပ္ေခ်မႈန္းတဲ့အေနနဲ႔ အခုလို ဖမ္းဆီးတာလို႔ PEN အဖြဲ႔က ဒီကေန႔ ဧၿပီလ ၁၄ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ၂၀၂၁ လြတ္လပ္စြာေရးသားခြင့္ဆုိင္ရာ အၫႊန္းကိန္း Freedom to Write Index 2021 အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း ျမန္မာစစ္တပ္က စာေရးဆရာ ၂၁ ေယာက္ကို ဖမ္းဆီးခဲ့တာေၾကာင့္ စာေရးဆရာ ၈၅ ေယာက္ ဖမ္းဆီးခဲ့တဲ့ တ႐ုတ္နဲ႔ ၂၉ ေယာက္ ဖမ္းဆီးခဲ့တဲ့ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံတို႔ၿပီးရင္ စာေရးဆရာဖမ္းဆီးမႈ ကမၻာမွာ တတိယအမ်ားဆုံးႏိုင္ငံ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိ္ုင္ငံမွာ မႏွစ္က စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း လြတ္လပ္စြာ ေျပာဆိုေရးသားခြင့္ သိသိသာသာ က်ဆင္း သြားတယ္လို႔ PEN အေမရိကအဖြဲ႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ တခ်ိန္ထဲမွာပဲ ဖမ္းဆီးခံရသူေတြဟာ တရားစြဲဆိုခံရၿပီး တင္းၾကပ္တဲ့ဥပေဒေတြနဲ႔ အေရးယူခံၾကရတဲ့အျပင္ လြတ္လပ္စြာ ေျပာဆိုေရးသားမႈကို အဟန္႔အတားျဖစ္ေစဖို႔ အၾကမ္းဖက္တာ၊ ၿခိမ္းေျခာက္တာ၊ ေစာင့္ၾကည့္တာေတြ ခံၾကရတယ္လို႔ ဆိုပါတယ္။

သူတို႔ရဲ႕ ေရးသားမႈ၊ သူတို႔လုပ္ငန္းနဲ႔ ဆက္စပ္တဲ့လုပ္ငန္းေတြေၾကာင့္ ကမၻာတ၀န္း ၂၀၂၁ ခုႏွစ္အတြင္း စာေရးဆရာ ၂၇၇ ဦး ဖမ္းဆီးခံခဲ့ရတယ္လို႔ PEN အေမရိကအဖြဲ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဒါဟာ အရင္ႏွစ္က ၂၇၃ ေယာက္ ဖမ္းဆီးခံခဲ့ရ တာ ထက္ ၄ ဦး ပိုမ်ားခဲ့ပါတယ္။

သူတို႔ရဲ႕လုပ္ငန္းေၾကာင့္ စာေရးဆရာေတြကို ပစ္မွတ္ထားတိုက္ခိုက္တာနဲ႔ ၄၈ နာရီ ထက္ေက်ာ္ၿပီး ဖမ္းဆီး ထိန္းသိမ္းခံရသူေတြ ရဲ႕ စာရင္းကိုျပဳစုၿပီး PEN အေမရိကအဖြဲ႔က ဒီ Freedom to Write Index အစီရင္ခံစာကို ထုတ္ျပန္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာနိုင်ငံမှာ စာရေးဆရာနဲ့ တတ်သိပညာရှင်တွေ ဖမ်းဆီးခံရမှု ၂၀၂၁ ခုနှစ်အတွင်း အများဆုံး

မြန်မာစစ်တပ်ဟာ စာရေးဆရာတွေ၊ တတ်သိပညာရှင်တွေကို တခြားနိုင်ငံတွေထက် မနှစ်က ဖမ်းဆီးချုပ်နှောင်မှု အများဆုံး လုပ်ခဲ့တယ်လို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ PEN အမေရိကအဖွဲ့ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါ တယ်။

ဒါဟာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့် ကျင်သူတွေကို ဖိနှိပ်ချေမှုန်းတဲ့အနေနဲ့ အခုလို ဖမ်းဆီးတာလို့ PEN အဖွဲ့က ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၁ လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ အညွှန်းကိန်း Freedom to Write Index 2021 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာစစ်တပ်က စာရေးဆရာ ၂၁ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် စာရေးဆရာ ၈၅ ယောက် ဖမ်းဆီးခဲ့တဲ့ တရုတ်နဲ့ ၂၉ ယောက် ဖမ်းဆီးခဲ့တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ပြီးရင် စာရေးဆရာဖမ်းဆီးမှု ကမ္ဘာမှာ တတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် သိသိသာသာ ကျဆင်း သွားတယ်လို့ PEN အမေရိကအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ တချိန်ထဲမှာပဲ ဖမ်းဆီးခံရသူတွေဟာ တရားစွဲဆိုခံရပြီး တင်းကြပ်တဲ့ဥပဒေတွေနဲ့ အရေးယူခံကြရတဲ့အပြင် လွတ်လပ်စွာ ပြောဆိုရေးသားမှုကို အဟန့်အတားဖြစ်စေဖို့ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ စောင့်ကြည့်တာတွေ ခံကြရတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ရေးသားမှု၊ သူတို့လုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကြောင့် ကမ္ဘာတဝန်း ၂၀၂၁ ခုနှစ်အတွင်း စာရေးဆရာ ၂၇၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ PEN အမေရိကအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါဟာ အရင်နှစ်က ၂၇၃ ယောက် ဖမ်းဆီးခံခဲ့ရ တာ ထက် ၄ ဦး ပိုများခဲ့ပါတယ်။

သူတို့ရဲ့လုပ်ငန်းကြောင့် စာရေးဆရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ၄၈ နာရီ ထက်ကျော်ပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ ရဲ့ စာရင်းကိုပြုစုပြီး PEN အမေရိကအဖွဲ့က ဒီ Freedom to Write Index အစီရင်ခံစာကို ထုတ်ပြန်တာဖြစ်ပါတယ်။
============

XS
SM
MD
LG