သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားမ်ား ေနထိုင္ခြင့္ သက္တမ္း ထပ္တိုးေပးမယ့္သတင္း ထြက္ေပၚ 


ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာမ်ား ႀကိဳတင္မဲေပးဖို႔ ေစာင့္ဆုိင္းေနၾကစဥ္/ ယခင္ပံုေဟာင္း။ (Oct 17, 2015/ Photo from Mai Kyaw Oo's fb)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံက အေျခအေနေတြ မတည္ၿငိမ္တာေၾကာင့္ ဂ်ပန္မွာေရာက္ေနၾကတဲ့ ျမန္မာေတြကို ဆက္လက္ေနထိုင္ခြင့္ေပးဖို႔ ဂ်ပန္ လူဝင္မႈႀကီးၾကပ္ေရးက သေဘာတူလိုက္တယ္လို႔ ဂ်ပန္အေျခစိုက္ Asahi Shimbun သတင္းစာ ဒီကေန႔သတင္းတပုဒ္မွာ ေရးထားပါတယ္။

ေနထိုင္ခြင့္သက္တမ္းတိုးေပးမယ့္ အထူးအစီအစဥ္အရ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလဝန္းက်င္က ဂ်ပန္ကို ေရာက္လာၿပီးေတာ့ ဗီဇာသက္တမ္းကုန္သြားတဲ့ ျမန္မာႏိုင္ငံသားေတြကို ဦးစားေပးေနထိုင္ခြင့္ ရက္တိုးေပးဖို႔ လူဝင္မႈ ႀကီးၾကပ္ေရးက ဆုံးျဖတ္လိုက္တာပါ။ ဒီအစီအစဥ္ကို ၿပီးခဲ့တဲ့ႏွစ္ ေမလကစလို႔ ဂ်ပန္ လူဝင္မႈႀကီးၾကပ္ေရးက အေရးေပၚအေျခအေနအျဖစ္ ဦးစားေပး ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အေျခအေနေတြ မတိုးတက္ေသးတာေၾကာင့္ သူတို႔ကို ဆက္ၿပီးေနထိုင္ခြင့္ သက္တမ္းတိုးေပးတာ ျဖစ္တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ မတ္လအထိ ဒီအစီအစဥ္နဲ႔ ျမန္မာႏိုင္ငံသား ၄,၆၀၀ ေလာက္ကို ေနထိုင္ခြင့္ ရက္တိုး သတ္မွတ္ေပးထားၿပီး ၆ လ အလုပ္လုပ္ခြင့္ ျပဳထားၿပီးျဖစ္ပါတယ္။ အခု ခ်မွတ္လိုက္တဲ့ မူအသစ္အရ သူတို႔ကို ဂ်ပန္မွာ ပိုၿပီးလုံၿခဳံတဲ့ ဘဝေနထိုင္ခြင့္ရဖို႔ ေနထိုင္ခြင့္ကာလကို တႏွစ္အထိ ထပ္တိုးေပးသြားဖို႔ သတ္မွတ္လိုက္ပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း ဂ်ပန္က ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳလက္ခံထားတဲ့ ျမန္မာႏိုင္ငံသားကေတာ့ ၃၂ ေယာက္ရွိပါတယ္။ ဒီ့အရင္တႏွစ္ ၂၀၂၀ တုန္းကေတာ့ ဘယ္ ျမန္မာႏိုင္ငံသား တဦးတေယာက္ကိုမွ ဒုကၡသည္အျဖစ္ ဂ်ပန္က လက္မခံခဲ့ဘူးလို႔ Asahi Shibun သတင္းစာက ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


ဂျပန်ရောက် မြန်မာနိုင်ငံသားများ နေထိုင်ခွင့်သက်တမ်း ထပ်တိုးပေးမယ့်သတင်း ထွက်ပေါ်


မြန်မာနိုင်ငံက အခြေအနေတွေ မတည်ငြိမ်တာကြောင့် ဂျပန်မှာရောက်နေကြတဲ့ မြန်မာတွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက သဘောတူလိုက်တယ်လို့ ဂျပန်အခြေစိုက် Asahi Shimbun သတင်းစာ ဒီကနေ့သတင်းတပုဒ်မှာ ရေးထားပါတယ်။

နေထိုင်ခွင့်သက်တမ်းတိုးပေးမယ့် အထူးအစီအစဉ်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလဝန်းကျင်က ဂျပန်ကို ရောက်လာပြီးတော့ ဗီဇာသက်တမ်းကုန်သွားတဲ့ မြန်မာနိုင်ငံသားတွေကို ဦးစားပေးနေထိုင်ခွင့် ရက်တိုးပေးဖို့ လူဝင်မှု ကြီးကြပ်ရေးက ဆုံးဖြတ်လိုက်တာပါ။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် မေလကစလို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက အရေးပေါ်အခြေအနေအဖြစ် ဦးစားပေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ မတိုးတက်သေးတာကြောင့် သူတို့ကို ဆက်ပြီးနေထိုင်ခွင့် သက်တမ်းတိုးပေးတာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအထိ ဒီအစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၄,၆၀၀ လောက်ကို နေထိုင်ခွင့် ရက်တိုး သတ်မှတ်ပေးထားပြီး ၆ လ အလုပ်လုပ်ခွင့် ပြုထားပြီးဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ မူအသစ်အရ သူတို့ကို ဂျပန်မှာ ပိုပြီးလုံခြုံတဲ့ ဘဝနေထိုင်ခွင့်ရဖို့ နေထိုင်ခွင့်ကာလကို တနှစ်အထိ ထပ်တိုးပေးသွားဖို့ သတ်မှတ်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဂျပန်က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံထားတဲ့ မြန်မာနိုင်ငံသားကတော့ ၃၂ ယောက်ရှိပါတယ်။ ဒီ့အရင်တနှစ် ၂၀၂၀ တုန်းကတော့ ဘယ် မြန်မာနိုင်ငံသား တဦးတယောက်ကိုမှ ဒုက္ခသည်အဖြစ် ဂျပန်က လက်မခံခဲ့ဘူးလို့ Asahi Shibun သတင်းစာက ရေးထားပါတယ်။
============

XS
SM
MD
LG