သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဳိက္ထိုနဲ႔ ၁၀ မိုင္ေလာက္အကြာ မုပၸလင္လမ္းဆံု စစ္ေကာင္စီဂိတ္ KNLA နဲ႔ ပူးေပါင္းအဖြဲ႔ေတြ ဝင္တိုက္ 


က်ဳိက္ထို၊ မြန္ျပည္နယ္။ (MIMU)

[[Zawgyi/Unicode]]

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ မုပၸလင္လမ္းဆုံမွာ ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္-KNLA တပ္မဟာ-၁ နဲ႔ ျပည္သူကာကြယ္ေရးတပ္ဖဲြ႔ေတြ ပူးေပါင္းၿပီး မုပၸလင္စစ္ေကာင္စီဂိတ္ကို ဒီေန႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ အျပန္အလွန္တိုက္ခုိက္မႈအတြင္း ေဒသခံ ႏွစ္ေယာက္ ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ မုပၸလင္လမ္းဆုံမွာ ဒီေန႔ မနက္ပိုင္းက ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္-KNLA တပ္မဟာ-၁ နဲ႔ ျပည္သူကာကြယ္ေရး PDF အဖဲြ႔ေတြက မုပၸလင္စစ္ေကာင္စီဂိတ္ကို ဝင္ေရာက္တို္က္ခို္က္ခဲ့ပါတယ္။ တိုက္ပဲြအေျခအေနနဲ႔ပတ္သက္လို႔ သထံုျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ကိုေစာထူးက အခုလိုေျပာပါတယ္။

“မနက္ကျဖစ္တဲ့မုပၸလင္ကိစၥက မုပၸလင္လမ္းဆံုဂိတ္ကို KNLA ရယ္၊ PDF ရယ္၊ ေနာက္ျပီးေတာ့ က်ိဳက္ထုိ ပကဖ ၃ ဖဲြ႔ေပါ့ေနာ္၊ ပူးေပါင္းအဖဲြ ့ေတြက ဝင္ေရာက္ တုို္က္ခိုက္တဲ့ေနရာမွာ စစ္ေကာင္စီဘက္က ၆ ေယာက္ေသတယ္ PDF အဖဲြ႔က တေယာက္က်တယ္။ ၃ ေယာက္ကေတာ့ ဒဏ္ရာရတယ္။ မစိုးရိမ္ရဘူး။ က်ဆံုး PDF ရဲေဘာ္နံမည္ကေတာ့ ဖုိးခ်ိဳပါ။”

စစ္ေကာင္စီဘက္ကေတာ့ က်ဳိက္ထိုဘက္က တိုက္ပဲြနဲ႔ပတ္သက္လို႔ တစံုတရာ ထုတ္ျပန္ျခင္းမ႐ွိေသးပါဘူး။ KNU တပ္မဟာ (၁) နယ္ေျမထဲေရာက္ေနတဲ့ က်ိဳက္ထုိျမိဳ႕ခံ CDM ဆရာမတဦးကလည္းတိုက္ပဲြျဖစ္ေနတဲ့အေျခအေနကို အခုလိုေျပာျပပါတယ္။

“မုပၸလင္လမ္းဆံုမွာျဖစ္ေတာ့ ဟိုဘက္ကနဲ့ က်မတို့ဘက္ကျဖစ္ေတာ့ သူတို့ဘက္က ေလးငါးေျခာက္ေယာက္ေလာက္က်တယ္။ တုိက္ပဲြျဖစ္ခ်ိန္ကေတာ့ တနာရီခဲြေလာက္ၾကာတယ္။”

တိုက္ပဲြျဖစ္ျပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ႐ြာ႐ွိရာဘက္ကို ပစ္ခတ္ခဲ့တာေၾကာင့္ ေဒသခံ ၂ ဦးလည္း က်ည္ထိမွန္ ဒဏ္ရာရခဲ့ပါတယ္။ ဒီေန႔မနက္ပိုင္း တိုက္ပဲြျဖစ္ ခဲ့ၿပီးေနာက္မွာ မုပၸလင္႐ြာထဲ စစ္တပ္က ၀င္ေရာက္စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

မတ္လ ၂၉ ရက္ေန႔ကလည္း သထုံ-ဘီးလင္း လမ္းမ ေ႐ႊေရာင္ျပေက်း႐ြာအနီးမွာ တိုက္ပဲြျဖစ္ၿပီး လမ္းမ တေလွ်ာက္ ခရီးသြား ျပည္သူေတြကို စစ္ေကာင္စီဘက္က ပစ္ခတ္တာေၾကာင့္ အသက္မျပည့္ေသးတဲ့ သထံုျမိဳ့က ကေလး၂ ဦးေသဆံုးခဲ့တယ္လို့ သထံု ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ကိုေစာထူးကေျပာပါတယ္။

“ေသသြားတဲ့သူေတြက သထံုကလူေတြပါ။ သူတို့မိသားစုေတြနဲ့ ဘီးလင္းကိုဘုရားဖူးသြားတယ္။ အဲဒီမွာ တိုက္ပဲြျဖစ္ေနေတာ့ သူတုိ့ သံုးဘီးေပၚကေနဆင္းျပီး ေျမာင္းထဲဝင္ပုန္းေနတာ။ စစ္ေကာင္စီဘက္က လူေတြက လွမ္းပစ္တာ။ ၉ ႏွစ္အရြယ္ကေလးကေတာ့ ပဲြခ်င္းျပီးေသတယ္။ ၆ ႏွစ္အရြယ္ကေလးကေတာ့ ဆီးခံုထိျပီး ေဆးရံုေရာက္မွ ေသတယ္။”

က်ိဳက္ထို၊ သိမ္ဇရပ္၊ ဘီးလင္း၊ မုပၸလင္ေက်း႐ြာလမ္းမေတြေပၚမွာ စစ္ေကာင္စီ တပ္ေတြနဲ့ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ ျပည္သူ့ကာကြယ္ေရးပူးေပါင္းတပ္ေတြ မၾကာခဏ တိုက္ပြဲေတြ႐ွိေနတယ္ လို႔ KNU ရဲ႕ လစဥ္ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပပါတယ္။

တိုက္ပြဲေတြအတြင္း ေဒသခံေတြ ထိခိုက္ေသဆံုးတာေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။ KNU ကရင္ အမ်ိဳးသားအစည္းအရံုး လက္ေအာက္ခံ တပ္မဟာ ခုနစ္ခုလံုးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးပူးေပါင္းတပ္ဖဲြေတြ တုိက္ပဲြေတြျဖစ္ေနတာပါ။ တပ္မဟာ (၁) ၊ တပ္မဟာ (၅)၊ တပ္မဟာ (၆) နယ္ေျမေတြမွာေတာ့ ေန႔စဥ္နီးပါးတိုက္ပဲြေတြျဖစ္ေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကျိုက်ထိုနဲ့ ၁၀ မိုင်လောက်အကွာ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီဂိတ် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုပ္ပလင်စစ်ကောင်စီဂိတ်ကို ဒီနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုအတွင်း ဒေသခံ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံမှာ ဒီနေ့ မနက်ပိုင်းက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ နဲ့ ပြည်သူကာကွယ်ရေး PDF အဖွဲ့တွေက မုပ္ပလင်စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစောထူးက အခုလိုပြောပါတယ်။

“မနက်ကဖြစ်တဲ့မုပ္ပလင်ကိစ္စက မုပ္ပလင်လမ်းဆုံဂိတ်ကို KNLA ရယ်၊ PDF ရယ်၊ နောက်ပြီးတော့ ကျိုက်ထို ပကဖ ၃ ဖွဲ့ပေါ့နော်၊ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီဘက်က ၆ ယောက်သေတယ် PDF အဖွဲ့က တယောက်ကျတယ်။ ၃ ယောက်ကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ကျဆုံး PDF ရဲဘော်နံမည်ကတော့ ဖိုးချိုပါ။”

စစ်ကောင်စီဘက်ကတော့ ကျိုက်ထိုဘက်က တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ KNU တပ်မဟာ (၁) နယ်မြေထဲရောက်နေတဲ့ ကျိုက်ထိုမြို့ခံ CDM ဆရာမတဦးကလည်းတိုက်ပွဲဖြစ်နေတဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“မုပ္ပလင်လမ်းဆုံမှာဖြစ်တော့ ဟိုဘက်ကနဲ့ ကျမတို့ဘက်ကဖြစ်တော့ သူတို့ဘက်က လေးငါးခြောက်ယောက်လောက်ကျတယ်။ တိုက်ပွဲဖြစ်ချိန်ကတော့ တနာရီခွဲလောက်ကြာတယ်။”

တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာရှိရာဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း တိုက်ပွဲဖြစ် ခဲ့ပြီးနောက်မှာ မုပ္ပလင်ရွာထဲ စစ်တပ်က ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့ကလည်း သထုံ-ဘီးလင်း လမ်းမ ရွှေရောင်ပြကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး လမ်းမ တလျှောက် ခရီးသွား ပြည်သူတွေကို စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် အသက်မပြည့်သေးတဲ့ သထုံမြို့က ကလေး၂ ဦးသေဆုံးခဲ့တယ်လို့ သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစောထူးကပြောပါတယ်။

“သေသွားတဲ့သူတွေက သထုံကလူတွေပါ။ သူတို့မိသားစုတွေနဲ့ ဘီးလင်းကိုဘုရားဖူးသွားတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်နေတော့ သူတို့ သုံးဘီးပေါ်ကနေဆင်းပြီး မြောင်းထဲဝင်ပုန်းနေတာ။ စစ်ကောင်စီဘက်က လူတွေက လှမ်းပစ်တာ။ ၉ နှစ်အရွယ်ကလေးကတော့ ပွဲချင်းပြီးသေတယ်။ ၆ နှစ်အရွယ်ကလေးကတော့ ဆီးခုံထိပြီး ဆေးရုံရောက်မှ သေတယ်။”

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်း၊ မုပ္ပလင်ကျေးရွာလမ်းမတွေပေါ်မှာ စစ်ကောင်စီ တပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ မကြာခဏ တိုက်ပွဲတွေရှိနေတယ် လို့ KNU ရဲ့ လစဉ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ KNU ကရင် အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာ ခုနစ်ခုလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးပူးပေါင်းတပ်ဖွဲတွေ တိုက်ပွဲတွေဖြစ်နေတာပါ။ တပ်မဟာ (၁) ၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) နယ်မြေတွေမှာတော့ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

=============

XS
SM
MD
LG