သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာနိုင်ငံသားများ နေထိုင်ခွင့် သက်တမ်း ထပ်တိုးပေးမယ့်သတင်း ထွက်ပေါ် 


ဂျပန်နိုင်ငံရောက် မြန်မာများ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေကြစဉ်/ ယခင်ပုံဟောင်း။ (Oct 17, 2015/ Photo from Mai Kyaw Oo's fb)
ဂျပန်နိုင်ငံရောက် မြန်မာများ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေကြစဉ်/ ယခင်ပုံဟောင်း။ (Oct 17, 2015/ Photo from Mai Kyaw Oo's fb)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံက အခြေအနေတွေ မတည်ငြိမ်တာကြောင့် ဂျပန်မှာရောက်နေကြတဲ့ မြန်မာတွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက သဘောတူလိုက်တယ်လို့ ဂျပန်အခြေစိုက် Asahi Shimbun သတင်းစာ ဒီကနေ့သတင်းတပုဒ်မှာ ရေးထားပါတယ်။

နေထိုင်ခွင့်သက်တမ်းတိုးပေးမယ့် အထူးအစီအစဉ်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလဝန်းကျင်က ဂျပန်ကို ရောက်လာပြီးတော့ ဗီဇာသက်တမ်းကုန်သွားတဲ့ မြန်မာနိုင်ငံသားတွေကို ဦးစားပေးနေထိုင်ခွင့် ရက်တိုးပေးဖို့ လူဝင်မှု ကြီးကြပ်ရေးက ဆုံးဖြတ်လိုက်တာပါ။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် မေလကစလို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက အရေးပေါ်အခြေအနေအဖြစ် ဦးစားပေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ မတိုးတက်သေးတာကြောင့် သူတို့ကို ဆက်ပြီးနေထိုင်ခွင့် သက်တမ်းတိုးပေးတာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအထိ ဒီအစီအစဉ်နဲ့ မြန်မာနိုင်ငံသား ၄,၆၀၀ လောက်ကို နေထိုင်ခွင့် ရက်တိုး သတ်မှတ်ပေးထားပြီး ၆ လ အလုပ်လုပ်ခွင့် ပြုထားပြီးဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ မူအသစ်အရ သူတို့ကို ဂျပန်မှာ ပိုပြီးလုံခြုံတဲ့ ဘဝနေထိုင်ခွင့်ရဖို့ နေထိုင်ခွင့်ကာလကို တနှစ်အထိ ထပ်တိုးပေးသွားဖို့ သတ်မှတ်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဂျပန်က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံထားတဲ့ မြန်မာနိုင်ငံသားကတော့ ၃၂ ယောက်ရှိပါတယ်။ ဒီ့အရင်တနှစ် ၂၀၂၀ တုန်းကတော့ ဘယ် မြန်မာနိုင်ငံသား တဦးတယောက်ကိုမှ ဒုက္ခသည်အဖြစ် ဂျပန်က လက်မခံခဲ့ဘူးလို့ Asahi Shibun သတင်းစာက ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







============

XS
SM
MD
LG