သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း ေက်းရြာေတြ ေနအိမ္ ရာနဲ႔ခ်ီ မီး႐ိႈ႕ဖ်က္ဆီးခံရ 


မေကြးတုိင္း၊ ေပါက္ၿမိဳ႕ေတာင္ပိုင္းက အိမ္ေျခရာနဲ႔ခ်ီ မီး႐ိႈ႕ခံရတဲ့ ေရေက်ာ္ေက်းရြာ (ဧၿပီ ၈၊ ၂၀၂၂/ MIMU)

[[Zawgyi/Unicode]]

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြျဖစ္ေနပါတယ္။ ေရေက်ာ္နဲ႔ ေက်ာက္ကုန္းေက်းရြာတို႔က ေနအိမ္ရာနဲ႔ခ်ီ မီးရိႈ႕ခံခဲ့ၾကရပါတယ္။ စစ္တပ္ရဲ႕နယ္ေျမ႐ွင္းမႈေတြေၾကာင့္ ေဒသခံေတြလည္း ေတာေတာင္ေတြထဲမွာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္လက္နက္ထုတ္လုပ္ရာမွာသံုးတဲ့ပစၥည္းေတြသယ္လာတဲ့ စစ္ေကာင္စီရဲ႕ကားေတြကို မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ထဲက မံုရြာ-ပုသိမ္လမ္းေပၚမွာ ေဒသခံကာကြယ္ ေရးတပ္ဖြဲ႔ေတြက ဧၿပီ ၆ ရက္က သိမ္းယူခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဧၿပီ ၆ ရက္ ညေနပိုင္းကစလို႔ ကားေတြအသိမ္းခံရတဲ့ ေပါက္ၿမိဳ႕နယ္ေတာင္ဘက္ေဒသကို စစ္တပ္က နယ္ေျမရွင္းလင္းေနၿပီး ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔လည္း ဒီေန႔ ဧၿပီ ၈ ရက္ ေသာၾကာေန႔အထိ တိုက္ပြဲေတြျဖစ္ေနတာပါ။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ဝင္တဦးက အခုလိုေျပာပါတယ္။

“ကားသိမ္းတဲ့ဟာကို စစ္တပ္က ညမွာလည္း ေလယာဥ္နဲ႔ရွာတယ္။ သူတို႔ကားေတြကို လိုက္ရွာတယ္။ Mi35 တစီးနဲ႔ ပစ္သြားတယ္ခင္ဗ်။ မေန႔က ပစ္သြားတယ္။ ရြာေတြ၀င္ၿပီးမီးရိႈ႕တယ္။”

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းထဲက ေက်းရြာေတြကို ဧၿပီ ၆ ရက္ေန႔ ညေနပိုင္းကတည္းက စစ္ေကာင္စီတပ္ေတြ ဝင္လာၿပီး နယ္ေျမရွင္းလင္းေနတာမွာ ဧၿပီ ၇ ရက္မွာေတာ့ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ေရေက်ာ္ေက်းရြာကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္မီးရိႈ႕ခဲ့လို႔ ေနအိမ္ ၂၀၀ ေက်ာ္ မီးေလာင္ကြ်မ္းခဲ့ပါတယ္။ မီးေလာင္ကြ်မ္းတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ ေရေက်ာ္ ေက်းရြာသားတဦးက အခုလိုေျပာပါတယ္။

“ေနအိမ္က တရြာလံုးဆိုရင္ ၂၅၀ ေလာက္ပါသြားမွာေပါ့။ လူအလြတ္ အကုန္ေျပးၾကရတာ။ ဘာမွ မသယ္ႏိုင္ခဲ့ၾကဘူး။ က်ေနာ္တုိ႔လည္း ဘယ္လိုမွစဥ္းစားလို႔ မရဘူး။ သူတို႔ဘာသာ လာရိႈ႕သြားတာ။ ရြာနီးေတြက အကုန္ရြာေဘးေတြမွာ ေရွာင္ေနရတာ။ ေရငတ္ အစာငတ္နဲ႔ အကုန္ေျပးလႊားေနရတာ။ အခုေတာင္ ထမင္းေတာင္မစားရေသးဘူး။ အကုန္လက္မဲ့ျဖစ္ၿပီး က်ေနာ္တို႔ဘဝ ဘာမွသံုးစားလို႔မရေတာ့ဘူး။ ရြာထဲမွာလည္း ေရမရေတာ့ ေရငတ္တဲ့သူကငတ္၊ အစာငတ္တဲ့သူက ငတ္ အကုန္ေျပးလႊားေနရတာ။”

ေရေက်ာ္ရြာနီးတူပဲ ႐ြာခ်င္းနီး ေက်ာင္းကုန္းေက်းရြာ ေနအိမ္ေတြလည္း မီးရိႈ႕ခံခဲ့ရၿပီး ေက်းရြာသားေတြဟာ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရပါတယ္။ ေရေက်ာ္ ေက်းရြာသားတဦးက အခုလိုေျပာျပပါတယ္။

“က်ေနာ္တုိ႔က ျပည္သူေတြဆိုေတာ့ ကိုယ့္မိသားစုေတြ ရြာထဲေတာထဲမွာ ပုန္းေနရတာေပါ့။ ေဘးရြာေတြက လာတဲ့အေၾကာင္းေျပာလို႔ က်ေနာ္တို႔လည္း ေတာထဲ ထြက္ေျပးတာေပါ့ဗ်ာ။ က်ေနာ္တို႔က မျပန္ရဲဘူး။ က်ေနာ္တို႔ရြာကလူေတြက ေၾကာက္တာကို။ စစ္ေၾကာင္းဝင္တယ္ဆိုေတာ့ သူတို႔ကိုေၾကာက္ေတာ့ ေျပးတာကို။ လူဦးေရအကုန္ေျပးရတာေပါ့။ ကေလးေတြက အစ မထႏိုင္တဲ့သူေတြက အစ လွည္းေတြနဲ႔ ကိုယ့္ဟာကိုယ္ လွည္းေတြနဲ႔ တုိက္ရတာေပါ့ဗ်ာ။”

ေပါက္ေတာင္ပိုင္းက ကြ်န္းပင္ေက်းရြာကို ၾကာသပေတးေန႔မွာ စစ္ေကာင္စီက ရဟတ္ယာဥ္ေတြနဲ႔ ေလေၾကာင္းကေန ပစ္ခတ္ခဲ့ တာေၾကာင့္ အရပ္သားတဦးေသဆံုးၿပီး တဦးဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

လက္နက္တပ္ဆင္တဲ့ပစၥည္းေတြ သိမ္းဆည္းခံရတာေတြအျပင္ ေလေၾကာင္းကေနပါ ပစ္ခတ္တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ စစ္တပ္က တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမ႐ွင္းလင္းမႈေတြ ေန႔စဥ္ရက္ဆက္ဆိုသလို လုပ္ေနေပမဲ့ ဒီ႐ွင္းလင္းမႈေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက သတင္းအတိအက် ထုတ္ျပန္ျခင္းမ႐ွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေ နေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေပါတယ်။ ရေကျော်နဲ့ ကျောက်ကုန်းကျေးရွာတို့က နေအိမ်ရာနဲ့ချီ မီးရှို့ခံခဲ့ကြရပါတယ်။ စစ်တပ်ရဲ့နယ်မြေရှင်းမှုတွေကြောင့် ဒေသခံတွေလည်း တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်လက်နက်ထုတ်လုပ်ရာမှာသုံးတဲ့ပစ္စည်းတွေသယ်လာတဲ့ စစ်ကောင်စီရဲ့ကားတွေကို မကွေးတိုင်း ပေါက်မြို့နယ်ထဲက မုံရွာ-ပုသိမ်လမ်းပေါ်မှာ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေက ဧပြီ ၆ ရက်က သိမ်းယူခဲ့ကြပါတယ်။ ဒါကြောင့် ဧပြီ ၆ ရက် ညနေပိုင်းကစလို့ ကားတွေအသိမ်းခံရတဲ့ ပေါက်မြို့နယ်တောင်ဘက်ဒေသကို စစ်တပ်က နယ်မြေရှင်းလင်းနေပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ဒီနေ့ ဧပြီ ၈ ရက် သောကြာနေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ကားသိမ်းတဲ့ဟာကို စစ်တပ်က ညမှာလည်း လေယာဉ်နဲ့ရှာတယ်။ သူတို့ကားတွေကို လိုက်ရှာတယ်။ Mi35 တစီးနဲ့ ပစ်သွားတယ်ခင်ဗျ။ မနေ့က ပစ်သွားတယ်။ ရွာတွေဝင်ပြီးမီးရှို့တယ်။”

ပေါက်မြို့နယ်တောင်ပိုင်းထဲက ကျေးရွာတွေကို ဧပြီ ၆ ရက်နေ့ ညနေပိုင်းကတည်းက စစ်ကောင်စီတပ်တွေ ဝင်လာပြီး နယ်မြေရှင်းလင်းနေတာမှာ ဧပြီ ၇ ရက်မှာတော့ ပေါက်မြို့နယ်တောင်ပိုင်းက ရေကျော်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ အခြေအနေနဲ့ပတ်သက်လို့ ရေကျော် ကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“နေအိမ်က တရွာလုံးဆိုရင် ၂၅၀ လောက်ပါသွားမှာပေါ့။ လူအလွတ် အကုန်ပြေးကြရတာ။ ဘာမှ မသယ်နိုင်ခဲ့ကြဘူး။ ကျနော်တို့လည်း ဘယ်လိုမှစဉ်းစားလို့ မရဘူး။ သူတို့ဘာသာ လာရှို့သွားတာ။ ရွာနီးတွေက အကုန်ရွာဘေးတွေမှာ ရှောင်နေရတာ။ ရေငတ် အစာငတ်နဲ့ အကုန်ပြေးလွှားနေရတာ။ အခုတောင် ထမင်းတောင်မစားရသေးဘူး။ အကုန်လက်မဲ့ဖြစ်ပြီး ကျနော်တို့ဘဝ ဘာမှသုံးစားလို့မရတော့ဘူး။ ရွာထဲမှာလည်း ရေမရတော့ ရေငတ်တဲ့သူကငတ်၊ အစာငတ်တဲ့သူက ငတ် အကုန်ပြေးလွှားနေရတာ။”

ရေကျော်ရွာနီးတူပဲ ရွာချင်းနီး ကျောင်းကုန်းကျေးရွာ နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပြီး ကျေးရွာသားတွေဟာ တောတောင်တွေထဲ ပုန်းအောင်းနေရပါတယ်။ ရေကျော် ကျေးရွာသားတဦးက အခုလိုပြောပြပါတယ်။

“ကျနော်တို့က ပြည်သူတွေဆိုတော့ ကိုယ့်မိသားစုတွေ ရွာထဲတောထဲမှာ ပုန်းနေရတာပေါ့။ ဘေးရွာတွေက လာတဲ့အကြောင်းပြောလို့ ကျနော်တို့လည်း တောထဲ ထွက်ပြေးတာပေါ့ဗျာ။ ကျနော်တို့က မပြန်ရဲဘူး။ ကျနော်တို့ရွာကလူတွေက ကြောက်တာကို။ စစ်ကြောင်းဝင်တယ်ဆိုတော့ သူတို့ကိုကြောက်တော့ ပြေးတာကို။ လူဦးရေအကုန်ပြေးရတာပေါ့။ ကလေးတွေက အစ မထနိုင်တဲ့သူတွေက အစ လှည်းတွေနဲ့ ကိုယ့်ဟာကိုယ် လှည်းတွေနဲ့ တိုက်ရတာပေါ့ဗျာ။”

ပေါက်တောင်ပိုင်းက ကျွန်းပင်ကျေးရွာကို ကြာသပတေးနေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့ တာကြောင့် အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

လက်နက်တပ်ဆင်တဲ့ပစ္စည်းတွေ သိမ်းဆည်းခံရတာတွေအပြင် လေကြောင်းကနေပါ ပစ်ခတ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများမှာ စစ်တပ်က တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို လုပ်နေပေမဲ့ ဒီရှင်းလင်းမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိပါဘူး။
===============

XS
SM
MD
LG