သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ပိုင္း တံတားက်ဳိး ေသဆံုးတဲ့ စစ္ေျပးဒုကၡသည္ ၇ ေယာက္ အတည္ျပဳႏုိင္ 


ျမစ္သာျမစ္ကမ္းႏွစ္ဘက္ကိုျဖတ္ကူးဖို႔ ဝါးနဲ႔ယာယီေဆာက္ထားတဲ့ ေပ ၂၀၀ အရွည္ရွိ ျမစ္ကူးတံတား (ဓာတ္ပံု-Zalen)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ အေရွ႕စည္းေက်းရြာဘက္မွာ တိုက္ပြဲေတြျဖစ္လို႔ ေဘးလြတ္ရာထြက္ေျပးခ်ိန္ ျမစ္ကူး တံတားက်ိဳးက်ခဲ့လုိ႔ ေသဆံုးသူ စုစုေပါင္း ၇ ေယာက္႐ွိသြားပါၿပီ။ ကေလးငယ္နဲ႔ အမ်ိဳးသမီးအမ်ားစုပါတဲ့ အေလာင္းေတြ ရ႐ွိထား တယ္လို႔ ကူညီေရးအဖြဲ႕ဝင္ေတြက ေျပာပါတယ္။ လက္ရွိ ကေလးၿမိဳ႕ ေတာင္ဘက္ေဒသမွာ စစ္ေကာင္စီတပ္နဲ႕ ေဒသခံကာ ကြယ္ေရးအဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္ေနဆဲပါ။ ဒီအေၾကာင္း ရန္ကုန္ကေနေပးပို႕တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စည္းေက်းရြာဘက္ စစ္ေကာင္စီတပ္နဲ႕ေဒသခံကာကြယ္ေရးအဖြဲ႕တို႕မေန႕ဧၿပီလ (၂၇) ရက္က တိုက္ပြဲျဖစ္တာေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပးၾကတဲ့ ရြာသားေတြ ျမစ္သာျမစ္ကိုျဖတ္ကူးခ်ိန္ တံတားက်ိဳးက်လို႔ ေတာ္ေတာ္ မ်ားမ်ား ျမစ္ထဲ ျပဳတ္က်ခဲ့ပါတယ္။ ဒီေန႔ ဧၿပီလ ၂၈ ရက္ ၾကာသပေတးေန႔မနက္အထိ အေလာင္း (၇) ေလာင္း ဆယ္ယူ ရရွိထားၿပီလို႕ ကေလးၿမိဳ႕နယ္ ေတာင္ပိုင္းဘက္က ဒုကၡသည္ေတြအေရး ကူညီေပးသူ ကိုဇင္မင္းေမာင္က ေျပာပါတယ္။

“(၇)ေယာက္က အေလာင္းျပန္ရၿပီဗ်။ (၂) ေယာက္ေပ်ာက္ေနေသးတယ္လို႕ေျပာတယ္ဗ်။ တျခားရြာကလည္း စစ္ေျပးတဲ့အခါက်ေတာ့ အခုေနခါ အတိအက်ေတာ့ မသိရေသးဘူးဗ်။ (၇)ေယာက္ေတာ့အေလာင္းရထားတဲ့အတြက္ အတိအက်အတည္ျပဳ နိုင္ေသးတာေပါ့။ က်န္တဲ့ဟာလည္း ရွိမွာပါ။ ေတာ္ေတာ္မ်ားမ်ားက်ေပမဲ့လို႕ တခ်ိဳ႕ေတြက ေရကူးနိုင္သြားတဲ့အေနအထားလည္း ရွိမွာပါ။ ဆိုင္ကယ္က (၉) စီးျပန္ရၿပီ။ (၄)စီးက်န္ေသးတယ္။ ျမစ္အေရွ႕ဘက္ကိုေရွာင္ၾကတယ္ဗ်။ ဒိုးႏြယ္ရြာမွာ ျမစ္ကူးတံတားနဲ႕ ျမစ္အေရွ႕ဘက္ကမ္းကိုေရွာင္တဲ့အခါမွာျဖစ္သြားၾကတာေပါ့။”

ဗုဒၶဟူးေန႔မနက္ပိုင္း အေရွ႕စည္းေက်းရြာရဲ႕အေနာက္ေျမာက္ဘက္မွာ တိုက္ပြဲျဖစ္တာေၾကာင့္ အေရွ႕စည္းရြာနဲ႕ ဒိုးႏြယ္ရြာသားေတြ ေဘးလြတ္ရာကိုထြက္ေျပးခ်ိန္ ျမစ္သာျမစ္တံတားျဖတ္အကူးမွာ ဝန္နဲ႔အားမမ်ွလို႕တံတားက်ိဳးက်ၿပီး ေသဆံုးခဲ့ၾကရတာပါ။

ျမစ္ထဲျပဳတ္က်သူ အေရအတြက္အတိအက်ကေတာ့ ဝရံုးသုန္းကားျဖစ္တဲ့အေျခအေနေၾကာင့္ စာရင္းမေကာက္ယူနိုင္ေသးဘူးလို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။ ေသဆံုးသူထဲမွာ အသက္ ၂ ႏွစ္၊ ၄ ႏွစ္နဲ႔ ၈ ႏွစ္အ႐ြယ္ ကေလးငယ္ေတြပါသလို ၂၀ ေက်ာ္ ႏွစ္ေယာက္နဲ႔ ၅၀ ေက်ာ္တေယာက္တုိ႔ ေသဆံုးသြားၾကပါတယ္။

“ေသဆုံးသူေတြကေတာ့ အေရွ႕စည္းရြာက မေခ်ာအသက္ (၄) ႏွစ္၊ မသဒၵါေဌးအသက္ (၂၂) ႏွစ္၊ ေမာင္ဇာနည္ထြန္း (၂၂) ႏွစ္၊ ဒိုးႏြယ္ရြာသားျဖစ္တဲ့ မဖုန္းအိ(၄)ႏွစ္၊ ေမာင္ေဌးငယ္(၈)ႏွစ္၊ ေဒၚခင္မာေအး(၅၀)ႏွစ္၊ ေမာင္ဇြဲသစ္ေက်ာ္(၂)ႏွစ္တို႕ျဖစ္ၾကၿပီး ေသဆုံးသူေတြအထဲမွာ အမ်ိဳးသမီးနဲ႕ကေလးငယ္ေတြမ်ားျပားေနပါတယ္။”

က်ိဳးက်တဲ့တံတားဟာ ဒိုးႏြယ္ေက်းရြာရဲ႕အေရွ႕ဘက္ ျမစ္သာျမစ္ေပၚမွာ ဝါးေတြ အထပ္သားေတြနဲ႕ ယာယီတည္ေဆာက္ထားတဲ့ တံတားျဖစ္ၿပီး ေဆာင္းရာသီနဲ႔ ေႏြရာသီေတြမွာ ျမစ္သာျမစ္တဘက္ကမ္းက လယ္ယာခင္းေတြ စိုက္ပ်ိဳးထြန္ယက္ေနတဲ့ ေတာင္သူေတြ ျဖတ္သန္းသြားလာဖို႕ယာယီေဆာက္ထားတဲ့ တံတားျဖစ္တာေၾကာင့္ အခုလို လူအင္အားအမ်ားျပားနဲ႕ စုျပံဳ ျဖတ္တဲ့အခါ မခံႏိုင္ဘဲ က်ိဳးက်တာလို႔ ေဒသခံေတြက ေျပာပါတယ္။
တခ်ိန္တည္းမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြျဖစ္ေနတာမွာ ဒီေန႔အထိလည္း အေရွ႕စည္း ရြာဘက္မွာ ပစ္ခတ္သံေတြၾကားေနရတယ္လို႔ ကိုဇင္မင္းေမာင္က ေျပာပါတယ္။

“လက္ရွိ အဲဒီဘက္ စစ္ေရးအေျခအေနက လက္နက္ႀကီးနဲ႕ပစ္ေနတယ္ ေတာင္ဘက္က။ တိုက္ပြဲထိေတြ႕ ထိပ္တိုက္အေန အထားမ်ိဳးေတာ့ ဘယ္သိနိုင္မလဲ ။ အေရွ႕ကေန လွမ္းပစ္ေနတယ္။ ”

မေန႕က အေရွ႕စည္းေက်းရြာရဲ႕အေနာက္ေျမာက္ဘက္မွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ခဲ့တာကိုေတာ့ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ ဝင္တဦးကအခုလိုေျပာပါတယ္။

“မေန႕က မနက္က အေရွ႕စည္းတိုက္ပြဲမွာေပါ့။ ေသနတ္ (၃) လက္ရတယ္။ တိုက္ပြဲမွာရတယ္။ ရြာသားေတြကေျပးရေသးတယ္။ မေန႕က အဲဒီဒိုးႏြယ္တံတားက်ိဳးသြားတာေလ။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စည္းေက်းရြာဘက္မွာ အင္အား (၁၀၀) ေလာက္နဲ႔ ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ ကို PDF (Kalay) ၊ ကေလး ကေဘာ္ ဂန္႕ေဂါကာကြယ္ေရးအဖြဲ႕ CDF (KKG) ၊ RKDF အဖြဲ႕နဲ႕ျပည္သူ႕ကာကြယ္ေရး ပ.က.ဖ တပ္ေတြ ပူးေပါင္းတုိက္ခိုက္ေနၾကတာျဖစ္ပါတယ္။

ဒီကေန႕မွာလည္း ကေလးၿမိဳ႕ရဲ႕ေတာင္ဘက္ ဆားဖို႕ရြာနားမွာ တိုက္ပြဲျဖစ္ေနဆဲပဲလို႕ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ဝင္တဦး ကဆက္ေျပာပါတယ္။

“ဆားဖိုဘက္မွာ တိုက္ပြဲေလးရွိတယ္။ ဆားဖိုရြာက ကေလးၿမိဳ႕နဲ႕ဆိုရင္ တနာရီခြဲ ႏွစ္နာရီေလာက္သြားရမွာ။ (၁၁) နာရီခြဲ ေလာက္က စတယ္ဗ်။ တိုက္ပြဲအေျခအေနမသိေသးဘူး အတိအက်ေတာ့။ ”

ကေလးၿမိ့ေတာင္ဘက္ (၈) မိုင္အကြာ သာယာကုန္းရြာဘက္မွာ ဧၿပီလ (၂၇) ရက္ညေနပိုင္းကလည္း တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တဦးးကေျပာပါတယ္။
လက္ရွိ ကေလးၿမိဳ႕ေတာင္ဘက္ျခမ္းေဒသမွာ ေဒသခံကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြ အေျချပဳလွဳပ္ရွားေနတာေၾကာင့္ နယ္ေျမ ရွင္းလင္းရင္း တိုက္ပြဲျဖစ္တာရွိတယ္လို႕ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“အဲဒီ ကေလးရဲ႕ နတ္ေခ်ာင္းေဒသမွာ တခ်ိဳ႕ေနရာေတြမွာ ထိေတြ႕မွဳေတြရွိတယ္။ PDF ေတြရဲ႕ စခန္းေတြနဲ႕ပတ္သက္ၿပီးေတာ့ အဓိက ကြ်န္ေတာ္တို႕ လုံျခံဳေရးအရေဆာင္ရြက္ေနတာရွိတယ္။ အဓိကေတာ့ PDF နဲ႕ KIA ပူးေပါင္းအဖြဲ႕ေတြနဲ႕ထိေတြ႕မွဳေတြ ရွိတယ္။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း နတ္ေခ်ာင္း နတ္ေျမာင္း ေခ်ာင္းခြ စည္သာ ေအာင္ခ်မ္းသာရြာေတြဘက္မွာ ဒီသီတင္းပတ္ကစလို႔ တိုက္ပြဲေတြျဖစ္ေနတာပါ။ အဲဒီတိုက္ပြဲေတြအတြင္း ရြာသားေထာင္နဲ႕ခ်ီ
ေတာေတာင္ထဲမွာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး စားနပ္ရိကၡာအခက္ခဲေတြ ရွိေနတယ္လို႕လည္း စစ္ေဘးဒုကၡသည္အေရး ကူညီသူေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ကလေးမြို့တောင်ပိုင်း တံတားကျိုး သေဆုံးတဲ့ စစ်ပြေးဒုက္ခသည် ၇ ယောက် အတည်ပြုနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အရှေ့စည်းကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်လို့ ဘေးလွတ်ရာထွက်ပြေးချိန် မြစ်ကူး တံတားကျိုးကျခဲ့လို့ သေဆုံးသူ စုစုပေါင်း ၇ ယောက်ရှိသွားပါပြီ။ ကလေးငယ်နဲ့ အမျိုးသမီးအများစုပါတဲ့ အလောင်းတွေ ရရှိထား တယ်လို့ ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ လက်ရှိ ကလေးမြို့ တောင်ဘက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာ ကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်နေဆဲပါ။ ဒီအကြောင်း ရန်ကုန်ကနေပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာဘက် စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တို့မနေ့ဧပြီလ (၂၇) ရက်က တိုက်ပွဲဖြစ်တာကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြတဲ့ ရွာသားတွေ မြစ်သာမြစ်ကိုဖြတ်ကူးချိန် တံတားကျိုးကျလို့ တော်တော် များများ မြစ်ထဲ ပြုတ်ကျခဲ့ပါတယ်။ ဒီနေ့ ဧပြီလ ၂၈ ရက် ကြာသပတေးနေ့မနက်အထိ အလောင်း (၇) လောင်း ဆယ်ယူ ရရှိထားပြီလို့ ကလေးမြို့နယ် တောင်ပိုင်းဘက်က ဒုက္ခသည်တွေအရေး ကူညီပေးသူ ကိုဇင်မင်းမောင်က ပြောပါတယ်။

“(၇)ယောက်က အလောင်းပြန်ရပြီဗျ။ (၂) ယောက်ပျောက်နေသေးတယ်လို့ပြောတယ်ဗျ။ တခြားရွာကလည်း စစ်ပြေးတဲ့အခါကျတော့ အခုနေခါ အတိအကျတော့ မသိရသေးဘူးဗျ။ (၇)ယောက်တော့အလောင်းရထားတဲ့အတွက် အတိအကျအတည်ပြု နိုင်သေးတာပေါ့။ ကျန်တဲ့ဟာလည်း ရှိမှာပါ။ တော်တော်များများကျပေမဲ့လို့ တချို့တွေက ရေကူးနိုင်သွားတဲ့အနေအထားလည်း ရှိမှာပါ။ ဆိုင်ကယ်က (၉) စီးပြန်ရပြီ။ (၄)စီးကျန်သေးတယ်။ မြစ်အရှေ့ဘက်ကိုရှောင်ကြတယ်ဗျ။ ဒိုးနွယ်ရွာမှာ မြစ်ကူးတံတားနဲ့ မြစ်အရှေ့ဘက်ကမ်းကိုရှောင်တဲ့အခါမှာဖြစ်သွားကြတာပေါ့။”

ဗုဒ္ဓဟူးနေ့မနက်ပိုင်း အရှေ့စည်းကျေးရွာရဲ့အနောက်မြောက်ဘက်မှာ တိုက်ပွဲဖြစ်တာကြောင့် အရှေ့စည်းရွာနဲ့ ဒိုးနွယ်ရွာသားတွေ ဘေးလွတ်ရာကိုထွက်ပြေးချိန် မြစ်သာမြစ်တံတားဖြတ်အကူးမှာ ဝန်နဲ့အားမမျှလို့တံတားကျိုးကျပြီး သေဆုံးခဲ့ကြရတာပါ။

မြစ်ထဲပြုတ်ကျသူ အရေအတွက်အတိအကျကတော့ ဝရုံးသုန်းကားဖြစ်တဲ့အခြေအနေကြောင့် စာရင်းမကောက်ယူနိုင်သေးဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ သေဆုံးသူထဲမှာ အသက် ၂ နှစ်၊ ၄ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ်တွေပါသလို ၂၀ ကျော် နှစ်ယောက်နဲ့ ၅၀ ကျော်တယောက်တို့ သေဆုံးသွားကြပါတယ်။

“သေဆုံးသူတွေကတော့ အရှေ့စည်းရွာက မချောအသက် (၄) နှစ်၊ မသဒ္ဒါဌေးအသက် (၂၂) နှစ်၊ မောင်ဇာနည်ထွန်း (၂၂) နှစ်၊ ဒိုးနွယ်ရွာသားဖြစ်တဲ့ မဖုန်းအိ(၄)နှစ်၊ မောင်ဌေးငယ်(၈)နှစ်၊ ဒေါ်ခင်မာအေး(၅၀)နှစ်၊ မောင်ဇွဲသစ်ကျော်(၂)နှစ်တို့ဖြစ်ကြပြီး သေဆုံးသူတွေအထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေများပြားနေပါတယ်။”

ကျိုးကျတဲ့တံတားဟာ ဒိုးနွယ်ကျေးရွာရဲ့အရှေ့ဘက် မြစ်သာမြစ်ပေါ်မှာ ဝါးတွေ အထပ်သားတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ တံတားဖြစ်ပြီး ဆောင်းရာသီနဲ့ နွေရာသီတွေမှာ မြစ်သာမြစ်တဘက်ကမ်းက လယ်ယာခင်းတွေ စိုက်ပျိုးထွန်ယက်နေတဲ့ တောင်သူတွေ ဖြတ်သန်းသွားလာဖို့ယာယီဆောက်ထားတဲ့ တံတားဖြစ်တာကြောင့် အခုလို လူအင်အားအများပြားနဲ့ စုပြုံ ဖြတ်တဲ့အခါ မခံနိုင်ဘဲ ကျိုးကျတာလို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာမှာ ဒီနေ့အထိလည်း အရှေ့စည်း ရွာဘက်မှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ကိုဇင်မင်းမောင်က ပြောပါတယ်။

“လက်ရှိ အဲဒီဘက် စစ်ရေးအခြေအနေက လက်နက်ကြီးနဲ့ပစ်နေတယ် တောင်ဘက်က။ တိုက်ပွဲထိတွေ့ ထိပ်တိုက်အနေ အထားမျိုးတော့ ဘယ်သိနိုင်မလဲ ။ အရှေ့ကနေ လှမ်းပစ်နေတယ်။ ”

မနေ့က အရှေ့စည်းကျေးရွာရဲ့အနောက်မြောက်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့တာကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တဦးကအခုလိုပြောပါတယ်။

“မနေ့က မနက်က အရှေ့စည်းတိုက်ပွဲမှာပေါ့။ သေနတ် (၃) လက်ရတယ်။ တိုက်ပွဲမှာရတယ်။ ရွာသားတွေကပြေးရသေးတယ်။ မနေ့က အဲဒီဒိုးနွယ်တံတားကျိုးသွားတာလေ။”

ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာဘက်မှာ အင်အား (၁၀၀) လောက်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို PDF (Kalay) ၊ ကလေး ကဘော် ဂန့်ဂေါကာကွယ်ရေးအဖွဲ့ CDF (KKG) ၊ RKDF အဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေး ပ.က.ဖ တပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကလေးမြို့ရဲ့တောင်ဘက် ဆားဖို့ရွာနားမှာ တိုက်ပွဲဖြစ်နေဆဲပဲလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦး ကဆက်ပြောပါတယ်။

“ဆားဖိုဘက်မှာ တိုက်ပွဲလေးရှိတယ်။ ဆားဖိုရွာက ကလေးမြို့နဲ့ဆိုရင် တနာရီခွဲ နှစ်နာရီလောက်သွားရမှာ။ (၁၁) နာရီခွဲ လောက်က စတယ်ဗျ။ တိုက်ပွဲအခြေအနေမသိသေးဘူး အတိအကျတော့။ ”

ကလေးမြိ့တောင်ဘက် (၈) မိုင်အကွာ သာယာကုန်းရွာဘက်မှာ ဧပြီလ (၂၇) ရက်ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးးကပြောပါတယ်။
လက်ရှိ ကလေးမြို့တောင်ဘက်ခြမ်းဒေသမှာ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ အခြေပြုလှုပ်ရှားနေတာကြောင့် နယ်မြေ ရှင်းလင်းရင်း တိုက်ပွဲဖြစ်တာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“အဲဒီ ကလေးရဲ့ နတ်ချောင်းဒေသမှာ တချို့နေရာတွေမှာ ထိတွေ့မှုတွေရှိတယ်။ PDF တွေရဲ့ စခန်းတွေနဲ့ပတ်သက်ပြီးတော့ အဓိက ကျွန်တော်တို့ လုံခြုံရေးအရဆောင်ရွက်နေတာရှိတယ်။ အဓိကတော့ PDF နဲ့ KIA ပူးပေါင်းအဖွဲ့တွေနဲ့ထိတွေ့မှုတွေ ရှိတယ်။”

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်း နတ်မြောင်း ချောင်းခွ စည်သာ အောင်ချမ်းသာရွာတွေဘက်မှာ ဒီသီတင်းပတ်ကစလို့ တိုက်ပွဲတွေဖြစ်နေတာပါ။ အဲဒီတိုက်ပွဲတွေအတွင်း ရွာသားထောင်နဲ့ချီ
တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်ခဲတွေ ရှိနေတယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီသူတွေကပြောပါတယ်။
==================

XS
SM
MD
LG